#World_Health
Published 3 December 2022
အိမ်သာတက်ပြီးနောက် တစ်ရှူးဖြင့် ပြင်းထန်စွာသုတ်ခြင်းက ပြဿနာတွေရှိလာနိုင်ကြောင်း 'တင်ပါးဆရာဝန်'လို့လူသိများတဲ့ ကျွမ်းကျင်ပညာရှင်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဩစတြေးလျမှ အူမကြီးနှင့်စအိုလမ်းကြောင်းခွဲစိတ်ဆရာဝန် 'ဘရက်ဒ်လေမောရစ်'က အင်တာဗျူးတစ်ခုမှာ ပြောပြသွားတာဖြစ်ပါတယ်။
စအိုနားတဝိုက်အရေပြားမှာ အများဆုံးတွေ့ရတဲ့ပြဿနာတွေက အလွန်အကျွံသန့်ရှင်းရေးလုပ်တဲ့အတွက်ကြောင့်ဖြစ်ကြောင်း၊ ထိုနေရာက အလွန်အထိမခံတဲ့နေရာဖြစ်ကြောင်း 'မောရစ်'က အင်တာဗျူးမှာပြောကြားပါတယ်။
"လူတွေကဘာလို့ တစ်ရှူးစက္ကူနဲ့ သုတ်ကြလဲဆိုတာ ကျွန်တော်နားမလည်ပါဘူး၊ ထုံးစံဖြစ်နေတာကြီးကို ပြောင်းလဲဖို့လိုပါတယ်၊ သန့်ရှင်းဖို့ ရေပဲအသုံးသင့်ပြီး အလွန်အကျွံသုတ်ပစ်ခြင်းက အရေပြားကို ထိခိုက်စေပါတယ်" လို့ ဆိုပါတယ်။
"ပုံမှန်အလေးသွားပြီးလို့ တစ်ချက်နှစ်ချက်လောက် တစ်ရှူးနဲ့သုတ်တာက ကိစ္စမရှိပါဘူး"
ဝမ်းသွားခြင်းနဲ့ ပတ်သက်ပြီး ပုံမှန်ကဘယ်လောက်လဲဆိုတာက တစ်ယောက်နဲ့တစ်ယောက် မတူညီကြောင်း၊ အချို့က တစ်နေ့ကို ၃ ခါသွားတတ်ပေမယ့် တချို့ကတော့ ၃ ရက်နေမှ ၁ ခါသွားတတ်ကြောင်းရှင်းပြထားပါတယ်။
အချို့လူတွေက လူတွေနဲ့ဝေးကွာချင်လို့ အိမ်သာအကြာကြီးတက်လေ့ရှိတာမျိုးက မလုပ်သင့်ဘဲ ဒါဟာ အရေပြားကို ကျွပ်ဆတ်စေတယ်လို့ ဆိုပါတယ်။
အကြာကြီးထိုင်တဲ့အခါ သွေးထွက်တာမျိုးတွေ၊ ကြွက်သားအားနည်းခြင်းမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။
ဒါ့အပြင် လေလည်ချင်တဲ့အခါ အောင့်ထားတာမျိုးလည်း မလုပ်သင့်ကြောင်း ဆိုပါတယ်။
"မနက်ပိုင်းအိပ်ရာထ တစ်နေရာရာမသွားခင်မှာ အတင်းဖျစ်ညှစ်အိမ်သာတက်တာမျိုး၊ ဒါမှမဟုတ် လမ်းသွားနေရင်းနဲ့ အိမ်သာတက်ချင်လာလို့ အတင်းအောင့်ထားရတာမျိုး၊ လူတွေရှိတဲ့နေရာမှာ လေမလည်ရဲတာမျိုးတို့က အရေပြားကိုထိခိုက်စေပါတယ်၊ ဒါတွေအားလုံးက အူထဲမှာ ဖိအားအလွန်များလာစေပါတယ်" လို့ ရှင်းပြသွားပါတယ်။
Source: New York Post
#Yangon_Media_Group
#Local_News
Published_3 December 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်မှ နိုဝင်ဘာလ ၂၅ ရက်အထိ ရှစ်လတာနီးပါးကာလအတွင်း မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၅ ဘီလီယံရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကြီးဌာန၏ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။
ပြီးခဲ့သည့်နှစ်ကာလတူနှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၄၅၁ ဒသမ ၃၂ သန်းပိုမိုရရှိခဲ့ပြီး တာချီလိတ်၊ မြိတ်နှင့် ထီးခီးနယ်စပ်ဂိတ်တို့သည် ကုန်သွယ်မှုအများဆုံး ပြုလုပ်ထားကြောင်း သိရသည်။
တာချီလိတ်ဂိတ်ကုန်သွယ်ရေးသည် အမေရိကန်ဒေါ်လာ ၁၀၀ ဒသမ ၅၇ သန်း ကုန်သွယ်မှုပြုလုပ်ခဲ့ပြီး ယခင်နှစ်ထက်ကန်ဒေါ်လာ ၂၇ သန်းကျော် တိုးလာကြောင်း၊ မြဝတီနယ်စပ်ဂိတ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇ ဘီလျံ ကုန်သွယ်မှုပြုလုပ်ခဲ့ပြီး ယခင်နှစ်ထက် ကန်ဒေါ်လာ ၁၄၈ သန်းကျော် လျော့ကျခဲ့ကြောင်း သိရသည်။
ကော့သောင်းနယ်စပ်ဂိတ်မှ အမေရိကန်ဒေါ်လာ ၁၄၁ သန်းနီးပါး ကုန်သွယ်မှုပြုလုပ်ခဲ့ပြီး ၉ သန်းကျော် လျော့ကျခဲ့ကြောင်း၊ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် အမေရိကန်ဒေါ်လာ ၇၆ သန်းကျော် ကုန်သွယ်ခဲ့ပြီး ထီးခီးဂိတ်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၇ ဘီလီယံကုန်သွယ်ခဲ့ကာ ယခင်နှစ်ထက် ကန်ဒေါ်လာ ၅၉၈ ဒသမ ၅၁ သန်းတိုးလာကြောင်း သိရသည်။
ယင်းအပြင် မောတောင်နယ်စပ်ဂိတ်တွင် အမေရိကန်ဒေါ်လာ ၇ သန်းကျော်ကုန်သွယ်မှုပြုလုပ်ခဲ့ပြီး ယခင်နှစ်ထက် ကန်ဒေါ်လာ ၁ သန်းနီးပါး လျော့ကျခဲ့ကြောင်း ဖော်ပြထားသည့် စာရင်းများအရ သိရသည်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာ့လယ်ယာထွက်ကုန်များဖြစ်သည့် ပြောင်း၊ ရော်ဘာ၊ ငရုတ်၊ ပဲ၊ အားလူး၊ ကြက်သွန်နှင့် ရေထွက်ကုန်ဖြစ်သော ငါး၊ ပုဇွန်၊ ဂဏန်းများကို ထိုင်းနိုင်ငံသို အဓိကတင်ပို့နေပြီး ထိုင်းနိုင်ငံဘက်ကနေ လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးဂတ်စ်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး အိမ်ဆောက်ပစ္စည်းများ၊ အထည်ချုပ် (CMP) လုပ်ငန်းသုံးပစ္စည်းများနှင့် စားသောက်ကုန်များကို တင်သွင်းကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 3 December 2022
ပြင်ဦးလွင်ကန်တော်ကြီးအတွင်း ရေဝင်ရောက်မှုမှာ ၂၀၂၁ ခုနှစ် စစ်ဆေးစဉ် ရေလှောင် ကန်အတွင်း ကန်ရေအနက်ပေ ၁၆ ပေသာ ရှိခဲ့ရာမှ ယခုအခါ ပေ ၃၁ ဒသမ ၈ ပေသို့ရောက်ရှိလာပြီဖြစ်ကာ ယခင်နှစ် ၁၅ ပေကျော်ပိုမိုး များပြားလာကြောင်း သိရပါတယ်။
ထို့ပြင် ကန်အမှတ် ၁ တွင် ရေပြည့်အမှတ် ၆ ပေရှိ သည့်အနက် လက်ရှိရေအမှတ် ၆ ဒသမ ၅ ပေ၊ ကန်အမှတ် ၂ တွင် ရေပြည့်အမှတ် ၇ ပေရှိသည့်အနက် လက်ရှိရေအမှတ် ၇ ပေ၊ ကန်အမှတ် ၃ တွင် ရေပြည့်အမှတ် ၁၁ ပေ ရှိသည့် အနက် လက်ရှိရေအမှတ် ၈ ဒသမ ၈ ပေရှိကြောင်းသိရှိရပြီး ရေအရင်းအမြစ် ထိန်းသိမ်းရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိပါတယ်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာ ၂ ရက် နေ့လယ်ပိုင်း တွင် ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီး ဥယျာဉ် ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။
ဦးစွာ ဥယျာဉ်ရှင်းလင်းဆောင်ခန်းမတွင် ဥယျာဉ်မှတာဝန်ရှိသူများက အမျိုးသား ကန်တော်ကြီးဥယျာဉ်ဆိုင်ရာ အချက်အလက်များ၊ ဥယျာဉ်အတွင်းရှိ ရေကန်များ၌ သစ်ပင်သစ်တောများ ပြုန်းတီးခြင်းကြောင့် ရေအရင်းအမြစ်များအားနည်းလာခြင်း၊ သဘာဝရေထွက်များမှ ရေထွက်ရှိမှုမရှိခြင်း၊ ဒေသတွင်းအပူချိန်နှုန်းထား မြင့်မားလာခြင်း၊ ရေဝင်ပေါက်များမှ ရေဝင်ရောက်မှု အားနည်းခြင်းနှင့် အခြားအကြောင်း အမျိုးမျိုးကြောင့် ဥယျာဉ်အတွင်းရှိ ရေကန်များတွင် ရေခမ်းခြောက်မှုများ ကြုံတွေ့ခဲ့ရပါတယ်။
ဥယျာဉ်သန့်ရှင်းသာယာ လှပရေးအတွက် ဥယျာဉ်ဝန်ထမ်းများဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ (၁၅) ကြိမ်မြောက်ပန်းပွဲတော် ကျင်းပပြုလုပ် နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
ရေကန်တို့တွင် လူလုပ်ရေကန်နှင့် သဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ ရေကန်ဟူ၍ ရှိပြီး ကန်တော်ကြီး ဥယျာဉ်အတွင်းရှိရေကန်များသည် နှစ်မျိုးလုံးသုံးသည့် ရေကန် အမျိုးအစား များဖြစ်ကြောင်း၊ ယင်းကို ပန်းခြံများဖြင့် အလှဆင်ထားခြင်းဖြစ်ပါတယ်။
ဆယ့်နှစ်လရာသီပတ်လုံး ဖူးပွင့်နိုင်သည့် ပန်းမျိုးစုံရှိသည့်အတွက် ဒေသသို့လာရောက်သည့် ခရီးသွားအပန်းဖြေသူ ဧည့်သည်များ မည်သည့်အချိန်တွင် လာရောက်သည်ဖြစ်စေ စိတ်ချမ်းသာမှုရှိစေရေး ပန်းများ အမြဲမပြတ်ဖူးပွင့်လှပနေအောင် စီမံဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
ကန်တော်ကြီး ရေကန်များ၏ ရေဝေရေလဲကောင်းမွန်စေရေးနှင့် ရေဝင်ရောက်မှုများ များပြားစေရေးအတွက် ဥယျာဉ်တော် အတွင်းနှင့် ရေဝေရေလဲဧရိယာအတွင်းရှိ ညောင်နီရေထွက်အပါအဝင် သဘာဝရေထွက် များအားလိုက်လံကြည့်ရှု လမ်းညွှန်မှာကြား ချက်အရ သက်ဆိုင်ရာဌာနများမှ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။


#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 3 December 2022
ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း၌ အရှည် ၅၅၄ မီတာရှိ Sky Cable တည်ဆောက်လျက်ရှိပြီး မကြာမီအချိန်အတွင်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရပါတယ်။
နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းတွင် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (B.E FALLS) သို့ ရောက်ရှိခဲ့ပြီး အပန်းဖြေစခန်း အတွင်း ပြည်သူများစိတ်ချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရေးအတွက် အမြဲသန့်ရှင်း သာယာ လှပအောင်ဆောင်ရွက်ရန်နှင့် တောတွင်းလျှောက်လမ်းများတွင် ရေညှိများ ကပ်ငြိမှု မရှိစေရေး စနစ်တကျဆောင်ရွက်ရန်တို့အား မှာကြားခဲ့ပါတယ်။
ယင်းနောက် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် Sky Cable တည်ဆောက် နေမှုအား ကြည့်ရှုစစ်ဆေးပြီး ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (B.E FALLS) အတွင်း လှည့်လည်ကြည်ရှုကာ လာရောက်အပန်းဖြေ အနားယူနေကြတဲ့ ပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါတယ်။
ရေတံခွန်သို့ လာရောက်လည်ပတ်အပန်းဖြေသူများ သဘာဝတောတွင်း အလှအပ များကို လှည့်လည်ကြည့်ရှုနိုင်ရန် ဖောက်လုပ်ထားသည့် တောတွင်းလျှောက်လမ်းအား လှည့်လည်ကြည့်ရှုပြီး Sky Cable ဆင်းသက်မည့် နေရာတည်ဆောက်နေမှုကို ကြည်ရှု စစ်ဆေးခဲ့ပါတယ်။
အဆိုပါ အပန်းဖြေစခန်း အတွင်းရေတံခွန် ၃ ခုရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံး LED မှန်တံတားကိုလည်း ကမ္ဘာ့အဆင့်မီစွာဖြင့် ထည့်သွင်းဆောက်လုပ်ထားကာ လာရောက် လည်ပတ်သူများ စိတ်အပန်းပြေစေရန်ရည်ရွယ်၍ အဆင့်မြှင့်တင်ဆောင်ရွက်ထားပြီး မှန်တံတား၊ ကြိုးတံတားများအပြင် log house၊ coffee shop၊ တောတွင်း လျှောက်လမ်းများ၊ အပန်းဖြေနေရာများ၊ ကလေးကစားကွင်းများ စသည်တို့ကို ပြည့်စုံအောင် ထည့်သွင်းအဆင့်မြှင့်တင်ထားကြောင်း သတင်းရရှိပါတယ်။

#ygm_mnn
#Yangon_Media_Group
#World_Health
Published 3 December 2022
တစ်ညကို အချိန် ၂ နာရီကျော်လောက် တီဗီကြည့်လေ့ရှိတဲ့ ကလေးတွေဟာ အရွယ်ရောက်လာတဲ့အခါ လောင်းကစား၊ စီးကရက်၊ ဆေးခြောက်၊ အရက်သေစာတို့ကို စွဲလမ်းနိုင်ချေများပါတယ်။
ကလေးအရွယ်ကနေ အသက် ၄၅ နှစ်ကျော်အရွယ်ရောက်သည်အထိ လူတစ်ထောင်ခန့်ကို နယူးဇီလန်မှ သုတေသီများ လေ့လာခဲ့ကြပါတယ်။
လေ့လာချက်များအရ ညစဉ်တီဗီကို ၂ နာရီကျော်အောင် ကြည့်တတ်တဲ့ အသက် ၅ နှစ်မှ ၁၅ နှစ်ကြားကလေးတွေဟာ အရွယ်ရောက်တဲ့အခါ လောင်းကစားစွဲလမ်းနိုင်ချေ ၂၉ ရာခိုင်နှုန်းပိုများကြောင်း တွေ့ရှိရပါတယ်။
ဒါ့အပြင် တီဗီအကြည့်နည်းတဲ့ ကလေးတွေထက်စာရင် ဆေးခြောက်ပစ္စည်းများ၊ အရက်သေစာတို့ကို စွဲလမ်းနိုင်ချေလည်း ၂၀ ရာခိုင်နှုန်းပိုများပါတယ်။
ရလဒ်တွေက ထင်ရှားပေမယ့် တီဗီကြည့်ခြင်းက ဘဝမှာ နေထိုင်မှုပြဿနာတွေ ဖြစ်လာနိုင်စေတယ်ဆိုတာ အတိအကျ သက်သေမပြနိုင်သေးပါဘူး။
မျိုးရိုး၊ အုပ်ထိန်းသူလွှမ်းမိုးမှု၊ လူမှုအားပေးမှုမရခြင်းတို့ကလည်း ပတ်သက်နေပါသေးတယ်။
အမေရိကန်ကလေးကျန်းမာေရးအကယ်ဒမီက ကလေးများအနေနဲ့ တစ်ညကို တီဗီ ၂ နာရီထက်ကြာအောင် မကြည့်ဖို့ အကြံပြုထားပါတယ်။
ပါဝင်စမ်းသပ်သူ ၁,၀၀၀ မှာ ၃၇၂ ယောက်က အရွယ်ရောက်တဲ့အခါ အရက်စွဲလမ်းခြင်း ဖြစ်ပေါ်ခဲ့ပြီး ၃၆၉ ယောက်ကတော့ ဆေးလိပ်နဲ့ ၁၉၀ ကတော့ ဆေးခြောက်စွဲလမ်းခဲ့ကြပါတယ်။
စစ်တမ်းအရ စွဲလမ်းခြင်းဖြစ်ပေါ်တဲ့လူတွေမှာ သုံးစွဲမှုကိုထိန်းချုပ်ရခက်ခြင်း၊ မှီခိုရခြင်း၊ လူမှုရေးပြဿနာများရှိခြင်းတို့ ရှိသလားဆိုတာကို မေးမြန်းခဲ့ကြပါတယ်။
အယောက် ၁၅၀ ကတော့ လောင်းကစားစွဲလမ်းမှု ပြဿနာကြုံတွေ့ကြရပါတယ်။
အချိန်ကြာမြင့်စွာ လောင်းကစားလုပ်လာတဲ့သူတွေဟာ ပိုက်ဆံပိုရဖို့ လောင်းကစားလုပ်ကြသလို လောင်းကစားဖြတ်ဖို့ကြိုးစားတဲ့အခါမှာလည်း ဂနာမငြိမ်ကြတော့ပါဘူး။
ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ စိတ်အပန်းဖြေဖို့အတွက် တီဗီကြည့်ချိန်ကို သင့်တင့်မျှတရုံကြည့်သင့်ကြောင်း အမေရိကန်ကလေးကျန်းမာရေးအဖွဲ့အစည်းက အကြံပြုလိုက်ပါတယ်။
တီဗီအကြည့်များခြင်းဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အဝလွန်ခြင်း၊ နောက်ပိုင်းကျန်းမာရေးပြဿနာအမျိုးမျိုး ဖြစ်လာနိုင်ချေများပါတယ်။
Source: Daily Mail
#Yangon_Media_Group
#Local_News
Published_2 December 2022
လျှပ်စစ်မီးပြတ်တောက်တာတွေကြောင့် CNG ဂတ်စ်ဆိုင်တွေမှာ ဂတ်စ်မရရှိမှုပြသနာတွေ ကြုံတွေ့နေရတယ်လို့ အငှားယာဉ်မောင်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#World_Culture
Published 2 December 2022
ပြင်သစ်တို့ရဲ့ ပေါင်မုန့်ရှည်၊ အယ်လ်ဂျီးရီးယားတို့ရဲ့ ကျေးလက်ဂီတစတိုင်၊ ဆားဘီးယားတိုရဲ့ ဇီးသီးဘရန်ဒီနဲ့ တူနီးရှားတို့ရဲ့ ငရုတ်သီးဆော့စ်အနှစ်တို့ကို မထိမတွေ့နိုင်တဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များစာရင်းမှာ ပါဝင်ခွင့်ရဖို့ လျှောက်ထားချက်များအား ယူနက်စ်ကိုက တနင်္လာနေ့မှာ စစ်ဆေးနေပြီဖြစ်ပါတယ်။
#Yangon_Media_Group
Published 2 December 2022
ဂျပန်ဟာ ကမ္ဘာ့ဖလားပွဲ ယှဉ်ပြိုင်ရာမှာ ရဲစွမ်းသတ္တိကိုပြသခဲ့လိုက်ပြီလို့ ဂျပန်ကို နောက်ဆုံး ၁၆သင်းထဲ ပါသွားစေတဲ့ ဆာမူရိုင်းအပြာတွေက စပိန်ကို အနိုင်ပွဲကစားသွားပြီးနောက် ခံစစ်ကစားသမား ယူတိုနာဂါတိုမိုက ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။
ဂျပန်ဟာ အုပ်စု E မှာ ပထမရရှိလိုက်တဲ့အတွက် ဂျာမနီနှင့် စပိန်တို့ စိတ်ပျက်ဝမ်းနည်းစရာတွေဖြစ်ခဲ့ရတာပါ။ ဂျပန်ဟာ အဲဒီနှစ်သင်းစလုံးကို အနိုင်ယူပြီး အုပ်စုဗိုလ်ဖြစ်ခဲ့တာပါ။
ဟာဂျီမီ မိုရီယာဆူရဲ့ အသင်းဟာ အခုဆို နောက်ဆုံး၁၆သင်းထဲမှာ ခရိုအေးရှားနှင့် တွေ့ဆုံရမှာဖြစ်ပြီး နာဂါတိုမိုက ခရိုအေးရှားကို ၂၀၁၈ခုနှစ် တုန်းကလို အံအားတသင့် အနိုင်ရရှိလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ဂျပန်ဟာ နာမည်ကြီးအသင်း ဂျာမနီကို အနိုင်ရပြီးဣာက် စပိန်ကိုလည်း ၂ ဂိုး ၁ဂိုးဖြင့် အနိုင်ရပြီး ဒုတိယအဆင့် ၁၆ သင်းထဲ တက်လှမ်းသွားတာဖြစ်ပါတယ်။
ဂျပန်အသင်း ဆက်တိုက်အနိုင်ရရှိခဲ့တဲ့အပေါ် တိုကျိုဒေသခံတွေက အလွန်ပျော်ရွှင်ဂုဏ်ယူနေကြပါတယ်။
“ ပွဲက အတော်ကြပ်မယ်လို့ ကျွန်တော်ထင်ခဲ့တယ်။ ပွဲစတာ ဂျပန်မှာ မနက်လေးနာရီအချိန်ကြီး။ အဲဒါကြောင့် အိမ်မှာပဲကြည့်ရတယ်။ အခု ကျွန်တော်တို့ လုပ်နိုင်ခဲ့ကြပြီ။သိပ်ပျော်တာပဲဗျာ” လို့ည စပိန်ကို အနိုင်ရပြီးနောက် တိုကျိုမြို့တော်မှာ အောင်ပွဲခံကြတုန်း ဘောလုံးပရိဿတ် မူနီဟီရို ဟာရှီမိုတိုကပြောပါတယ်။
“ဂျပန် ဟာ ဂျာမနီနှင့် စပိန်ကိုအနိုင်ရခဲ့တယ်။ ကော့စတာရီကာကို ရှုံးခဲ့ပေမယ့် နှစ်သင်းစလုံးက အဆင့်မြင့်တယ်လေ။ ရှုံးထွက်ပွဲတွေမှာလည်း ဒီလိုပဲ အဆင့်မြင့်အသင်းကြီးတွေကို အနိုင်ရဦးမယ်လို့ ကျွန်တော့်ကို ယုံကြည်မှုတွေဖြစ်စေတယ်” လို့ သူကဆက်ပြောပါတယ်။
သူတို့အခက်အခဲနှင့်ကြုံခဲ့ပေမယ့် အဆုံးမှာ ဆာမူရိုင်းစိတ်ဓာတ်ကိုပြသနိုင်ခဲ့တယ်လို့ထင်ပါတယ်လို့ ပရိသတ် မာဆာကီ ဟီဂူချီကလည်းပြောပါတယ်။
လူရွှင်တော်တစ်ဦးဖြစ်တဲ့ ဂျွန်ညာ နီတိုက “ အလွန်တော်ကြတယ်။ဒီကနေ့က အံအားသင့်စရာနေ့ပဲ။ ကျွန်တော် ဂျံန်ညာ အီတိုကိုအတုခိုးထားတာ။သူ့ဂိုးသွင်းတာတွေ့ချင်တယ်။ ရှုံးထွက်ပွဲတွေစောင့်ကြည့်ရမယ်။ ဂျပန်အသင်းက ပိုပိုကောင်းလာတယ်။ အသင်းမှာရှိတဲ့အဆင့်အားလုံးကောင်းလို့ ဒီလိုနိုင်တာပါ”လို့ပြောပါတယ်။
Source : AFP
>
#Japan_Celebrates_World_Cup_Guts
#Japan_beat_Spain
#Tokyo_fans _Celebrate_Japan+Soccer
#Local_News
Published _ 2 December 2022
မြန်မာ့ငါးသလောက်ကို ပြည်ပပို့ကုန်အဖြစ်နှစ်စဉ်တင့်ပို့နေလျှက်ရှိပြီး မျိုးစိတ်သုတေသနလုပ်ငန်းတွေလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_2 December 2022
G to G စနစ်အရ မြန်မာနိုင်ငံကနေ ဘင်္ဂလာ့ဒေ့ရှ်နိုင်ငံကို ဆန်တန်ချိန် တစ်သိန်းကျော် တင်ပို့ထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#Yangon_Media_Group
#Local_News
Published_ 2 December 2022
လတ်တလောမှာ လျှပ်စစ်မီးလာတဲ့အချိန်နည်းပါးနေဆဲမို့ မီးစက်အသုံးပြုရတာတွေများနေတဲ့အတွက် ပုဂံဒေသရှိ ဟိုတယ်လုပ်ငန်းတွေအခက်တွေ့နေတယ်လို့ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်)မှ သိရပါတယ်၊၊
#Yangon_Media_Group
#News
Published_2 December 2022
အိမ်ဖြူတော်က ကြားဝင်စေ့စပ်ပေးခဲ့တဲ့ သဘောတူညီချက်ကို လက်မခံရေး မီးရထားဝန်ထမ်းတွေရဲ့ ဆန္ဒကိုပယ်ချပြီး တရားမဝင်ဖြစ်စေတဲ့ အမေရိကန်အစိုးရရဲ့ လုပ်ဆောင်ချက်က အလုပ်သမားလူတန်းစားရဲ့ အခြေခံ ဒီမိုကရေစီအခွင့်အရေးကို အကြီးအကျယ် စော်ကားလိုက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ wswg အဖွဲ့အစည်းက ပြစ်တင်ပြောကြားလိုက်ပါတယ်။
မီးရထားအလုပ်သမားဥပဒေ ဆန့်ကျင်တဲ့ အလုပ်သမားတွေက မီးရထားဝန်ထမ်းတွေအပေါ် စီးပိုးမှုနဲ့ပတ်သက်ပြီး အစိုးရ ကြားဝင်စေ့စပ်ပေးပြီး သုံးနှစ်အကြာ၊ အလုပ်နှောင့်နှေးမှုကို အဆုံးသတ်ဖို့ အစိုးရနှင့် သမဂ္ဂအာဏာပိုင်တွေ အတင်းအကျပ်ပြုလုပ်ခဲ့တဲ့ ကနဦးပြေအေးမှု ရရှိပြီးနောက် ဒီဇင်ဘာ ၉ ရက်မှာ နိုင်ငံအနှံ့သပိတ်မှောက်ဖို့ အလုပ်သမားတွေက ဆုံးဖြတ်လိုက်တာဖြစ်တယ်။ ဆေးခွင့်၊ မိသားစုနဲ့ အချိန်ကုန်ခွင့်လို မဖြစ်မနေ လိုအပ်တဲ့ အခြေခံတောင်းဆိုမှုတွေကို ပြောင်းလဲပေးဖို့ ဆန္ဒမရှိတဲ့ လူမဆန်တဲ့အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေ ကြုံတွေ့နေရပါတယ်။
ဘိုင်ဒန်အစိုးရနဲ့ ကွန်ဂရက်က သပိတ်ကို တားမြစ်ဖို့နဲ့ သဘောတူညီမှုကို ချမှတ်ဖို့ အမြန်လုပ်ဆောင်နေကြတယ်။ ဒီမိုကရက်နဲ့ ရီပါပလစ်ကန်ပါတီ ခေါင်းဆောင်တွေက ကွန်ဂရက်မှာ မဲခွဲဆုံးဖြတ်မယ့် လုပ်ရပ်ကို ထောက်ခံကြ တယ်။ ပါတီနှစ်ခုလုံးက အလုပ်သမားတွေ ငြင်းဆိုခဲ့တဲ့ သဘောတူညီချက်ကို တွန်းအားပေးဖို့ အရှိန်အဟုန်နဲ့ ဆောင်ရွက်နေကြတယ်။ လတ်တလော အခြေအနေအရ အဓိကဥပဒေပြဋ္ဌာန်းမှုတစ်ခုမှ ကွန်ဂရက်မှာ မြန်မြန် ဆန်ဆန် ချမှတ်နိုင်ခဲ့တာ မရှိပါဘူး။
“အမေရိကန်နိုင်ငံသမိုင်းမှာ အလုပ်သမားတွေနဲ့ အကျွမ်းဝင်ဆုံးသမ္မတ” လို့ သူ့ကိုယ်သူ အမွှန်းတင် ကမ္ဗည်းတပ်ခဲ့တဲ့ သမ္မတဘိုင်ဒန်က သူ့အနေနဲ့ သဘောတူညီချက်ကို ပြဋ္ဌာန်းရခြင်းအတွက် နောင်တရပေမဲ့ ဒါက သပိတ် ကြောင့် ထိခိုက်နစ်နာရမယ့် “အလုပ်သမားတွေရဲ့ မိသားစုဝင်တွေ” ကို ကာကွယ်ဖို့ လိုအပ်လို့ လုပ်ရတာ ဖြစ်တယ်ဆိုတဲ့ စက်ဆုပ်စရာ သူတော်ကောင်းဟန်နဲ့ ပြောပါတယ်။ ဒါပေမဲ့ ဒီပြဿနာက အလုပ်သမားတွေကို အလေးထားတဲ့ စည်းကမ်းချက်တွေ သတ်မှတ်လိုက်ရုံနဲ့ အလွယ်တကူ ဖြေရှင်းနိုင်မှာဖြစ်တယ်။
ဒါပေမဲ့ သဘောတူညီချက်ပါ ပြင်ဆင်ချက်အားလုံးကို ဘိုင်ဒန်က ပြတ်ပြတ်သားသား ပယ်ချခဲ့တာဖြစ်တယ်။ “အလုပ်သမားလူတန်းစားကို ကာကွယ်ဖို့” ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်သမားတွေအပေါ် အုပ်ချုပ်ရေး အာဏာရှင်စနစ်ကို အတင်းအကျပ်ပြုလုပ်နေတာဖြစ်တယ်။
စီးပွားရေးလုပ်ငန်းတွေရဲ့ စည်းကမ်းချက်တွေ သတ်မှတ်ပေးရာမှာ ဘိုင်ဒန်အစိုးရက ဒီမိုကရေစီဆန့်ကျင်ရေး ပူးပေါင်းကြံစည်မှုမှာပါဝင်ပြီး မီးရထားအလုပ်သမားတွေကို ဆန့်ကျင်တဲ့ အလုပ်သမားသမဂ္ဂအစုအဖွဲ့ရဲ့ အရေးပါတဲ့ လုပ်ဆောင်မှုတွေကို အားထားနေတာဖြစ်တယ်။ အစပိုင်းမှာ အဖွဲ့က အလုပ်သမားတွေရဲ့ သပိတ်မှောက်ရေး လှုပ်ရှားမှုကို လျော့ချပြီး တတ်နိုင်သလောက် အချိန်ဆွဲထားဖို့ ကြိုးစားခဲ့တယ်။ လက်ရှိ ဘိုင်ဒန် ပြဋ္ဌာန်းဖို့ ကြိုးစား နေတဲ့ သဘောတူညီချက်အတွက် အကြောင်းအရင်းဖြစ်တဲ့ သမ္မတအရေးပေါ်အဖွဲ့ ခန့်အပ်မှုကို တွန်းအားပေးခဲ့တာက သမဂ္ဂအဖွဲ့တွေပဲ ဖြစ်တယ်။
ကွန်ဂရက်ပါဝင်မှုကို အားကောင်းစေဖို့ ထိပ်တိုက်ရင်ဆိုင်မှုကို အချိန်ဆွဲထားချိန်မှာ ဒီမိုကရေစီလုပ်ငန်းစဉ်တွေကို ပမာမခန့်လုပ်တဲ့ ဆန္ဒမဲပေးခြင်းကနေ သဘောတူညီချက်ကို ပြဋ္ဌာန်းဖို့ သမဂ္ဂအဖွဲ့တွေက ကြိုးစားခဲ့ပေမဲ့ မအောင် မြင်ပါဘူး။ လွှတ်တော်ရဲ့ တရားဝင်အမိန့်ကို ဘာမှဖြစ်လာဖို့မရှိတဲ့ သဘောတူညီချက်ကို အလုပ်သမားတွေလက်ခံအောင် သိမ်းသွင်းရာမှာ ခြိမ်းခြောက်တဲ့ လက်နက်တစ်ခုလို အသုံးချခဲ့တာဖြစ်တယ်။
၁၉၉၁ ခုနှစ်နောက်ပိုင်း စတင်ခဲ့တဲ့ နိုင်ငံအနှံ့ မီးရထားသပိတ်ကို ကြားဝင်ဖျန်ဖြေခဲ့တဲ့ ကွန်ဂရက်အဖို့ ဥပဒေ ပြဋ္ဌာန်းမှုက ပထမအကြိမ်ဖြစ်နိုင်ပေမဲ့ အတိတ်က ဖြစ်ရပ်လို ရိုးရှင်းမှာမဟုတ်ပါဘူး။ ခုသပိတ်က များပြားလှတဲ့ လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းတွေကြောင့် ဖြစ်ပေါ်လာတာဖြစ်တယ်။
ကွန်ဂရက်ကြားဝင်ဖျန်ဖြေပေးရေးအတွက် ဘိုင်ဒန်ရဲ့ တောင်းဆိုမှုက သူ့ရဲ့ လူတန်းစားပေါ်လစီအပေါ် ဖုံးကွယ်ဖို့၊ အလုပ်သမားလူတန်းစားနဲ့ ပွင့်ပွင့်လင်းလင်း အချိန်စော ထိပ်တိုက်တွေ့မှု ကို ရှောင်ရှားဖို့ ကြိုးစားခဲ့တဲ့ ကြိုးပမ်းမှု တွေရဲ့ အဆုံးရဲ့အစဖြစ်တယ်။ ဒီနည်းဗျူဟာက သမဂ္ဂအဖွဲ့နဲ့ အစိုးရနှစ်ခုလုံးအပေါ် အလုပ်သမားတွေ ခံစားနေရ တဲ့ ကြီးမားတဲ့ ဖယ်ကျဉ်မှုနဲ့ ရန်လိုမုန်းတီးမှုတွေကို ပျက်ပယ်စေဖို့ဖြစ်တယ်။
အလုပ်သမားသမဂ္ဂအဖွဲ့တွေရဲ့ ထိန်းချုပ်မှုမပါတဲ့ အကျိုးစီးပွားကိုရဖို့ ဆန့်ကျင်ရဲတဲ့ အလုပ်သမားတွေကြောင့် အောက်ခြေလူထုအဖွဲ့အစည်းတွေ တိုးတက်ရေးအတွက် လှုပ်ရှားမှုက ကြီးထွားလာခဲ့တယ်။ မီးရထား အလုပ်သမားတွေကြားမှာ ဒီလှုပ်ရှားမှုက လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေရဲ့ သဘောတူညီချက်တွေကို ဆန့်ကျင်ရေးလှုံ့ဆော်စည်းရုံးရာမှာ ဦးဆောင်နေရာကပါဝင်တဲ့ မီးရထားအလုပ်သမား အောက်ခြေလူတန်းစားကော်မတီ ပေါ်ပေါက်လာစေခဲ့တယ်။
ဒါပေမဲ့ ကွန်ဂရက်ရဲ့ ကြားဝင်ဖျန်ဖြေမှုက အလုပ်သမားလူတန်းစားရဲ့ လွတ်မြောက်မှုအတွက် အဓိကကျတဲ့ အရေးပါမှုဖြစ်နေပါတယ်။ ဒါဟာ သမဂ္ဂအာဏာပိုင်တွေရဲ့ ချုပ်ချယ်မှုကို ပျက်ယွင်းစေရုံမက အလုပ်သမားတွေရဲ့ နိုင်ငံရေးအရ လွတ်လပ်ခွင့်ကိုပါ ဆောက်တည်နိုင်မှာဖြစ်တယ်။
အလုပ်သမားတွေအနေနဲ့ နိုင်ငံရေးအင်အားရှိဖို့နဲ့ လူ့အဖွဲ့အစည်းကို အကျိုးအမြတ်အတွက်မဟုတ်ဘဲ လူသား လိုအပ်ချက်အရ ဆိုရှယ်လစ်ဝါဒလမ်းစဉ်နဲ့ ပြန်လည်ဖွဲ့စည်းဖို့ လိုအပ်ချက်ကို ရင်ဆိုင်ဖြေရှင်းရဦးမှာ ဖြစ်တယ်။ ဒါဟာ ကွန်ဂရက်ရဲ့ ကြားဝင်ဖျန်ဖြေမှုအတွက် အခြေခံအကျဆုံး သင်ခန်းစာ ဖြစ်တယ်။
wsws.org ပါ What Biden and Congress’ move to ban railroad strike reveals ဆောင်းပါးကို ဘာသာပြန်ဖော်ပြပါသည်။
#Yangon_Media_Group
Page 1476 of 2001