Published 1 November 2023

     ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်း မြို့နယ် ရှိ မြေနီကုန်း  တံတားပေါ်မှ ခုန်ချရန်ကြိုးစားသည့် အမျိုးသမီး ငယ်ကိူ ဌာနဆိုင်ရာနှင့် ပရဟိတ အသင်းများက အချိန်မှီ ကယ်တင် နိုင်ခဲ့ကြောင်း သိရသည်။

  အောက်တိုဘာ ၃၁ရက် ည ၁၀နာရီ ၂၀မိနစ် ခန့် က မြေနီကုန်းတံတားပေါ် မြို့ထဲဘက်အဆင်း တံတားလက်ရန်း ဓါတ်မီး တိုင် ကို ကိုင်ပြီး အမျိုးသမီးတစ်ဦး ခုန်ချရန် ကြံစည် နေကြောင်း သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ် အရန်မီးသတ်ဖွဲ့ အပါအဝင် ဌာန ဆိုင်ရာ များ ပရဟိတ အသင်းများကသွားရောက် ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

"" သူက တံတားလက်ရန်းပေါ်တတ်ပြီး ဓါတ်မီးတိုင်ကိုကိုင်ထားတယ်  စမ်းချောင်းအရံမီးသတ်တပ်ဖွဲ့က အကိုတစ်ဦးက အားပေးနှစ်သိမ့်စကားပြောပြီးသူ့အနားကို တဖြေးဖြေး ချဉ်းကပ်သွားတယ် လက်ကိုဆွဲပြီး တော့ ဝိုင်းပြီး တံတားလက်ရန်းပေါ်ကနေ အောက်ကို ချ အချိန်မှီကယ်တင်နိုင်ခဲ့ပါတယ်""ဟု ပရဟိတအသင်းမှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

 အဆိုပါ အမျိုးသမီး ငယ်သည် အသက်၂၄နှစ်ခန့် ရှိပြီး မှော်ဘီမြို့နယ် မှ ဖြစ်ကာ မိသားစုကိစ္စကြောင့် ယခုကဲ့သို့ ပြုလုပ်ခြင်း ဖြစ်ကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published -1 Nov 2023
#YMG #Yangon_Times #Yangon_Media_Group