#Local_News
Published -21 June2023
နိုင်ငံပိုင်ဘဏ်များအနေဖြင့် ဘဏ်လုပ်ငန်းများ ဆောင်ရွက်ဝန်ဆောင်မှုပေးရာတွင် စနစ်တကျ၊ မှန်မှန်ကန်ကန်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အမေရိကန်အခြေစိုက်ဘဏ်များတွင် လည်းကောင်း၊ အမေရိကန်ဘဏ်များ၏ ဘဏ်ခွဲများတွင်လည်းကောင်း နိုင်ငံပိုင်ဘဏ်များ၏ နိုင်ငံခြားငွေစာရင်းများ ဖွင့်လှစ်ဆောင်ရွက်နေခြင်းမရှိသည့်အတွက် ငွေကြေးဆုံးရှုံးမှုမရှိနိုင်ဘဲ နိုင်ငံခြားငွေနှင့် ကုန်သွယ်ငွေပေးချေမှု ဝန်ဆောင်ခြင်းလုပ်ငန်းများကို စနစ်တကျ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုမှ တစ်ဖက်သတ် စီးပွားရေးပိတ်ဆိုမှုများ တိုးမြှင့်ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် ဇွန်လ ၂၀ ရက်က စ၍ နိုင်ငံပိုင်ဘဏ်များဖြစ်သော မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ကို အမေရိကန်ပြည်ထောင်စုမှ စီးပွားရေးပိတ်ဆို့ ကန့်သတ်မှု စာရင်းတွင် ထည့်သွင်းသတ်မှတ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ခြင်း အပေါ်အထက်ပါအတိုင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင်ယခင်ကာလများကလည်း အလားတူအရေးယူပိတ်ဆို့မှုများ တွေ့ကြုံခဲ့ ရသော် လည်း မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ အနေဖြင့် နိုင်ငံခြားဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကို နှောင့်နှေးရပ်တန်မှုမရှိဘဲ စနစ်တကျဆောင်ရွက်ပေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။
ယင်းကြောင့် ယခုထွက်ပေါ်နေသည့် သတင်းများနှင့်ပတ်သက်၍ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သည့် ပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကြပူပန်ခြင်းမရှိဘဲ ယုံကြည်စွာဖြင့် ဆက်လက်ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုကို နိုင်ငံပိုင်ဘဏ်(၂)ဘဏ်တည်းမှသာ ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ပြည်တွင်းပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြားဘဏ်များ၏ ဘဏ်ခွဲများမှလည်း ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့က သတ်မှတ်ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံခြားသုံးငွေ လွှဲပြောင်း၊ ပေးပို၊ လက်ခံသည့်ကိစ္စရပ်များ ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ၊ အလုပ်သမား ၊ သင်္ဘောသား လုပ်ခ၊ လစာများလွှဲပို့ခြင်းကိစ္စရပ်များအတွက် အဆင်ပြေစေရေး ဆက်လက်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက သိရသည်။
#Local_News #နိုင်ငံခြားငွေဖြင့်ကုန်သွယ်ငွေပေးချေမှုဝန်ဆောင်ခြင်း
#Yangon_Times/BM
#Local_News
Published-21 June2023
၂၀၂၃ခု နှစ် ပထမ ၄ လတာကာလအတွင်း တစ်နိုင်ငံလုံးတွင် မီးလောင်မှုအကြိမ်ရေ ၇၅၀ခန့်ဖြစ်ခဲ့ပြီး သေဆုံးသူလူဦးရေ ၅၀ ကျော်ရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာနက သိရသည်။
မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုးသွားသည့် ငွေပမာဏ ၁၁ ဘီလီယံခန့်ရှိခဲ့ပြီး လူနေအိမ် ၁၉၀၀ခန့်၊ စက်ရုံ၊ အလုပ်ရုံ ၆လုံးနှင့် ဂိုဒေါင်အလုံးပေါင်း ၁၂ဝ လည်းပျက်စီးခဲ့ကာ လူဦးရေ ၄၅၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်းလည်း သိရသည်။
မီးလောင်ရသည့်အကြိမ်ရေမှာ ပေါ့ဆမီးလောင်ကျွမ်းမှု ၂၁၃ကြိမ်၊ လျှပ်စစ်မီးမှတစ်ဆင့်မီးလောင်ကျွမ်းမှု ၂၀၀ကြိမ်၊ ထင်းမီးဖိုမှ မီးလောင်ကျွမ်းမှာ ၁၂၅ ကြိမ်၊ တောမီးလောင်ကျွမ်းမှု ၈၇ကြိမ်၊ အလိုအလျောက်လောင်ကျွမ်းမှု ၁၅ကြိမ်၊ မိုးကြိုးပစ်ခြင်းကြောင့် လောင်ကျွမ်းမှု ၂ ကြိမ်အပါအဝင် နိုင်ငံတွင်း မငြိမ်မသက်ဖြစ်စဥ်များကြောင့် မီးလောင်မှုဖြစ်စဥ် ၁၀၀ ကျော်ပါဝင်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် ၂၀၂၂ခု နှစ်အတွင်း မီးလောင်ကျွမ်းမှု ၁၅၀၀ ကျော်ဖြစ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၆၇၆၅၂၃၇၂၀၀ ရှိကာ သေဆုံးသူဦးရေ ၉၆ဦးရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ၁၄၀ ခန့်ရှိကြောင်း မီးသတ်ဦးစီးဌာန၏ စာရင်းများအရသိရသည်။
#Local_News #မီးလောင်မှုအကြိမ်ရေ ၇၅၀ခန့်ဖြစ်
#Yangon_Times/BM
#World_Health
Published 21 June 2023
ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ဆိုးဆိုးရွားရွားပျို့အန်ရခြင်း အကြောင်းအရင်းကို သိပ္ပံပညာရှင်များဖော်ထုတ်ရာမှာ သိသိသာသာတိုးတက်မှုများ ရှိလာပါတယ်။
ထိုအကြောင်းအရင်းကတော့ GDF15 လို့ခေါ်တဲ့ ဟော်မုန်းတစ်ခုကြောင့် ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီး ၃ ပုံ ၂ ပုံခန့်လောက်က နေ့တစ်နေ့အတွင်း ပျို့အန်ခြင်းအခြေအနေအမျိုးမျိုး ကြုံတွေ့နေရကြောင်း သိရှိရပါတယ်။
အခြေအနေဆိုးရွားလာတဲ့အခါ ကိုယ်အလေးချိန်ကျခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ မိခင်ရော သန္ဓေသားပါ အသက်ဘေးအန္တရာယ်ရှိခြင်းတို့ ကြုံတွေ့နိုင်ပါတယ်။
GDF15 ဟော်မုန်းကို ၁၉၉၀ နှစ်တွေမှာ စတွေ့ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ ခန္ဓာကိုယ်အတွင်း စိတ်ဖိစီးမှုဖြစ်တဲ့အခြေအနေတွေမှာ မူးဝေပျို့အန်ခြင်းတို့ကို ဖြစ်စေနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်ပျို့အန်တတ်တဲ့ အမျိုးသမီးတွေမှာ GDF15 ဟော်မုန်းများပြားကြောင်း ကိမ်းဘရစ်ဂျ်တက္ကသိုလ်က သုတေသနတွေ့ရှိခဲ့ပါတယ်။
GDF15 နဲ့ဆက်စပ်နေတဲ့ မျိုးဗီဇကွဲအချို့မှာလည်း ပျို့အန်ခြင်းပြင်းပြင်းထန်ထန်ဖြစ်နိုင်ချေ များနေပါတယ်။
သာမန်လက္ခဏာလောက်သာ ခံစားရသူတွေထက်စာရင် ပျို့အန်ခြင်းပိုမိုပြင်းထန်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ GDF15 ဟော်မုန်းသိသိသာသာများပြားကြောင်း တွေ့ရှိထားပါတယ်။
ကိုယ်ဝန်မဆောင်မီမှာ GDF15 များပြားအောင်ပြုလုပ်နိုင်ရင် ဒီလိုအခြေအနေတွေကို ကာကွယ်ပေးနိုင်ချေရှိနေပါတယ်။
မူးဝေပျို့အန်ခြင်းဖြစ်စေတဲ့ အခြားသောကျန်းမာရေးအခြေအနေတွေအတွက် GDF15 လျှော့ချနိုင်မယ့် ကုသနည်းလမ်းတွေကို အချို့ကုမ္ပဏီတွေ စမ်းသပ်နေပြီဖြစ်ပါတယ်။
၁၉၅၀ ခုနှစ်တွေတုန်းက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ပျို့အန်ခြင်းအတွက် သာလီဒိုမိုက်ဆေးကို အသုံးပြုခဲ့ကြကာ မွေးရာပါချို့ယွင်းမှုဖြစ်တတ်ကြောင်း ဆက်စပ်တွေ့ရှိထားပါတယ်။
Source: WION #World_Health #ကိုယ်ဝန်ဆောင်များမူးဝေပျို့အန်ခြင်းအကြောင်းအားသိပ္ပံပညာရှင်များရှာဖွေတွေ့ရှိ #YMG #Yangon_Media_Group
#World_Business
Published 20 June 2023
ဗြိတိန်ရဲ့ဒုတိယအကြီးဆုံးမြို့ထဲက နာမည်ကိုပေးထားပေမယ့် ဘာမင်ဂမ်ရှိ ဘာတီစားသောက်ဆိုင်တွေဟာ ဆက်လက်ရှင်သန်ရန် ရုန်းကန်နေရပါတယ်။
#YMG #Yangon_Media_Group
#Local_News
Published-20 June 2023
ဇူလိုင်လ ၃ ရက်နေ့ဟာ မြန်မာနိုင်ငံအမျိုးသမီးများနေ့ဖြစ်ပါတယ်။ လတ်တလောမှာတော့ မြန်မာအမျိုးသမီးတွေအနေနဲ့ အိမ်ထောင်ရေးအမှုအခင်းတွေကို အများဆုံးရင်ဆိုင်နေရတယ်လို့ တရားလွှတ်တော်ရှေ့နေထံမှသိရပါတယ်။
#YMG #Yangon_Media_Group
#Local_News
Published_20 June 2023
ဆိုင်ကလုန်း မုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါ၀င်လှူဒါန်းလိုသူများအနေနဲ့ လှူဒါန်းရာတွင်ပိုမိုလွယ်ကူစေဖို့ အဆင်စေဖို့အတွက် ပြည်သူများအသုံးပြုနေတဲ့ မိုဘိုင်းဖုန်းတွေကတစ်ဆင့် SMS (စာတို)ပေးပိုပြီးလှူဒါန်းနိုင်တယ်လို့ ပို့ဆောင်ဆက်သွယ်ရေး၀န်ကြီးဌာနက ဇွန်လ ၁၉ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားပါတယ်။
#YMG #Yangon_Media_Group
#Local_News
Published_20 June 2023
လက်ရှိရွှေစျေး ၃၁ သိန်းကျော်ပေါက်စျေးရှိနေတာဟာ မုန်တိုင်းကြောင့် သွပ်၊သံ စတဲ့အိမ်ဆောက်ပစ္စည်းတွေကို နိုင်ငံခြားကမှာယူနေတာကြောင့် ဒေါ်လာလိုအပ်ချက်များနေပြီး စျေးမြင့်နေတဲ့အတွက် ပြင်ပရွှေစျေးပါစျေးမြင့်တက်လာဖြစ်တယ်လို ရွှေကုန်သည်တွေက သုံးသပ်နေကြပါတယ်။
#YMG #Yangon_Media_Group
#Local_News
Published-20 june 2023
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာရှိတဲ့ မိုခါမုန်တိုင်းဘေးသင့်ခဲ့သူတွေအနေနဲ့ လတ်တလောမိုးရာသီကာလမှာ အစားအသောက်ထက်အမိုးအကာတွေ ပိုလိုအပ်နေတယ်လို့ ရှင်သန်ရေးကူမှုညီမှုအသင်းမှ သိရပါတယ်။
#YMG #Yangon_Media_Group
#Local_News
Published_20 June 2023
စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီရဲ့ ဇွန်လ ၁၉ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ရည်ညွှန်းသတ်မှတ်ဈေးမှာ တစ်ပိဿာကို ၃၈၆၀ ကျပ်သတ်မှတ်ထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။
#YMG #Yangon_Media_Group
#Daily_News
Published_ 20 June 2023
၁။ စားသုံးဆီဈေး လက္ကားရည်ညွှန်ဈေးငွေကျပ် ၃၈၆၀ ဈေးဖြစ်ကြောင်း သတ်မှတ်အရင်အပတ်ထင်ငွေကျပ် ၁၀၀ ကျော်ဈေးတက်
၂။ မိုးကာလဖြစ်သဖြင့် ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းဘေးသင့်သူများ အစားအသောက်ထက် နေအိမ်အမိုးအကာများ ပိုလိုအပ်နေ
၃။ ရွှေစျေးနှုန်းများ စျေးအမြင့်ပိုင်းမှာရှိနေပေမယ့် တစ်လနှစ်လအတွင်းစျေးပြန်ငြိမ်နိုင်တယ်လို့ ရန်ကုန်တိုင်းရွှေအသင်းဥက္ကဌပြောကြား
၄။ ဗြိတိန်တွင် ပါကစ္စတန် ဘာတီစားသောက်ဆိုင်များ ရှင်သန်ရန်ကြိုးပမ်းနေရ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#World_News
Published 20 June 2023
OceanGate Expeditions မှ ထိန်းချုပ်မောင်းနှင်တဲ့သင်္ဘောဟာ တနင်္ဂနွေနေ့မနက်ပိုင်းက စတင်ဆင်းသက်ခဲ့ပြီး ၂ နာရီမကြာမီမှာပင် ရေမျက်နှာပြင်နဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့က တွစ်တာမှာ ပြောကြားခဲ့ပါတယ်။
သင်္ဘောပေါ်ပါလာသူတွေထဲမှာ ဗြိတိန်လေယာဉ်မှူးတစ်ဦးလည်း ပါဝင်တယ်လို့ယူဆရပြီး ဒီမတိုင်ခင်က သူဟာ လေ့လာရေးခရီးမှာပါဝင်မယ့်အကြောင်း ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါတယ်။
ကနေဒါလေ့လာရေးသင်္ဘော'ပိုလာပရင့်စ်'ဟာ ကိပ်ကော့ဒ်အရှေ့ဘက် မိုင် ၉၀၀ ခန့်အကွာမှာ ရေငုပ်ဆင်းသက်သွားရင်း အဆက်အသွယ်ပြတ်သွားခဲ့ပြီးနောက် လေယာဉ်တစ်စင်းစေလွှတ်ကာ လူ ၅ ဦးကိုရှာဖွေနေခဲ့ကြောင်း အမေရိကန်ကမ်းခြေစောင့်တပ်က တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ကနေဒါကမ်းခြေစောင့်တပ်ကလည်း လေ့လာရေးနေရာသို့ လေယာဉ်တစ်စင်း၊ သင်္ဘောတစ်စင်းစေလွှတ်ကာ ကြိုးပမ်းရှာဖွေနေကြောင်း ဆိုပါတယ်။
တိုက်တန်းနစ်ဆိုက်နေရာသို့ ရေငုပ်လေ့လာရေးခရီးဟာ လောလောဆယ်ဆောင်ရွက်နေဆဲဖြစ်တယ်လို့ OceanGate Expedition က သူတို့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ရေငုပ်သင်္ဘောကို တိုက်တန်လို့အမည်ပေးထားကာ မီတာ ၄ ထောင်အထိ ရေငုပ်ဆင်းသက်နိုင်ပြီး သင်္ဘောသား ၅ ဦးအတွက် ၉၆ နာရီအချိန်ရတယ်လို့ ကုမ္ပဏီကပြောထားပါတယ်။
ရေငုပ်သင်္ဘောမှာပါတဲ့ သင်္ဘောသားတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို အလုံးစုံအာရုံစိုက်ထားကြောင်း OceanGate Expeditions ရဲ့ပြောကြားချက်ကို CBS News နဲ့ အခြားမီဒီယာများက ဖော်ပြခဲ့ကြပါတယ်။
နယူးဖောင်းလန်းမှာ နှစ် ၄၀ အတွင်း အဆိုးရွားဆုံးဆောင်းတွင်းကြောင့် ဒီတာဝန်က ၂၀၂၃ ခုနှစ်အတွင်း တိုက်တန်းနစ်ဆီသို့ ပထမဆုံးလူသားကိုယ်တိုင်သွားရောက်တဲ့ ဖြစ်စဉ်ဖြစ်နိုင်ဖွယ်ရှိတယ်လို့ အသက် ၅၈ နှစ်ရှိ လေယာဉ်မှူးက ပြောပြခဲ့ပါတယ်။
ရေငုပ်သင်္ဘောနဲ့ အဆက်အသွယ်ပြန်ရဖို့ အစိုးရအဖွဲ့အစည်းတွေနဲ့ ပင်လယ်ရေနက်ကုမ္ပဏီတွေထံမှ အကူအညီများစွာရရှိတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်လို့ OceanGate က ဖော်ပြခဲ့ပါတယ်။
ခရီးသည်နဲ့သင်္ဘောအမှုထမ်းပေါင်း ၂,၂၂၄ ဦးပါလာတဲ့ တိုက်တန်းနစ်သင်္ဘောဟာ ၁၉၁၂ ခုနှစ်မှာ အင်္ဂလန်မှနယူးယော့ခ်သို့ ခရီးဦးထွက်လာရင်း ရေခဲတုံးကြီးနဲ့တိုက်မိကာ နစ်မြုပ်ခဲ့တာကြောင့် လူပေါင်း ၁,၅၀၀ ကျော်သေဆုံးခဲ့ရပါတယ်။
လျှပ်စစ်ပိုင်း ဒါမှမဟုတ် ဆက်သွယ်ရေးပိုင်းမှာ ပြဿနာရှိတယ်ဆိုရင် ရေပေါ်ပြန်တက်လာပြီး မျောနေလိမ့်မယ်လို့ လန်ဒန်ကောလိပ်တက္ကသိုလ်မှ ပင်လယ်အင်ဂျင်နီယာပရော်ဖက်ဆာ 'အယ်လီစတဲဂရိတ်ဂ်'က ပြောပြခဲ့ပါတယ်။
ရေငုပ်သင်္ဘော ရေငုပ်စဉ် ပကတိအကောင်းတိုင်းရှိနေဆဲဆိုရင် တိုက်တန်သွားခဲ့တဲ့ ရေအနက်အတိုင်းသွားနိုင်မယ့် သင်္ဘောက အနည်းငယ်သာရှိနေပါတယ်။
Source: France24 #World_News #တိုက်တန်းနစ်လေ့လာရေးခရီးစဉ် #ရေငုပ်သင်္ဘောပျောက်ဆုံးနေကာ ရှာဖွေရေးပြုလုပ်နေ #YMG #Yangon_Media_Group
#Local_News
Published - 20 June 2023
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ဇွန်လ ၂၀ ရက်(ယနေ့) နံနက်ပိုင်းက နာရီပိုင်းအတွင်း ယာဥ်တိုက်မှု ၂ကြိမ်ဖြစ်ခဲ့ကြောင်း ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်းက သိရသည်။
ယာဥ်တိုက်မှုဖြစ်စဥ်အနေဖြင့် ယနေ့နံနက် ၇ နာရီ ၁၀မိနစ်အချိန်ခန့်က သာကေတမြို့နယ် ဧရာဝဏ်လမ်းမကြီးနှင့်မြင်တော်သာလမ်းမကြီးထောင့်တွင် YBS ခရီးသည်တင်ယာဥ်အပါအဝင် ဘောက်ဆာယာဥ်ငယ်နှင့် အိမ်စီးကား ၁ စီး ယာဥ်မတော်တဆမှုဖြစ်ခဲ့ကြောင်း သိရသည်။
ထို့အတူ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်ခန့်က သာကေတမြို့နယ် ဧရာဝဏ်လမ်းမကြီးပေါ်မြခွာညိုဝါဝါဝင်းအိမ်ယာရှေ့တွင် အိမ်စီးကားနှင့် Taxi ကားတိုက်မှုထပ်မံဖြစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဥ်တိုက်မှုဖြစ်စဥ်များကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့သော်လည်း ယာဥ်ကြောပိတ်ဆို့မှုများဖြစ်ခဲ့၍ ပေးဆပ်သူတို့ နှလုံးသားပရဟိတအသင်းမှ ယာဥ်ကြောပိတ်ဆို့နေမှုအား ရှင်းလင်းပေး၍ လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#Local_News #တစ်နာရီကျော်အတွင်းယာဥ်တိုက်မှု ၂ကြိမ်ဖြစ်
#Yangon_Times/BM
Page 1124 of 1941