၇ ဇွန် ၂၀၂၄
ထိုင်းနိုင်ငံ နာခွန်ရက်ချာဆီမာခရိုင်၊ ဖီမိုင်းမြို့က ထီပေါက်သူတစ်ဦးဟာ သူ့ရဲ့ ဖော်ရွေတတ်တဲ့ အမြီးနှစ်ခွတောက်တဲ့ တစ်ကောင်ကို ရွှေဆွဲကြိုးတစ်ကုံး ဝယ်ပေးခဲ့ပါတယ်။အဲဒီတောက်တဲ့ကို သူဟာ လွန်ခဲ့တဲ့နှစ်ပတ်ခန့်က တွေ့ခဲ့လို့ အိမ်ကိုယူ ဆောင်လာတာဖြစ်ပြီး အဲဒီတောက်တဲ့ဟာ သူ့ကိုကံကောင်းစေတယ်လို့ သူကယုံကြည်သွားလို့ဖြစ်ပါတယ်။
အသက်၄၂နှစ်အရွယ် ဆောက်လုပ်ရေးကန်ထရိုက်တာ ဂျိန်း ချန်တာကူးဟာ မေလ ၂၀ရက်က အိမ်တစ်အိမ်မှာ ကန်ထရိုက် အလုပ်လုပ်ပေးနေရင်း ကွန်ကရစ်ရောပုံးကြီးတစ်ခုဘေးမှာ အမြီးနှစ်ခွနှင့် တောက်တဲ့ကို တွေ့လိုက်တာ ဖြစ်ပါတယ်။ သူဟာ အဲဒီထူးဆန်းတဲ့အမြီးကြောင့် အထိတ်တလန့်ဖြစ်သွားပါသေးတယ်။ ဒါပေမယ့် ဒီလိုတွေ့ရတာဟာ သူ့အတွက်တော့ နိမိတ်ကောင်းတစ်ခုလို့ ယုံကြည်ပြီး အဲဒီတောက်တဲ့ကို အိမ်ရှင်ထံက ခွင့်ပြုချက်တောင်းပြီး သူ့အိမ် သယ်လာခဲ့ကာ အိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးခဲ့ပါတယ်။
“ အဲဒီအချိန်မှာ ဒီတောက်တဲ့ကိုတွေ့ရတာ မင်္ဂလာရှိတာတစ်ခုလို့ ကျွန်တော်ယုံကြည်လိုက်တယ်။ ကျွန်တော့်မိသားစု အတွက်ကံကောင်းတော့မှာပဲလို့ခံစားရတယ်။ အဲဒါကြောင့် အိမ်ကိုသယ်လာဖို့ဆုံးဖြတ်ခဲ့တာ” လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့စနေနေ့က လတစ်လရဲ့ပထမနေ့ အစိုးရရဲ့ နှစ်လုံးထီဆုတွေကြေညာတဲ့အခါ သူဟာ ဘတ် ၂၈၀၀၀ ဆုကို ရရှိခဲ့ပါ တယ်။ ပေါက်သွားတဲ့နံပါတ်က ၄၂ဖြစ်ပြီး သူက အဲဒီနံပါတ်ကိုပဲ ၁၄စောင်ဝယ်ခဲ့ပါတယ်။ တစ်စောင်ကို ဆုအဖြစ် ဘတ် ၂၀၀၀ ရခဲ့တာပါ။
ထီပေါက်တာနှင့် သူဟာ ရွှေဆိုင်တစ်ဆိုင်သွားပြီး ဆွဲကြိုးအသေးကလေးတစ်ကုံး ဝယ်လိုက်ပါတယ်။ ဆွဲကြိုးက ရွှေ ၂၅ ဆာတန်ရှိပြီး ဘတ် ၅၁၀၀ ပေးရပါတယ်။ သူက အဲဒီဆွဲကြိုးကို သူ့ရဲ့ လာဘ်ကောင်သတ္တဝါလေးကို လက်ဆောင်ပေး လိုက်ပါ တယ်။
ကျွန်တော်က ကျွန်တော့်အသက်ဖြစ်တဲ့ ၄၂ နံပါတ်ကိုရွေးထိုးတာပါ။ ထီပေါက်တာဟာ ဒီတောက်တဲ့ကြောင့်လို့ ကျွန်တော် တကယ်ထင်ပါတယ်။ဒီကောင်လေးကို ကျွန်တော် အတတ်နိုင်ဆုံးမွေးမြူစောင့်ရှောက်သွားမှာပါ။ဇွန် ၁၆ ရက် ထီဖွင့်ပွဲမှာလည်း သူက ကျွန်တော့်ကို ကံကောင်းအောင်လုပ်ပေးလိမ့်ဦးမယ်လို့ မျှော်လင့်ယုံကြည်ထားပါတယ်” လို့ သူကပြောပါတယ်။
Source BKK Post
#World_Health
Published 07 June 2024
▪️ အမေရိကန်မှာ လိင်မှတဆင့် ကူးစက်ရောဂါများ(STD) မထိန်းချုပ်နိုင်ဘဲ ပြန့်ပွားနေတယ်လို့ STD ညွန့်ပေါင်းညွှန်ကြားရေးမှူးများအဖွဲ့က ကြေညာလိုက်ပါတယ်။
▪️ အမေရိကန် ရောဂါထိန်းချုပ် ကာကွယ်ရေးစင်တာ (CDC)ရဲ့ အချက်အလက်များအရ အမေရိကန်မှာ ဆီးပူညောင်းကျဂနိုရောဂါ၊ ကာလသားရောဂါ၊ ကလာမိုက်ဒီးယားရောဂါများ ဖြစ်ပွားသူ ၂ သန်းခွဲကျော်ရှိနေပါတယ်။
▪️ အမေရိကန်မှာ ကလာမိုက်ဒီးယားက အဖြစ်အများဆုံး STD ရောဂါအဖြစ် နှစ်ပေါင်းများစွာ ရှိနေခဲ့ရာ လတ်တလောမှာ ကာလသားရောဂါ အဖြစ်များလာတာကလည်း စိုးရိမ်လာရပါတယ်။
▪️ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ကာလသားရောဂါ ဆစ်ဖလစ်ဖြစ်ပွားသူ ၈၀ ရာခိုင်နှုန်း ပိုများလာပါတယ်။
▪️ လိင်မှတဆင့် ရောဂါကူးစက်မှု (STI)တွေက အရွယ်ရောက်ပြီးသူများကြောင့် ကူးစက်တာဖြစ်ပေမယ့် မွေးကင်းစကလေးတွေမှာလည်း ဆစ်ဖလစ် ဖြစ်နိုင်ခြေ ရှိနေပါတယ်။
▪️ မိခင်ကိုယ်ဝန်ဆောင်စဥ် ကာလသားရောဂါက ကလေးကိုပါ ကူးစက်တတ်ကာ မွေးရာပါဆစ်ဖလစ်ရောဂါ ဖြစ်တတ်ပါတယ်။
▪️ ကလေးငယ်တွေရဲ့ ကျန်းမာရေး အခြေအနေက စိုးရိမ်စရာကောင်းလာပြီး မွေးရာပါဆစ်ဖလစ် ဖြစ်ပွားမှုက တစ်နှစ်ကို ၃၁ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။
▪️ ထိုရောဂါကူးစက်မှုများကြောင့် ၂၀၂၂ အတွင်း ကလေးအသေမွေးခြင်းနဲ့ မွေးကင်းစအရွယ် သေဆုံးခြင်း ၂၈၂ ယောက်ရှိခဲ့ပါတယ်။
▪️ ကိုယ်ဝန်ဆောင်စဥ် အချိန်ကိုက် ရောဂါစစ်ဆေးခြင်းနဲ့ ကုသမှုခံယူခြင်းက ထိုအဖြစ်အပျက်တွေကနေ ၈၈ ရာခိုင်နှုန်းလောက် လျှော့ချပေးနိုင်ပါတယ်။
▪️ အစိုးရအဖွဲ့နဲ့ လွှတ်တော်တို့ကနေ လိုအပ်တဲ့ ထိန်းချုပ်ကာကွယ်ရေးများ မချမှတ်သေးသရွေ့ STD ရောဂါတွေကို ထိန်းချုပ်ရန် ခက်ခဲနေမှာဖြစ်ပါတယ်။
#Source: WION
ဆူဒန်တပ်မတော်နဲ့ တော်လှန်ရေးတပ်တိုကြား ပဋိပက္ခဖြစ်ပွားနေရာ ဆူဒန်ငွေကြေးတန်ဖိုး ကျဆင်းနေပြီး စီးပွားရေးဂယက်ထနေပါတယ်။
#World_News
Published_06 June 2024
#ငွေကြေးတန်ဖိုးကျဆင်း #ဆူဒန်နိုင်ငံ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_06 June 2024
၁။ ရန်ကုန်ရှိ ထိုင်းသံရုံးတွင် ရွှေ့ပြောင်းလုပ်သားဗီဇာလျှောက်ထားနိုင်ပြီဟုဆို
၂။ ဟင်းပွဲချက်ရာတွင်သုံးရသည့် ပါဝင်ပစ္စည်းအချို့ ဈေးကွက်ထဲပြတ်နေ၍ စားသောက်ဆိုင်လုပ်ငန်းအချို့အခက်တွေ့နေ
၃။ "အိုလံပစ်ဒေး"လူငယ်လူသစ်တန်း မြန်မာ့သိုင်းပြိုင်ပွဲပြုလုပ်မည်
၄။ ပြည်တွင်းစစ်ဖြစ်ပွားကာ ငွေကြေးတန်ဖိုးကျဆင်းပြီး စီးပွားရေးကပ်ဆိုက်နေသည့်ဆူဒန်နိုင်ငံ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Daily_News #Yangon_Times #Yangon_Media_Group #TV Yangon Times
#World_News
Published 06 June 2024
▪️ အမေရိကန်နဲ့ ဥရောပမဟာမိတ်နိုင်ငံများအနေနဲ့ ရုရှားနိုင်ငံထဲသို့ အနောက်တိုင်းမှ တာဝေးပစ်လက်နက်များဖြင့် ယူကရိန်းပစ်ခတ်နိုင်အောင်ခွင့်ပြုပါက ထိုနိုင်ငံများကို ပစ်ခွင်းနိုင်တဲ့ အကွာအဝေးအတွင်း သမားရိုးကျဒုံးကျည်များ ဖြန့်ကျက်ထားရှိသွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်ပါတယ်။
▪️ ယူကရိန်းစစ်ပွဲ စတင်ပြီးနောက်ပိုင်း ပူတင်က နိုင်ငံတကာ သတင်းမီဒီယာများမှ အကြီးတန်း အယ်ဒီတာများနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ရုရှားဟာ နျူကလီးယား လက်နက်တွေ အသုံးပြုမှာ မဟုတ်ဘူးလို့ အနောက်တိုင်းနိုင်ငံတွေ ယူဆရင် မှားသွားမှာဖြစ်ကြောင်း၊ ရုရှားရဲ့ နျူကလီးယားလမ်းစဥ်ကို လျှော့မတွက်သင့်ကြောင်း ပြောကြားသွားပါတယ်။
▪️ အနောက်တိုင်းလက်နက်များဖြင့် ရုရှားနိုင်ငံထဲသို့ ယူကရိန်းပစ်ခတ်နိုင်အောင် ခွင့်ပြုသွားဖို့ တောင်းဆိုလိုက်တဲ့ နေတိုး(NATO) အကြီးအကဲ ယန်းစ်စတိုလ်တန်ဘာ့ဂ်အကြောင်း မေးမြန်းရာမှာ ဒါဟာ တင်းမာမှုမြင့်တက်စေနိုင်ကာ အနောက်တိုင်းနဲ့ ရုရှားတို့ စစ်ပွဲကို ဦးတည်စေနိုင်ကြောင်း သတိပေးလိုက်ပါတယ်။
▪️ အနောက်တိုင်းလက်နက်များ၊ အထူးသဖြင့် အမေရိကန်ရဲ့ ATACMS ၊ ဗြိတိန်နဲ့ ပြင်သစ်ဒုံးကျည်စနစ်များကို ရုရှားကပစ်ချသွားမယ်လို့ အသက် ၇၁ နှစ်ရှိ ပူတင်က ဆိုပါတယ်။
▪️ ယူကရိန်းပစ်ခတ်နိုင်အောင် ခွင့်ပြုတဲ့နိုင်ငံတွေကို ပစ်လို့ရလောက်တဲ့ အကွာအဝေးကနေ နည်းပညာမြင့် တာဝေးပစ်ဒုံးကျည်များ ဖြန့်ကျက်ထားရှိရန် ရုရှားက စဥ်းစားနေတယ်လို့ ဆိုပါတယ်။
▪️ ဒုံးကျည်တွေထားရှိသွားမယ့် နေရာအတိအကျကိုတော့ ပူတင်က မပြောသွားပါဘူး။
▪️ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ရုရှားနိုင်ငံအတွင်းရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို အမေရိကန်ထောက်ပံ့ လက်နက်အချို့ဖြင့် ယူကရိန်းပစ်ခတ်နိုင်အောင် ခွင့်ပြုထားပါတယ်။
▪️ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကမ်မရွန်က မေလ ၃ ရက်နေ့က ယူကရိန်းသို့ လာရောက်စဥ် ရိုက်တာသတင်းဌာနကို ပြောကြားရာမှာ ယူကရိန်းအနေဖြင့် ဗြိတိန်ထောက်ပံ့ထားတဲ့ လက်နက်များဖြင့် ရုရှားနိုင်ငံထဲသို့ ပစ်ခတ်ခွင့်ရှိပြီး တကယ်အသုံးပြုမပြုကတော့ ယူကရိန်းအပေါ်သာ မူတည်ကြောင်း ဆိုပါတယ်။
▪️ နျူကလီးယားအကြောင်း မေးမြန်းရာမှာ ရုရှားရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေကို ခြိမ်းခြောက်ထိပါးလာပါက နျူကလီးယားလမ်းစဥ်အတိုင်း ဆောင်ရွက်သွားမှာဖြစ်ပြီး ဒီကိစ္စကို ပေါ့ပေါ့တန်တန် မထင်သင့်ဘူးလို့ ဖြေကြားသွားပါတယ်။
#Source: Reuters
#World_Health
Published 06 June 2024
▪️ အိုမီဂါ-၃ ဖြည့်စွက်ဆေးက ရန်လိုတဲ့ အပြုအမူကို လျှော့ချပေးနိုင်တယ်လို့ ပန်ဆယ်လ်ဗေးနီးယားတက္ကသိုလ်က လေ့လာတွေ့ရှိထားပါတယ်။
▪️ အိုမီဂါ-၃ ဖြည့်စွက်ဆေးတွေကို ပုံမှန်အားဖြင့် ငါးကြီးဆီတောင့်များအဖြစ် ထုတ်လုပ်ကြပါတယ်။
▪️ စမ်းသပ်ပါဝင်သူ ၃၉၁၈ ဦးမှာ အိုမီဂါ-၃ ဖြည့်စွက်ဆေး သုံးစွဲခြင်းဖြင့် ရန်လိုတဲ့ အပြုအမူ ၂၂ ရာခိုင်နှုန်းမျှ လျော့ကျတာကို တွေ့ရှိခဲ့ပါတယ်။
▪️ အိုမီဂါ-၃ က လူမှုအသိုင်းအဝိုင်းမှာ ကြမ်းရမ်းတာတွေ မဖြစ်အောင် စွမ်းဆောင်ပေးနိုင်တဲ့ အံ့ဖွယ်အရာ မဟုတ်ပေမယ့် အထောက်အကူတော့ ဖြစ်စေနိုင်မယ်လို့ ယုံကြည်ကြောင်း သုတေသနပြုစုသူ အက်ဒရီယန်ရိန်းက ပြောပြပါတယ်။
▪️ ဖြည့်စွက်စာရဲ့ ရေတိုသက်ရောက်မှုကိုသာ ကောက်ချက်ချထားတာ ဖြစ်ပြီး ရေရှည်သက်ရောက်မှု သိရဖို့အတွက် နောက်ထပ်လေ့လာရဦးမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
▪️ ငါးကြီးဆီ ဖြည့်စွက်ဆေးတွေက ဦးနှောက်နဲ့ နှလုံးကျန်းမာရေးအတွက် အထောက်အကူ ပြုတယ်လို့ သိရှိထားပေမယ့် နှလုံးရောဂါနဲ့ လေဖြတ်အန္တရာယ် မဖြစ်ဖူးသူတွေမှာ ပထမဆုံးအနေဖြင့် ဖြစ်နိုင်ခြေများတယ်လို့ မကြာသေးမီက တွေ့ရှိထားပါတယ်။
#Source: New York Post
#World_Science
Published 06 June 2024
▪️ အသည်းကင်ဆာ နောက်ပိုင်းအဆင့် ရောက်နေတဲ့အမျိုးသားတစ်ဦးဟာ ဝက်ရဲ့အသည်းဖြင့် အစားထိုးခွဲစိတ်မှုကို ပထမဆုံးခံယူသူ ဖြစ်လာပါတယ်။
▪️ မျိုးဗီဇဆိုင်ရာ အချက်အလက်များ ပြုပြင်ထားတဲ့ ဝက်ရဲ့အသည်းကို လူနာထံ အစားထိုးခွဲစိတ်ပေးခဲ့တာ ဖြစ်တယ်လို့ တရုတ်ဆရာဝန်များက ပြောပြခဲ့ပါတယ်။
▪️ ဒါဟာ တိရိစ္ဆာန်တစ်မျိုးကနေ နောက်တစ်မျိုးသို့ အစားထိုးခွဲစိတ်ခြင်းဖြစ်စဥ်မှာ အလှည့်အပြောင်းတစ်ခု ဖြစ်လာပါတယ်။
▪️ အသည်းကင်ဆာ ခံစားနေရတဲ့ အသက် ၇၁ နှစ်အရွယ် လူနာတစ်ဦးက မေလ ၁၇ ရက်နေ့မှာ အင်္ဂါအစားထိုးခဲ့တယ်လို့ အန်ဟွေဆေးဘက်ဆိုင်ရာ တက္ကသိုလ်က WeChat မှာ ဖော်ပြခဲ့ပါတယ်။
▪️ လူနာက အထောက်အပံ့ မလိုအပ်ဘဲ လမ်းလျှောက်နိုင်ပြီဖြစ်ကြောင်း၊ ခန္ဓာကိုယ်က အင်္ဂါကိုလက်မခံတဲ့ လက္ခဏာမျိုး မတွေ့ရကြောင်း၊ သွေးခဲခြင်းစနစ် ယိုယွင်းမှုမရှိကြောင်း၊ အသည်းလုပ်ဆောင်ချက် ပုံမှန်ပြန်ဖြစ်နေပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။
▪️ လူနာရဲ့အသည်း ဘယ်ဘက်ခြမ်းက ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်ဘဲ သာမန်ကုသနည်းများဖြင့် အခြေအနေ မကောင်းမွန်တာကြောင့် ဝက်ဆီကနေ အသည်းအစားထိုးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
▪️ အင်္ဂါကိုလက်မခံတာမျိုးနဲ့ ပုံမှန်မဟုတ်တာမျိုး မဖြစ်စေရန်အတွက် ၅၁၄ ဂရမ်ရှိတဲ့ ဝက်အသည်းကို မျိုးဗီဇပြုပြင်မှု ၁၀ မျိုး ပြုလုပ်ခဲ့ပါတယ်။
▪️ မတ်လတုန်းက အမေရိကန်လူနာတစ်ဦးဟာ မျိုးဗီဇပြုပြင်ထားတဲ့ ဝက်ဆီကနေ ကျောက်ကပ်အစားထိုး ခွဲစိတ်မှု ပထမဆုံးခံယူသူ ဖြစ်လာပြီး မေလမှာ သေဆုံးခဲ့ပေမယ့် အစားထိုးခွဲစိတ်မှုနဲ့တော့ မသက်ဆိုင်ဘူးလို့ ဆေးရုံက ဆိုပါတယ်။
#Source: WION
Page 116 of 823