#Local_News
Published -27 October 2023

(၅၅၀၀) ကျော်အတွက်ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခုကို ရန်ကုန်တိုင်းတွင်လုပ်ကိုင်ခွင့်ပြုလိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှု ကော်မတီကသိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးတွင်   စက် မှုကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခုနှင့် ရာခိုင်နှုန်း ပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၆)ခုကို အတည်ပြုပေးခဲ့ကြောင်းသိရသည်။

 

အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ ဖိနပ်အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်း ( ၁၀၀% ပြည်တွင်းရောင်းချခြင်း) လုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်း၊ ဟင်းသီးဟင်းရွက် များနှင့် သစ်သီးဝလံများအား အေးခဲ၍ ထုပ်ပိုးတင်ပို့ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် နားကြပ်နှင့် ဆက်စပ်ပစ္စည်း အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ စက္ကူကို အခြေခံ၍ ပါကင်ဗူးနှင့် တံဆိပ်အမျိုးမျိုးထုတ်လုပ်ပြီး ပြည်တွင်းသို့ (၁၀၀%) ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် အရည်အသွေးမြှင့် Poly Resin အား အခြေခံ၍ အရည်အသွေးမြှင့် Poly Resin, Cold Cast Bronze, Pewter ကြွေထည်ရုပ်ထုများနှင့် ပန်းပုရုပ်ထုများ ထုတ်လုပ်ခြင်းလုပ်ငန်းတို့ ဖြစ်ကြောင်းသိရသည်။

 

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ ကျပ် (၄,၅၅၂.၃၂၅)သန်းနှင့် အမေရိကန် ဒေါ်လာ (၆.၂၃၆)သန်း ဖြစ်ကြောင်း သိရသည်။

 

#Local_News #အလုပ်အကိုင်အခွင့်အလမ်း #ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၈ခု #Yangon_Times/Pp