ဩဂုတ်-၁၊၂၀၂၃
ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အားဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီ တော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ် တော် မဟာမင်္ဂလာအခမ်းအနားများကို ယနေ့ဩဂုတ်(၁)ရက် နံနက်ပိုင်းတွင် ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံ တော်အတွင်းရှိ သတ်မှတ်နေရာများ၌ ကျင်းပခဲ့ပါတယ်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် ရန်ကုန် တိုင်းဒေသကြီး၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက၊ အဂ္ဂ မဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးဩဝါဒါစရိယ ဆရာတော်ကြီးများ ဖြစ်တော်မူ သည့် နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင် သာသနာပိုင် ဆရာတော်၊ သီတဂူ ကမ္ဘာ့ ဗုဒ္ဓ တက္ကသိုလ်များ၏အဓိပတိ အဘိဓဇမဟာ ရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ နှင့် ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ကျောင်း တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသော ပြည်တွင်း၊ ပြည်ပမှ ဆရာတော်၊ သံဃာတော် အပါး ၉၀၀၊သာသနာနွယ်ဝင် သီလရှင် ဆရာကြီး အပါး ၂၀ တို့ကြွရောက် ချီးမြှင့်တော်မူကြပြီး ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊ မိသားစုဝင်များနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊နစက ကောင်စီဝင်များ၊ ပြည်ထောင် စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များ နှင့်ဓမ္မမိတ်ဆွေများ၊ ဝတ်အသင်းအဖွဲ့ များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညို ပူဇော်ခဲ့ ကြပါတယ်။


ဦးစွာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ မြသပိတ် ဆွမ်းတော်၊ ရွှေကြာသင်္ကန်း တော်၊ သစ်သီးပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးတို့ကို ဆက်ကပ် လှူဒါန်းခဲ့ကြပါတယ်။
အဲဒီနောက် သံဃာတော် ၈၅၅ ပါးတို့အား ရင်ပြင်တော်ပေါ်ရှိ သံဃာတော်မဏ္ဍပ်ကြီး ၄ ဆောင်သို့လည်းကောင်း၊ အနေကဇာတင်ပူဇော်နိုင်ရေးအတွက် ပါဠိဆရာတော်အမှူး ပြုသော သံဃာတော် ၁၂ ပါးတို့အား မုစလိန္ဒနှင့် သာသနာ့ဗိမာန်တော်သို့လည်းကောင်း၊ မာရဝိဇယကျောင်းတော်တွင် သီတင်းသုံးမည့် ဆရာတော် ၅ ပါးတို့အား မာရဝိဇယ ကျောင်းတော်သို့လည်းကောင်း၊ မဟာထေရ် ၉ ပါးတို့အား ထေရာသနနေရာသို့လည်း ကောင်း ဥပါသကာများက ပင့်ဆောင်ကြပြီး မင်္ဂလာဘိသိက်ပန်း၊ အောင်တံခွန်၊ အောင်ကုက္ကားများ ဆက်ကပ်ကြပါတယ်။
ဆက်လက်ပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကာ မာရဝိဇယဗုဒ္ဓပူဇာဓမ္မတေးဖြင့် ပူဇော်၍ မင်္ဂလာငွေခရုနှင့် အောင်စည်အောင် မောင်း သုံးကြိမ်တီးခတ်ပူဇော်ကြပါတယ်။
နိုင်ငံရပ်ခြားမှ ကြွရောက်တော်မူကြသည့် ကမ္ဘောဒီးယားနိုင်ငံမှ သံဃာတော် ၆ ပါး၊ ထိုင်းနိုင်ငံမှ သံဃာတော် ၁၁ ပါး၊ နီပေါနိုင်ငံမှ သံဃာတော် ၁၀ ပါး ၊ ဗီယက်နမ်နိုင်ငံမှ သံဃာတော် ၁၁ ပါး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သံဃာတော် ၁၀ ပါး၊ လာအိုနိုင်ငံမှ သံဃာ တော် ၆ ပါး၊ သီရိလင်္ကာနိုင်ငံမှ သံဃာတော် ၁၁ ပါးနှင့် အိန္ဒိယနိုင်ငံမှ သံဃာတော် ၅ ပါး၊ တို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါ ဘိသိက် သွန်းတော်မူကြပါတယ်။
အဲဒီအပြင် ပြည်တွင်းမှ ကြွရောက်ချီးမြှင့်တော်မူကြသည့် သံဃာတော်များက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဥဒါန်းပါဠိတော်လာနည်းအတိုင်း ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြပါတယ်။
အခမ်းအနားအစီအစဉ်ဒုတိယပိုင်းအဖြစ် ကျောက်စာရုံစေတီများအား ရွှေထီးတော်တင်လှူပူဇော်ခြင်းအစီအစဉ်ကို ဆက်လက် ကျင်းပရာ ဘုရားဒါယကာ၊ ဒါယိကာမများက ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နား တော်တို့ကိုပင့်ဆောင်၍ မင်္ဂလာ မော်ကွန်းကျောက်စာရုံစေတီတော်အား လက်ယာရစ် လှည့်လည်ပူဇော်ကာ အပူဇော်ခံနေရာသို့ ပို့ဆောင်ကြပါတယ်။
ဆက်လက်ပြီး ဆရာတော်ကြီးများက ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ - ဂါထာ၊ သဗ္ဗီတိယော ဝိဝဇ္ဇန္တု- ဂါထာနှင့် ဘဝတု - သုံးဂါထာတို့ကို ရွတ်ဆို၍ မေတ္တာပြုပူဇော်ကြပြီး ဘုရားဒါယ ကာ၊ ဒါယိကာမများက ရတနတ္တယပူဇာဂါထာနှင့် သဗ္ဗသင်္ဂါဟက မေတ္တာပို့လင်္ကာ နှစ်ပိုဒ် ကို သံပြိုင်ညီညာရွတ်ဆိုပွားများ ပူဇော်ကြပါတယ်။
အဲဒီနောက် ဆရာတော်ကြီး ၃ ပါး၊ ဦးဆောင်ဘုရားဒါယကာနှင့် ဘုရားဒါယကာ များက စေတီတော်အထွတ်ငြမ်းထက်သို့ တက်ရောက်နေရာယူပြီးချိန်တွင် အရံစေတီ တော် ၄ ဆူနှင့် ကျောက်စာရုံစေတီ အဆူ ၇၂၀ တို့အား ရွှေထီးတော် တင်လှူကြမည့် အလှူရှင် ဘုရားဒါယကာများကလည်း စေတီတော်အထွတ်ငြမ်းထက်သို့ ဆက်လက် တက်ရောက်နေရာယူကြပါတယ်။
မင်္ဂလာအခါတော်ကျရောက်တဲ့အခါ ဦးဆောင်ဘုရားဒါယကာက ရွှေထီးတော်ဘုံအဆင့်များ၊ ရတနာငှက်မြတ် နားတော်နှင့် ရတနာစိန်ဖူးတော်တို့ကို အစဉ်အတိုင်း တင်လှူပူဇော်ပြီး စေတီတော် အထွတ်တွင် သာသနာ့အောင်လံတော်ကို လွှင့်ထူပူဇော် ကြပါတယ်။
အဲဒီအပြင် အလှူရှင် ဘုရားဒါယကာများက အရံစေတီတော် ၄ ဆူနှင့် ကျောက်စာရုံ စေတီတော်များအား ရွှေထီးတော်များ တင်လှူပူဇော်ကြပြီး ရွှေထီးတော်မြတ်များအား ပရိတ် နံ့သာရေ၊ တရော်ကင်ပွန်းရေ၊ ရေစင်ရေသန့်တို့ဖြင့် ပက်ဖြန်းသန့်စင် သွန်းလောင်း ပူဇော်ခဲ့ကြပါတယ်။
ယင်းနောက် အခမ်းအနားအစီအစဉ် တတိယပိုင်းအဖြစ် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ဆည်းပူးခြင်း အစီအစဉ်ကို အဂ္ဂါ ဓိပတိ သာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ကျင်းပပြုလုပ်ရာ တက်ရောက်လာသည့် ဧည့်ပရိသတ်များက အခမ်းအနားကို နမော တဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့အကျိုးတော်ဆောင် သန်လျင် မင်းကျောင်း ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်၊ ရတနာသုံးပါးဂုဏ်တော်နှင့် ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များကို နာယူ ကြည်ညိုကြပါတယ်။
အစီအစဉ်အရ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်ဝန်ကြီးချုပ်က မာရဝိဇယရုပ်ပွား တော်မြတ်ကြီး တည်ထားကိုးကွယ်ရခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားပါတယ်။အဲဒီနောက် ဗိုလ်ချုပ်မှူးကြီးနှင့်ဇနီးတို့က သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံ ဉာဏ်တော် ၉ လက်မရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ဆိုင်ရာ သာသနိက အဆောက် အအုံတော်တို့ကို သဗ္ဗညုဘုရားရှင်အား ရည်မှန်းထား၍ သံဃာတော်များထံ သာဟတ္ထိက ဒါနမြောက်ကိုယ်တိုင်လက်ရောက် ဆက်ကပ် ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်း များကို ဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါတယ်။
အဲဒီနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် မဟာ မင်္ဂလာအခမ်းအနားများ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။




#Daily_News
Published_ 1 August 2023
၁။ သင်္ဘောမတက်ခင် မိသားစုဝင်များကို သင်္ဘောသားရပိုင်ခွင့် အထောက်အထားစာရွက်များ ပေးထားသင့်ဟုဆို
၂။ ခရီးဝေး ရထားစီးနင်းသူများ မှတ်ပုံတင်ပြ၍ သုံးရက်ကြိုတင် လက်မှတ်ဝယ်ယူစီးနင်းနိုင်
၃။ တစ်နိုင်ငံလုံးတွင် ယနေ့နံနက်ပိုင်းမှစ၍ နောက်သုံးရက်အတွင်း မိုးကြီးနိုင်၊ မြစ်ဝကျွန်းပေါ်တွင် မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးမည်
၄။တရုတ်-ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး SCO အဖွဲ့ စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ အင်စတီကျုမှ နိုင်ငံတကာအိတ်စ်ချိန်းစင်တာ စတင်ဖွင့်လှစ် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
မိုးရာသီဈေးရောင်းပွဲတော်တွင် လျှပ်စစ် EV ကားပြပွဲ ထည့်သွင်းကျင်းပမည်
ပြပွဲကို ပြည်သူ့ရင်ပြင်မှာ ဩဂုတ်လ(၄)ရက် ကနေ (၆)ရက်နေ့အထိ ပြုလုပ်မည်
Yangon_Times/my
#Published_ 1 August 2023
#Local_News
#YMG #Yangon_Times
Published_ 1 August 2023
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် သြဂုတ်လပထမရက်(၁)ရက်တွင် မြန်မာလုပ်သား (၁၃၉)ဦးကို စေလွှတ်ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။
ယင်းကဲ့သို့စေလွှတ်သော ကုန်ထုတ်လုပ်သားသစ် (၁၃၉)ဦးသည် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာမြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက် များကို မှာကြားခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း EPSစနစ်ဖြင့် မြန်မာလုပ်သား(၁၀၄၉) ဦးကို စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။
#Yangon-Times/BM
#Local_News
#YMG #Yangon_Times
Published_ 1 August 2023
ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းအဆင်းတွင် ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားပြီး၊ (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းဒေသအခြေစိုက် ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့ ထံ သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူ (၆)ဦးကို အခင်းဖြစ်ပွားဪာနေရာမှ ကယ်ထုတ်နိုင်ခဲ့ပြီး၊ မြဝတီမြို့ ပြည့်သူဆေးရုံရကီးသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိာပါဖြစ်စဉ်သည် ယနေ့ ဩဂုတ်(၁)ရက် နံနက် ၁၀နာရီ ဝန်းကျင်အချိန်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အာရှလမ်း နတ်စင်အကွေ့တွင် မြဝတီဘက်မှ ဆင်းလာသော ခရီးသည်တင်အန်စာတုံးယာဉ် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
ယင်းအာရှလမ်းမကြီးတစ်လျှောက် နတ်ဆင်ကွေ့အဆင်းသည် မကြာခဏ ယာဉ်များတိမ်းမှောက်နေသည့် နေရာတစ်နေရာလည်းဖြစ်သည်။
Yangon Times/my
#Local_News
#YMG #Yangon_Times
တစ်နိုင်ငံလုံးတွင် ယနေ့နံနက်ပိုင်းမှစ၍ နောက်သုံးရက်အတွင်း မိုးကြီးနိုင်၊ မြစ်ဝကျွန်းပေါ်တွင် မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးမည်
နောက်သုံးရက်အတွင်း တိုင်းနဲ့ ပြည်နယ်အချို့တွင် မိုးထစ်ချုန်းရွာနိုင်
Yangon_Times/my
#Published_ 1 August 2023
#Local_News
#YMG #Yangon_Times
ခရီးဝေး ရထားစီးနင်းသူများ မှတ်ပုံတင်ကဒ်ပြ၍ သုံးရက်ကြိုတင် လက်မှတ်ဝယ်ယူစီးနင်းနိုင်
ခရီးဝေး ရထားစီးနင်းသူဉီးရေဟာ တစ်ရက်ကို နှစ်ထောင်နီးပါးရှိလာတာကြောင့် လက်မှတ်ကို သုံးရက်ကြိုတင်ဝယ်ယူရ
Yangon_Times/my
#Published_ 1 August 2023
#Local_News
#YMG #Yangon_Times
Published_ 1 August 2023
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် တွဲကားတစ်စီးအား အခြားယာဉ်တစ်စီးကနောက်မှ ဝင်ရောက်တိုက်သည့် ဖြစ်စဉ်တစ်ခု ယနေ့ ဩဂုတ်(၁) ရက် မွန်းလွဲ (၁၂) နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့သည်။
ယင်းဖြစ်စဉ်ကြောင့် နောက်မှ ဝင်တိုက်သည့် Canter ယာဉ်ပေါ်မှ အမျိုးသားနှစ်ဦးမှာ ကားနှစ်စီးအကြား ညပ်မိပြီး သေ ဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါသေဆုံးသူအမျိုးသားနှစ်ဦးကို အိုးဘိုလူမှုကူညီရေးအသင်းယာဉ်ဖြင့် စစ်ကိုင်းပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ရသည်ဟု သိရသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းမြို့နယ်၊ ပုဂံရပ်ကောင်းမှုတော်ဘုရားအနောက်ဘက် မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် မန္တလေးဘက်သို့မောင်းနှင်နေသော Nissan အမျိုးအစား တွဲကားယာဉ်အား လားရာတူမောင်းနှင်နေသော Canter ယာဉ်က အနောက်မှဝင်ရောက်တိုက်မိမှုဖြစ်ပွားပြီး လူသေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခုဖြစ်သည်။
Yangon Times/my
#Local_News
#YMG #Yangon_Times


Published_ 1 August 2023
(၅၃)ကြိမ်မြောက် သိန်း ၅၀၀၀ အထူးဆုကြီး ကို( ခ ၅၁၆၁၅၆ ) နံပါတ်ဖြင့် မန္တလေးမြို့ “ခိုင်ရွှေဝါ” ထီအရောင်းဆိုင်ကြီးမှ ဘီးလင်းမြို့တွင်နေထိုင်သူ ကိုရဲထွဋ် ဆွတ်ခူးရရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွက် အောင်ဘာလေထီနှင့် အောင်ဘာလေအွန်လိုင်းထီ နှစ်ခုပေါင်း ထီလက် မှတ်ရောင်းရငွေမှာ ကျပ်သန်း (၅၃၀၀) ကျော်ရှိပြီး ယင်းမှ ကျပ်သန်း (၃၇၀၀) ကျော်ကို ထီဆုငွေအဖြစ် ခွဲဝေချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဘာလေထီဖွင့်ပွဲတွင် အထူးဆုကြီးအဖြစ် ကျပ်သိန်း ငါးထောင် (၁)ဆု၊ ကျပ်သိန်း နှစ်ထောင် (၁)ဆုနှင့် ကျပ်သိန်း တစ်ထောင် (၁)ဆုကို ချီးမြှင့်သွားမည်ဖြစ်ပြီး အခြားဆုမဲအချို့ကိုလည်း အရေအတွက်တိုးမြှင့်ကာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times
Published_ 1 August 2023
တိုင်းရင်းသား လက်နက်ကိုင် ၂၂ ဦး အား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း ယနေ့ သြဂုတ်လ ၁ ရက်တွင် နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ယင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆို လပြည့် နေ့တွင် ကျရောက်သည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ တိုင်းရင်း သားစည်း လုံးညီညွတ် ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း အကျဉ်းထောင် များတွင် ပြစ်ဒဏ်ကျခံ လျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ်ပစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ် များကိုပါ ဆက်လက်ကျခံပါမည်”ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြု လိုက်ကြောင်း ပါရှိသည်။
ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်သူများမှာ
(၁) လရ/၂၂/၀၀၅၇၇/က အဆီးဖ(ဘ)ဦးအဆားဖ၊ MNDAAလက်နက်ကိုင်အဖွဲ့
(၂) မတလ/၂၁/၀၁၇၆၀/က အိုက်ညို့ (ခ)ကျော်ညို (ဘ)ဦးစံဟ၊ TNLAလက်နက်ကိုင်အဖွဲ့
(၃) မတလ/၂၁/၀၁၇၆၁/က အိုက်ကျန်(ခ)လွင်ကျော်(ဘ)ဦးအိုက်ရွှေ၊ TNLAလက်နက်ကိုင်အဖွဲ့
(၄) မလ/၂၁/၀၁၇၆၂/က ထွန်းဝင်း(ခ)အိုက်ဝင်း(ဘ)ဦးပန်းမာန်၊ TNLAလက်နက်ကိုင်အဖွဲ့
(၅) သပ/၂/၀၀၀၆၃/က အိုက်ရွှေ(ဘ)ဦးပန်းငြိမ်း၊ TNLAလက်နက်ကိုင်အဖွဲ့
(၆) သပ/၂၂/၀၀၀၆၄/က တောင်တျန်း(ဘ)ဦးပန်းငြိမ်း၊ TNLAလက်နက်ကိုင်အဖွဲ့
(၇) သပ/၂၂/၀၀၀၆၅/က အိုက်စိန်(ဘ)ဦးဒေဘီလ၊ TNLAလက်နက်ကိုင်အဖွဲ့
(၈) သပ/၂၂/၀၀၀၉၉/က အိုက်နိုင်(ခ)အနိုင်(ဘ)ဦးကျော်ဇော၊TNLAလက်နက်ကိုင်အဖွဲ့
(၉) လရ/၂၂/၀၀၂၈၈/က ကော်ခမ်း(ဘ)ဦးထွန်းရွှေ၊ SSPP/SSA လက်နက်ကိုင်အဖွဲ့
(၁၀) လရ/၂၂/၀၀၂၈၉/က အိုက်လွတ်(ဘ)ဦးထွန်း၊ SSPP/SSA လက်နက်ကိုင်အဖွဲ့
(၁၁) သပ/၂၁/၀၀၁၂၄/က ကျော်ထွန်း(ခ)အိုက်ထွန်း(ခ)လွယ်ကန်(ဘ)ဦးဩ၊ SSPP/SSA လက်နက်ကိုင်အဖွဲ့
(၁၂) လရ/၂၂/၀၀၅၇၈/က အိုက်ညီး(ဘ)ဦးညီမိန်း၊ MNDAAလက်နက်ကိုင်အဖွဲ့
(၁၃) လရ/၂၂/၀၁၀၉၀/က အာကာစိုး(ခ)အိုက်နွေ(ဘ)ဦးဝင်ဂျန်း၊ TNLAလက်နက်ကိုင်အဖွဲ့
(၁၄) လရ/၂၂/၀၀၂၇၆/က အိုက်မန်း(ဘ)ဦးအိုက်ဆွဲ၊ TNLAလက်နက်ကိုင်အဖွဲ့
(၁၅) လရ/၂၂/၀၁၀၉၁/က အိုက်ညို့(ဘ)ဦးအောင်ဆာ၊ TNLAလက်နက်ကိုင်အဖွဲ့
(၁၆) လရ/၂၃/၀၀၂၁၁/ကထွန်းမောင်(ခ)အိုက်ရိန်း(ဘ)ဦးအိုက်ဆာ၊ TNLAလက်နက်ကိုင်အဖွဲ့
(၁၇) လရ၂၂၀၁၂၀၁/က မောင်မောင်စံ(ခ)မောင်ကျမ်(ဘ)ဦးအိုက်တုန်(ခ)ဆွယ်ခိုင်၊TNLAလက်နက်ကိုင်အဖွဲ့
(၁၈) လရ/၂၂/၀၁၂၀၀/ကကာလိန်(ခ)မောင်လေး(ဘ)ဦးအိုက်ယွင်း၊ TNLAလက်နက်ကိုင်အဖွဲ့
(၁၉) လရ/၂၃/၀၀၆၁၅/က အိုက်တီး(ဘ)ဦးအိုက်လော့၊ TNLAလက်နက်ကိုင်အဖွဲ့
(၂၀) လရ/၂၃/၀၀၆၁၆/က အိုက်မွန်း(ဘ)ဦးအိုက်ကျန်၊TNLAလက်နက်ကိုင်အဖွဲ့
(၂၁) လရ/၂၃/၀၀၆၁၇/က အိုက်လော့(ခ)အောင်ကျော်(ဘ)ဦးအိုက်လွှဲ၊ TNLAလက်နက်ကိုင် အဖွဲ့
(၂၂) သတ/၂၃/၀၀၃၈၉/က အောင်နိုင်မြင့်(ဘ)ဦးချစ်မောင်၊ AAလက်နက်ကိုင်အဖွဲ့တို့ ဖြစ်ကြောင်း သိရသည်။
Photo: PSLF TNLA And AA
Yangon_Times/PP
#Local_News
#YMG #Yangon_Times

သင်္ဘောမတက်ခင် မိသားစုဝင်များကို ရပိုင်ခွင့်အထောက်အထားအပ်သင့်
‘ပျောက်ဆုံးသင်္ဘောသား(၄)ဦး မြန်မာ့အာမခံလုပ်ငန်းမှာ အာမခံထားရှိထားလားဆိုတာကို လက်ရှိအချိန်အထိ မိသားစုဝင်တွေ မဖြေနိုင်သေးဘူး’ ဦးစိုးမင်းအောင်၊ဥက္ကဌ(မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲချုပ်(MSF))
Yangon_Times/tthl
#Published_ 1 August 2023
#Local_News
#YMG #Yangon_Times
Published_ 1 August 2023
မန်ယူအသင်းအနေဖြင့် လာလည်ရာသီတွင် ပြီးခဲ့သည်ရာသီ တိုးတက်မှု ထက်ပိုမိုရမည်ဖြစ်ပြီး ပိုပိုကောင်းသော စွမ်းဆောင်ရည်ကို ပြသရသည်ဟု နည်းပြတန် ဟက်က သတိပေးပြောကြားခဲ့သည်။
မန်ယူအသင်းသည် ၂၀၂၁-၂၂ ရာသီက ဆိုးရွားသောခြေစွမ်းများကြောင့် နည်းပြများကို ထုတ်ပယ်ခဲ့ပြီး နောက်တန်ဟက်က တာဝန်ယူကိုင်တွယ်ခဲ့ရသည်။
ထို့ကြောင့် ပုံစံကောင်းတစ်ခုပြသနိုင်ခဲ့ပြီး ရာသီကုန်တွင် ပရီးမီးယားလိဂ် အဆင့် ၃၊ ကာရာဘောင်းဖလားချန်ပီ ယံ နှင့် FAဖလားဖိုင်နယ်သို့ တက်ရောက်နိုင် သည့်မှတ်တမ်းရရှိခဲ့သည်။
ကမ္ဘာ့ဘောလုံး အဆင့်အတန်းမှာ တိုးတက်လျက်ရှိနေပြီး မိမိတို့အနေဖြင့် နောက်ထပ် အဆင့်တစ်ခုသို့မဖြစ်မနေတက်လှမ်းရမည်ဖြစ်ကြောင်းတန် ဟက်ကပြောကြားခဲ့သည်။
ပရီးမီးယားလိဂ် သည် ပြီးခဲ့သည့်၄ နှစ် ၅နှစ်နှင့်ယှဉ်လျှင်ပိုမိုအင်အားတောင့်တင်းလာပြီဖြစ်ကြောင်း၊ မိမိတို့သည်စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်၍ရာသီသစ်ကို စတင်ကျော်ဖြတ်ရမည်ဖြစ်ကြောင်း ရောက်ရှိလာသော ကစားသမားသစ်များအနေဖြင့် ပရော်ဖက်ရှင်နယ်ပီသစ္စာလုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း တန်ဟက်ကဆိုသည်။
ဆက်စပ်သတင်းတစ်ရပ်တွင် ဒေါ်မွန်နှင့်ခြေစမ်းပွဲမှ မန်ယူအသင်း၏ ခြေစွမ်းကိုတန်ဟက်ကပြစ်တင်ဝေဖန်သွားခဲ့ပြီး ခွင့်လွှတ်နိုင်ဖွယ်ရာမရှိကြောင်း ပြောကြားခဲ့သည်။.
#World Sport
#YMG #Yangon_Times


Page 1132 of 2001