#World_Politics
Published 06 December 2023
ပြိုင်ဘက် ရီပတ်ဘလစ်ကန် နိုင်ငံရေးသမား ဒေါ်နယ်ထရမ့်အနေနဲ့ လာမယ့်နှစ် ရွေးကောက်ပွဲမှာ ထပ်မံယှဥ်ပြိုင်ခြင်းမရှိပါက အမေရိကန် လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်ကလည်း ထပ်မံယှဥ်ပြိုင်ရန် မသေချာဘူးလို့ အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။
‘’ထရမ့် ပါဝင်ခြင်းမရှိဘူးဆိုရင် ကျွန်တော်လည်း ပါဝင်ဖို့ မသေချာပါဘူး။ ဒါပေမဲ့ သူ့ကိုတော့ အနိုင်ရခွင့် မပေးနိုင်ဘူး’’ လို့ အသက် ၈၁ နှစ်ရှိ ဒီမိုကရက်နိုင်ငံရေးသမား ဘိုင်ဒင်က မာဆာချူဆက်စ် ဝက်စ်တန်မှာပြုလုပ်တဲ့ ၂၀၂၄ ရွေးကောက်ပွဲအတွက် ရန်ပုံငွေပွဲမှာ ပြောကြားသွားပါတယ်။
နှစ်ကြိမ်တိုင် စွဲချက်တင်ခံရတဲ့ သမ္မတဟောင်းထရမ့်သာ အာဏာပြန်ရပါက အမေရိကန်ပြည်ထောင်စုဟာ အာဏာရှင်စနစ်လက်ထဲ ရောက်မှန်းမသိ ရောက်ရှိသွားလိမ့်မယ်လို့ ရီပတ်ဘလစ်ကန် ဥပဒေပြုအမတ်ဟောင်း လစ်ဇ်ချနေးက တနင်္ဂနွေနေ့က ပြောကြားခဲ့တာကို ဘိုင်ဒင်က မြှောက်ပင့်ပြောဆိုသွားပါတယ်။
ထရမ့်သာ ဒုတိယအကြိမ် အာဏာရလာပါက ဖြစ်ပေါ်လာနိုင်တဲ့ ခြိမ်းခြောက်မှုများအကြောင်း Atlantic မဂ္ဂဇင်း၊ Washington Post ၊ New York Times သတင်းဌာနတို့က မကြာသေးမီရက်များအတွင်း ဖော်ပြခဲ့ကြပါတယ်။
ထရမ့်က စည်းရုံးရေးပွဲတွေမှာ သူ့ရဲ့ပြိုင်ဘက်တွေကို ပြည်မွှားများလို့ အလွန်အကြူး သုံးနှုံးခေါ်ဝေါ်ခဲ့ခြင်းကို ဘိုင်ဒင်က ထောက်ပြလိုက်ကာ ဒါဟာ ၁၉၃၀ ခုနှစ်ဝန်းကျင်က ဟစ်တလာရဲ့ နာဇီတွေ ကြီးစိုးချိန် အသုံးပြုခဲ့တဲ့ အခေါ်အဝေါ်ဖြစ်တယ်လို့ ဆိုခဲ့ကာ ထရမ့်က သူဘာလုပ်မလဲဆိုတာကို ဖုံးကွယ်မနေနိုင်လောက်အောင် ဖြစ်နေပြီလို့ ပြောပြသွားပါတယ်။
၂၀၂၀ ခုနှစ်က ထရမ့်ကိုအနိုင်ရခဲ့တဲ့ ဘိုင်ဒင်ဟာ လာမယ့်နှစ် ရွေးကောက်ပွဲမှာ အမေရိကန်ရဲ့ ဒီမိုကရေစီကို ကာကွယ်သွားမယ်လို့ သူ့ကိုယ်သူ ဖော်ပြနေပါတယ်။
ထရမ့်ကတော့ ရာဇဝတ်စစ်ဆေးမှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် စစ်တမ်းကောက်ယူချက်တွေမှာ အနည်းငယ် အသာရနေပါတယ်။
ဘိုင်ဒင်ရဲ့အသက်အရွယ်က မဲဆန္ဒပေးသူများကြား စဥ်းစားစရာဖြစ်နေပြီး ကိုယ်စားလှယ်လောင်းအသစ် တစ်ယောက်ကို နေရာပေးဖို့ အချို့ဒီမိုကရက်တွေက တောင်းဆိုနေကြပါတယ်။
#World_Politics #ထရမ့်သာရွေးကောက်ပွဲထပ်မပြိုင် #သမ္မတဘိုင်ဒင် #Source: NDTV
#Local_News
Published 6 December 2023
ကိုရီးယားရောက် မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး ပြုလုပ်ရန်အတွက် ရက်ချိန်းယူမှုကို လူကိုယ်တိုင်လာရောက်ယူရမည်ဖြစ်ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး(ဆိုလ်းမြို) ထုတ်ပြန်ချက်အရ သိရသည်။
ယခင်က နိုင်ငံကူးလက်မှတ်သက်တမ်းတိုးအတွက် ကြိုတင်ရက်ချိန်းယူရာမှာ တယ်လီဖုန်းဖြင့် ရက်ချိန်းယူခွင့်ပြုခဲ့ပေမယ့်လာမည့် ဒီဇင်ဘာ ၂၇ ရက်ကစပြီး လူကိုယ်တိုင် လာယူရမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာသံရုံး ဆိုလ်းမြို့တွင် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့များတွင် မွန်းလွဲ ၂နာရီမှ ၄နာရီ အတွင်း နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်မည့် သူကိုယ်တိုင်နိုင်ငံကူးလက်မှတ်စာအုပ်၊ IDကတ် မူရင်းနှင့်အတူလာရောက်ရန်နှင့် စာအုပ်ပါဓါတ်ပုံနှင့် ပြုလုပ်မည့်သူကိုတိုက်ဆိုင်စစ်ဆေးပြီးမှသာ ရက်ချိန်းတံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ နိုင်ငံကူးလက်မှတ်နှင့် ပြုလုပ်မည့် သူကိုတိုက်ဆိုင်စစ်ဆေးမည်ဖြစ်သောကြောင့် ကြိုတင်ရက်ချိန်း ယူမှု ကိုယ်တိုင်လာရောက်ရန် လိုအပ်ပြီး ရက်ချိန်းယူထားသူများကိုသာ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
တယ်လီဖုန်းဖြင့် ကြိုတင်ရက်ချိန်းယူထားသူများမှာ ဒီဇင်ဘာလကုန်အထိ ရက်ချိန်းပြည့်ပြီဖြစ်သောကြောင့် တယ်လီဖုန်းဖြင့် ရက်ချိန်းယူမှု ကို ဒီဇင်ဘာ ၆ရက်အထိသာ လက်ခံပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။
#Local_News #နိုင်ငံကူးလက်မှတ်သက်တမ်းတိုး #ကိုရီးယားရောက်မြန်မာ #YMG/LW #Yangon_Times
#World_Health
Published 06 December 2023
လည်ပင်းကြွက်သားများနဲ့ ခေါင်းကိုက်ခြင်းတို့ ဆက်စပ်နေပုံ အထောက်အထားများကို သုတေသီများ ရှာဖွေတွေ့ရှိခဲ့ကာ ခေါင်းကိုက်ခြင်းဖြစ်ရတဲ့ အမျိုးမျိုးသော အကြောင်းအရင်းတွေကိုတော့ တိတိကျကျ ထောက်ပြဖို့ ခက်ခဲနေပါတယ်။
ခေါင်းကိုက်ခြင်းဖြစ်ရတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ ဖိအားများခြင်းနဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းတို့ကို လေ့လာခဲ့ပေမယ့် ယခုလေ့လာချက်မှာတော့ လည်ပင်းကြွက်သားများ ပါဝင်နေတာကို တွေ့ရှိခဲ့ပါတယ်။
ဖိအားများခြင်းကြောင့် ခေါင်းကိုက်ရခြင်းဟာ ခေါင်းနှစ်ခြမ်းစလုံးမှာ နာကျင်ကိုက်ခဲရကာ ခေါင်းထဲမှာ တင်းကြပ်နေသလို ခံစားရတာ ဖြစ်ပါတယ်။
ခေါင်းတစ်ခြမ်းကိုက်ခြင်းကတော့ ကမ္ဘာတဝှမ်းမှာ လူသန်းပေါင်းများစွာ ခံစားနေရပြီး မူးဝေခြင်း၊ အားနည်းခြင်း၊ အလင်းရောင်အထိမခံနိုင်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
ယခုလေ့လာချက် မတိုင်ခင်အထိ ခေါင်းကိုက်ရတဲ့ အကြောင်းအရင်းတွေထဲမှာ ကြွက်သားများ တစ်ရှူးများ ရောင်ရမ်းတာနဲ့ ပတ်သက်ပြီး ဆက်စပ်မှုကို မတွေ့ရှိခဲ့ပါဘူး။
ဒေါက်တာဆိုးလ်မန်းရဲ့ စမ်းသပ်ချက်ထဲမှာ လူအယောက် ၅၀ ပါဝင်ခဲ့ပြီး ခေါင်းကိုက်ခြင်းဖြစ်ရတဲ့ အဓိကအကြောင်းအရင်းထဲက ထရာပီးဇီးယပ်စ်ကြွက်သား ပါဝင်ပုံကို လေ့လာရန် ရည်ရွယ်ခဲ့ပါတယ်။
ခေါင်းကိုက်ခြင်း ၂ မျိုးစလုံးမှာ အမြင့်ဆုံးကြွက်သား T2 ပါဝင်တာကို တွေ့ရှိခဲ့ကြပြီး ခေါင်းကိုက်ရတဲ့ နေ့ရက်တွေနဲ့ လည်ပင်းနာကျင်ကိုက်ခဲရတဲ့ ဆက်စပ်မှုတွေကို တွေ့ရှိခဲ့ကြပါတယ်။
အာရုံကြောစနစ်ကနေ ရောင်ရမ်းခြင်းနဲ့ လည်ပင်ကြွက်သား တစ်ရှူးများအတွင်း အာရုံကြောအမျှင်များ အထိမခံနိုင်ဖြစ်ခြင်းတို့ကို တွေ့ရှိခဲ့ကြပါတယ်။
T2 ကြွက်သားများကို လူနာတွေမှာ ခေါင်းကိုက်ခြင်းနဲ့ ကုသမှုစောင့်ကြည့်ခြင်းတို့မှာ အသုံးပြုသွားဖို့ကို ဒေါက်တာက အလေးပေး ဖော်ပြသွားပါတယ်။
တွေ့ရှိချက်တွေက ခေါင်းကိုက်ခြင်းရဲ့ ဇီဝကမ္မဖြစ်စဥ်တွေမှာ လည်ပင်းကြွက်သားများရဲ့ အခန်းကဏ္ဍများကို ဖော်ပြနေပြီး လည်ပင်းကြွက်သားများကို အာရုံစိုက်ကုသခြင်းဖြင့် ခေါင်းကိုက်ခြင်းနဲ့ လည်ပင်းကြွက်သား နာကျင်ခြင်းကိုပါ သက်သာစေနိုင်မှာ ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။
ဒီနည်းလမ်းဟာ ဆေးသုံးစွဲရမှုတွေကို အစားထိုးလာနိုင်ပြီး ကုသမှုစောင့်ကြည့်ရေးမှာ အဓိကထောက်တိုင် ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။
#World_Health #လည်ပင်းကြွက်သား #ခေါင်းကိုက်ဝေဒနာခံစားရ #Source: India Today
#Local_News
Published 06 December 2023
Drop Bomb များဖြင့် တိုက်ခိုက်ခံရသော စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာရှိ မင်္ဂလာဆောင်ပွဲတွင် အရပ်သား ၂ ဦး သေဆုံးကာ အသက် ၇ နှစ်အရွယ် ကလေး၂ ဦးအပါ ဒေသခံ ၁၃ ဦးဒဏ်ရာရခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်တွင် ရွှေဘိုမြို့နယ်၊ ပန်းရံ ကျေးရွာရှိ ဦးလင်းမောင်၏ နေအိမ်၌ မင်္ဂလာဆောင် ပွဲပြုလုပ်နေစဉ် မွန်းလွဲ ၃ နာရီခွဲခန့်အချိန် PDF က ၎င်းကျေးရွာ၏ တောင်ဘက် မီတာ ၃ဝဝဝ ခန့်အကွာရှိ ကျောက်မြင့် ကျေးရွာဘက်မှ နေ၍ Drone များအသုံးပြုကာ Drop Bomb ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဗုံးသီးကျ ရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့်မင်္ဂလာဆောင်သို့ ရောက်နေသည့် အရပ်သားဒေသခံ အမျိုးသမီး ၂ ဦးသေဆုံးပြီး အသက် ၇ နှစ်အရွယ် ကလေးငယ် နှစ်ဦးအပါအဝင် စုစုပေါင်း ၁၃ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ ဒဏ်ရာရရှိခဲ့သူများအား ရွှေဘိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးအတွက် လိုအပ် သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
#Local_News #Drop Bomb #အရပ်သား၂ဦးသေဆုံး #ဒေသခံ၁၃ဦးဒဏ်ရာရ #Yangon_Times/PP
#Local_News
Published 06 December 2023
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ်မြေခံ တပ်ရင်းကို တပ်မတော်စစ်ကြောင်းများက ပြန်လည် ထိန်းချုပ်သိမ်းပိုက်၍မြို့တွင်း လုံခြုံရေး ရယူထားကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါမြို့ကိုစနစ်တကျစုဖွဲ့လျက်ပြန်လည်တိုက်ခိုက်ခဲ့ပြီး KNLA နှင့် PDF တို့ ခေတ္တဝင်ရောက်နေရာယူထားသည့် နယ်မြေခံတပ်ရင်းကို တပ်မတော်စစ်ကြောင်းများက ပြန် လည် ထိန်းချုပ် သိမ်းပိုက်နိုင်ခဲ့ကာ မုန်းမြို့အတွင်း လုံခြုံရေးလုပ်ငန်းများ ဆက်လက်ရှင်းလင်း ဆောင်ရွက် လျက်ရှိ ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းကစ၍ မုန်းမြို့ရှိ နယ်မြေခံတပ်ရင်း ၁ ရင်းကို သာလွန် အင်အားဖြင့် အလစ် အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်ရင်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ ရဲမေများက စနစ်တကျ ပြန်လည် ခုခံတိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ ၄ ရက် မွန်းလွဲပိုင်းထိ ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တစ်ဖက်က အင်အား ထပ်မံဖြည့်တင်း၍ တိုက် ခိုက်လာသည့်အတွက် ညနေပိုင်းတွင် လုံခြုံရေးမိသားစုဝင်များ ဘေး အန္တရာယ် ကင်းရှင်းစေရေး သင့်လျော်သည့်နေရာ သို့ နည်းဗျူဟာအရ ခေတ္တ ဆုတ်ခွာခဲ့ရပြီး အဆိုပါ မိသားစုများကို လုံခြုံစိတ်ချရသည့်နေရာသို့ လေကြောင်း အကူအညီဖြင့် စနစ်တကျပြောင်းရွှေ့ပေးခြင်းများ ဆောင်ရွက်ခဲ့ရကြောင်း လည်း သိရသည်။
အဆိုပါနေရာသို့ တပ်မတော်စစ်ကူစစ်ကြောင်း များဖြည့် တင်း၍ လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများရ ယူကာ ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် စနစ်တကျစုဖွဲ့လျက်ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နှင့် အလောင်း၊ လက်နက် အချို့သိမ်းပိုက်ရရှိခဲ့ကြောင်း၎င်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါတိုက်ပွဲဖြစ်ပွား စဉ်အတွင်း ခေတ္တတိမ်းရှောင်စဉ် ထပ်မံထိတွေ့မှုဖြစ်ခဲ့သည့် အရာရှိ၊စစ်သည်အချို့နှင့် မြို့တွင်း နေ ရဲမေ အချို့တို့ ဖမ်းဆီးခြင်းခံရကာ အချို့အရာရှိ၊စစ်သည်၊ရဲမေများ ပြန်လည်လွတ်မြောက်ရေးအတွက်လည်း တပ်မတော်စစ်ကြောင်းများက လိုက်လံရှင်းလင်းလျက်ရှိကြောင်းလည်းသိရသည်။
ထို့အပြင် ဒီဇင်ဘာလ ၃ ရက် နံနက်ပိုင်းအဆိုပါနယ်မြေခံတပ်ရင်းကို တိုက်ခိုက်ချိန်နှင့် တစ်ပြိုင်တည်းတွင် အခြားနယ်မြေခံတပ်ရင်းကို အဝေးမှနှောင့်ယှက်ပစ်ခတ်၍လည်းကောင်း၊ ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ သံတံတားလုံခြုံရေးစခန်းကို ဝင်ရောက်တိုက်ခိုက်၍လည်းကောင်း၊ မြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်၍ လည်းကောင်း စစ်ကူမလာရောက်နိုင်စေရေး ထိန်းချုပ်နှောင့်ယှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသောကြောင့်ရာ မြို့တွင်း လုံခြုံ ရေးဆောင်ရွက်သည့် တပ်မတော်စစ်ကြောင်းနှင့် ထိတွေ့ခဲ့ကြောင်းလည်း သိရသည်။
#Local_News #မုန်းမြို့နယ်မြေခံတပ်ရင်း #ပြန်လည်ထိန်းချုပ်သိမ်းပိုက် #Yangon_Times/PP
#Local_News
Published 06 December 2023
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ်(၂)ရန်ကုန်နှင့် ဂျပန် နိုင်ငံ Niigata University တို့အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုး ခဲ့ကြကြောင်း သိရသည်။
ဆေးတက္ကသိုလ်(၂) ရန်ကုန်နှင့် ဂျပန် နိုင်ငံ Niigata University တို့အကြား ပညာရပ်ဆိုင်ရာနယ်ပယ်များတွင် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ငါးနှစ်သက်တမ်းရှိ နားလည်မှုစာချွန်လွှာ (Agreement for Cooperation) ရေးထိုးထားသည်ကို သက်တမ်းပြန်တိုးကာ ဆက်လက် ပူးပေါင်းရေး လက်မှတ်ရေးလက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
ယင်းကို ဒီဇင်ဘာလ ၅ ရက်က နေပြည်တော်ရှိ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။
အဆိုပါနားလည်မှုစာချွန်လွှာအရ ဆေးတက္ကသိုလ် (၂) ရန်ကုန်နှင့် Niigata University တို့အနေဖြင့်သုတေ သနလုပ်ငန်းများတွင် အဓိကပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပြီး သင်ကြားရေးဆရာ၊ ဆရာမများနှင့် ကျောင်း သား၊ ကျောင်းသူများ အပြန်အလှန်စေလွှတ်ခြင်း၊ ပညာရေးဆွေးနွေးပွဲများနှင့် အခြားပညာရပ်ဆိုင်ရာနယ်ပယ် များတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #ဆေးတက္ကသိုလ်(၂)ရန်ကုန် #Niigata_University #Yangon_Times-PP
#Local_News
Published 06 December 2023
မြန်မာ-ရုရှား နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာသတင်းအချက်အလက်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာအဖွဲ့အစည်းများအကြား ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတို့ကို ဒီဇင်ဘာလ ၅ ရက်က ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းအပြင် “ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု” ၊“စားနပ်ရိက္ခာလုံခြုံရေး” ၊ “စွမ်းအင်ကဏ္ဍပူး ပေါင်းဆောင်ရွက်ရေး” တို့ကိုလည်း ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲအပြီးတွင် မြန်မာ-ရုရှားနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ လုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာ နီကိုလိုင်းပတ်ထရူးရှက်ဖ်တို့က လက်မှတ်ရေးထိုး ခဲ့ကြကြောင်းလည်း သိရသည်။
ယင်းအပြင် အပြည်ပြည်ဆိုင်ရာသတင်းအချက်အလက် လုံခြုံရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သဘောတူညီချက်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာ နီကိုလိုင်းပတ်ထရူးရှက်ဖ်တို့က လက်မှတ်ရေးထိုးခဲ့ကြကြောင်းလည်း သိရသည်။
#Local_News #မြန်မာ-ရုရှား #စာချွန်လွှာများကိုလည်းလက်မှတ်ရေးထိုးခဲ့ #Yangon_Times #YMG_News #Yangon_Media_Group
#World_Health
Published 06 December 2023
ကျန်းမာရေးကောင်းမွန်ရန်အတွက် ဗိုက်တာမင်ဓာတ်များ လုံလောက်စွာ စားသုံးရန် လိုအပ်ပါတယ်။
ဆံပင်ကျွတ်ခြင်းလိုမျိုး ကျန်းမာရေးပြဿနာတွေဟာ ဗိုက်တာမင်ချို့တဲ့တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။
ဘယ်ဗိုက်တာမင်တွေ ချို့တဲ့ရင် ဘာကြောင့် ဆံပင်ကျွတ်စေလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။
(၁) ဗိုက်တာမင် ဒီ
ဗိုက်တာမင်ဒီက ဆံပင်မွေးညင်းပေါက်များကို လှုံ့ဆော်ပေးပြီး ဆံပင်ကြီးထွားခြင်းကို အားပေးကာ ချို့တဲ့တဲ့အခါ ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
(၂) ဗိုက်တာမင် ဘီ၇ (ဘိုင်အိုတင်)
ဆံပင်ရဲ့ ပရိုတိန်းအစိတ်အပိုင်း ကီရာတင်ထုတ်လုပ်ခြင်းကို အားပေးကာ ဘိုင်အိုတင်မလုံလောက်တဲ့အခါ ဆံခြည်မျှင်ကို အားနည်းစေကာ ပြတ်ကျခြင်း ဖြစ်စေနိုင်ပါတယ်။
(၃) ဗိုက်တာမင် ဘီ၁၂
သွေးနီဥဆဲလ် ထုတ်လုပ်ရာမှာ အရေးပါပြီး ဆံပင်မွေးညင်းပေါက်များဆီ အောက်ဆီဂျင်ကို ပို့ဆောင်ပေးပါတယ်။
ချို့တဲ့တဲ့အခါ ဦးရေပြားဆီ အောက်ဆီဂျင်အရောက်နည်းသွားပြီး ဆံပင်ကျွတ်ခြင်းကို ဖြစ်စေပါတယ်။
(၄) ဗိုက်တာမင် စီ
ထိုဗိုက်တာမင်က ဆံပင်ကြီးထွားခြင်းနဲ့ တိုက်ရိုက်မသက်ဆိုင်ပေမယ့် ဆံပင်ကိုထောက်ပံ့ပေးတဲ့ ကော်လာဂျင်ထုတ်လုပ်ခြင်းကို အားပေးပြီး ချို့တဲ့တဲ့အခါ ဆံခြည်မျှင်ကို အားနည်းစေပြီး ဆံပင်ပြတ်ကျစေပါတယ်။
(၅) ဗိုက်တာမင် အီး
ဦးရေပြားသို့ သွေးလှည့်ပတ်မှု အားကောင်းစေပြီး ချို့တဲ့တဲ့အခါ ဆံပင်မွေးညင်းပေါက်များသို့ သွေးရောက်ရှိမှု နည်းပါးစေပါတယ်။
ဆံပင်ကျွတ်ခြင်းကို ကာကွယ်ရန်နည်းလမ်းများက..
- အသီးအရွက်များ၊ ပဲအမျိုးမျိုး၊ ပရိုတိန်း၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတို့လို အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာများ လုံလောက်စွာ စားပေးသင့်ပါတယ်။
- ဗိုက်တာမင် အေ၊ ဘီ၊ စီ၊ ဒီ၊ အီးပါဝင်တဲ့ စားစရာများကို ထည့်သွင်းစားသုံးရပါမယ်။
- လိုအပ်တဲ့ ဖြည့်စွက်စာများ စားသုံးရန် ကျန်းမာရေးပညာရှင်များနဲ့ တိုင်ပင်သင့်ပါတယ်။
- ဆံပင်လေမှုတ်စက်၊ ဖြောင့်ဆေး၊ ကောက်ဆေးတို့ဟာ ဆံခြည်မျှင်ကို အားနည်းစေတာကြောင့် အတတ်နိုင်ဆုံး ရှောင်ရှားသင့်ပါတယ်။
- ဆံပင်စိုနေတဲ့အခါ ပြင်းပြင်းထန်ထန် ဆံပင်ဖြီးခြင်းမျိုးကို မပြုလုပ်သင့်ပါ။
- ဆံပင်ကို နေရောင်ခြည်နဲ့ ကြာရှည်စွာ ထိတွေ့စေခြင်းမျိုးကို ရှောင်ရှားသင့်ပါတယ်။
- ကာလကြာရှည်စွာ ဖိစီးမှုခံစားရပါက ဆံပင်ကျွတ်နိုင်ပြီး လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ တရားထိုင်ခြင်း၊ ဝါသနာပါရာ အလုပ်များ ပြုလုပ်ခြင်းဖြင့် ဖိစီးမှုကို လျှော့ချနိုင်ပါတယ်။
- ဆံပင်ကျွတ်စေတဲ့ ဗိုက်တာမင်ချို့တဲ့မှု၊ ကျန်းမာရေးပြဿနာများ သိရှိစေရန် ကျန်းမာရေးပညာရှင်များနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
#World_Health #ဆံပင်ကျွတ်ခြင်း #ဗိုက်တာမင်ချို့တဲ့မှု #ကာကွယ်နိုင်သည့်နည်းလမ်း #Source: DoctorNDTV
၅ ဒီဇင်ဘာ ၂၀၂၃
ရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူးနှင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာ-ရုရှား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု များဆွေးနွေး
မြန်မာနိုင်ငံအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည်ထပ်မံလွှဲပြောင်းပေး
၅-၁၂-၂၀၂၃ ရက်နေ့ ပဲခူးတိုင်းဒေသကြီး မုန်းတိုက်နယ်ဖြစ်စဉ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများ
မြန်မာနိုင်ငံ၏ သဘောထားရပ်တည်ချက်များ
နှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောကြားခဲ့ပါတယ်။
ပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးပါတယ်။
-ymg/knl
ဂေဟပတ်ဝန်းကျင်ထိန်းသိမ်းရေးအားထုတ်မှုများကြောင့် တရုတ်နိုင်ငံရှန်ရှီမြစ်တလျှောက်တွင်ဆောင်းခိုငှက်အများအပြားရောက်ရှိလာ
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ရှီပြည်နယ် မြစ်ဝါမြစ်တလျှောက် စိုစွတ်မြေတွေမှာ အပူချိန်ကျဆင်းလာပြီး ရွှေ့ပြောင်းငှက်အုပ်များ ရောက်ရှိလာပါတယ်။
#Asia_Environment
Published 05 December 2023
#ဆောင်းခိုငှက် #ဂေဟပတ်ဝန်းကျင်ထိန်းသိမ်းရေး
#Yangon_Times #YMG_News #Yangon_Media_Group
၅ ဒီဇင်ဘာ ၂၀၂၃
ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ရောက်ရန် တရုတ်နိုင်ငံသို့ ယနေ့ ဒီဇင်ဘာ ၅ရက်တွင် ထွက်ခွာသွားတယ်လို့ သိရပါတယ်။
နစက နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေသည် တရုတ်နိုင်ငံဘေဂျင်းမြို့တော်တွင် ဒီဇင်ဘာ (၇)ရက်၌ ကျင်းပပြလုပ်မည့် (၈)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့တက်ရောက်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီရဲ့ ဖိတ်ကြားချက်အရသွားရောက်တာဖြစ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့မှာ တရုတ်နိုင်ငံနှင့်အတူ မဲခေါင်မြစ်ဖြတ်သန်းစီးဆင်ရာ နိုင်ငံတွေဖြစ်တဲ့ မြန်မာ၊လာအို၊ထိုင်း၊ကမ္ဘောဒီးယားနှင့်ဗီယက်နမ်တို့ဖြင့် ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ယခုအစည်းအဝေးတွင် လာမည့် ငါးနှစ်တာ အစီအစဉ်များညှိနှိုင်းဆွေးနွေးဆုံးဖြတ်ကြမှာဖြစ်ပြီး မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေး ပူးတွဲသဘာပတိအဖြစ် လက်ရှိမြန်မာနိုင်ငံက တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်ပူးတွဲဆောင်ရွက်ခဲ့ရာမှ အလှည့်ကျစနစ်ဖြင့် ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးမှာဖြစ်ပါတယ်။
-ymg/knl
Page 953 of 2003