Published_ 03 November 2023

မြန်မာနိုင်ငံတွင် မြန်မာနှင့်ရုရှားပူးပေါင်း၍ ရေကြောင်းလုံခြုံရေးလေ့ကျင့်ခန်းများပြုလုပ်ရန် ရုရှားရေတပ်မှ ဖျက်သင်္ဘော (Destroyer)နှစ်စီးပါဝင်သော ရေတပ်စစ်ရေယာဉ်(၃)စီး တို့သည် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ရောက်ရှိလာတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ ရုရှားစစ်ရေယာဉ်(၃)စီးမှာ ဖျက်သင်္ဘော Admiral Tributs ၊ Admiral Panteleyev နှင့် Sea Tanker Pechenga တို့ဖြစ်ကြပြီး ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ နိုဝင်ဘာ ၂ရက် ညနေပိုင်းက ဆိုက်ကပ်ရောက်ရှိလာကြခြင်းဖြစ်ပါတယ်။

အဆိုပါစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ရုရှားရေတပ် Russian Pacific Fleet မှ Captain 1st Rank Aleksei Anciferov ဦးစီး၍ အရာရှိ၊ စစ်သည်စုစုပေါင်း ၈၀၀ ဦးခန့် လိုက်ပါလာပြီး ရေကြောင်းလုံခြုံရေးလေ့ကျင့်ခန်း ဆောင်ရွက်ရန်အပြင် ချစ်ကြည်ရေးခရီးစဉ်များအဖြစ်လည်း လာရောက်ခြင်းဖြစ်တယ်လို့ သတင်းမှာဖော်ပြပါတယ်။

ရုရှား ရေတပ်အဖွဲ့သည် ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာ လည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစား ပြိုင်ပွဲများ ပြုလုပ်ခြင်းနှင့် ဆိပ်ကမ်း အခြေပြုလေ့ကျင့်ခန်း(Harbour Phase) ဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည် ဖြစ်တယ်လို့သိရှိရပါတယ်။
-ymg’knl
#Local_News
#Published_ 03 November 2023
#YMG #Yangon_Times #Yangon_Media_Group