#Local_News
Published_ 27 December 2022
တောင်ကိုရီးယားနိုင်ငံ၌ တရားဝင်အလုပ်လုပ်ကိုင်ကြမည့် မြန်မာလုပ်သား ၁၅၀ ဦးဟာ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် ရောက်ရှိလာခဲ့ ကြောင်း သိရပါတယ်။
ထိုသို့စေလွှတ်ခဲ့သော လုပ်သားများထဲတွင် ကုန်ထုတ်လုပ်သားသစ် ၄၇ ဦး၊ CBT ကုန်ထုတ်လုပ်သား ၆ ဦး၊ Re-entry ကုန်ထုတ်လုပ်သား ၂၁ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၇၆ ဦးပါဝင်ပြီး ဒီဇင်ဘာ ၂၇ ရက်တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိလာခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရောက်ရှိခဲ့သော မြန်မာလုပ်သားများအား မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Health_Condition
Published 27 December 2022
အသက် ၂၀ အရွယ်ရှိ 'ဗစ်လိန်း'လို့ခေါ်တဲ့ အမျိုးသမီးငယ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်ခန့်က MRKH ရောဂါလက္ခဏာရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
ဒီရောဂါလက္ခဏာဟာ သားအိမ် သို့မဟုတ် မိန်းမအင်္ဂါယောနိ မရှိခြင်း၊ ကောင်းစွာမဖွံ့ဖြိုးခြင်းတို့ ဖြစ်နိုင်ပါတယ်။
ဒီရောဂါဆန်းဟာ အမျိုးသမီးအယောက် ၅ ထောင်မှာ ၁ ယောက်ဖြစ်နိုင်ချေရှိပြီး သူ့ခန္ဓာကိုယ်ဟာ ယိုယွင်းနေတယ်လို့ ပြောခံနေရကြောင်း ဆိုပါတယ်။
ခန္ဓာကိုယ်အပြင်ဘက်မှာတော့ လိင်အင်္ဂါများ၊ ရင်သား၊ တင်ပါးတို့ ပုံမှန်အတိုင်း ဖွံ့ဖြိုးပါတယ်။
'ဗစ်လိန်း'မှာ မွေးကတည်းက ဒီရောဂါပါလာတာဖြစ်ပေမယ့် အသက် ၁၇ နှစ်အထိ ရာသီမလာသေးတော့မှ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
သွေးစစ်ဆေးချက်တွေ၊ အာထရာဆောင်းတွေ ရိုက်ပြီးတဲ့အခါ သားအိမ်နဲ့ သားဥအိမ်တို့ မရှိဘူးလို့ စစ်ဆေးရရှိခဲ့ပါတယ်။
နောက်တစ်ကြိမ် ရိုက်ကြည့်တဲ့အခါမှာတော့ သားအိမ်အကြွင်းအစအန ၂ ခုရှိပြီး သားဥအိမ် ၂ ခုတို့ အလုပ်လုပ်ပေမယ့် ကိုယ်ဝန်မဆောင်နိုင်ဘူးလို့ သိလိုက်ရပါတယ်။
"ကျွန်မကိုယ်ဝန်ပေါ် တစ်ယောက်ယောက်က လက်လေးတင်ထားတဲ့ ခံစားချက်မျိုး၊ သန္ဓေသားကန်တဲ့ ခံစားချက်မျိုး အမြဲတမ်းစိတ်ကူးခဲ့ပေမယ့် မရနိုင်တဲ့အတွက် အလွန်စိတ်ပျက်မိတယ်" လို့ 'ဗစ်လိန်း'က ဆိုပါတယ်။
"MRKH လို ရောဂါမျိုးဖြစ်တဲ့သူတွေအနေနဲ့ ကိုယ်ခန္ဓာနဲ့ပတ်သက်ပြီး မရှက်မကြောက်မိအောင် ကြိုးစားနေထိုင်နေရတယ်" လို့ ပြောပြလိုက်ပါတယ်။
ဒီရောဂါမျိုးရှိသူတွေဟာ အမျိုးသမီးတစ်ဦးဖြစ်နေဆဲဆိုတာကို လူတွေနားလည်သဘောပေါက်စေဖို့ သူမက မျှော်လင့်နေပါတယ်။
ကိုယ်ဝန်မဆောင်နိုင်တာနဲ့ပဲ မိန်းမမဟုတ်တော့ဘူးလို့ မဆိုလိုနိုင်ကြောင်း၊ အမျိုးသမီးတစ်ဦးရဲ့ဘဝကို ကိုယ်ဝန်ဆောင်ခြင်းတစ်မျိုးတည်းနဲ့ သတ်မှတ်လို့မရကြောင်း ဆိုပါတယ်။
အပြင်မှာရော အွန်လိုင်းမှာပါ လူရာမသွင်းတာကို ကြုံတွေ့နေရပါတယ်။
MRKH ရောဂါရှိတဲ့ ဘဝခရီးက ရှုပ်ထွေးခက်ခဲပြီး ကြေကွဲရပေမယ့် စိတ်ခွန်အားလည်းဖြစ်စေကြောင်း ဆိုပါတယ်။
'ဗစ်လိန်း'ဟာ MRKH stars အဖွဲ့ကိုတည်ထောင်ကာ ဒီရောဂါလက္ခဏာကို လူသိများလာအောင် ထောက်ပံ့ပေးနေပါတယ်။
ဒီလက္ခဏာကို တစ်ဦးတည်း ရင်ဆိုင်စရာမလိုဘဲ အဖွဲ့အစည်းတွေရှိနေပြီလို့ သတင်းပေးလိုက်ပါတယ်။
Source: metro
#Yangon_Media_Group
#Local_News
Published_26 December 2022
အခုနှစ် ထောပတ်သီးရာသီအတွင်းမှာ မလေးရှားနိုင်ငံကို ထောပတ်သီး တန် ၅၀ တင်ပို့နိုင်ဖို့ မျှော်မှန်းထားတယ်လို့ မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MAVO) ကနေသိရပါတယ်။
#Yangon_Media_Group
#World_Industry
Published 26 December 2022
တူရကီရဲ့လီရာငွေကြေးတန်ဖိုး ကျဆင်းလာခြင်းနဲ့အတူ ဈေးနှုန်းဈေးကွက်များ ပြိုင်ဆိုင်မှုပြင်းထန်လာတာကြောင့် ယခုနှစ်အတွင်း တူရကီရှိ ဆံပင်စိုက်ခြင်းလုပ်ငန်းဟာ အလွန်အလုပ်ဖြစ်လာပါတယ်။
#Yangon_Media_Group
#Local_News
Published_26 December 2022
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် မြဝတီ-ကော့ကရိတ်လမ်းပိုင်း ပိတ်ထားတယ်လို့ ကုန်သည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 26 December 2022
နှစ်သစ်ကူးအလှူအဖြစ်နွမ်းပါးတဲ့ မိဘမဲ့နားမကြားသောကလေးငယ်တွေအတွက် လှူဒါန်းနိုင်တယ်လို့ မေရီချက်(ပ်) မင်း နားမကြားသောကလေးငယ်များကျောင်း၊ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်သီတာညွန့်ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_26 December 2022
ဒီဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပကိုတင်ပို့နေတဲ့ ပို့ကုန်အမယ်တွေထဲမှာ စက်မှုကုန်ချောပစ္စည်းတင်ပို့မှုက အများဆုံးဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 26 December 2022
၁။ ဘဏ္ဍာနှစ်အတွင်း ပို့ကုန်တင်ပို့မှုတွင် စက်မှုကုန်ချောပစ္စည်း အများဆုံးတင်ပို့ထား
၂။ နှစ်သစ်ကူးအလှူအဖြစ်နွမ်းပါးသည့် မိဘမဲ့နားမကြားသောကလေးငယ်များအတွက် လှူဒါန်းနိုင်
၃။ မြဝတီ-ကော့ကရိတ်လမ်းပိုင်းပိတ်ထားမှုကြောင့် ထိုင်းဘက်မှ ကြက်သွန်ဝယ်လိုအားလျော့နည်းလာ
၄။ တူရကီငွေကြေးတန်းဖိုးကျဆင်းလာသော်ငြား ဆံပင်အစားထိုးခွဲစိတ်လုပ်ငန်းကျယ်ပြန့်အောင်မြင်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 26 December 2022
သထုံဆေးရုံနဲ့မော်လမြိုင်ဆေးရုံတွေမှာ ကျောက်ကပ်သန့်စင်တာနဲ့ အစာအိမ်မှန်ပြောင်းကြည့်တာတွေကို ပြန်လည်ဆောင်ရွက်နိုင်ပြီလို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 26 December 2022
AFF Mitsubishi Electric Cup 2022 တတိယမြောက်အုပ်စုပွဲစဉ်ကို ဒီဇင်ဘာလ ၃၀ ရက်တွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့်လာအိုအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)ထံမှ သိရသည်။
အဆိုပါ ပွဲစဉ်ကို မြန်မာနိုင်ငံ သုဝဏ္ဏဘောလုံးအားကစားကွင်း၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး၊ ယခုကစားမည့်ပွဲစဉ်သည် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၏ တတိယမြောက်အုပ်စုပွဲစဉ်တစ်ခုလည်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သော ဒီဇင်ဘာလ ၂၄ ရက်က မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် AFF Mitsubishi Electric Cup 2022 အုပ်စု ဒုတိယမြောက်ပွဲစဉ်အား စင်ကာပူနိုင်ငံ လန်ဘီဆာကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင် အသင်းအား (၃-၂) ဂိုးဖြင့် ရှုံးနိမ်ခဲ့သည်။
မြန်မာအသင်းတွင် ဂိုး- မျိုးမင်းလတ်၊ နောက်တန်း – နန္ဒကျော်၊ သီဟထက်အောင်၊ ရဲမင်းသူ၊ ဟိန်းဖြိုးဝင်း၊ အလယ်တန်း – မောင်မောင်လွင်၊ ကျော်မင်းဦး၊ ဟိန်းထက်အောင်၊ လင်းထက်စိုး၊ လွင်မိုးအောင်၊ ရှေ့တန်း – အောင်ကောင်းမာန် တို့ဖြင့် ပွဲထွက်ခဲ့ပြီး ဘောလုံး ပိုင်ဆိုင်မှု အသာဖြင့် အိမ်ရှင်အသင်းအား ရင်ဆိုင်ကစားခဲ့ကြခြင်း ဖြစ်သည်။
#ymg/myn
#Yangon_Media_Group
#Local_News
Published_26 December 2022
ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၃၂ သန်းရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၁၇ သန်းပို့ကုန်ဝင်ငွေ ရရှိထားပြီး သွင်းကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၀ ဒသမ ၁၆ သန်းဝင်ငွေရရှိထားကြောင်း ဖော်ပြထားသည့်စာရင်းများအရ သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် စစ်တွေဂိတ်မှ အမေရိကန်ဒေါ်လာ ၁၀၀ ဒသမ ၀၉ သန်း၊ဒသမ ၈၂ သန်းဖြင့်အများဆုံးကုန်သွယ်မှုပြုလုပ်ထားကြောင်း သိရသည်။ ယခုဘဏ္ဍာနှစ်အတွင်း စစ်တွေနှင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်း နှစ်ခုမှ ရေထွက်ကုန်အများဆုံးတင်ပို့ခဲ့ကြောင်း သိရသည်။
အဆိုပါ စခန်းနှစ်ခုမှ ရေထွက်ကုန် ၆၅ ရာခိုင်နှုန်း၊ ကုန်ခြောက် ၃၅ ရာခိုင်နှုန်း တင်ပို့နေပြီး ရေထွက်ကုန်တင်ပို့မှုတွင် မွေးမြူရေးငါးမြစ်ချင်း၊ ငါးမုန့်မည်း၊ ငါးသလောက်၊ ငါးနီတူခြောက်နှင့် ငါးမှုန့်ခြောက်များ ပါဝင်ပြီး ကုန်ခြောက်များတွင် မန်ကျည်းသီး၊ ချင်း၊ ကြက်သွန်၊ ထန်းလျက်အစရှိသည့် ကုန်ခြောက်များပါဝင်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 26 December 2022
ကရင်ပြည်နယ် ကော့ကရိတ်မြို့ ရွှေကြက်ယက်ဘုန်းတော်ကြီးကျောင်းအတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ သံဃာလေးပါးနှင့် ကလေးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အနက် သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း ဒေသခံတစ်ဦးက YMG သို့ ပြောသည်။
ယင်းပေါက်ကွဲမှုမှာ ယနေ့ ဒီဇင်ဘာလ ၂၆ ရက် နံနက် ၁၁ နာရီ ခွဲခန့်အချိန်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး၊ ဒေသခံများအဆိုအရ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က Drone ဖြင့် ပစ်ချကာ ဖောက်ခွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။
"ဗုံးသုံးလုံးကြဲသွားတယ်လို့ အဲဒီနားကဒေသခံတွေက ပြောတယ်။ သံဃာတစ်ပါးကတော့ပျံလွန်တော်မူသွားပြီလို့ကြားတယ်။ ကျန်တဲ့ ဘုန်းကြီးကျောင်းသားကလေးတစ်ဉီးနဲ့ သံဃာတစ်ပါးကိုတော့ ဘားအံပြည်သူ့ဆေးရုံကို ပို့မယ်လို့လည်းကြားပါတယ်။"ဟု ရှင်းပြသည်။
ပြီးခဲ့သော ဒီဇင်ဘာလ တတိယပတ်အတွင်းမှစတင်၍ ကော့ကရိတ်မြို့အနီး တိုက်ပွဲငယ်များဖြစ်ပွားလျက်ရှိပြီး၊ အရပ်သားပြည်သူအချို့ စစ်ဘေးရှောင်ရမှုများရှိသကဲ့သို့ ထိခိုက်သေဆုံးမှုအချို့လည်းရှိလာခဲ့သည်။
#ymg/myn
#Yangon_Media_Group
Page 1437 of 2000