#Local_News
Published 2 March 2024


တညင်းကုန်း လက်ကားဈေး စီမံကိန်းနေရာအတွင်း စက်သုံးဆီဆိုင်ဖွင့်လှစ်နိုင်မည့် မြေနေရာရောင်းချရန်အတွက် မြန်မာအက်ဂရိုအိတ်စ်ချိန်း အများနှငိ့သက်ဆိုင်သောကုမ္ပဏီ လိမိတတ်က တင်ဒါခေါ်ယူထားကြောင်း သိရသည်။

 

အဆိုပါ မြန်မာအက်ဂရိုအိတ်စ်ချိန်းကုမ္ပဏီ(MAEX)သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန)နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်၍ အင်းစိန်မြို့နယ် ရွှေပြည်သာတံတားလမ်းနှင့် ပုလဲလမ်းထောင့်ရှိ တညင်းကုန်းလက်ကားဈေး စီမံကိန်းအားအကောင်ထည်ဖေါ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယင်းဈေးစီမံကိန်း နေရာ အတွင်း စက်သုံးဆီအရောင်းဆိုင်ဖွင့်လှစ်ရန် မြေနေရာကို ရောင်းချမည်ဖြစ်သောကြောင့်စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းဆောင်ရွက်လိုသူများ အနေဖြင့် အိတ်ဖွင့်တင်ဒါပုံစံ တစောင် ကျပ်၁၀၀၀၀ နှုန်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

 

စက်သုံးဆီဆိုင် ပြုလုပ်ရန်အတွက် မြေနေရာအကျယ်ဝန်းမှာ ၂၈၀၅၇စတုရန်းပေ(၀.၆၄၄ဧက)ကျယ်ဝန်းပြီး ကြမ်းခင်းဈေးကို ငွေကျပ်သိန်း ၁၆၀၀၀(တစ်ဧက ငွေကျပ် ၂၅၀၀၀သိန်းနှုန်း)သတ်မှတ်ထားကြောင်း သိရသည်။

 

တင်ဒါကို မတ်လ ၁ ရက်နေ့ က စတင်ရောင်းချပေးပြီး မတ်လ ၁၅ ရက် မွန်းတည့် ၁၂ နာရီမှာ တင်ဒါပိတ်မည်ဖြစ်ကာ မတ်လ ၁၅ ရက်နေ့လည် ၂ နာရီမှာတော့ တင်ဒါဖွင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #တညင်းကုန်း လက်ကားဈေး #မြေနေရာရောင်းချရန် တင်ဒါခေါ်ယူ #YMG/LW #Yangon_Times