#Local_News
Published-27 October 2023


ကြည့်မြင်တိုင်တွင် YBS၂-စီးနှင့် ကွန်တိန်နာကားဝင်တိုက်မှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃-ဦးရှိခဲ့ သည့်အနက် ၁-ဦးမှာ စိုးရိမ်ရကြောင်း ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်းက သိရသည်။

 

ယနေ့ အောက်တိုဘာလ (၂၇)ရက် နံနက် ၉ နာရီကျော်အချိန်ကYBS၂-စီး တိုက်မိစဉ် လွတ်နေသည့် နေရာ ကြားထဲသို့ ကွန်တိန်နာကားက ဝင်တိုး၍ ထပ်မံတိုက်မိမှုဖြစ်ပွားခဲ့သောကြောင့်YBS ကားပေါ်မှ ခရီးသည် ၃- ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ၁-ဦးမှာ စိုးရိမ်ရကြောင်း ရောင်စဉ်မဲ့လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူက ပြောသည်။

 

"အမျိုးသားတစ်ယောက်၊ အမျိုးသမီး နှစ်ယောက် ဒဏ်ရာရတယ်။ အမျိုးသား တစ်ယောက်က စိုးရိမ်ရတယ် လို့သိရပါတယ်။အမျိုးသမီး ၂ယောက် မှာ ၁ ယောက်က ခါးထိတယ်၊ နောက်တစ်ယောက်က ခေါင်းထိတယ်"ဟု ယင်းကဆိုသည်။

 

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်မှထိခိုက်ဒဏ်ရာရရှိသူ ၃-ဦးကို ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းက မြေပြင်ကုသမှုပေးပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#Local_News #YBS၂-စီးနှင့်ကွန်တိန်နာဝင်တိုက်မှုဖြစ် #ဒဏ်ရာရရှိသူ ၃-ဦး #Yangon_Times/PP