#LocalNews
Published - 9 June 2022
မြန်မာ-ထိုင်းနယ်စပ်ဂိတ် ပိတ်ထားတာကြောင့် ထိုင်းမှာပြစ်ဒဏ်ကျခံပြီးသား မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်း လ.ဝ.က အချုပ်ထဲမှာ ပြစ်ဒဏ်ကာလတိုးတဲ့ပုံစံမျိုးနဲ့ ဆက်ပြီးနေကြရတယ်လို ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကနေ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_9 June 2022
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မြန်မာပြည်ရုံးခွဲ၏ ဝန်ထမ်းတစ်ဦး မော်လမြိုင်တွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့်အပေါ် ကမ္ဘာ့ကုလသမဂ္ဂ (UN) က ရှုတ်ချကြောင်းနှင့် ကျူးလွန်သူများအနေဖြင့် တာဝန်ခံရမည်ဖြစ်ကြောင်း UN Resident Coordinator နှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိင်းရေးမှူး Mr. Ramanathan Balakrishnan က ထုတ်ပြန်လိုက်သည်။
"လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကို လေးစားကြဖို့ ကမ္ဘာ့ကုလသမဂ္ဂအနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို ပန်ကြားထားပြီး ဖြစ်သလို အရပ်သားတွေရဲ့ အခွင့်ရေးနဲ့လုံခြုံမှုကို ကာကွယ်ပေးဖို့အတွက်လည်း ထပ်လောင်းတောင်းဆိုပါတယ်။ အရပ်သားများအပေါ် အကြမ်းဖက်မှုလုပ်ရပ်များအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ဖို့နဲ့ ကျူးလွန်သူတွေ တာဝန်ခံဖို့ ကုလသမဂ္ဂက မျှော်လင့်ပါတယ်" ဟုယင်းကဆိုသည်။
ဇွန်လ ၈ ရက် ညနေ ၅ နာရီခန့်က မော်လမြိုင်မြို့ သံလွင်ဥယျာဉ်လမ်းပေါ်တွင် ဆိုင်ကယ်စီးလာသော WHO မြန်မာပြည်ရုံးခွဲ၏ ဝန်ထမ်းဖြစ်သူ ဦးမျိုးမင်းထွဋ်ကို သေနတ်ဖြင့်ပစ်သတ်ခဲ့သောကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း WHO က ထုတ်ပြန်ထားသည်။
WHO ၏ ထုတ်ပြန်ချက်တွင် အဆိုပါ WHO ဝန်ထမ်းမှာ ရုံးမှ အိမ်သို့အပြန် သံလွင်ဥယျာဉ်လမ်းတွင် ၎င်း၏ ကိုယ်ပိုင်မော်တော်ဆိုင်ကယ်စီးနင်းလာစဉ် သေနတ်ဖြင့်ပစ်ခံရကာ သေဆုံးခြင်းဖြစ်ကြောင်းနှင့် ယင်းဖြစ်စဉ်အပေါ် လုပ်ဖော်ကိုင်ဖက်၏ မိသားစုနှင့် ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရကြောင်းလည်း ဖော်ပြထားသည်။
ဦးမျိုးမင်းထွဋ်သည် WHO မြန်မာရုံးတွင် ၅ နှစ်ခန့် ကားဒရိုင်ဘာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်းနှင့် အဆိုပါ ဖြစ်ရပ်၏ အသေးစိတ်အခြေအနေမှာ အတိအကျမသိရှိရသေးကြောင်းလည်း ဖော်ပြထားသည်။
ကုလသမဂ္ဂအနေဖြင့် အဆိုပါ ဖြစ်စဉ်အပေါ် လွန်စွာဝမ်းနည်းကြောင်းနှင့် ယခုကာလတွင် အခက်အခဲများရှိနေသော်လည်း ကုလသမဂ္ဂအနေဖြင့် လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့များ ပေးနေကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။
photo-CJ
ymg/mt
#Yangon_Media_Group
#LocalNews
Published _9 June 2022
ရန်ကုန်မြို့တွင်း မြို့နယ်အချို့ရှိ လမ်းများတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)က ရေစုပ်စက်များ တပ်ဆင်ထားကြောင်း သိရသည်။
ယင်းမှာ မိုးတွင်းကာလတွင် လမ်းများ၌ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်ဖြစ်ကြောင်း၊ အဆိုပါ ရေစုပ်စက်များကို မြစ်ထွက်ပေါက်များတွင် တပ်ဆင်ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ အမှတ် (၁၀) မြစ်ထွက်ပေါက်၌ တစ်နာရီလျှင် ရေဂါလန် ၂၂၀၀၀၀ စုပ်ထုတ်နိုင်သည့် မြင်းကောင်ရေ ၁၂၈ ကောင်အားရှိ ၉၀ ကီလိုဝပ် ရေစုပ်စက် ၊ ပန်းဘဲတန်းမြို့နယ် ရွှေတိဂုံဘုရားလမ်းရှိ အမှတ်(၈) မြစ်ထွက်ပေါက်တွင် တစ်နာရီလျှင် ရေဂါလန် ၅၅၀၀၀ စုပ်ထုတ်နိုင်သည့် မြင်းကောင်ရေ ၉၅ ကောင်အား ၇၀ ကီလိုဝပ်ရေစုပ်စက်နှင့် လသာမြို့နယ် ၂၂ လမ်းရှိ အမှတ်(၆) မြစ်ထွက်ပေါက်၌ တစ်နာရီလျှင် ရေဂါလန် ၂၅၀၀၀၀ စုပ်ထုတ်နိုင်သည့် မြင်းကောင်ရေ ၁၂၅ ကောင်အား ၉၀ ကီလိုဝပ် ရေစုပ်စက်၊ လမ်းမတော်မြို့နယ် မော်တင်ယာယီဈေးရပ်ကွက် ကမ်းနားလမ်းရှိ ရွာသစ်ချောင်း ရေထိန်းတံခါးမြစ်ထွက်ပေါက်အတွင်း အမှိုက်နှင့် နုန်းများဆယ်ယူရှင်းလင်းသည့် ရေထိန်းတံခါးတွင်လည်း တစ်နာရီလျှင် ရေဂါလန် ၁၉၀၀၀၀ စုပ်ထုတ်နိုင်သည့် မြင်းကောင်ရေ ၆၀ အား ၄၀ ကီလိုဝပ် ရေစုပ်စက်များတပ်ဆင်ထားကြောင်း သိရသည်။
ယင်းအပြင် ရေစီးရေလာစီမံခန့်ခွဲမှု အနေဖြင့်ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေမြောင်းနှင့် မြေအောက် ရေနှုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် Excavator ယန္တရားယာဉ်များ၊ မြောင်းရှင်းလုပ်သားများဖြင့် အမှိုက်နှင့်မြောင်းချေးများ ဆယ်ယူရှင်းလင်းမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published_9 June 2022
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင် ကျေးရွာအနီးရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ရေးဆွဲရန် အမျိုးသားညီလာခံကျင်းပ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုခန်းမ အဆောက်အဦကို ထိန်းသိမ်းရန် နစက ဥက္ကဌ ပြောကြားလိုက်သည်။
ဇွန်လ ၈ ရက် နံနက်တွင် အဆိုပါ ပြည်ထောင်စုခန်းမအဆောက်အဦနှင့် ဆက်စပ်အဆောက်အဦများကို သွားရောက်ကြည့်ရှုစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
အမျိုးသားညီလာခံကျင်းပခဲ့သည့် အဆောက်အဦများသည် နိုင်ငံတော်အတွက်အရေးကြီးသည့် ဖွဲစည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ရေးဆွဲဖော်ဆောင်ခဲ့သည့် သမိုင်းဝင်အဆောက်အဦများ ဖြစ်ကြောင်း၊ ယခင်ခေတ်အဆက်ဆက်က သမိုင်းဝင်အဆောက်အဦများကို တတ်နိုင်သမျှ ထိန်းသိမ်းထားခဲ့ကြောင်း၊ ယခုထိန်းသိမ်းမှုများ အားနည်းခဲ့သည့်အတွက် ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရှိရသောကြောင့် ရေရှည်တည်တံ့စေရေးအတွက် အလေးထားထိန်းသိမ်းဆောင်ရွက်ရန်နှင့် ရှိပြီးသား အဆောက်အဦများကို ပြန်လည်ပြုပြင်ထားရှိရန်လိုကြောင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
အမျိုးသားညီလာခံကျင်းပခဲ့သည့် ပြည်ထောင်စုခန်းမအဆောက်အဦးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ အထိ အစုအဖွဲ့ ၈ ဖွဲ့မှ ကိုယ်စားလှယ် ၇၀၂ ဦးဖြင့် အမျိုးသားညီလာခံ ၇ ကြိမ် ကျင်းပခဲ့ခြင်းဖြစ်သည်။
အမျိုးသားညီလာခံ ကျင်းပပြုလုပ်ရာ မြေနေရာသည် ၅၈၅ ဒသမ ၈၁ ဧကကျယ်ဝန်းပြီး ဧက ၂၀၀ ကို စိုက်ပျိုးရေးဇုန်အဖြစ်လည်းကောင်း၊ ဧက ၁၀၀ ခန့်ကို မွေးမြူရေးဇုန်အဖြစ်လည်းကောင်း အသုံးပြုထားကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 9 June 2022
ရခိုင်၊ ကချင်၊ ရှမ်း၊ ကရင်၊ ချင်းပြည်နယ်နဲ့ ရန်ကုန်မြို့ဆင်ခြေဖုံးမှ လူဦးရေ ၂ သောင်းခွဲကျော်ခန့်ဟာ ၂၀၂၂ ခုနှစ် မေလအတွင်းမှာ ယူနီဆက်ရဲ့အခြေခံ ကျန်းမာရေးဝန်ဆောင်မှုများ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ အကျပ်အတည်းကာလ တစ်နှစ်ကျော် ကြာမြင့်လာချိန်မှာ ကလေးငယ်ဦးရေ ငါးသန်းခန့်ဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံ၊ နော်ဝေနိုင်ငံ၊ ဒိန်းမတ်နိုင်ငံ အစိုးရများအပြင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ပံ့ပိုးမှုများဖြင့် ယူနီဆက်က ထိခိုက်ခံစားနေကြရတဲ့ ကလေးငယ်များနဲ့ မိသားစုများကို မရှိမဖြစ်အရေးပါတဲ့ ဝန်ဆောင်မှုများကို ဖြည့်ဆည်းပံ့ပိုးပေးလျက်ရှိပါတယ်။
ဒါပေမယ့် ဆက်လက်ဖြည့်ဆည်းပံ့ပိုးနိုင်ဖို့အတွက် အထောက်အပံ့များ လိုအပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published_9 June 2022
မလေးရှားနဲ့ ထိုင်းနိုင်ငံနယ်စပ် ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ရိုင်မြိုနယ်မှာ ထိုင်းနိုင်ငံသားတစ်ယောက် သေဆုံးတဲ့ အမှုမှာ သံသယရှိနေတယ်ဆိုတဲ့ ရခိုင်တိုင်းရင်းသား ၉ ယောက် ကိစ္စကို သက်ဆိုင်ရာအနေနဲ့ အကူအညီပေးစေလိုတယ်လို ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက် (MWRN) ရဲ့ မြန်မာအလုပ်သမားတာဝန်ခံ ကိုသိန်းထွန်းက YMG ကို ပြောပါတယ်။
#Yangon_Media_Group
#LocalNews
Published _ 9 June 2022
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟွေကျိုးမြို့ကနေ ဒီကနေ့ ဇွန်လ ၉ ရက်နေ့မှာ ပြန်လာတဲ့ မြန်မာ ၃၀၀ လောက် ရှိပါတယ်။
#Yangon_Media_Group
#DailyNews
Published - 9 June 2022
၁။ နယ်စပ်ဂိတ်များ ပိတ်ထားခြင်းကြောင့် ထိုင်းတွင်ပြစ်ဒဏ်ကျ မြန်မာလုပ်သားများ ပြစ်ဒဏ်ကာလတိုးသကဲ့သို့ဖြစ်နေ
၂။ လှည်းကူးမြို့နယ်သမိုင်းပြတိုက်အခမဲ့ပြသထား၊ အနုပညာပြတိုက်တိုးချဲ့ဖွင့်နိုင်ရန်စီစဉ်နေ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ဘရာဇီးလ်နှင့် အာဂျင်တီးနားနယ်စပ်ကြားရှိ သေမင်းခံတွင်းဝရေတံခွန် မိုးရေကြီးပြီးနောက်ပြန်လည်ဖွင့်လှစ်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 9 June 2022
ခရီးသွားကုမ္ပဏီများက စီစဥ်တဲ့ အဖွဲ့လိုက်ခရီးစဥ်များတွင် ပါဝင်မည့် နိုင်ငံခြားသားများသည်လည်း ဇွန်လ ၁၀ ရက်နေ့မှ စတင်၍ ဂျပန်နိုင်ငံသို့ ဝင်ရောက်နိုင်မှာဖြစ်ကြောင်း ဂျပန်သံရုံးက ကြေညာထားပါတယ်။
ဂျပန်နိုင်ငံသို့ သွားရောက်ကြမည့် မြန်မာနိုင်ငံသားများအား ဗီဇာထုတ်ပေးခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် နေထိုင်သူများသို့ မေလ ၂၆ ရက်နေ့တွင် ဂျပန်အစိုးရက ယခုနှစ် ဇွန်လမှာ စတင်ကျင့်သုံးမယ့် COVID – 19 ရောဂါကူးစက်ပျံ့နှံမှု တားဆီးကာကွယ် ထိန်းချုပ်ရေးစီမံချက်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဆိုပါ စီမံချက်အရ ဂျပန်နိုင်ငံသို့ သွားရောက်ရန် လိုအပ်သည်ဟု အသိအမှတ်ပြုခံရတဲ့ မိသားစု/အသိမိတ်ဆွေထံ အလည်အပတ်သွားရောက်ရန် ရည်ရွယ်သော နိုင်ငံခြားသားများသည် ဇွန် ၁ ရက်မှစတင်၍ ဂျပန်နိုင်ငံသို့ဝင်ရောက်နိုင်နေပြီ ဖြစ်ပါတယ်။
အဆိုပါ စီမံချက်အသစ်အရ ဂျပန်သံရုံးတွင် ဗီဇာလျှောက်ထားခြင်းနှင့် ပတ်သက်၍ ကျောင်းသားများ၊ နည်းပညာအလုပ်သင်သင်တန်းသားများနှင့် ခရီးသွားကုမ္ပဏီစသည်တို့က လက်ခံဆောင်ရွက်ပေးသည့် အလည်အပတ်သွားရောက်မည့်သူများ အပါအဝင် ဂျပန်နိုင်ငံသို့ သွားရောက်လိုသူများအတွက် ဗီဇာလျှောက်ထားရာတွင် ဂျပန်နိုင်ငံအတွင်းရှိ တာဝန်ယူလက်ခံမည့် တာဝန်ခံ (ကျောင်းများ၊ ကုမ္ပဏီနှင့် အဖွဲအစည်းများ၊ ခရီးသွားကုမ္ပဏီများ) သည် ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ နိုင်ငံတွင်းဝင်ရောက်မည့်သူ၏ ကျန်းမာရေးစစ်ဆေးမှုစနစ် (ERFS) အတွက် သတ်မှတ်ထားတဲ့ လျှောက်ထားမှုများကိုပြုလုပ်ပြီး ရရှိလာသောလျှောက်ထားမှု လက်ခံပြီးစီးကြောင်းထောက်ခံစာကို တင်ပြရန် လိုအပ်ပါတယ်။
သို့ရာတွင် မိသားစု၊ အသိမိတ်ဆွေထံ အလည်အပတ်ရည်ရွယ်ချက်ဖြင့် သွားရောက်သူများမှာမူ ကျန်းမာရေးစစ်ဆေးမှုစနစ်(ERFS)အတွက် သတ်မှတ်ထားတဲ့ လျှောက်ထားမှု လက်ခံပြီးစီးကြောင်းထောက်ခံစာ မလိုအပ်ဘူးလို့ ဆိုပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 9 June 2022
ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများ အနေဖြင့် ပြည်ပအလုပ်သမားမှတ်ပုံတင်ကတ် (Overseas Worker Identification Card- OWIC ) ပါရှိမှသာ အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၊ နယ်စပ်ဂိတ်များမှ တစ်ဆင့်ပြည်ပနိုင်ငံများသို့ သွားရောက်နိုင်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
အဆိုပါ ကတ်ကို ငါးနှစ်သက်တမ်းဖြင့် ထုတ်ပေးလျက်ရှိပြီး ယင်းသတ်မှတ်ငါးနှစ်အတွင်း ခွင့်ဖြင့်ပြန်လာ၍ ပြန်လည်ထွက်ခွာမည်ဆိုပါက အဆိုပါ OWIC ကို ဆက်လက်ကိုင်ဆောင် အသုံးပြုနိုင်ကြောင်းလည်း သိရသည်။
ပြည်ပနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသည့် အလုပ်သမားစာရင်းများ ရရှိနိုင်ရေး၊ အလုပ်သမား စေလွှတ်သည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများမှ ဝင်ငွေခွန်များ၊ ကုန်သွယ်ခွန်များကို စနစ်တကျ ပေးဆောင်စေ၍ နိုင်ငံတော်အတွက် ဝင်ငွေများရရှိစေရေး၊ အလုပ်သမားများ ပြည်ပနိုင်ငံများတွင် အခက်အခဲပြဿနာ တစ်စုံတစ်ရာဖြစ်ပွား၍ အကူအညီတောင်းခံလာပါက အချက်အလက်များကို စစ်ဆေးပြီး ထိရောက်စွာကူညီဆောင်ရွက်ပေးနိုင်ရေး၊ နိုင်ငံအလိုက် လုပ်သားထွက်ခွာမှု စာရင်းများမှ တစ်ဆင့် လိုအပ်သည့်မူဝါဒများ ရေးဆွဲချမှတ်နိုင်ရေး၊ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများကို စနစ်တကျ မှတ်ပုံတင်ထားရှိနိုင်ရေးတို့အတွက် Data Server တွင် အချက်အလက်များ သိမ်းဆည်း၍ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် Overseas Worker Identification Card- OWIC ကို သက်တမ်း ငါးနှစ်ဖြင့် ထုတ်ပေးနေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ymg/sth
#Yangon_Media_Group
Published 9 June 2022
တောင်ကိုးရီးယားနိုင်ငံ ဒေဂူးမြို့ရှိ ရုံးအဆောက်အအုံတစ်ခုတွင် ဇွန် ၉ရက် ကြာသပတေးနေ့က ရှို့မီးဟုသံသယဖြစ်စရာ မီးလောင်မှုကြောင့် အနည်းဆုံးလူ(၇)ဦးသေဆုံးပြီး ဒါဇင်များစွာ ဒဏ်ရာရရှိသွားခဲ့ကြတယ်လို့ ဒေသမီးသတ်နှင့်ရဲအရာရှိတွေကပြောပါတယ်။
မီးသတ်သမားဒါဇင်များစွာနှင့် မီးသတ်ယာဉ်တွေဟာ အခင်းဖြစ်ပွားရာသို့ အမြန်ဆုံးရောက်ရှိလာကြပြီး ဒေသံစံတော်ချိန် မနက်၁၀နာရီ ၅၅မိနစ်ခန့်က စတင်လောင်ကျွမ်းခဲ့တဲ့ မီးကို ငြှိမ်းသတ်ခဲ့ကြပါတယ်။မီးဟာ ရုံးအဆောက်အဦကြီးရဲ့ ခုနှစ်ထပ်မှာ လောင်ကျွမ်းတာဖြစ်ပါတယ်။
လူ(၇)ဦးသေဆုံးကြောင်း သက်ဆိုင်ရာက အတည်ပြုပါတယ်။ အဲဒီအထဲမှာ ရှေ့နေရုံးခန်းကို မီးရှို့တယ်လို့ သံသယဖြစ်ရတဲ့ အမည်မသိသူတစ်ဦးလည်းပါဝင်ပါတယ်။
အနည်းဆုံး လူ၄၁ ဦးဒဏ်ရာရရှိခဲ့ကြပြီး အများစုကတော့ မီးခိုးတွေကြောင့် အသက်ရှုကြပ်ကြသူတွေဖြစ်ပါတယ်။ အဲဒီထဲက ၂၆ ဦးကို အနီးအနားက ဆေးရုံတွေဆီ ပို့ဆောင်ခဲ့ကြတယ်လို့ ဒေးဂူးခရိုင်ရဲဌာနမှူး ပတ်ခ်ဆောင်ဂျင်းက ပြောပါတယ်။
တစ်ဦးတစ်ယောက်မျှ အခန်းထဲမှာ ပိတ်မိမနေဘူးလို့ ပတ်ခ်ကပြောပါတယ်။
အဲဒီသံသယဖြစ်စရာအမျိုးသားဟာ မီးရှို့ရာမှာ အသုံးပြုဖို့ဖြစ်နိုင်တဲ့ ပုံးတစ်လုံးကို သယ်ပြီး အိမ်ကထွက်ခွာသွားတာကို လုံခြံရေးကင်မရာကနေ တွေ့ရတယ်လို့ ဒေးဂူးမြို့ပြရဲတပ်ဖွဲ့က အရာရှိ ဂျုန်းဟေဝုခ် ကပြောပါတယ်။
သေဆုံးသူတွေအားလုံးကို အခန်းတစ်ခန်းထဲမှာပဲတွေ့ကြရပြီး ဘာကြောင့် ဖြစ်ရသလဲဆိုတာကို ရဲက စုံစမ်းမှုတွေပြုလုပ်နေပြီလို့ဂျုန်းက ပြောပါတယ်။
ဘီအိုမီအိုဒေါင်းရပ်ကွက်က အဲဒီအဆောက်ကအဦထဲကနေ မီးခိုးတွေထွက်လာတာကိုမြင်ရတဲ့ မျက်မြင်သက်သေတွေဆီက ရတဲ့ပုံတွေကို တောင်ကိုးရီးယား မီဒီယာတွေက ထုတ်ပြန်ပါတယ်။ ဒေးဂူးဟာ တောင်ကိုးရီးယားရဲ့ စတုတ္ထအကြီးဆုံးမြို့ဖြစ်ပြီး လူဦးရေ ၂.၆သန်းကျော်နေထိုင်ကြပါတယ်။
ဒေးဂူးမှာ မီးရှို့တိုက်ခိုက်မှုတွေ အဆိုးရွာဆုံးဖြစ်ခဲ့တဲ့ မှတ်တမ်းရှိခဲ့ပါတယ်။ ၂၀၀၃ခုနှစ်က အသက်၅၆နှစ်အရွယ် အမျိုးသားတစ်ဦးက မြေအောက်ရထားအတွင်း မီးရှို့ခဲ့လို့ လူပေါင်း ၁၉၂ ဦးသေဆုံးခဲ့ရတာဖြစ်ပါတယ်။
Source AP
#LocalNews
Published - 9 June 2022
မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးထိုးထားသူ စုစုပေါင်း(၃၃)သန်းကျော်နဲ့ ထပ်ဆောင်းကာကွယ်ဆေး(၂)သန်းကျော်ထိုးနှံပေးပြီးဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်၊၊
ဇွန်လ(၇)ရက်ကကျန်းမာရေးဝန်ကြီးဌာနရဲ့စာရင်းတွေအရသိရတာဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးပထမအကြိမ်နဲ့ အကြိမ်ပြည့်ထိုးထားသူ စုစုပေါင်း(၃၃)သန်းကျော်နဲ့ ထပ်ဆောင်းကာကွယ်ဆေးထိုးထားသူ(၂)သန်းကျော်ရှိတယ်လို့ ဖော်ပြပါရှိပါတယ်၊၊
လာမယ့်မိုးရာသီမှာ ကိုဗစ်အပါအဝင်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ပြန်အဖြစ်များနိုင်တဲ့အတွက် ကိုဗစ်ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသူတွေ ထိုးနှံထားသင့်တယ်လို့ ဆရာဝန်ကြီးတွေက အကြံပြုထားပါတယ်၊၊
အသက်(၁၈)နှစ်နဲ့အထက် ပြည်သူများကို ကိုဗစ်ကာကွယ်ဆေးအခမဲ့ထိုးပေးခဲ့ပြီးအသက်(၁၅)နှစ်အထက်ပြည်သူများနှင့် အသက်(၅)နှစ်မှ(၁၈)နှစ်ကျောင်းသား၊ ကျောင်းသူများ အခမဲ့ ထိုးပေးနေကာအသက်(၁၈)နှစ်အထက်အကြိမ်ပြည့်ထိုးပြီးသူတွေ (၆)လကြာမြင့်ပါကထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိတယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
Page 1483 of 1687