#World_Military
Published 1 February 2023
ယူကရိန်းအတွက် ပထမဆုံးအနေဖြင့် တာဝေးပစ်ဒုံးကျည်များအပါအဝင် အခြားလက်နက်ခဲယမ်းများပါဝင်မယ့် ဒေါ်လာ ၂ ဘီလီယံကျော်တန်ကြေးရှိ စစ်ရေးအကူအညီကို အမေရိကန်က အသင့်ပြင်ဆင်နေကြောင်း အမေရိကန်အရာရှိနှစ်ဦးက အင်္ဂါနေ့မှာ ရိုက်တာသတင်းဌာနကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
အဆိုပါအကူအညီကိစ္စကို ယခုရက်သတ္တပတ်အတွင်း အတတ်နိုင်ဆုံးထုတ်ပြန်ကြေညာနိုင်ရန် မျှော်လင့်ထားကြောင်းဆိုပါတယ်။
ဒီအထောက်အပံ့ထဲမှာ Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်အတွက် ပံ့ပိုးရေးပစ္စည်းများ၊ တိကျနှုန်းမြင့်ခဲယမ်းများ၊ Javelin တင့်ကားဖျက်လက်နက်များ ပါဝင်ရန်လည်း မျှော်လင့်ထားပါတယ်။
ဒေါ်လာ ၁.၇၅ ဘီလီယံခန့်တန်ကြေးရှိတဲ့ အကူအညီတွေက ယူကရိန်းလုံခြုံရေးအထောက်အကူပြုအစီအစဉ်(USAI)လို့ ခေါ်တဲ့ ရန်ပုံငွေကနေ ရယူမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီအစီအစဉ်အရ အမေရိကန်အစိုးရအဖွဲ့ဟာ အမေရိကန်လက်နက်တိုက်မှ ယူမယ့်အစား စက်ရုံကလက်နက်တွေ ယူဆောင်ခွင့်ရှိနေပါတယ်။
အကွာအဝေး ၉၄ မိုင်အထိရောက်နိုင်တဲ့ ဘိုးအင်းကုမ္ပဏီထုတ် GLSDB ဗုံး လက်နက်အသစ်တွေကို USAI ရန်ပုံငွေထဲကနေ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
GLSDB ဗုံးဟာ ယူကရိန်းအတွက် လက်လှမ်းမမီတဲ့နေရာတွေကိုပါ ရောက်ရှိနိုင်ပြီး ရုရှားနောက်တန်းအထိရောက်အောင် ပစ်ခတ်နိုင်ပြီး တန်ပြန်တိုက်ခိုက်ရာမှာ ဆက်လက်တွန်းအားပေးနိုင်မှာဖြစ်ပါတယ်။
နိုဝင်ဘာလက ဘိုးအင်းကုမ္ပဏီဟာ ယူကရိန်းအတွက် GLSDB ထောက်ပံ့ပေးဖို့ ကမ်းလှမ်းခဲ့ကြောင်း ရိုက်တာက ဦးစွာတင်ပြခဲ့ကာ နွေဦးကာလမှာ ရောက်နိုင်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။
GLSDB ဗုံးကို SAAB AB နဲ့ ဘိုးအင်းတို့က ပူးပေါင်းထုတ်လုပ်တာဖြစ်ပါတယ်။
အမေရိကန်ပစ္စည်းတွေထဲက GBU-39 ဗုံးနဲ့ M26 ဒုံးကျည်မော်တာတို့ကို ပေါင်းစပ်ထားတာပါ။
GLSDB ဗုံးက GPS လမ်းညွှန်ပါဝင်ပြီး စက်ပစ္စည်းချို့ယွင်းခြင်းများ၊ ရာသီဥတုအခြေအနေများမှာလည်း အသုံးပြုနိုင်ကာ သံချပ်ကာယာဉ်တွေကို ပစ်ခတ်နိုင်ပါတယ်။
ဒုံးကျည်ထိပ်ဖူး GBU-39 က လေယာဉ်ပေါ်က ပစ်ချတဲ့အခါ ကီလိုမီတာ ၁၀၀ ကျော်အထိရောက်ရှိနိုင်ပြီး ၃ ပေအချင်းရှိပစ်မှတ်ကို ထိခိုက်အောင် ပစ်ခတ်နိုင်ပါတယ်။
ဒါ့အပြင် ကွင်းဆင်းဆေးရုံး ၃ ခုစာအတွက် လုံလောက်တဲ့ ဆေးပစ္စည်းတွေကိုလည်း နောက်ထပ်မဟာမိတ်တစ်နိုင်ငံက လှူဒါန်းထားပါတယ်။
အကူအညီပါဝင်မှုက သမ္မတလက်မှတ် မရေးထိုးခင်အထိ ပြောင်းလဲနိုင်ပါသေးတယ်။
၂၀၂၂ ဖေဖော်ဝါရီလ ရုရှားကျူးကျော်စဉ်ကတည်းက အမေရိကန်ဟာ ယူကရိန်းအတွက် ဒေါ်လာ ၂၇.၂ ဘီလီယံတန်ကြေးရှိ လုံခြုံရေးအကူအညီတွေ ထောက်ပံ့ပေးထားပြီးဖြစ်ပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published _1 February 2023
မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ မြန်မာအမျိုးသား ၁ဦးသည် အလုပ်ရမည်ဟုဆိုပြီး မြန်မာပွဲစားမှကားဖြင့်လွှတ်လိုက်ရာမှ ဒုက္ခရောက်၍ နှလုံးလှပရဟိတလူငယ်များအသင်းမှ ကူညီပေးခဲ့ကြောင်းသိရသည်။
မလေးရှားနိုင်ငံ ဂျိုဟိုးမြို့သို့ ရောက်ရှိသည်မှာ ( ၃ )လသာရှိသေးသည့်မြန်မာမလုပ်သမားတစ်ဦး အလုပ်အဆင်မပြေဖြစ်ကာ အဆင်မပြေ၍ နောက်ထပ်အလုပ်ပြောင်းရန်ပွဲစားဖြင့် စီစဉ်ခဲ့စဉ်အထက်ပါအတိုင်း အဆင်မပြေမှုဖြစ်ခဲ့ခြင်း ဖြစ်သည်။
ယင်းအား ပွဲစားက ဆလန်ကောပြည်နယ် ဘန်တင်းဘက်၌ အလုပ်ရမည်ဆို၍ ပွဲစားခ ရင်းဂစ် ( ၃၀၀ ) ကားခက ရင်းဂစ် ( ၃၅၀ ) ပေးပြီးလာခဲ့ရကြောင်း၊ကားသမားကချထားခဲ့ကာ ပြန်သွားခဲ့သည့်နောက် ဒုက္ခ ကြုံရကြောင်း လိုက်ပါဆောင်ရွက်ပေးသည့် နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ ( ကွာလာလမ်ပူ-မလေးရှား )ကသိရသည်။
"စက်ရုံတွေတော့တွေ့ပါတယ် လူကလည်းမရှိ တခြားလူမျိုးတွေမေးရအောင်လည်း မလေးစကားက မတတ်ရောက်တဲ့အချိန်ကလည်း ည ( ၉ )နာရီဆိုတော့ ဒုက္ခရောက်ပြီပေါ့။ ဒီညီလေးက သူ့ရဲ့ဖုန်းထဲမှာ ကျွန်တော်တို့ နှလုံးလှအသင်းရဲ့ ဖုန်းနံပါတ်တွေကိုအရင်ကတည်းက Save ထားပြီးဖြစ်လို့ ဆက်သွယ်အကူအညီတောင်းခံလာခဲ့ပါတယ်။
အကူအညီတောင်းခံတဲ့နေရာကြည့်လိုက်တော့ နှလုံးလှရုံး ( KL ) နဲ့ ( ၁ )နာရီကျော်ဝေးသည့်အတွက် ရုံးအဖွဲ့မှမသွားတော့ပဲ ဘန်တင်းမြို့နယ်က နှလုံးလှညီငယ်တွေကို သွားရောက်ခေါ်ယူထားပေးပါလို့ ပြောခဲ့ပါတယ်။ ဘန်တင်း နှလုံးလှညီငယ်တွေက ချက်ချင်းပဲသွားရောက်ခေါ်ယူခဲ့တာ။ သူတို့နေတဲ့အဆောင်များတွင် ထားရှိခဲ့ပြီး ( ၂ )ရက်အကြာမှာ ရုံးကိုခေါ်ဆောင်လာခဲ့တာပါ"ဟု အဆိုပါ အသင်းတာဝန်ရှိသူက ပြောသည်။
ymg/mt
#Yangon_Media_Group
#World_Health
Published1 Feb 2023
သွေးတွင်းသကြားဓာတ်များတဲ့ ဆီးချိုရောဂါဟာ အဖြစ်များတဲ့ဝေဒနာတစ်မျိုးဖြစ်ပါတယ်။
လူနာအများစုဟာ အလွန်ရေဆာတတ်ပြီး ဆီးသွားများကာ ပင်ပန်းနွမ်းနယ်တတ်ကြကြောင်း NHS က ဆိုပါတယ်။
ပညာရှင်တစ်ဦးကဆိုရာမှာ လက်သည်းခြေသည်းတွေကိုကြည့်ပြီး လက္ခဏာတွေသတိထားနိုင်ပါတယ်။
ဆီးချိုရောဂါကြောင့် လက်သည်းမှာ ရောဂါကူးစက်ခြင်းတို့ ဖြစ်တတ်တာကြောင့် ဒီလက္ခဏာရပ်တွေကို သတိပြုမိဖို့ အရေးကြီးပါတယ်။
(၁) လက်သည်းအဝါရောင်ပြောင်းခြင်း
ဆီးချိုရောဂါကြောင့် လက်သည်းရှိပရိုတိန်းတွေကို သက်ရောက်စေပြီး အဝါရောင်ဖြစ်လာရတယ်လို့ ယူဆရပါတယ်။
ဒါကြောင့် လက်သည်းအရောင်ပြောင်းသွားရင် သွေးထဲမှာသကြားဓာတ်များတဲ့သဘော ဖြစ်နိုင်ပါတယ်။
(၂) မှိုစွဲကပ်ကူးစက်ခြင်း
ဂလူးကို့စ်ပမာဏများလာတဲ့အခါ အာရုံကြောတွေနဲ့ သွေးကြောတွေကို တဖြည်းဖြည်းထိခိုက်လာပါတယ်။
သွေးကောင်းစွာမလျှောက်တဲ့အခါ မှိုစွဲကပ်ခြင်းဖြစ်လာနိုင်ပြီး ဘက်တီးရီးယားတွေလည်း ပေါက်ဖွားလာနိုင်ကာ ခြေထောက်မှာ ရောဂါပိုးဝင်ရောက်လာနိုင်ပါတယ်။
(၃) လက်သည်းခွံဖောင်းခြင်း
လက်သည်းခွံက ဖောင်းနေတာမျိုး၊ နီနေတာမျိုး၊ နာကျင်ခြင်းမျိုးခံစားရတာမျိုး ဖြစ်နိုင်ပြီး ထိုကဲ့သို့ ပြန်ပြီးခံစားနေရတယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို စစ်ကြည့်ပြီး ဆရာဝန်နဲ့ပြသသင့်ပါတယ်။
(၄) လက်သည်းခြေသည်းပါးခြင်း
ခြေမအထိသွားတဲ့ အာရုံကြောတွေ ထိခိုက်သွားတဲ့အခါ ခြေထောက်မှာ အာရုံခံစားမှုလျော့သွားကာ ခြေသည်းပါးလာပြီး ကျိုးနိုင်ပဲ့နိုင်ပါတယ်။
ထိုအခါ ဖုန်မှုန့်အညစ်အကြေးတွေကနေ ရောဂါပိုးဝင်ရောက်လာနိုင်ပါတယ်။
(၅) လက်သည်းခြေသည်းထူခြင်း
ခြေသည်းထူခြင်းက တဖြည်းဖြည်းနဲ့ပျံ့လာပြီး ခြေသည်းကြွပ်ဆတ်လာနိုင်ပါတယ်။
ဒီလိုမဖြစ်ရင်တောင် ခြေသည်းကျိုးပဲ့ပြီး အခြားခြေချောင်းတွေကိုပါ ထိခိုက်လာနိုင်ပါတယ်။
Source: The Sun
#Yangon_Media_Group
#Local_News
Published_ 1 February 2023
နေပြည်တော်စည်ပင်သာယာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေပြဌာန်းလိုက်ပြီဖြစ်ပြီး ဥပဒေအသစ်တွင် ငွေဒဏ်၊ ထောင်ဒဏ်ပြောင်းလဲမှုများရှိသလို ရရှိလာသည့်ဒဏ်ကြေးငွေများကို သက်ဆိုင်ရာဌာနအသီးသီးကို ရာခိုင်နှုန်းသတ်မှတ်၍ ဆုကြေးငွေအဖြစ်ပြန်လည်ပေးအပ်ရန်ဆိုသည့်အချက်လည်းပါဝင်လာကြောင်း သိရသည်၊၊
ယင်းဥပဒေကို ဇန်နဝါရီလ(၃၁)ရက်တွင်ထုတ်ပြန်ပြဌာန်းလိုက်ပြီး ဖြည့်စွက်စာသားများပြုပြင်ခြင်း အပြင်ယခင်ဒဏ်ကြေးငွေများထက်ပိုသည့် ငွေဒဏ်၊ ထောင်ဒဏ်များကို ပြဌာန်းလိုက်ခြင်းဖြစ်သည်၊၊
နေပြည်တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၂၄ တွင် ပါဝင်သောငွေဒဏ်နှစ်သိန်းအထက်မပိုသော စကားရပ်အစား ငွေဒဏ်ခုနှစ်သိန်းအထက်မပိုသော ငွေဒဏ်အဖြစ်လည်းကောင်း၊ ပုဒ်မ ၂၆ ပါ ထောင်ဒဏ်သုံးလထက် မပိုသောစကားရပ်အစားထောင်ဒဏ်ခြောက်လ အထက်မပိုသောထောင်ဒဏ်ဖြစ်စေဟုလည်းကောင်း ကျပ်တစ်သိန်းမပိုသောငွေဒဏ်အစား ကျပ်ငါးသိန်းထက်မပိုသောငွေဒဏ်ဟုလည်းကောင်း ပြင်ဆင်ထားခြင်းဖြစ်သည်၊၊
ဒီ့အပြင် ကော်မတီသည် ဤဥပဒေအရထုတ်ပြန်ထားသည့် နည်းဥပဒေ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များပါယာဉ်စည်းကမ်းလမ်းစည်းကမ်းဖောက်ဖျက်သူများကို တပ်ရိုက်သည့်ဒဏ်ကြေးငွေများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနအသီးသီးသို့ ရာခိုင်နှုန်းသတ်မှတ်၍ ဆုကြေးငွေချီးမြှင့်နိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်၊၊
#ymg/tthl
#Yangon_Media_Group
#Covid_Vaccine
Published 1 Feb 2023
အိန္ဒိယကျန်းမာရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ ဘာရက်ဘိုင်အိုတက်ခ်က ပုံမှန်ကိုဗစ်ကာကွယ်ဆေးထိုးဆေးအစား နှာခေါင်းကနေထည့်ရတဲ့ iNCOVACC အမျိုးအစားအသစ်ကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။
ဒီကာကွယ်ဆေးဟာ နှာခေါင်းတွင်းနံရံတစ်ရှူးတွေဆီက ရောဂါခုခံအားကို လှုံ့ဆော်ပေးမှာဖြစ်ပါတယ်။
၂၀၂၂ စက်တင်ဘာလတုန်းက နှာခေါင်းကိုစပရေးဖျန်းရတဲ့ ကိုဗစ်ကာကွယ်ဆေးကို တရုတ်က အသိအမှတ်ပြုခဲ့ပါတယ်။
နှာခေါင်းဖျန်းကာကွယ်ဆေးတွေက နှာခေါင်းတွင်းနံရံနဲ့ အသက်ရှူလမ်းကြောင်းအထက်ပိုင်းတွေမှာ ခုခံအားဖြည့်ပေးနိုင်မယ်လို့ သိပ္ပံပညာရှင်များ ယူဆထားကြပါတယ်။
ကိုဗစ်ရောဂါပိုးက အဆိုပါနေရာတွေကနေ ခန္ဓာကိုယ်ထဲဝင်ရောက်တာ ဖြစ်ပါတယ်။
ယူကေနဲ့ ယူအက်စ်အခြေစိုက် သုတေသနအဖွဲ့တွေကလည်း နှာခေါင်းဖျန်းကာကွယ်ဆေးတွေရဲ့ ထိရောက်ပုံကို လေ့လာနေကြပါတယ်။
အိန္ဒိယနိုင်ငံမှ ကိုဗီရှီးလ် ဒါမှမဟုတ် ကိုဗက်ဆင်း နှစ်ကြိမ်ထိုးထားသူတွေမှာ iNCOVACC ကာကွယ်ဆေးကို အားမြှင့်ကာကွယ်ဆေးအဖြစ် အိန္ဒိယဗဟိုဆေးဝါးစံနှုန်းထိန်းချုပ်ရေးအဖွဲ့က အသုံးပြုခွင့်ပေးလိုက်ပါတယ်။
၂၀၂၂ ဒီဇင်ဘာလတုန်းက ထိုကာကွယ်ဆေးကို မူလအတိုင်း အသုံးပြုခွင့်ပေးခဲ့ကာ နောက်ပိုင်းမှာ အားမြှင့်ကာကွယ်ဆေးအဖြစ် အသုံးပြုခွင့်ကိုပါ သတ်မှတ်ခဲ့ပါတယ်။
ထိုကာကွယ်ဆေးက ပုဂ္ဂလိကဆေးရုံတွေမှာ ဆေးတစ်ကြိမ်ကို ၈၀၀ ရူပီး ကျသင့်နိုင်ပြီး အစိုးရဆေးရုံတွေမှာတော့ ၃၂၅ ရူပီးကျသငိ့နိုင်ပါတယ်။
၂၈ ရက်ခြားပြီး ဆေးနှစ်ကြိမ် အသုံးပြုရမှာလည်း ဖြစ်ပါတယ်။ iNCOVACC နှာခေါင်းဖျန်းကာကွယ်ဆေးက သာမန်ကာကွယ်ဆေးတွေထက် ခုခံအားပိုကောင်းစေနိုင်တယ်လို့ ဘာရက်ဘိုင်အိုတက်ခ်ဥက္ကဌ ဒေါက်တာ'ကရစ်ရှ်နာအယ်လာ'က ဆိုပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published_31 January 2023
ပုဂံခေတ်လွန်ခဲ့တဲ့ နှစ်သက်ပေါင်း (၉၀၀)ကတည်းက ကျင်းပခဲ့တဲ့ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို နိုင်ငံတော်အဆင့်အမွေအနှစ်အဖြစ် အမျိုးသားအဆင့်ဒြပ်မဲ့ အမွေအနှစ်စာရင်းထဲမှာ ထည့်သွင်းဆောင်ရွက်ထားပြီးဖြစ်တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#World_Entertainment
Published 31 January 2023
ကပ်ရောဂါနောက်ပိုင်း အိန္ဒိယဘဏ္ဍာရေးအချက်အခြာရဲ့ အကြီးကျယ်ဆုံးဂီတပွဲတော်အထိမ်းအမှတ်အတွက် ကမ္ဘာ့အရှည်ကြာဆုံးပွဲတစ်ခုကို မွမ်ဘိုင်းမှာ စနေနေ့က စတင်ကျင်းပခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published_31 January 2023
ဒီရက်ပိုင်းထဲမှာ အခြေခံစားသောက်ကုန်စည်ဈေးနှုန်းတွေဟာ ပြန်လည်မြင့်လာတယ်လို့ ဝယ်ယူသုံးစွဲသူတွေနဲ့ ရောင်းချသူတွေထံကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_31 January 2023
ဒီဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပကိုပင်လယ်ရေကြောင်းကနေ ပဲတန်ချိန် ၁၁ သန်းကျော်တင်ပို့ထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_31 January 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ ဇန်နဝါရီလ ၂၀ ရက်အထိ ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၅၉၄ ဒသမ ၈၇ သန်းရရှိထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 31 January 2023
၁။ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှု အမေရိကန်ဒေါ်လာ ၃၅ သန်းကျော်လျော့ကျ
၂။ ယခုဘဏ္ဍာနှစ်အတွင်း ပင်လယ်ရေကြောင်းမှ ပဲတန်ချိန် ၁၁ သန်းကျော်တင်ပို့ထား
၃။ အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာ
၄။ အာရှတွင် ပထမဆုံးကျင်းပသည့် အမေရိကန်မှလိုလာပါလူဇာဂီတပွဲတော်ကြီး အိန္ဒိယတွင်ပြုလုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_31 January 2023
ရုပ်ရှင်ရိုက်ကူးရေးတွေ၊ ပန်းခြံတွေအတွက် ဒိုင်နိုဆောနဲ့ဂေါ်ဆီလာစက်ရုပ်တွေ၊ အရုပ်တွေလက်ခံဆောင်ရွက်ပေးသွားဖို့ရှိတယ်လို့ တီထွင်ဖန်တီးသူကိုအောင်ကျော်လှိုင်က ပြောပါတယ်၊၊
#Yangon_Media_Group
Page 1132 of 1750