#Local_News
Published 29 February 2024

မြန်မာ့လက်ရွေးစင် ယူ၁၆ အသင်း ဖွဲ့စည်းရေးအတွက် ဂျပန်နိုင်ငံသား လူငယ်နည်းစနစ်ဒါရိုက်တာ မီတ (မြန်မာ ယူ၁၆ အသင်းနည်းပြချုပ်)နှင့်နည်းပြအဖွဲ့သည် ကစားသမားများကိုစိစစ်ရွေးချယ်‌  ခေါ်ယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘော‌လုံးအဖွဲ့ချုပ်မှ သိရသည်။

 

အထက်မြန်မာပြည်၊ အောက်မြန်မာပြည် ဒေသအသီးသီးက ယူ-၁၅ ကစားသမားများနှင့် အကယ်ဒမီ အသီးသီးက ကစားသမားများ ကို စိစစ်ရွေးချယ်လျက်ရှိသည်ဟု ဆိုသည်။

 

၂၀၂၄ ဖေဖော်ဝါရီ ပထမအပတ်အတွင်း ကစားသမားများ ကို ခြေစမ်းပွဲများ ကစားစေပြီး စတင်ရွေးချယ်မှု ပြုလုပ်ခဲ့ရာမှာ ကစားသမား (၄၀)ဦး ပဏာမ ရွေးချယ်ထားခဲ့ကြောင်းနှင့်  အပြီးသတ် ရွေးချယ်မှု ပြုလုပ်ပြီးတာနဲ့ မြန်မာ့လက်ရွေးစင် ယူ၁၆ အသင်းထွက်ပေါ်လာမည်ဖြစ်သည်။

 

လူငယ်ကစားသမားများ ကျောင်းစာမေးပွဲများ ပြီးဆုံးပြီး လာမယ့် မတ်လ (၄)ရက်၊(၅)ရက်တို့တွင် ခြေစမ်းပွဲတွေ ဆက်လက် ကစားသွားရဖို့လည်းရှိနေကြောင်း မြန်မာနိုင်ငံဘော‌လုံး အဖွဲ့ချုပ်မှ သိရသည်။

 

#Local_News #မြန်မာယူ၁၆အသင်း #စိစစ်ရွေးချယ်ခေါ်ယူ #tthl #Yangon_Times