ကမ္ဘာပေါ်တွင် လစ်သီယံအိုင်းယွန်းဘက်ထရီအများဆုံး အခြေချထုတ်လုပ်ရာ တရုတ်ပြည်မှမြို့တစ်မြို့
တရုတ်ပြည်ဖူကျန့်ပြည်နယ်ရှိ နင်ဒါမြိုဟာ စီးပွားရေးနောက်ကျတဲ့မြိုလေးကနေ အခုဆိုရင် လစ်သီယံအိုင်းယွန်းဘက်ထရီထုတ်လုပ်ရာ ကမ္ဘာ့အကြီးဆုံးထုတ်လုပ်ရေးအခြေစိုက် ဖြစ်လာပါတယ်။
#Asia_Development
#Published_ 28 June 2023
#YMG #Yangon_Time
နတ်လှောင်ကျောင်းအပါအဝင် ပုဂံဘုရား(၅)ဆူကို အိန္ဒိယပညာရှင်များ ထိန်းသိမ်းမည်
‘အိန္ဒိယASIအဖွဲနဲ့ပူးပေါင်းပြီး ဘုရားအမှတ်၂၂၅ ၊၂၃၅ ၊၁၆၀၀ ၊၂၀၁၁ နှင့်၂၀၁၃ တို့မှာ အဆောက်အအုံပိုင်းပြုပြင်ထိန်းသိမ်းတာ ၊နံရံပန်းချီထိန်းသိမ်းတာ ၊ အင်္ဂတေပန်းတော့လက်ရာတွေ ကြံ့ခိုင်အောင် ထိန်းသိမ်းဆောင်ရွက်ဖို့ရှိတယ်’ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)
tthl/Yangon_Time
#Local_News
#Published_ 28 June 2023
#YMG #Yangon_Time
အခြေခံပညာကျောင်းတွေမှာ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်
ပညာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး၊ ရေစည် ရေကန်တွေအတွင်း အဘိတ်ဆေးခတ်
YMG/ myn
#Local_News
#Published_ 28 June 2023
#YMG #Yangon_Time
ပုသိမ်ကြီးမြို့နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲရာမှ သေဆုံးခဲ့သည်ဟုယူဆရသော အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ
မူးယစ်ဆေးဝါးထိုးသွင်းထားတယ်လို့ မှတ်ယူရတဲ့ အပ်ပေါက်ရာအပြင် ပါးစပ်ကလည်း အမြှုပ်အချို့ထွက်ကျ
YMG/ myn
#Local_News
#Published_ 28 June 2023
#YMG #Yangon_Time
လာမည့် ဇူလိုင်လအတွင်း လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်ပေါ်ပြီး အားကောင်းသော မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်လာနိုင်
အနောက်တောင်မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ အားအသင့်အတင့်ကနေ အားကောင်းနိုင်
YMG/ my
#Local_News
#Published_ 28 June 2023
#YMG #Yangon_Time
#Daily_News
Published_ 28 June 2023
၁။ သီတင်းကျွတ်ကာလတွင် ထိုင်းခရီးသွားများ ဘုရားဖူးခရီးစဉ် လာရောက်အောင် ကြိုတင်ပြင်ဆင်ထားသင့်ဟုဆို
ဦးနောင်းနောင်းဟန်(မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌ)
၂။ လာမည့် ဇူလိုင်လအတွင်း လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်ပေါပြီး အားကောင်းသော မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်လာနိုင်
၃။ ပုသိမ်ကြီးမြို့နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲရာမှ သေဆုံးခဲ့သည်ဟု ယူဆရသော အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ
၄။ ကမ္ဘာပေါ်တွင် လစ်သီယံအိုင်းယွန်းဘက်ထရီ အများဆုံးအခြေချထုတ်လုပ်ရာ တရုတ်ပြည်မှမြို့တစ်မြို့ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
သီတင်းကျွတ်ကာလ ထိုင်းခရီးသွားများဝင်အောင်ဆောင်ရွက်သင့်
‘သီတင်းကျွတ်မှာ ထိုင်းခရီးသွားတွေ မြန်မာနိုင်ငံကို ဘုရားဖူးခရီးစဉ်တွေလာအောင် လုံခြုံရေးပိုင်း၊ဝန်ဆောင်မှုအပိုင်းတွေ ကြိုတင်ပြင်ဆင်ထားသင့်တယ်’ဦးနောင်းနောင်းဟန်(မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌ)
tthl/Yangon_Time
#Local_News
#Published_ 28 June 2023
#YMG #Yangon_Time
Published_ 28 June2023
ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီးတွင် ဇွန်လ ၂၇ ရက် ညသန်းခေါင်အချိန် ဇွန်လ ၂၈ ရက် နံနက် တစ်နာရီမထိုးမီအချိန်က ယာဥ်တိုက်မှုဖြစ်၍ အမျိုးသား၁ဦးသေဆုံး၍ ၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကသိရသည်။
ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၁၃/၅)တွင် ရန်ကုန် မှ နေပြည်တော်သို့ မောင်းနှင်လာသော Nissan Vanette အမျိုးအစား (ခဲရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ထန်းပင်အား ဝင်ရောက်တိုက် မိမှုဖြစ်ပွားကြောင်းသတင်း မီးသတ်တပ်ဖွဲ့ကထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဉ်ကြောင့် အမျိုးသား (၂)ဦးအနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)၊ ကျား(၁)ဦး (သေဆုံး)ခဲ့ပြီး ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဥ်နေရာသို့(၁၁၅)မိုင်အမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး နံနက် ၁နာရီ၃၀မိနစ်တွင် ပြီးစီးခဲ့ကြောင်းသိရသည်။
#Yangon-Times/BM
#Local_News
#YMG #Yangon_Time
Published_ 27 June 2023
ပြီးခဲ့တဲ့ရက်သတ္တပတ်က ပုန်ကန်မှုပြုလုပ်ခဲ့တဲ့ ဝက်ဂ်နာအဖွဲ့ရဲ့ခေါင်းဆောင်တွေကို ရုရှားသမ္မတ'ဗလာဒီမာပူတင်'က စွပ်စွဲလိုက်ကာ ရုရှားနိုင်ငံသွေးထွက်သံယိုဖြစ်တာကို မြင်ချင်နေကြတယ်လို့ ဆိုလိုက်ပါတယ်။
မိန့်ခွန်းတိုပြောကြားရာမှာ မစ္စတာပူတင်က ပုန်ကန်မှုစီစဉ်သူများကို တရားမျှတအောင်စီရင်မယ်လို့ ကတိပြုပြောကြားလိုက်ပါတယ်။
ဘီလာရုစ်သို့သွားရာတပ်ဖွဲ့ ဒါမှမဟုတ် အိမ်ပြန်မယ့်တပ်ဖွဲ့မျိုးချစ်ဝက်ဂ်နာများကိုတော့ ပူတင်က ခေါ်ယူခဲ့ပါတယ်။
ပူတင်အစိုးရကို တွန်းလှန်ရန်ကြိုးပမ်းနေတယ်ဆိုတာကို ငြင်းဆန်ခဲ့တဲ့ ဝက်ဂ်နာခေါင်းဆောင်'ယိဗ်ဂျနီပရီဂိုဇင်'ရဲ့နာမည်ကိုတော့ တိုက်ရိုက်ပြောကြားခြင်း မရှိပါဘူး။
ဝက်ဂ်နာတပ်ဖွဲ့ဟာ ယူကရိန်းနယ်မြေအတွင်း ရုရှားစစ်တပ်နဲ့အတူ တိုက်ခိုက်ပေးနေတဲ့ ကြေးစားသီးသန့်တပ်ဖွဲ့ဖြစ်ပါတယ်။
စစ်ရေးယာဉ်များစီတန်းပြီး ရုရှားအဓိကမြို့ကြီးကို ဝက်ဂ်နာကသိမ်းယူကာ မော်စကိုမြောက်ဘက်ဆီသို့ ချီတက်သွားတဲ့ပုန်ကုန်မှုကြောင့် ရုရှားအစိုးရက ဝက်ဂ်နာကိုတိုက်ရိုက်ထိန်းချုပ်ရန် စီစဉ်လာတာဖြစ်ကြောင်း ပရီဂိုဇင်က တနင်္လာနေ့မှာ တယ်လီဂရမ်ကနေ ၁၁ မိနစ်ကြာအသံလွှင့်ခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲအတွင်း ကာကွယ်ရေးအရာရှိများပြုလုပ်ခဲ့တဲ့ အမှားတွေကို ဆန္ဒပြချင်တဲ့အတွက်လည်း ပုန်ကန်ခဲ့တာဖြစ်ကြောင်း ဝက်ဂ်နာခေါင်းဆောင်ကဆိုပါတယ်။
ဒါပေမဲ့ဝက်ဂ်နာဟာ ရုရှားအကျိုးစီးပွားဖြစ်ထွန်းဖို့ပဲ အမြဲတမ်းလုပ်ဆောင်ခဲ့ကြောင်း အခိုင်အမာဆိုလိုက်ပါတယ်။
ပုန်ကန်မှုကိုရပ်တန့်ရန် သဘောတူညီကာ သူ့အပေါ်စွပ်စွဲချက်တွေအားလုံး ပယ်ဖျက်လိုက်ပြီး ဘီလာရုစ်သို့သွားရမယ်လို့ ရုရှားမီဒီယာကဖော်ပြခဲ့ပေမယ့် စုံစမ်းစစ်ဆေးခံနေရဆဲလို့ သိရပါတယ်။
ရုရှားစစ်သားတွေရဲ့သွေးတွေ ဆက်ပြီးမကျရအောင် ပုန်ကန်မှုကိုအဆုံးသတ်လိုက်တယ်လို့ ဆိုခဲ့တာကို ရုရှားအရပ်သားအချို့က စိတ်ပျက်နေကြပါတယ်။
သမ္မတပြောကြားချက်မှာတော့ ပုန်ကန်ခြင်းကိုစီစဉ်သူတွေဟာ နိုင်ငံနဲ့ပြည်သူတွေကို သစ္စာဖောက်ရာကျပြီး ရုရှားရန်သူတွေအစား သွေးမြေကျအောင် ပြုလုပ်နေတာဖြစ်ကြောင်း သိရပါတယ်။
ရုရှားတွေ တစ်ဖက်နဲ့တစ်ဖက်သတ်ဖြတ်တာကို အနောက်တိုင်းက အလိုရှိနေတယ်လို့လည်း စွပ်စွဲခဲ့ပေမယ့် အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'က ဝက်ဂ်နာပုန်ကန်မှုထဲမှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ပူတင်ရဲ့ပြောကြားချက်ထဲမှာ ပုန်ကန်မှုအစပိုင်းကတည်းက အသေအကြေမများပြားအောင် ဆောင်ရွက်ခဲ့ကြောင်း၊ ပုန်ကန်မှုခေါင်းဆောင်များလည်း သူတို့ရဲ့လုပ်ရပ်တွေက ပြစ်မှုမြောက်တယ်ဆိုတာကို သိရှိသွားပြီဖြစ်ကြောင်း ဆိုပါတယ်။
ဝက်ဂ်နာအဖွဲ့ဝင်တွေကို ထွက်ပေါက်ပေးတဲ့အနေနဲ့ ပူတင်က ဘီလာရုစ်သို့သွားရောက်ဖို့ အခွင့်အရေးပေးတာ ဖြစ်နိုင်ပါတယ်။
ဝက်ဂ်နာအဖွဲ့နဲ့ ရုရှားစစ်ရေးခေါင်းဆောင်ပိုင်းကြား တင်းမာမှုများ လနဲ့ချီရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ပုန်ကန်မှုဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။
Source: BBC
#World_Military
#ပုန်ကန်မှုဆင်နွှဲခဲ့ #ကြေးစားအဖွဲ့ခေါင်းဆောင်များ #တရားရေးအရစီရင်မည်ဟုပူတင်ပြော
#YMG #Yangon_Time
Published_ 28 June 2023
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ပြောင်းလဲရေးမှာ ဝါးပင်ရဲ့အသုံးဝင်နိုင်ပုံအလားအလာကို ဟန်ဂေရီစိုက်ပျိုးရေးနှင့်သိပ္ပံတက္ကသိုလ်မှ သုတေသနပြုခဲ့ပါတယ်။
ရာသီဥတုဖောက်ပြန်မှုကို တိုက်ဖျက်ရန် အရေးကြီးရင်းမြစ်များရှာဖွေနေရာမှာ အဆိုပါဝါးပင်တွေက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် အပြောင်းအလဲကြီး ဖြစ်လာနိုင်ပါတယ်။
ဝါးပင်မှာ လျင်မြန်စွာပြန်လည်ပြည့်ဖြိုးနိုင်တဲ့ အရည်အသွေးရှိပြီး အံ့ဩဖွယ်ရာများစွာရှိပါတယ်။
ဒါ့အပြင် ထူးခြားအရည်အသွေးများရှိတဲ့ သဘာဝအရင်းအမြစ်လည်း ဖြစ်နေပါတယ်။
သူ့ရဲ့ကြီးထွားမှုနှုန်းက အခြားအပင်အများစုထက် သာလွန်နေပါတယ်။
ကာဗွန်ဒိုင်အောက်ဆိုက်ကို အလွန်စုပ်ယူနိုင်ပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို သိသိသာသာလျှော့ချပေးကာ ရာသီဥတုဖောက်ပြန်မှုကိုတိုက်ဖျက်ရာမှာ အရေးပါလာနိုင်ပါတယ်။
အောက်ဆီဂျင်အမြောက်အများလည်း ထုတ်လုပ်ပေးကာ ကမ္ဘာဂြိုဟ်ရဲ့လေထုကို ပြန်လည်လတ်ဆတ်စေပါတယ်။
ဒီလိုအရည်အချင်းတွေကြောင့် ဝါးပင်ဟာ ပိုမိုသန့်စင်ပြီး တည်တံ့စွမ်းအင်ရင်းမြစ်များရရှိရန် နည်းလမ်းဖြစ်လာစေနိုင်ပါတယ်။
ဝါးပင်အစိမ်းလိုက်ကို အချဉ်ဖောက်ခြင်း၊ အပူချိန်အမြင့်ဖြင့်ဖြိုခွဲခြင်းတို့ဖြင့် ဇီဝစွမ်းအင်များဖြစ်တဲ့ ဇီဝအီသနောလ်နဲ့ ဇီဝဓာတ်ငွေ့တို့အဖြစ် ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။
ဝါးရဲ့ဇီဝစွမ်းအင်အလားအလာကို အသုံးချဖို့အတွက်က ရိုးရှင်းတဲ့လမ်းစဉ်မဟုတ်ဘဲ အထိရောက်ဆုံးစွမ်းအင်ထုတ်လုပ်နိုင်အောင် မှန်ကန်တဲ့ဝါးမျိုးစိတ်တွေကို ရွေးချယ်ဖို့ကလည်း အရေးကြီးပါတယ်။
ဝါးအမျိုးအစားအမျိုးမျိုးနဲ့ ပုံသဏ္ဍာန်လက္ခဏာများကို သုတေသနလုပ်ခဲ့ကြပါတယ်။
ဝါးပင်ရဲ့ဇီဝစွမ်းအင်ကို အထိရောက်ဆုံးအသုံးချနိုင်ဖို့ သုံးသပ်ချက်တွေကိုလည်း စာတမ်းပြုစုသူများက ဖော်ပြထားကြပါတယ်။
ဝါးရဲ့အကျိုးကျေးဇူးတွေ အမြင့်မားဆုံးအသုံးချနိုင်ရန်အတွက် ဝါးမျိုစိတ်တစ်ခုချင်းစီကို အသင့်လျော်ဆုံးဇီဝစွမ်းအင် ထုတ်လုပ်ခြင်းနည်းလမ်းဖြင့် တွဲလျက်အသုံးချဖို့ပဲဖြစ်ပါတယ်။
Source: WION
#World_Science
#ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် #ထုတ်လုပ်ရေး #အပြောင်းအလဲကြီးဖြစ်လာနိုင်သည့်ဝါးပင်
#YMG #Yangon_Time
Published_ 27 June 2023
ကျန်းမာရေးဝန်ကြီးဌာန၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်)သို့ စုစုပေါင်း ယန်း ၉၁၃,၁၅၀/- တန်ဖိုးရှိ ဆေးဝါးဆိုင်ရာ ထောက်ပံ့ပစ္စည်း (၂၅) မျိုးကို Japan Medical and Dental Network (JMDN) အဖွဲ့၏ Executive Director ဖြစ်သူ Dr. Nagato Natsume မှ ဇွန်လ၂၆ရက်က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် ဆေးဝါးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ တိုကျိုမြို့၊ မြန်မာသံရုံးတွင် ကျင်းပခဲ့ရာ သံအမတ်ကြီး ဦးစိုးဟန်က လှူဒါန်းပစ္စည်းများကို လက်ခံခဲ့ကြောင်း သံရုံးကထုတ်ပြန်ထားသည်။
JMDN အဖွဲ့သည် ယခင်ကလည်း ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများအား မြန်မာနိုင်ငံသို့ စေလွှတ်ပြီး နှုတ်ခမ်းကွဲနှင့် မွေးရာပါ အာခေါင်ကွဲ လူနာများ အား အခမဲ့ ခွဲစိတ်ကုသပေးခြင်း၊ Japan Cleft Palate Foundation ( JCPF ) နှင့် ပူးပေါင်း၍ သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါများအား ကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး၊ ဂျပန်နိုင်ငံရှိ မြန်မာလူမှုအသိုက်အဝန်းနှင့် မြန်မာနိုင်ငံရှိ ကျောင်းများအတွက် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် ပတ်သက်သည့် ကျန်းမာရေး ပညာပေးစာအုပ်များ (မြန်မာဘာသာဖြင့်) ကို မြန်မာသံရုံးမှတစ်ဆင့် လှူဒါန်းခဲ့ကြောင်းသိရသည်။
ထို့နောက် သံအမတ်ကြီး ဦးစိုးဟန် က သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်သို့ ဆေးဝါးဆိုင်ရာ ထောက်ပံ့ပစ္စည်းများ လှူဒါန်းခြင်း၊ နှုတ်ခမ်းကွဲနှင့် မွေးရာပါ အာခေါင်ကွဲ လူနာများအား အခမဲ့ခွဲစိတ်ပေးခြင်းနှင့် မြန်မာလူမှုအသိုက်အဝန်းနှင့် မြန်မာနိုင်ငံရှိ ကျောင်းများအတွက် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် ပတ်သက်သည့် ကျန်းမာရေးပညာပေးစာအုပ် လှူဒါန်းခြင်းအတွက် မြန်မာနိုင်ငံအစိုးရကိုယ်စား၊ JMDN အဖွဲ့မှ Executive Director ဖြစ်သူ Mr. Nagato Natsume အား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီးလှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။
#Yangon-Times/BM
#Local_News
#YMG #Yangon_Time
ဂီတသမားများစုစည်းပြီးမြန်မာနိုင်ငံဂီတနေ့ကျင်းပ
‘မြန်မာနိုင်ငံ ဂီတနေ့အခမ်းအနားကို ကျင်းပလာတာဟာ အခုဆိုရင်(၁၀)နှစ်ရှိပြီ။ မိုခါမုန်တိုင်းဘေး သင့်သူတွေအတွက် အနုပညာအင်အားတွေစုစည်းပြီး ရံပုံငွေဖျော်ဖြေပွဲနဲ့ ရံပုံငွေဘောလုံးပွဲတွေကို ဦးစားပေးခဲ့လို့ မြန်မာနိုင်ငံဂီတနေ့ကို အကျဉ်းချုံးပြီးတော့ပဲ ကျင်းပဖြစ်ပါတယ်’ မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဌဦးလွင်မြင့်
#Yangon_Time / tthl
#Local_News
#Published_ 27 June 2023
#မြန်မာနိုင်ငံဂီတနေ့ #အခမ်းအနားကျင်းပ
#YMG #Yangon_Time
Page 950 of 1774