Published-3 November 2023

ကိုရီးယား အလုပ်လျှောက်လွှာတင်သူများအနေဖြင့် ကိုယ်ပိုင်ငွေစာရင်း ဘဏ်အကောင့်ကိုပါ ဖော်ပြပေးရ မည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) ထုတ်ပြန်ထားသည်။

ကိုးရီးယားဘာသာအရည်အချင်းစစ်အထူးသီးသန့်စာမေးပွဲ (Special EPS-TOPIK) စာမေးပွဲ အောင်မြင်ထားသူ များ အနေဖြင့် အလုပ်လျှောက်လွှာခေါ်ယူထားရာတွင် အလုပ်လျှောက်လွှာနှင့် အတူပူးတွဲတင်ပြရ မည့်စာရွက် စာတမ်းများတွင် အထက်ပါ ဘဏ်ငွေစာရင်း အကောင့်ကိုပါ တွဲတင်ရန် လိုအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

အလုပ်လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများတွင် ကိုယ်ပိုင်ငွေစာရင်း Bank Account ဖော်ပြရာ၌ နိုင်ငံပိုင် သို့မဟုတ် ပုဂ္ဂလိကဘဏ် တစ်ခုခုတွင် နိုင်ငံကူးလက် မှတ်ပါ အမည်အတိုင်း ဖွင့်လှစ်ထား သည့် ကိုယ်ပိုင် ဘဏ်ငွေစာရင်း စာအုပ် မိတ္တူ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်က ထုတ်ပြန်ခဲ့သည့် ကိုးရီးယားဘာသာအရည်အချင်းစစ်အထူး သီးသန့် စာမေးပွဲ(Special EPS-TOPIK)အောင် မြင်သူများအတွက် အလုပ်လျှောက်လွှာများကို နိုဝင်ဘာလ ၁ဝ ရက် တွင် ထုတ်ပေးသွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်တွင် အလုပ်လျှောက်လွှာများကို ပြန်လည်တင်သွင်းရမည် ဖြစ်ကြောင်းလည်း သိရသည်။
‌#Yangon_Times/PP
#Local_News
#Published_ 03 November 2023
#YMG #Yangon_Times #Yangon_Media_Group