Published 19 Feb 2023

ကမ္ဘောဒီးယားနိုင်ငံ အရှေ့ပိုင်းက ကျေးရွာတွေမှာ ရွာသားတွေဟာ ရွှံ့နွံတွေထူထပ်နေတဲ့ ရေကန်ကြီးတစ်ခုအတွင်း စုပေါင်းငါးဖမ်းပွဲတော်ကို ဆင်နွှဲခဲ့ကြပါတယ်။ သူတို့ဟာ ရိုးရာ ကိရိယာတွေကိုပဲ အသုံးပြုရတဲ့ အဲဒီပွဲတော်မှာ  ဝါးတောင်းတွေ ပိုက်ကွန်တွေအသုံးပြုငါးဖမ်းခဲ့ကြပါတယ်။

သူတို့ဟာ ကောက်ရိုးဦးထုတ်တွေဆောင်း၊ အစင်းကျား ပိတ်ခေါင်းစည်းတွေနှင့် တောက်ပတဲ့နေရောင်အောက်မှာ ဆင်နွှဲခဲ့ကြတာပါ။ ရာပေါင်းများစွာသော ကလေးလူကြီးတွေဟာ ဖေဖော်ဝါရီ၁၈ ရက်စနေနေ့က ရေချိုငါးခူတွေနှင့်မြွေငါးတွေကို ဘိုအောင်ခရုမန်ကန်ကြီးထဲ ဖမ်းဆီးနေကြတာပါ။ အဲဒီနေရာဟာ မြို့တော် ဖနွမ်းပင်ကနေ ၁၅၅မိုင်ဝေးတဲ့ နေရာမှာတည်ရှိပါတယ်။

 

Source: AFP

#fishing_ceremony

#Cambodia

#Cambodia_Fishery_sector

Published 19 Feb 2023 ကမ္ဘောဒီးယားနိုင်ငံ အရှေ့ပိုင်းက ကျေးရွာတွေမှာ ရွာသားတွေဟာ ရွှံ့နွံတွေထူထပ်နေတဲ့ ရေကန်ကြီးတစ်ခုအတွင်း စုပေါင်းငါးဖမ်းပွဲတော်ကို"/>