Published_ 30 July 2023
မကွေးတိုင်း၊စေတုတ္တရာမြို့နယ်အနီးဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး(၄.၃)အဆင့်ရှိမြေငလျင် တစ်ခုလှုပ်ခတ်သွားကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
ဇူလိုင်လ၃၀ရက် မနက်ပိုင်းတွင်လှုပ်ခတ်သွားခြင်းဖြစ်ပြီး စစ်တွေမြေငလျင်စခန်းမှအရှေ့ဘက်(၈၁)မိုင် အကွာမြန်မာပြည်တွင်း စေတုတ္တရာမြို့ အနောက်တောင်ဘက်မိုင်(၂၀)ခန့်အကွာတွင် ဗဟိုပြုပြီး လှုပ်ခတ် ခဲ့ခြင်းဖြစ်သည်။
ယခုနှစ်အတွင်း မြန်မာနိုင်ငံဒေသအသီးသီးတွင်မြေငလျင်ငယ်များဆက်တိုက်လှုပ်ခတ်မှုများရှိနေပြီး တစ်ကျော့ပြန်မြေငလျင်ကြီးများလည်းလှုပ်ခတ်နိုင်ခြေရှိသဖြင့် စစ်ကိုင်းတိုင်း၊ပဲခူးတိုင်း၊မန္တလေးတိုင်း၊ ရန်ကုန်တိုင်းအပါအဝင်ပြတ်ရွေ့ကြောပေါ်ရှိဒေသများ၌နေထိုင်ကြသူများအနေဖြင့်အထူးသတိပြုနေထိုင်ကြရန် မြေငလျင်ဌာနခွဲမှ သတိပေးထုတ်ပြန်ထားကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
Published 30 July 2023
အစာချေလမ်းကြောင်းဆိုတာဟာ အစာချေဖျက်ဖို့ သက်သက်သာ မဟုတ်ဘဲ ခန္ဓာကိုယ်ခုခံအားစနစ်မှာ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တဲ့အပြင် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း များစွာလွှမ်းမိုးနေပါတယ်။
အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးအကြောင်းအရာနဲ့ ဘယ်လိုသက်ရောက်လဲဆိုတာကို သိရှိနားလည်ထားမယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ နေထိုင်မှုဘဝ ရရှိစေနိုင်မှာဖြစ်ပြီး အထွေထွေကျန်းမာရေးကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
အူလမ်းကြောင်းထဲမှာ အဏုဇီဝပိုးမွှား ဘက်တီးရီးယားပေါင်း ထရီလီယံနဲ့ချီပြီး ရှိပါတယ်။
ထိုဘက်တီးရီးယားအများစုက ခန္ဓာကိုယ်လုပ်ဆောင်ချက်များအတွက် အရေးကြီးပြီး အကျိုးပြုကြတာ ဖြစ်ပါတယ်။
ယင်းတို့က အစားအစာတွေကို အာဟာရများအဖြစ်သို့ ဖြိုခွဲကာ ခုခံအားစနစ်ကနေ အန္တရာယ်ပြုဘက်တီးရီးယားများကို တိုက်ထုတ်ရာမှာ ကူညီပေးပြီး အင်ဆူလင်ယဉ်ပါးခြင်းကို သက်ရောက်စေပါတယ်။
လူတွေရဲ့ စိတ်ခံစားမှုအခြေအနေနဲ့ စိတ်ကျန်းမာရေးအခြေအနေတို့ကိုပါ သက်ရောက်စေနိုင်ပါတယ်။
"လူတွေစားလိုက်သမျှက အစာချေစနစ်ကို လွှမ်းမိုးနေပါတယ်။
အစာအိမ်အူလမ်းကြောင်းက ပါးစပ်ကနေစတင်ကာ အစာရေမျိုကနေ အစာအိမ်ကို ဆက်စပ်နေပြီး အူသိမ်ပြီးနောက် အူမကြီးသို့ရောက်ရှိလာပါတယ်" လို့ မာနီပေါလ်ဆေးရုံမှ ဒေါက်တာ'ပရာဗင်းစီအာ'က India Today ကို ပြောကြားခဲ့ပါတယ်။
စားလိုက်သမျှက အဏုဇီဝပိုးမွှားတွေကို ထိခိုက်စေခြင်း ဒါမှမဟုတ် ထောက်ပံ့အားပေးခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။
အဆင့်ဆင့်ထုပ်ပိုးထုတ်လုပ်ထားတဲ့ စားစရာတွေမှ အဆီတွေက အူနံရံသားတွေကို ထိခိုက်စေပါတယ်။
အချိုဓာတ်များတဲ့ အစားအစာတွေက အူသိမ်ထဲရှိ ဘက်တီးရီးယားများကို အလွန်အကျွံပေါက်ဖွားစေနိုင်ပါတယ်။
ထိုကနေ ဘက်တီးရီးယားတွေက အစာအချဉ်ဖောက်ခြင်းနဲ့ ဂတ်စ်အလွန်အကျွံထွက်ခြင်းတို့ ဖြစ်ပေါ်စေကာ အာဟာရဓာတ်စုပ်ယူခြင်းကို ထိခိုက်စေပြီး အာဟာရချို့တဲ့စေတတ်ပါတယ်။
အိမ်မှာပဲ ချက်ပြုတ်စားသောက်တဲ့အခါ ဆီတွေနဲ့ ပါဝင်ပစ္စည်းတွေကို မိမိဘာသာ ထိန်းချုပ်သုံးစွဲနိုင်ပါတယ်။
အပူပေးပြီးသား ဆီတွေကို ပြန်သုံးတာမျိုးက အူလမ်းကြောင်းဘက်တီးရီးယားတွေအတွက် ဆိုးကျိုးဖြစ်စေသလို ထုတ်လုပ်စီမံထားတဲ့ အချိုဓာတ်ပစ္စည်းများ၊ တာရှည်ခံဆိုးဆေးများ၊ အရောင်တင်မှုန့်များကိုလည်း ရှောင်ရှားသင့်တယ်လို့ ဒေါက်တာက ဆိုပါတယ်။
စားသောက်တဲ့အခါ အေးအေးဆေးဆေးထိုင်ပြီး ဖြည်းညင်းစွာ ဝါးမျိုရမှာဖြစ်ပါတယ်။
အလျင်အမြန်စားသောက်တဲ့အခါ အာရုံကြောစနစ် အလွန်အကျွံလှုံ့ဆော်စေပြီး အရေးပါတဲ့ အာဟာရဓာတ်တွေကို လုံလောက်စွာ မစုပ်ယူနိုင်တော့ပါဘူး။
စားသောက်ပြီးနောက် အိပ်လှဲတာမျိုး ထိုင်တာမျိုးတွေက အစာချေစနစ်အတွက် မသင့်လျော်တာကြောင့် အစာချေခြင်းကို အထောက်အကူဖြစ်စေရန် ၁၀ - ၁၅ မိနစ်ခန့် လမ်းလျှောက်ပေးသင့်ပါတယ်။
ထုပ်ပိုးထုတ်လုပ်ထားတဲ့ စားစရာတွေအစား ကောက်ပဲသီးနှံများ၊ အသီးအရွက်များ၊ အခွံမာသီးများ၊ အသီးအနှံများ၊ အစေ့အဆန်များကို နေ့စဉ်စားသုံးပေးသင့်ပါတယ်။
အိမ်သာတက်ချင်တဲ့အခါ အောင့်ထားတာမျိုး မပြုလုပ်ဘဲ ပုံမှန်သွားသင့်တဲ့အပြင် ထိုင်တဲ့အခါ စနစ်ကျအောင်ထိုင်ဖို့ကလည်း အရေးကြီးပါတယ်။
ဒီလိုမျိုး အချိန်မှန်မှန် အညစ်အကြေးစွန့်ပစ်မှသာ အစာချေစနစ် သန့်စင်နေမှာဖြစ်ပါတယ်။
Source: India Today.
#World_Health
#YMG #Yangon_Times
Published_ 30 July 2023
သွေးပေါင်ချိန်ကို ဘယ်လိုထိရောက်စွာချရမလဲဆိုတာနဲ့ ပတ်သက်ပြီး ဆေးဘက်ဆိုင်ရာ အကြံဉာဏ်နည်းလမ်းများစွာ ရှိနေကာ လေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့အတူ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာ၊ ကိုယ်အလေးချိန်လျှော့ခြင်း၊ ဆေးလိပ်ဖြတ်ခြင်းတို့လည်း ထိပ်ဆုံးက ပါဝင်နေပါတယ်။
ရွေ့လျားခြင်းမရှိဘဲ ပုံစံတစ်ခုတည်းကို ထိန်းထားရတဲ့ အိုက်ဆိုမက်ထရစ်လေ့ကျင့်ခန်းတွေက နှလုံးကျန်းမာရေး လေ့ကျင့်ခန်းထက် ပိုမိုကောင်းမွန်နေနိုင်ကြောင်း ဗြိတိန်အားကစားဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
အထူးသဖြင့် နံရံမှီထိုင်ခြင်းဟာ သွေးတိုးခြင်းကို ထိန်းချုပ်ရာမှာ ထိရောက်မှုရှိတယ်လို့ တွေ့ရှိထားပါတယ်။
၂ မိနစ်ကြာနံရံမှီထိုင်ခြင်းကို ၂ မိနစ်ခြားနားခြင်းဖြင့် ၄ ကြိမ်ပြုလုပ်ရမှာဖြစ်ပြီး တစ်ပတ်ကို သုံးခါပြုလုပ်ခြင်းဖြင့် သွေးပေါင်ချိန် လျော့ကျစေနိုင်ကြောင်း ကန်တာဘာရီခရစ္စချာ့ချ်တက္ကသိုလ်မှ နှလုံးသွေးကြော ဇီဝကမ္မပညာရှင်ဒေါက်တာ 'ဂျေမီအိုဒရစ္စကိုလ်'က ဂါဒီးယန်းသတင်းစာကို ပြောကြားခဲ့ပါတယ်။
လေ့ကျင့်ခန်းအမျိုးအစား များစွာပြုလုပ်နိုင်ရန် အခြားလေ့ကျင့်ခန်းများနဲ့အတူ ပြုလုပ်သင့်တယ်လို့ ဆိုပါတယ်။
လေ့ကျင့်ခန်းသက်ရောက်မှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အသစ်လေ့လာရာမှာ ၁၉၉၀ မှ ၂၀၂၃ အတွင်း တင်ပြချက် ၂၇၀ ကို သုတေသီအဖွဲ့က ပိုက်စိပ်တိုက် လေ့လာခဲ့ကြပါတယ်။
အေရိုးဗစ်၊ ခုခံစွမ်းအားလေ့ကျင့်ခန်း၊ ထိုနှစ်ခုပေါင်းစပ်ခြင်း၊ အိုက်ဆိုမက်ထရစ်လေ့ကျင့်ခန်းတို့က အပေါ်သွေးရော အောက်သွေးပါ လျော့ကျစေအောင် ကူညီပေးကြောင်း သုံးသပ်ခဲ့ကြပါတယ်။
အပေါ်သွေးနဲ့အောက်သွေး အများဆုံးကျဆင်းသွားစေတာကတော့ အိုက်ဆိုမက်ထရစ်လေ့ကျင့်ခန်း ဖြစ်နေပြီး ပြေးခြင်းကလည်း ထိုပမာဏနီးပါး ကျဆင်းစေပါတယ်။
လူအများအပြားက ဒိုက်ထိုးပုံစံဖြင့် တံတောင်ဆစ်ထောက်ထားခြင်း၊ နံရံမှီထိုင်ခြင်းတို့ကို မပြုလုပ်နိုင်ကြဘူးလို့ အားကစားနှင့် လေ့ကျင့်ခန်းဆေးပညာအကြံပေး ဒေါက်တာ'ကုရှ်ဟိုရှီ'က ပြောပြခဲ့ပါတယ်။
သွေးပေါင်ချိန်များတဲ့လူတွေအားလုံး ဒီလိုလေ့ကျင့်ခန်းတွေ ပြုလုပ်နိုင်အောင် နည်းလမ်းရှာသင့်ကြောင်း၊ သွေးတိုးနဲ့ အခြားရောဂါတွေမှာပါ လေ့ကျင့်ခန်းကို အဓိကကုထုံးအနေဖြင့် သတ်မှတ်ရန် တိုက်တွန်းသင့်ကြောင်း ပြောပြသွားပါတယ်။
Source: NY Post.
#World_Health
#YMG #Yangon_Times
Published_ 30 July 2023
မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ခဲ့ရသည့် ပုဂံဘုရားများနှင့် ရေဝပ်ရေလျှံဖြစ်ခဲ့သော ပုဂံရှေးဟောင်း အဆောက်အအုံများ၏ တံတိုင်းအတွင်းနှင့်အပြင် မြေနိမ့်နေရာတို့အား ပြုပြင်ထိန်းသိမ်းရေးများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မိုခါမုန်တိုင်းကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်းအဆောက်အအုံအမှတ်(၁၂၅၀)၊(၁၂၈၆)၊(၁၂၅၆) တို့အားရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ဌာနအင်ဂျင်နီယာများက ပြုပြင်ထိန်းသိမ်းရေးများဆောင်ရွက်လျက်ရှိပြီးဌာနမှညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးကြည့်ရူခဲ့သည်ဟုဆိုသည်။
ယင်းရှေးဟောင်းအဆောက်အအုံ(၃)ခုအပြင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပုဂံရှေးဟောင်း အဆောက်အအုံများ၏တံတိုင်းအတွင်းနှင့်အပြင်တို့တွင် မြေနိမ့်နေသဖြင့် ရေဝပ်ခြင်း၊ရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့သည့်အတွက် မြေပြင်တိုင်းတာခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ရေဝပ်ရေလျှံခြင်းများဖြစ်ပေါ်နေ၍ ပြုပြင်ထိန်းသိမ်းနေရသည့် ခေမင်္ဂဘုရား၊ဆင်ပေါင်းအုတ်ကျောင်း၊လေးမျက်နှာ ဘုရားနှင့်ဆင်ဖြူရှင် (Complex)တို့ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးဆောင်ပြီး ကွင်းဆင်းကြည့်ရူစစ်ဆေးခဲ့ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
တရုတ်နိုင်ငံ ရှန်ကျန်နည်းပညာမြို့ကြီးမှာ ဟယ်လီကော်ပတာဖြင့် လှည့်ပတ်ကြည့်ရှုတဲ့ခရီးစဉ်တွေ လူကြိုက်များလာကြပါတယ်။ အဲဒီမှာဆိုရင် ခရီးသွားဧည့်သည်တွေက ရှုခင်းအလှကို ဝေဟင်ကနေ ကြည့်ရှုလာကြပါတယ်။
#Asia_Development
#Published_ 29 July 2023
#YMG #Yangon_Times
#Health_Matters
Published_ 29 July 2023
- ရုတ်တရက်ရေကြီးမှု ကြုံရနိုင်တဲ့နေရာတွေမှာ ကျန်းမာရေးဆိုးကျိုးတွေမဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ်နိုင်မလဲ ဆရာ ...??
#Health_Matters #ရုတ်တရက်ရေကြီးခြင်းနှင့်ကျန်းမာရေး
#Dr.KML #YMG #Yangon_Media_Group
#Health_Matters
Published_ 29 July 2023
- ရုတ်တရက်ရေကြီးမှုနှင့်ကြုံရင် ဘယ်လိုကျန်းမာရေးအန္တရာယ်တွေ ရှိနိုင်သလဲ
ဆရာ ...??
#Health_Matters #ရုတ်တရက်ရေကြီးခြင်းနှင့်ကျန်းမာရေး
#Dr.KML #YMG #Yangon_Media_Group
#Daily_News
Published_ 29 July 2023
၁။ ပျောက်ဆုံးမြန်မာသင်္ဘောသား(၄)ဦးအတွက် DNAစစ်ဆေးတိုက်ဆိုင်နိုင်ရေး
MSFမှ ကူညီဆောင်ရွက်ပေးနေ
၂။ ယခုနှစ်မှစပြီး NMDC မှ ကျောင်းသား၊ ကျောင်းသူအားလုံး လစာရရှိသော
အလုပ်သင်များအဖြစ် လုပ်ငန်းခွင်အတွေ့အကြုံယူရမည်
၃။ ဆန်ဈေးတည်ငြိမ်စေရန် အရန်ဆန်များ ထုတ်ရောင်းသွားမည်ဖြစ်ပြီး
ဆန်သိုလှောင်ရုံများကိုလည်း စစ်ဆေးမည်
၄။တရုတ်ပြည်ရှန်ကျန်မြို့တွင် ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုခြင်းလုပ်ငန်း တွင်ကျယ်လာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#Health_Matters
Published_ 29 July 2023
- ရုတ်တရက်ရေကြီးတာနှင့် ကျန်းမာရေးအန္တရာယ် ဆက်စပ်နေပါသလား ဆရာ ...??
#Health_Matters #ရုတ်တရက်ရေကြီးခြင်းနှင့်ကျန်းမာရေး
#Dr.KML #YMG #Yangon_Media_Group
Published-29 July 2023
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် အထက(၃) ကျောင်းရှေ့တွင်ယမန်နေ့ညက ကား၃စီး ဆင့်တိုက်၍ လူ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှင်သန်ရေးကူညီမှုအသင်းကသိရသည်။
ဖြစ်စဥ်မှာ ဇူလိုင်လ ၂၈ရက် ည ၁၁နာရီ ၂၅မိနစ်အချိန်ခန့်က တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ အထက(၃) ကျောင်းရှေ့တွင် အရှေ့မြင်းပြိုင်ကွင်းလမ်းအတိုင်းမောင်းနှင်လာသည့် Kai Carnival ကားသည် အထက(၃) ကျောင်းရှေ့ရပ်ထားသည့် Toyota Succeedကားကိုပွတ်တိုက် မိပြီး မောင်းနှင်လာသည့် Taxiကားအား ဝင်တိုက် မိမှု ထပ်မံဖြစ်ခဲ့ကာ ကား ၃စီးဆင့်တိုက်မှုဖြစ်ခဲ့သည်။
"ကားတိုက်ခံရတာကြောင့် Taxiကားပေါ်မှာပါလာတဲ့ အလုပ်ကပြန်လာတဲ့ခရီး သည် အမျိုးသမီး ၅ဦးနဲ့ ယာဥ်မောင်းအမျိုးသား ၁ဦး ထိလိုက်ဒဏ်ရာရခဲ့တယ်။
တိုက်တဲ့ကားကတော့ မောင်းပြေးသွားတယ်လို့သိရတယ်"ဟု ရှင်သန်ရေးကူညီမှုအသင်းကသိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို ပရဟိတအသင်းကား(၅)စီး၊ တာမွေကြက်ခြေနီအ သင်းမှ ကား(၁)စီးဖြင့် စံပြဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး အမျိုးသမီးလူနာ ၂ဦးမှာ ဆေးရုံတင်ရမည်ဟုသိရပြီး ကျန် ၄ဦးမှာ ဓာတ်မှန်ရိုက်၊ ကုသမှုပေး၍ အိမ်ပြန်ရကြောင်းသိရသည်။
Yangon _Times/PP
#Local_News
#YMG #Yangon_Times
Published _29 July 2023
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ ကြာကန်ရပ်ကွက်အတွင်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ်များအမိုးလန်ကာ သစ်ပင်မျာပြိုလဲမှုပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ ဇူလိုင် ၂၈ ရက် ညနေ ၄ နာရီခန့်က လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကြာကန်ရပ်ကွက်ရှိ အလယ်တန်းကျောင်း (ခွဲ)တွင် အမိုးသွပ် (၁၀) ချပ်ကျော် လွင့်ပါပျက်စီးခဲ့သည့်အပြင်၊ ကျောင်းအရှေ့ဘက် အုတ်တံတိုင်းအနီးရှိ ပိတောက်ပင် လဲပြိုကျမှုကြောင့် ကျောင်းအုတ်တံတိုင်း ၂၇ ပေခန့် ပျက်စီးသွားကြောင်းလည်း သိရသည်။
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကြာကန်ရပ်ကွက်အပြင် အနီးအနားရှိ စက်သစ်ရပ်ကွက် နှင့် ဆည်မြောင်းအပိုင်းတွင်လည်း အပင်များလဲပြိုခြင်း နှင့် နေအိမ်များ အမိုးလန်ပျက်စီးမှုများရှိခဲ့ကြောင်း၊ လူထိခိုက်ဒဏ်ရာရမှုမရှိကြောင်း လူမှုကူညီရေးအဖွဲ့၀င်များ၏ ပြောကြားချက်အရ သိရသည်။
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီအဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းရှင်းလင်းလျက််ရှိကြောင်း သိရသည်။
Yangon_Times/PP
Photo - CJ
#Local_News
#YMG #Yangon_Times
Published_ 29 July 2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သီလဝါစက်မှုဇုန်ရှိ ချည်လုံးစက်ရုံတစ်ရုံတွင် ယနေ့ ဇူလိုင်လ ၂၉ ရက် နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ နံနက် ၉ နာရီ ၃၀ မိိနစ်အချိန်ခန့်တွင် သီလဝါစက်မှုဇုန်ရှိ ကနောင်မင်းသားကြီးလမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ပိုင်းခရိုင်မီးသတ်စခန်း၊သန်လျင်မြို့နယ်မီးသတ်စခန်း၊ကျောက်တန်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ ၁၀ နာရီ ၈ မိနစ်တွင် မီးထိန်းပြီး ၁၀ နာရီ ၁၉ မိနစ်၌ မီးငြိမ်းသွားကြောင်း သိရသည်။
လက်ရှိအချိန်တွင် မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon _Times/PP
#Local_News
#YMG #Yangon_Times
Page 1135 of 2001