#Local_News
Published_ 1 December 2022
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ပိုပြီးတိုးတက်လာတယ်လို့ နယ်စပ်ကုန်သွယ်ရေး အသင်းက သိရပါတယ်။
#Yangon_Media_Group
#World_Art
Published 1 Dec 2022
လုံခြုံရေးတင်းကြပ်တဲ့ ပေါ်တူဂီအကျဉ်းထောင်တစ်ခုမှာ အကျဉ်းသားတွေက ဂီတစည်းချက်အတိုင်း လှုပ်ရှားကခုန်နေကြပါတယ်။
#Yangon_Media_Group
Published 1 December 2022
တရုတ်သမ္မတဟောင်း ကျန်ဇီမင်းရဲ့ ရုပ်အလောင်းကို ဒီကနေ့ ဒီဇင်ဘာ (၁)ရက် ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ ရှန်ဟိုင်းမြို့ကနေ အထူးလေယာဉ်ဖြင့် မြို့တော်ဘေဂျင်းကို သယ်ဆောင်လာခဲ့ပါတယ်။
သမ္မတရှီကျင့်ဖျင်နှင့် အခြားသော ပါတီနှင့် နိုင်ငံ့ခေါင်းဆောင်တွေဟာ ကျန်ရဲ့ ရုပ်အလောင်းကို လေဆိပ်မှာ လက်ခံရယူခဲ့ကြပါတယ်။
ကွယ်လွန်သူ သမ္မတဟောင်း ကျန်ဇီမင်း အောက်မေ့ဘွယ်အခမ်းအနားကို လာမယ့် အင်္ဂါနေ့မှာ ဘေဂျင်းမြို့တော်တွင် ကျင်းပသွာမှာဖြစ်ပါတယ်။
ဘေဂျင်းက ပြည်သူ့ခန်းမဆောင်ကြီးမှာ အဲဒီနေ့ မနက်၁၀နာရီမှာ အခမ်းအနားစတင်မှာဖြစ်ပြီး အခမ်းအနားတစ်ခုလုံးကို ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မယ်လို့ ဈာပနကော်မတီကပြောပါတယ်။
Source CCTV+/CGTN
#Jiang_Zemin's_remains
#Jiang_Zemin-Memorial
#Xi_Jinping
#Local_News
Published_ 1 December 2022
လာမယ့်ဒီဇင်ဘာလ(၅)ရက်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ကာမုန်တိုင်းငယ်အဖြစ်ရောက်ရှိလာနိုင်တဲ့အတွက် ဒီဇင်ဘာလအတွင်းမိုးရွာသွန်းမှုတွေရှိနေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local _News
Published _ 1 December 2022
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့မှာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ Ayeyarwaddy Integrated Food Industry Complex ငါးမွေးမြူရေးစီမံကိန်းမှထုတ်လုပ်တဲ့ ငါးတန် တန်ဖိုးမြှင့်ထုတ်ကုန်တွေကို ၂၀၂၃ ခုနှစ်မှစတင်ကာ ပြည်ပတင်ပို့ဖို့ စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 1 December 2022
နယ်ကနေ ရန်ကုန်ကို ကုန်ကားတွေအဝင်နည်းနေတာကြောင့် အာလူး ၊ ကြက်သွန်နဲ့ ငရုတ်ဈေးနှုန်းဟာ အနည်းငယ်မြင့်တက်နေတာဖြစ်တယ်လို့ဘုရင့်နောင်ကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 1 December 2022
၁။ နယ်မှကုန်ကားများ အဝင်နည်းနေသည့်အတွက် အာလူး၊ ကြက်သွန် နှင့် ငရုတ်ဈေးနှုန်းများအနည်းငယ် မြင့်တက်နေ
၂။ ငါးတန် တန်ဖိုးမြှင့်ထုတ်ကုန်များကို ၂၀၂၃ ခုနှစ်မှစတင်၍ ပြည်ပသို့တင်ပို့မည်
၃။ ဒေသအချို့တွင် လေပြင်းတိုက်ပြီး မိုးကြီးဦးမည်ဖြစ်၍ ဒီဇင်ဘာလခရီးသွားမည့်သူများ သတိပြုရန်လို
၄။ အကသင်တန်းပေးခြင်းဖြင့် ပေါ်တူဂီအကျဉ်းသားများ၏ စိတ်နေသဘောထားများ ပြောင်းလဲလာရန် မျှော်လင့်နေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_1 December 2022
ကိုဗစ်-၁၉ ရန်ပုံငွေကနေ နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍကို ထုတ်ပေးထားတဲ့ ချေးငွေတွေ ပြန်ဆပ်ရမယ့် ကာလကို သက်တမ်း (၁) နှစ် ထပ်မံတိုးမြှင့်ပေးထားတယ်လို့ အသိပေး ကြေညာထားပါတယ်။
#Yangon_Media_Group
#Local_News
Published _ 1 December 2022
နိုင်ငံသားတိုင်း အခြေခံပညာကို KG+ 9 အထိ မဖြစ်မနေသင်ကြားနိုင်ရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောသည်။
နိုဝင်ဘာလ ၃၀ ရက်က အခြေခံပညာဦးစီးဌာန တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးအတွင်း ယင်းက အထက်ပါအတိုင်း ပြောကြားခြင်းလည်း ဖြစ်သည်။
ယခုပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူ ၇ ဒသမ ၂၃ သန်းကျော် ပညာသင်ကြားလျက်ရှိကြောင်း၊ ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းမြင့်မားရေးအတွက် စနစ်တကျ လုပ်ဆောင်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးက အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 1 december 2022
အလုပ်သမား အမျိုးသား၊ အမျိုးသမီး ၅၄၅ ဦးခေါ်ယူရန် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ အလုပ်ကမ်းလှမ်းစာ ၁၈၆ ခု ပေးပို့ခဲ့သည်ဟု ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး(တိုကျိုမြို့)မှ နိုဝင်ဘာလ ၃၀ ရက် ရက်စွဲဖြင့်ထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာအလုပ်သမားတွေကို မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး တရားဝင်လိုင်စင်ရကုမ္ပဏီများက စေလွှတ်သွားမည်ဖြစ်၍ အလုပ်ကမ်းလှမ်းစာများအား မြန်မာသံရုံး(တိုကျိုမြို့) သို့ အလုပ်သမားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့်ပေးပို့ခဲ့ကြောင်း ပါရှိသည်။
အလုပ်ကမ်းလှမ်းစာ(Demand Letter) များနှင့်ပတ်သက်၍ မြန်မာသံရုံး(တိုကျိုမြို့)မှ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့်အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိအား စာရွက်စာတမ်းအထောက်အထားများနှင့်တကွ စီစစ်ခဲ့ကြောင်းလည်း သိရသည်။
ယင်းကဲ့သို့ စီစစ်ခြင်းကို မြန်မာသံရုံး(တိုကျိုမြို့)မှ နိုဝင်ဘာလ ၁၆ ရက်မှ ၃၀ ရက်အထိပြုလုပ်ခဲ့ပြီး တွေ့ရှိချက်များအား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အလုပ်ကမ်းလှမ်းစာများနှင့်ပတ်သက်သည့် အချက်အလက်များအား အသိပေးအကြောင်းကြားခဲ့ခြင်းဖြစ်သည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_1 December 2022
မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဧပြီလ ၁ ရက်မှ နိုဝင်ဘာ ၁၈ ရက်အထိ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၄၂ သန်းရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။
ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့နေသည့် နယ်စပ်စခန်းများအနက် စစ်တွေဂိတ်မှ အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၆၃ သန်း၊ စစ်တွေ (ပုံမှန်)ဂိတ်မှ အမေရိကန်ဒေါ်လာ ၈ သန်း၊ ကျောက်ဖြူဇုန်မှ အမေရိကန်ဒေါ်လာ ၉၀ ဒသမ ၆၂ သန်း၊ မောင်တောဂိတ်မှ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၄၂ သန်းရရှိထားကြောင်း စာရင်းများအရ သိရသည်။
အလားတူ ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၃၉ သန်းရရှိထားပြီး ၄ သန်းကျော်ပိုမိုကုန်သွယ်မှုပြုလုပ်ထားကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း စစ်တွေနှင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်း နှစ်ခုမှ ရေထွက်ကုန်အများဆုံးတင်ပို့ခဲ့ပြီး အဆိုပါစခန်းနှစ်ခုမှ ရေထွက်ကုန် ၆၅ ရာခိုင်နှုန်းနှင့် ကုန်ခြောက် ၃၅ ရာခိုင်နှုန်း တင်ပို့နေပြီး ရေထွက်ကုန်တင်ပို့မှုတွင် မွေးမြူရေးငါးမြစ်ချင်း၊ ငါးမုန့်မည်း၊ ငါးသလောက်၊ ငါးနီတူခြောက်နဲ့ ငါးမှုန်ခြောက်များ ပါဝင်ကြောင်း သိရသည်။
တင်ပို့နေသည့် ကုန်ခြောက်များတွင် မန်ကျည်းသီး၊ ချင်း၊ ကြက်သွန်၊ ထန်းလျက်အစရှိသည်များပါဝင်ကြောင်း သိရသည်။ ယင်းအပြင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်တစ်ခုဖြစ်သည့် ဆန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လက်ရှိအချိန်ထိ တန်ချိန် ၆ သောင်းခွဲကျော်တင်ပို့ပြီးဖြစ်ကြောင်းလည်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 1 December 2022
မဲခေါင်ဒေသများဆိုင်ရာလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုစင်တာ Safe Mekong Coordination Center(SMCC)ကိုအသုံးပြု၍ မဲခေါင်မြစ်ဝှမ်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းမှုမြှင့်တင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်ထားသည်။
အဆိုပါ မဲခေါင်ဒေသများဆိုင်ရာလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုစင်တာ Safe Mekong Coordination Center(SMCC)ကို နိုဝင်ဘာလ ၂၉ ရက်က ရှမ်းပြည်နယ်တောင်ကြီးမြို့၌ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်၊၊
ယင်းစင်တာကို အသုံးပြု၍ မဲခေါင်မြစ်ဝှမ်း၌ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းမှုမြှင့်တင်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အချက်အလက်များ အတူမျှဝေရေး၊ အစည်းအဝေးကျင်းပရေးစသည်တို့ကို ဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။
တရုတ်-မြန်မာနှစ်နိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကဏ္ဍတွင် မိတ်ဖက်နိုင်ငံများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပါအဝင် မဲခေါင်မြစ်ဒေသများ ဖြစ်သည့် တရုတ်၊ လာအို၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံတို့နှင့် အတူ “Safe Mekong” ပူးတွဲမူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှုကိုလည်း ခြောက်ကြိမ်ဖော်ဆောင်ခဲ့ပြီး အဆိုပါ နိုင်ငံများ က မဲခေါင်မြစ်ပူးတွဲကင်းလှည့်လှုပ်ရှားမှုကို ၁၂၃ ကြိမ်ဖော်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းမှုမြှင့်တင်ရာတွင် ရွှေတြိဂံဒေသ ၊ လန်ချန်း-မဲခေါင် ဒေသများအတွက် ပါဝင်ကြောင်း လည်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



#ymg/tthl
#Yangon_Media_Group
Page 1478 of 2001