Published_ 03 November 2023

ရန်ကုန်တိုင်းအတွင်း၌ ဆောင်းပဲမျိုးစုံ လျာထားချက် ဧကလေးသိန်းကျော်တွင် ပဲတီစိမ်းဧက သုံးသိန်းကျော်ဖြင့် အများဆုံးစိုက်ပျိုးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

ထိုသို့စိုက်ပျိုးရာတွင် ဆောင်းပဲမျိုးစုံ စုစုပေါင်းဧက ၄၁၄,၈၀၃အထိစိုက်ပျိုးရန်လျာထားရာပဲတီစိမ်းဧက၃၆၁,၃၅၇ဖြင့်အများဆုံးစိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။

ပဲတီစိမ်းကို သန်လျင်ခရိုင်အတွင်း ပါဝင်သည့် သုံးခွမြို့နယ်၌ ၁၃၀,၁၈၃ဧက၊ခရမ်းမြို့နယ်၌ ၁၀၁,၆၄၃ ဧက၊ ကျောက်တန်းမြို့နယ်၌ ၄၈,၇၈၇ဧက၊ တံတားမြို့နယ်၌ ၃၂,၀၈၂ဧက စသည်ဖြင့် သန်လျင်ခရိုင်တွင် အများဆုံးစိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင်ပဲတီစိမ်းကို လှည်းကူးခရိုင်၌ ၃၉၉၇ဧက၊မှော်ဘီခရိုင်၌ ၅၀၂ဧက၊တွံတေးခရိုင်၌ ၈၄ဧကဖြင့် အသီးသီး စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူဆောင်းပဲမျိုးစုံစိုက်ပျိုးရာတွင်မတ်ပဲ၊ပဲလွန်း၊ပဲဖြူလေး၊ဘိုကိတ်ပဲ၊ပဲပုတ်အပါအဝင်အခြားပဲများဧကစုစု‌ပေါင်း၅၃,၄၄၆ဧကကိုစိုက်ပျိုးရန်လျာထားကြောင်း၊ဆောင်းပဲမျိုးစုံအားမိုးရွာသွန်းမှုကုန်ဆုံးချိန်နောက်ကျခြင်းနှင့်စောခြင်းပေါ်မူတည်၍အောက်တိုဘာနှင့်နိုဝင်ဘာစသည့်လများ၌စတင်စိုက်ပျိုးလေ့ရှိကာအပင်သက်တမ်းများမှာသုံးလကြာမြင့်လေ့ရှိကြောင်းသိရသည်။
#Yangon_Times/NN
#Local_News
#Published_ 03 November 2023
#YMG #Yangon_Times #Yangon_Media_Group