#Local_News
Published 2 March 2024


မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ (၁၁၃x၁၁၄)လမ်းကြား ၅၉လမ်းတွင် မီးလောင်မှုဖြစ်ပွားခြင်းကြောင့် အမျိုးသမီး တစ်ဦး ​ေ-သဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံ က သိရသည်။

 

မတ်လ ၂ရက် နံနက် ၅နာရီ ၁၀မိနစ် အချိန်ခန့်က လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြိမ်းသတ်ခဲ့ရာ ၅နာရီ ၃၇ မိနစ် အချိန် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်မှု ကြောင့် ၁၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး​ေ-သဆုံးခဲ့ကြောင်း သိရသည်။

 

မီးလောင်သည့် အကြောင်းအရာ နှင့်ပက်သက်၍ သက်ဆိုင်ရာ က စုံစမ်း စစ်ဆေး လျက်ရှိကြောင်း သိရသည်။

 

#Local_News #မန္တလေး ချမ်းမြသာစည်မြို့နယ် #မီးလောင်မှုဖြစ်ပွား #အမျိုးသမီးတစ်ဦး​ေ-သဆုံး #YGM/LW #Yangon_Times