#Local_News
Published_31 December 2022
တရုတ်နှစ်သစ်ကူးကာလ နီးလာပြီဖြစ်တဲ့အတွက် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးဟာ အနည်းငယ်ကျဆင်းလာတယ်လို့ မူဆယ်နယ်စပ်ကုန်သည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 31 Dec 2022
- ကမ္ဘာ့ကျန်တဲ့အခြမ်းတွေမှာရော ၂၀၂၃ ဟာ ကိုဗစ်အတွက် စိတ်သက်သာရာရမယ့်နှစ် ဖြစ်လာနိုင်မလား??
#Yangon_Media_Group
Published 31 December 2022
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊သံအမတ်ကြီး မစ္စတာ Deng Xijun ၏လှုပ်ရှားဆောင်ရွက်နေမှုများအပေါ် ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့်အင်တာဗျူး
“သူတို့ဘက်က အရှေ့မြောက်ဒေသတည်ငြိမ်နေဖို့လိုအပ်တယ်။ လက်နက်ကိုင်တော်လှန်ရေးများရဲ့ အနေအထားကို သူကသဘောပေါက်တယ်။ တရုတ်ပြည်ရဲ့သဘောအရဖြင့်ရင် သူများနိုင်ငံရဲ့ပြည်တွင်းရေးကိုဝင်မစွက်ဘူး။ ဒါပေမယ့် တရုတ်ပြည်တည်ငြိမ်ဖို့အတွက် မြန်မာနိုင်ငံတည်ငြိမ်ဖို့လိုအပ်တယ်ဆိုတဲ့အနေအထားရယ်၊ မြန်မာပြည်နှင့်နီးစပ်တဲ့နေရာတော်တော်များများကို Proxy War ဝင်ပြီးခါမှ တရုတ်ပြည်မတည်ငြိမ်အောင် မြန်မာနိုင်ငံမှာရှိတဲ့လူမျိုးပေါင်းစုံနှင့်ပတ်သက်လို့ မူတစ်ခုနှင့်အခြားနိုင်ငံများကချည်းကပ်တဲ့အခါ ဘယ်လိုတုန့်ပြန်နိုင်မလဲဆိုတဲ့ မဟာဗျူဟာမြောက်မိတ်ဖက်တစ်ခုကို ပြန်ပြီးတော့ နိုင်ငံရေး၊သံတမန်ရေး၊စစ်ရေး ပြန်ချိတ်ဆက်ဖို့အတွက် တရုတ်ပြည်ဖက်က ပြန်ကြိုးစားတယ်လို့ထင်ပါတယ်။”
-ymg/knl
#Myanmar_Politics
#China_Deng_Xijun
#Myanmar_Peace_Process
#DailyNews
Published _ 31 December 2022
၁။ နှစ်သစ်ကူးနီးလာသည့်အတွက် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး အနည်းငယ်ကျဆင်းလာ
၂။ နှစ်သစ်ဦးအလှူအဖြစ် မိုးလင်းကနေမိုးချုပ်ကျွေးသော မီးခိုးတိတ်စတုဒီသာ(၅)ရက်ဆက်တိုက်ကျွေးမည်
၃။ နိုင်ငံတကာသံရုံးများ၏ ထုတ်ပြန်ကြေညာချက်ကြောင့် ပြည်ပခရီးသွားဝင်ရောက်မှုကို ထိခိုက်နိုင်ဟုဆို
၄။ ယခင်ဖြစ်ရပ်ဆိုးများကဲ့သို့ ထပ်မံမဖြစ်ပေါ်စေရန် ဗင်နီဇွဲလားမြို့တော်တွင် မြို့ပြစီမံကိန်းအကောင်အထည်ဖော်ရန်စီစဉ်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 31 Dec 2022
- ယခု တရုတ်နိုင်ငံမှာ ကိုဗစ်ကူးစက်နှုန်းတွေမြင့်တက်နေပါတယ်။ အဲဒီအခြေအနေက ၂၀၂၃ နှစ်သစ်ကို ဘယ်လိုရိုက်ခတ်နိုင်ပါသလဲ??
#Yangon_Media_Group
Published 31 December 2022
ပုပ်ရဟန်းမင်းကြီဟောင်း ဘင်နီဒစ်-၁၆ ဟာ ဗာတီကန်ရဲ့ နေအိမ်မှာ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန်မှာ သက်တော် ၉၅နှစ်ရှိပါပြီ။ သူဟာ ကက်သလစ်အသင်းတော်ကို ၂၀၁၃ခုနှစ်အထိ (၈)နှစ်ကြာ ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ်ဟာ ၁၄၁၅ခုနှစ်ပုပ်ရဟန်းမင်းကြီး ဂရက်ဂိုရီလက်ထက်ကတည်းက အခုအထိ ပထမဆုံး အငြိမ်းစားယူတဲ့ ပုပ်ရဟန်းမင်းကြီးတစ်ပါးလည်းဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ်ဟာ ဂျာမနီနိုင်ငံ ဂျိုးစက် ရက်ဇင်ဂါ မှာဖွားမြင်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီးအဖြစ် ၂၀၀၅ခုနှစ် မှာ သူအရွေးချယ်ခံရစဉ်က သက်တော် ၇၈ နှစ်ရှိပါပြီ။ သူဟာ ပုပ်ရဟန်းမင်းကြီးတွေထဲမှာ အသက်အကြီးဆုံးအရွေးခံရတဲ့ ပုပ်ရဟန်းမင်းကြီးတွေထဲက တစ်ပါး ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးဖရစ်စစ်က သူ့ကိုဆက်ခံခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ သူ့ဆီ မကြာခဏသွားရောက် လည်ပတ်ပြီး ဆုမွန်ကောင်းတောင်းပေးလေ့ရှိပါတယ်။
Source WION
#Local_News
Published_ 31 December 2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တွင်း၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအထိမ်းအမှတ် Sticker Campaign ကို ယနေ့ ဒီဇင်ဘာ ၃၁ ရက်တွင် ပြုလုပ်ခဲ့ကြောင်း YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာက YMG သို့ပြောသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန် ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန)၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန(ပစန)တို့ ပူးပေါင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
Sticker Campaign ၌ Sticker ၁၂၀၀၀ ခုကို ဆူးလေမှတ်တိုင်၊သခင်မြပန်းခြံ၊ စံပြဈေးမှတ်တိုင်၊ လှည်းတန်းလမ်းဆုံ၊ ကမ္ဘာအေးဘုရားမှတ် တိုင်၊ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားဝင်းရှိ ခရီးသည်တင် YBS ဘတ်စ်ကားများ၊အဝေးပြေးဘတ်စ်ကားများ၊ အဌားကားများ၊ အိမ်စီးကားများတွင် တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
#ymg/sth
#Yangon_Media _Group
#Local_News
Published_ 31 December 2022
အုန်းခိုင်ကြွေကျ၍ ဦးခေါင်းထိခိုက်ခဲ့သော ၂ နှစ်အရွယ်ကလေးငယ်အား ယနေ့ ဒီဇင်ဘာလ ၃၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်ဆေးရုံ၌ ဆေးဝါးကုသမှုခံယူရန် ထွက်ခွာလာပြီဖြစ်ကြောင်း ဒေသအခြေစိုက် ပုလဲဖြူလူမှုကူညီရေးအဖွဲ့တာဝန်ခံတစ်ဉီးက YMG သို့ ပြောသည်။
"ဒီနေ့ မနက်ပိုင်းမှာ ဘားအံပြည်သူ့ဆေးရုံကနေ ရန်ကုန်ကိုလွှဲပြောင်းတဲ့အတွက် သွားရမှာပါ။ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့က လိုက်ပို့ပေးမှာပါ"ဟု ဆိုသည်။
အဆိုပါ ကလေးငယ်သည် ယမန့်နေ နံနက်ပိုင်းက ကော့ကရိတ်ပြည်သူ့ဆေးရုံမှတဆင့် ဘားအံပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူရာ သက်သာလာသည့်အခြေအနေရှိသော်လည်း ကလေးငယ် ဦးခေါင်းခွံတွင် ထိခိုက်ဒဏ်ရာရထားခြင်းကြောင့် ဆေးဝါးကုသမှုခံယူရန် လိုအပ်နေသေးကြောင်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၃၀ ရက်ကကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ဝင်းကြီး ဗလီအရှေ့ဘက်အခြမ်းတွင် နေထိုင်သည့် အဆိုပါကလေးငယ်မှာ နေအိမ်အုန်းပင်အောက်ဆော့ကစားနေစဉ် အုန်းသီးအစိမ်းအခိူင်လိုက်ပြုတ်ကျခဲ့ရာမှ ကလေးငယ်ဦးခေါင်းအား ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့်ဖြစ်စဉ်တစ်ခုဖြစ်သည်။
#ymg/myn
#Yangon_Media_Group
#Local_News
Published_ 31 December 2022
နှစ်သစ်ကိုကြိုဆိုသည့် ဂီတဖျော်ဖြေပွဲ (New Year Countdown Music Show)ကိုဒီဇင်ဘာလ(၃၁) ရက်ညပိုင်းတွင် နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးမြို့များတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်၊၊
အဆိုပါနှစ်သစ်ကို ကြိုဆိုသည့်ဂီတဖျော်ဖြေပွဲ (New Year Countdown Music Show) ပွဲများကို နေပြည်တော်တွင် ရေပန်းဥယျာဉ်၌လည်းကောင်း၊ ရန်ကုန်တွင် ပြည်သူ့ရင်ပြင်၌လည်းကောင်း၊မန္တလေးတွင် မန္တလာသီရိအားကစားကွင်း၌လည်းကောင်း ပြုလုပ်သွားမည်ဖြစ်သည်ဟု ဆိုသည်၊၊
ယင်းဂီတဖျော်ဖြေပွဲများတွင် နိုင်ငံကျော်အဆိုတော်များ ပါဝင်ဖျော်ဖြေကြမည်ဖြစ်ပြီး နှစ်သစ်ကူးချိန်ည(၁၂)နာရီအချိန်တွင် နှစ်သစ်ကူးပြောင်းရန် အချိန်ရေတွက်ကြေညာခြင်း၊ မီးရှူးမီးပန်းများပစ်ဖောက်ခြင်းကို LED မှ အစားထိုးဖွင့်လှစ်ပြသခြင်း၊ ဆိုင်ခန်းများရောင်းချခြင်းများ ဆောင်ရွက်ကြမည်ဖြစ်သည်၊၊
ဂီတဖျော်ဖြေပွဲများကို MRTV ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ပြီး နေပြည်တော်ရေပန်းဥယျာဉ်တွင် ကျင်းပမည့် ဂီတဖျော်ဖြေပွဲကို MRTV farmer Channelတွင်လည်းကောင်း၊ ရန်ကုန်ပြည်သူ့ရင်ပြင်တွင်ကျင်းပမည့် ဂီတဖျော်ဖြေပွဲကို MRTV Sport တွင် လည်းကောင်း၊မန္တလေးမန္တလာသီရိအားကစားကွင်းတွင် MRTV Parliament channel တွင် လည်းကောင်း ပြသမည်ဖြစ်ပြီး ည(၈)နာရီသတင်းအပြီးတွင် MRTV ရုပ်သံလိုင်းမှ ပြန်လည်ပြသသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်၊၊
#ymg/tthl
#Yangon_Media_Group
#World_Military
Published 31 December 2022
မြောက်ကိုရီးယားဟာ စနေနေ့မနက်ပိုင်းက အရှေ့ဘက်ရေပြင်သို့ ပဲ့ထိန်းဒုံးကျည် ၃ စင်းပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားဟာ တောင်ကိုရီးယားလေပိုင်နက်ထဲသို့ ဒရုန်း ၅ စင်းလွှတ်ခဲ့ပြီး ၅ ရက်အကြာမှာပဲ အခုလိုဒုံးကျည်ပစ်လွှတ်ခဲ့တာဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်တဝိုက် တင်းမာမှုတွေဆက်လက်မြင့်နေပါတယ်။
ဒုံးကျည်က ဂျပန်ပင်လယ်ထဲသို့ ကျရောက်ခဲ့ကာ ပစ်ခတ်ခဲ့တဲ့ဒုံးကျည်အမျိုးအစားနဲ့ပတ်သက်ပြီး တောင်ကိုရီးယားစစ်တပ်က အသေးစိတ်မပြောထားကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ယခုနှစ်အတွင်း နှစ်နိုင်ငံကြားစစ်ရေးတင်းမာမှု သိသိသာသာမြင့်တက်လာပြီး ၈ ရက်အကြာမှာပဲ အခုနောက်ဆုံးဒုံးကျည်ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။
"မြောက်ကိုရီးယားဘက်က အရှေ့ပင်လယ်(ဂျပန်ပင်လယ်)ထဲကို အမျိုးအမည်မသိရတဲ့ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်ခဲ့ပါတယ်" လို့ တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်က ပြောကြားခဲ့ပါတယ်။
ယခုနှစ်အတွင်း မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည် ၇၀ ကျော်စမ်းသပ်ပစ်လွှတ်ခဲ့တာကြောင့် အမေရိကန်နဲ့ တောင်ကိုရီးယားတို့အနေနဲ့ အင်အားပိုမိုတောင့်တင်းအောင် ပြင်ဆင်ထားဖို့ရာ ကျွမ်းကျင်သူများက သတိပေးလိုက်ပါတယ်။
မြောက်ကိုရီးယားဒရုန်းတွေ ဝင်ရောက်လာပြီး တစ်စင်းက ဆိုးလ်မြို့တော်အနီးထိရောက်ခဲ့ပြီးနောက် တောင်ကိုရီးယားအနေနဲ့ ကျူးကျော်ဝင်ရောက်ခံရနိုင်တဲ့ အလားအလာနဲ့ပတ်သက်ပြီး သတိပေးထားပြီးဖြစ်ပါတယ်။
ယင်းတို့စစ်တပ်ဟာ တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်များ ကုန်ဆုံးသွားပြီး ၅ နာရီကြာစစ်ဆင်ရေးအပြီးမှာ ဒရုန်းတွေကို ပြန်မရုတ်သိမ်းနိုင်ခဲ့ပါဘူး။
ဝေဖန်မှုတွေခံရပြီးနောက် တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဟာ လူသိရှင်ကြားတောင်းပန်မှု ပြုလုပ်ခဲ့ရပါတယ်။
တောင်ကိုရီးယားသမ္မတ'ယွန်ဆော့ယောလ်'က ဒီအဖြစ်အပျက်ဟာ သည်းမခံနိုင်သလို ရန်စလာခဲ့ရင် နောက်ဆက်တွဲအကျိုးဆက်တွေ ခံစားရမယ်ဆိုတာကို မြောက်ကိုရီးယားအနေနဲ့ သိရှိထားဖို့ တုန့်ပြန်တိုက်ခိုက်ရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယား ပြုံယမ်းမြို့မှာ 'ကင်မ်ဂျုံအန်'နဲ့ ပါတီအကြီးတန်းအရာရှိများ အစည်းအဝေးပြုလုပ်လျက်ရှိကာ ၂၀၂၃ ခုနှစ်အတွက် သံတမန်ရေး၊ လုံခြုံရေး၊ စီးပွားရေးတို့အပါအဝင် အဓိကအကြောင်းအရာများအတွက် မူဝါဒရည်မှန်းချက်များ ချမှတ်နေချိန်မှာ အခုလိုဒုံးကျည်ပစ်လွှတ်ခဲ့ကာ ရန်စခဲ့တာဖြစ်ပါတယ်။
Source: WION
#Yangon_Media_Group
#Local_News
Published_31 December 2022
ပြည်ပသို့ မြန်မာနိုင်ငံမှထွက်ရှိသည့် ပြောင်းများကို ပင်လယ်ရေကြောင်းကနေတစ်ဆင့် ပြောင်းတန်ချိန် ၇ သိန်း ၈ သောင်းကျော်တင်ပို့ထားကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းက ဥက္ကဋ္ဌ ဦးထွန်းလွင်က YMG ကိုပြောသည်။
ဧပြီလမှ ဒီဇင်ဘာလအထိ ပြောင်းတန်ချိန် ၇၈၇၉၂၄ တန်တင်ပို့ထားပြီးဖြစ်ကြောင်း၊ လက်ရှိတွင်လည်း မြန်မာ့ပြောင်းတွေကို ဈေးကွက်အသစ်တိုးချဲ့၍ တင်ပို့နေကြောင်းလည်း သိရသည်။
မြန်မာ့ပြောင်းကို ဖိလစ်ပိုင်၊ ဗီယက်နမ် အစရှိသည့်နိုင်ငံပေါင်း ၇၀ ကိုတင်ပို့နေပြီး၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ ထိုင်းနိုင်ငံကိုတင်ပို့မှုရှိသော်လည်း ထိုင်းနိုင်ငံကို အခွန်ကင်းလွတ်ခွင့်နှင့် ကုန်သည်များက အခွန်ကင်းလွတ်ခွင့်ရသည့် မတ်လ ၁ ရက်နေ့ကနေ သြဂုတ်လ ၃၁ ရက်အထိသာ ထိုင်းနိုင်ငံသို့ တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် မတ်လကနေ ၂၀၂၂ ခုနှစ် မတ်လအကုန်ထိ ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၈ သိန်း ၂ သောင်းကျော်တင်ပို့ထားပြီးဖြစ်ကြောင်း၊ နှစ်စဉ် ပြည်တွင်း၌ တစ်နှစ်လျှင် စိုက်ပျိုးထုတ်လုပ်သည့် ပြောင်းတန်ချိန်သည် ၂ ဒသမ ၃ သန်းနှင့် ၂ ဒသမ ၆ သန်းကြားထွက်ရှိပြီး ယခုနှစ်တွင် အထွက်နှုန်းလျာ့ကျနေခြင်းဖြစ်ကြောင်း ကုန်သည်တွေ၏ ပြောပြချက်အရ သိရသည်။
#Ymg/sth
#Yangon_Media_Group
#Health_Tips
Published 31 December 2022
တေးဂီတက စိုးရိမ်ပူပန်မှုကို လျော့ကျစေပြီး ဆေးကုသမှုခံယူနေတဲ့ လူနာတွေအတွက် စိတ်အခြေအနေကို တိုးတက်စေတာကြောင့် ကျန်းမာရေးကောင်းကျိုးရရှိဖို့ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပါတယ်။
လတ်တလောလေ့လာချက်အရ ဂီတဖြင့်ကုသနည်းဟာ ကင်ဆာလူနာတွေမှာ စိုးရိမ်ပူပန်မှုကို လျှော့ချနိုင်ဖွယ်ရှိတယ်လို့ တွေ့ရှိထားပါတယ်။
University Hospitals Connor Whole Health မှ ပြုလုပ်တဲ့လေ့လာချက်အရ ဂီတကုထုံးခံယူတဲ့ ကင်ဆာဝေဒနာသည်တွေနဲ့ သွေးနီဥရောဂါလူနာတို့မှာ နာကျင်မှုနဲ့ စိုးရိမ်ပူပန်မှုတို့လျော့နည်းတာကို တွေ့ခဲ့ရကြောင်း ANI မှာ ဖော်ပြထားပါတယ်။
ဂီတကုထုံးခံယူခဲ့တဲ့ လူနာတွေထက်စာရင် ကင်ဆာလူနာတွေမှာ စိုးရိမ်ပူပန်စိတ်မြင့်တက်နေခဲ့ပါတယ်။
UH Connor WHole Health မှ ဂီတကုထုံးပညာရှင်များက လူနာပေါင်း ၁,၅၀၀ နီးပါးမှာ ဂီတကုသမှုနည်းပေါင်း ၄ ထောင်ကျော်ဖြင့် စမ်းသပ်ခဲ့ပါတယ်။
ဒါဟာ သွေးကင်ဆာနဲ့ ကင်ဆာရောဂါတို့အတွက် အကြီးမားဆုံးဂီတကုထုံးတွေထဲက တစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။
ပညာရှင်တွေက လူနာတွေကို တေးသီချင်းနာထောင်စေခြင်း၊ တက်ကြွစွာဂီတဖန်တီးစေခြင်း၊ သီချင်းရေးခြင်းတို့ ပြုလုပ်စေခဲ့ကာ နာကျင်မှုသက်သာစေခြင်း၊ စိုးရိမ်စိတ်လျှော့ချခြင်း၊ မိမိကိုယ်ကိုဖော်ထုတ်ပြခြင်းတို့ ဖြစ်ပေါ်လာအောင် အကူအညီဖြစ်စေခဲ့ပါတယ်။
သုတေသီတွေက စင်တာမှာ တေးသီချင်းရဲ့ ဆေးဘက်ဆိုင်ရာထိရောက်မှုကို လေ့လာခဲ့ကာ သွေးနီဥရောဂါလူနာများနဲ့ သွေးနီဥရောဂါလူနာမပါတဲ့ လူနာတွေကြား တေးဂီတက နာကျင်မှု၊ စိုးရိမ်ပူပန်မှု၊ ပင်ပန်းနွမ်းနယ်မှုတို့အပေါ် သက်ရောက်ပုံတွေကို နှိုင်းယှဉ်ခဲ့ကြပါတယ်။
လေ့လာမှုရဲ့ အစနဲ့ အဆုံးသတ်တို့မှာ လူနာတွေကို အမှတ် ၀ မှ ၁၀ အထိ တိုင်းတာအကဲဖြတ်ခဲ့ကာ အီလက်ထရောနစ်ကျန်းမာရေးမှတ်တမ်းဖြင့် မှတ်သားခဲ့ပါတယ်။
သွေးနီဥရောဂါနဲ့ ကင်ဆာရောဂါလူနာတွေမှာ နာကျင်မှု၊ စိုးရိမ်ပူပန်မှု၊ ပင်ပန်းနွမ်းနယ်မှုတို့ လျှော့ချနိုင်ကာ စိတ်အခြေအနေကို တိုးတက်စေပြီး ပျော်ရွှင်ကျေနပ်မှုရရှိခံစားရစေပါတယ်။
လူနာတစ်ဦးကပြောကြားရာမှာ "နေ့စဉ်ဖိအားတွေလျော့ကျစေပါတယ်၊ အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ရပေမယ့် ခွန်အားရှိစေပါတယ်၊ ခံစားချက်တွေကို ထုတ်ဖော်ဖို့နည်းလမ်းတစ်ခု ရခဲ့ပါတယ်" လို့ ဆိုခဲ့ပါတယ်။
Source: WION
#Yangon_Media_Group
Page 1128 of 1700