Published 5 Feb 2023
ကိုလံဘီယာနိုင်ငံမှာ အမျိုးသားတစ်ဦးဟာ သူ့ရဲ့နာမည်နှင့် မူးယစ်လုပ်ငန်းခေါင်းဆောင်တစ်ဦးရဲ့အမည်တူနေလို့ ပြီးခဲ့တဲ့ (၁၃)နှစ်အတွင်း ထောင်ထဲ (၃)ကြိမ်ရောက်ခဲ့ရပါတယ်။ ကံမကောင်းလှစွာ မူးယစ်ဂိုဏ်းခေါင်းဆောင်နှင့် မှ နာမည်သွားတူနေတဲ့သူ့အမည်ကတော့ အသက် ၄၆နှစ်အရွယ် ရီနီမာတင်နေ့ဇ်ဂူတာရက် ဖြစ်ပါတယ်။
သူဟာ ရာဇဝတ်မှုခင်းမှတ်တမ်း တစ်ခုတစ်လေတောင်မရှိဘဲ မိသားစုနှင့် အေးချမ်းစွာနေထိုင်နေသူပါ။ ခက်တာက သူ့ရဲ့ အမည်ဟာ နိုင်ငံတကာနှင့် နိုင်ငံတော်တော်များများက ဖမ်းဝရမ်းထုတ်ထားတဲ့ ပီရူးကမူးယစ်ကုန်သည်တစ်ဦးအမည်နှင့် ထပ်တူဖြစ်နေခဲ့ပါတယ်။အဲဒါကြောင့်ပဲ သူဟာ ပြီးခဲ့တဲ့ ၁၃နှစ်လုံလုံးမှာ ထောင်ထဲ (၃)ခါရောက်ခဲ့ရတာဖြစ်ပါတယ်။
နောက်ဆုံးတစ်ကြိမ်ကတော့ သူဟာ နေမကောင်းဖြစ်နေတဲ့ သူ့ဖခင်ရှိရာ သူ့မွေးရပ်မြေ ကိုလံဘီယာကိုပြန်လာစဉ် ဘိုဂိုတာလေဆိပ်ကို လေယာဉ်ဆိုက်ဆိုက်ချင်းပဲ သူထောင်ထဲရောက်သွားခဲ့ရပါတယ်။
ပထမဆုံးအကြိမ် ၂၀၁၀ပြည့်နှစ်မှာ ဂူတာရက်စ်တစ်ယောက် ဥပဒေနှင့် ပြသနာဖြစ်ရတာကလည်း သူ့အမည်ကြောင့်ပါ။ သူဟာ အဲဒီတုန်းက ဘိုဂိုတာက ဒေသဆိုင်ရာရဲစခန်းကိုသွားခဲ့ပါတယ်။ အဲဒီတုန်းက သူဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ အတွက် သူ့ရဲ့ ဥပဒေပိုင်းဆိုင်ရာမှတ်တမ်း တစ်နည်းရဲစခန်းထောက်ခံချက်သွားယူတာပါ။ သူ့ရဲ့ မှတ်တမ်းကိုစစ်ဆေးတဲ့ အခါ ရီနီမာတင်နေ့ဇ်ဂူတာရက်ဟာ ပီရူးနိုင်ငံက နိုင်ငံတကာဖမ်းဝရမ်းထုတ်ထားသူဖြစ်နေတယ်လို့ ရဲကရှာတွေ့သွား ါပတယ်။ အဲဒါနှင့် ချက်ခြင်းပဲ သူ့ကိုမှားဖမ်းလိုက်တာ အချုပ်ထဲ (၈)ရက်နေလိုက်ရပါတယ်။

သူက အဆုံးမတော့ လွတ်မြောက်လာပေမယ့် သူဟာ အားလုံးကိုမေ့လို့မရနိုင်ခဲ့ပါဘူး။ အဲဒါနှင့်သူဟာ ပီရူးသံရုံးကို သွားခဲ့ပါတယ်။ တရားရုံးချုပ်ကိုသွားခဲ့ပါတယ်။ အင်တာပို နိုင်ငံတကာရဲတပ်ဖွဲ့ထံသွားခဲ့ပါတယ်။ ဒါပေမယ့် အားလုံးက သူ့ကို ဘာတစ်ခုမှ သေသေချာချာရှင်းမပြခဲ့ကြပါဘူး။ သူ့ကို နာမည်ချင်းတူလို့ မတော်တဆဖမ်းဆီးမိတာပါလို့ပဲ ပြောကြပါတယ်။
ပထမအကြိမ်အဖမ်းခံရပြီး တစ်နှစ်အကြာ တစ်ရက်မှာ သူဟာ သူ့ရုံးမှာ ဓားပြတိုက်ခံရလို့ သက်သေလိုက်ဖို့ ဘိုဂိုတာ ရဲစခန်းတစ်ခုကိုသွားခဲ့ပါတယ်။ သူက သူမြင်တာတွေကို သက်သေခံပေးဖို့သက်သက်လာတာပါ။ ဒါပေမယ့်ရဲက သူ့နာမည်ကို သူတို့ရဲ့ မှတ်တမ်းတွေနှင့်တိုက်စစ်ကြည့်တဲ့အခါ သူဟာ အလိုရှိနေတဲ့ ဝရမ်းပြေး ပီရူးမူးယစ်ကုန်သည်ဆိုပြီး ရဲက ထပ်ဖမ်းလိုက်ပြန်ပါတယ်။ သူဟာ ဒီတစ်ခါတော့ ကိုလံဘီယာထောင်ထဲမှာ နှစ်လနေခဲ့ရပါတယ်။နောက်ဆုံးမှာ ပီရူးအာဏာပိုင်တွေထံမှ အလိုရှိနေသူဟာ ဒီလူမဟုတ်ဘူးဆိုတဲ့ အတည်ပြုချက်ရမှ ထောင်ကလွှတ်ပေးခဲ့တာပါ။
အဲဒါကြောင့် ဒီလိုမျိုးတွေထပ်မဖြစ်အောင် အကောင်းဆုံးနည်းလမ်းက အမေရိကန်ကိုပြောင်းရွှေ့နေထိုင်ဖို့ပဲလို့ သူကဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီနောက်သူနှင့် သူ့မိသားစုဟာ ၂၀၁၂ခုနှစ်မှာ အမေရိကန်ကိုရောက်သွားပါတယ်။ သူကအစစအဆင်ပြေသွားပြီထင်ပေမယ့် ၂၀၂၃ခုနှစ် စောစောပိုင်းမှာ သူဟာ အဖေနေမကောင်းလို့ သူ့ကိုကြည့်ဖို့ ကိုလံဘီယာကိုပြန်လာပါတယ်။ သူ့မှာ အန္တရာယ်အပြည့်ရှိနေတယ်ဆိုတာသိသိကြီးနှင့် ပြန်လာတာပါ။
ကံအကြောင်းမလှစွာပဲ သူ့ရဲ့လေယာဉ်ဘိုဂိုတာကို ဆိုက်တာနှင့် အင်တာပိုတွေက လေယာဉ်ပေါ်တက်လာပါတယ်။ သူ့ဆီက သက်သေခံကတ်ပြား တောင်းပါတယ်။သူ့အမည်သေချာသွားတာနှင့် သူ့ကိုအင်တာပိုတွေက ခြံရံခေါ်ဆောင် သွားပါတော့တယ်။ သူ့ကို လော့စ်မာတိုင်ယာရဲစခန်းကိပို့လိုက်ပြီး အဲဒီမှာချုပ်ထားလိုက်ပါတော့တယ်။
သူအချုပ်ခံနေရတုန်းမှာပဲ သူ့ဖခင်ကွယ်လွန်သွားပါတယ်။သူ့အဖေနောက်ဆုံးခရီးကိုတောင် သူနှုတ်မဆက်လိုက်ရပါဘူး။ သူနှင့်သူ့မိသားစုဟာ ပီရူးအာဏာပိုင်တွေထံမှ အတည်ပြချက်ကို ထုံးစံအတိုင်း စောင့်ဆိုင်ရပါတယ်။ ပီရူးက သူတို့ရှာနေတာ ဒီလူမဟုတ်ဘူးဆိုတာမှ ပြန်လွတ်လာပြန်ပါတယ်။
သူ့ရဲ့တုန်လှုပ်စရာအဖြစ်အပျက်ဟာ ကိုလံဘီယာသတင်းမီဒီယာတွေမှာ ခေါင်းစီးသတင်းကြီးတွေဖြစ်လာခဲ့ရပါတော့တယ်။
Source Thehooksite.com
#René_Martínez_Gutiérrez
#Same_Name_as_Notorious_Criminal
#Colombia_oddly_story

Published 5 Feb 2023
ပါကစ္စတန်သမ္မတဟောင်းနှင့် စစ်တပ်အကြီးအကဲဟောင်း အငြိမ်းစား ဗိုလ်ချူပ်ကြီး ပါဗေးမူရှာရက်ဟာ ဒူဘိုင်းက ဆေးရုံ တစ်ရုံမှာ တနင်္ဂနွေနေ့ ဖေဖော်ဝါရီ (၅)ရက် မနက်က ကွယ်လွန်သွားတယ်လို့ မီဒီယာများရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။ အသက် ၇၆နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗိုလ်ချူပ်ကြီး ပါဗေးမူရှာရက်ဟာ ၂၀၁၉ခုနှစ်ကတည်းကမကျန်းမာခဲ့တာ ဖြစ်ပြီး နှလုံးရောဂါနှင့်သွေးတိုးရောဂါတွေကြောင့် မကြာသေးမီက ကျန်းမာရေးအခြေအနေပိုဆိုးရွားလာခဲ့ပါတယ်။
မူရှာရက်ဟာ amyloidosis အမ်မလိုဒိုဆစ် လို့ခေါ်တဲ့ ပုံမှမဟုတ်တဲ့ အမ်မလွိုက်ပရိုတိန်းကြောင့်ဖြစ်ပေါ်ရတဲ့ ဖြစ်တောင့်ဖြစ်ခဲ ရောဂါတစ်မျိုးခံစားနေခဲ့ရပါတယ်။
၁၉၉၉ခုနှစ်မှာ ပါကစ္စတန်နိုင်ငံရဲ့ သွေးထွက်သံယိုမဲ့ အာဏာသိမ်းမှုကိုဦးဆောင်ခဲ့တဲ့ ဗိုလ်ချူပ်ကြီး မူရှာရက်ဟာ အဲဒီတုန်းက ဝန်ကြီးချုပ် နာဝါရှာရစ်နှင့်သူ့အဖွဲ့တွေကို ဖမ်းဆီးခဲ့ပါတယ်။ သူဟာ ဒူဘိုင်းက အမေရိကန်ဆေးရုံမှာ ကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
မူရှာရက်ဟာ ၂၀၁၆ခုနှစ် မတ်ချ်လကတည်းက ဒူဘိုင်းမှာနေထိုင်ခဲ့ပါတယ်။ သူဟာ ၂၀၀၇အခြေခံဥပဒေကို ဆိုင်းငံ့ ထားခဲ့တဲ့အတွက် ၂၀၁၃ခုနှစ်တုန်းက အစိုးရလုပ်ခဲ့တဲ့ ပါကစ္စတန်မူစလင်အဖွဲ့ချုပ်-နာဝက်စ်က သူ့ကို နိုင်ငံတော်သစ္စာဖောက်မှုနှင့်တရားစွဲဆိုတာကို ရင်ဆိုင်ခဲ့ရပါတယ်။
သူဟာ ဒူဘိုင်းကိုဆေးကုသခံဖို့သွားရင်းနှင့် အဲဒီကတည်းကလုံခြုံရေးနှင့် ကျန်းမာရေးအခြေအနေကြောင့် ပါကစ္စတန်ကို ပြန်မလာခဲ့ပါဘူး။
သူဟာ ပါကစ္စတန်ရဲ့ သက်တမ်းအရှည်ဆုံးသမ္မတဖြစ်ခဲ့ပါတယ်။သူဟာ ၂၀၀၂ခုနှစ် ပြည်လုံးကျွန်ဆန္ဒခံယူပွဲပြီးနောက် သမ္မတအဖြစ်အရွေးကောက်ခံရပြီး ၂၀၀၈ခုနှစ်အထိ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
Source WION
#Pakistan_Politics
#Pervez_Musharraf
#Pervez_Musharraf_died
#World_Health
Published 5 February 2023
နှစ်စဉ်နှစ်တိုင်း ကမ္ဘာတဝှမ်းမှာ ကင်ဆာဖြစ်ပွားသူ သိန်းချီရှိနေရတဲ့အကြောင်းအရင်းတွေကို ကမ္ဘာ့ကင်ဆာသုတေသနရန်ပုံငွေအဖွဲ့က ဖော်ပြခဲ့ပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်ခြင်း၊ လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း၊ ဆေးလိပ်ဖြတ်ခြင်းတို့ဖြင့် ကင်ဆာဖြစ်ပွားနိုင်ချေကို ၄၀ ရာခိုင်နှုန်း ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။
PLOS ဂျာနယ်မှာ အင်္ဂလန်ရှိ ဆေးလိပ်ကြောင့်သေဆုံးသူစာရင်းဟာ ၂၇,၂၀၀ ကနေ ၁၆,၅၀၀ သို့ကျဆင်းလာကြောင်း ဖော်ပြပြီးနောက် အခုလိုကြေညာလာတာ ဖြစ်ပါတယ်။
ဆေးလိပ်သောက်ခြင်းဖြင့် ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ဆီးကျိတ်ကင်ဆာတို့ ဖြစ်နိုင်ပြီး လူအများဆေးလိပ်ဖြတ်လာကြမယ်ဆိုရင် အဆုတ်ကင်ဆာလည်း ဖြစ်ပွားနှုန်းကျဆင်းလာမှာဖြစ်ပါတယ်။
ဆေးလိပ်က သွေးကြောကျဉ်းစေပြီး သွေးခဲစေနိုင်တာကြောင့် နှလုံးရောဂါ၊ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း၊ ဒီမန်ရှာတို့ ဖြစ်နိုင်ချေများပါတယ်။
ဦးခေါင်းနဲ့လည်ပင်းမှာ လည်ချောင်းကင်ဆာက အဖြစ်အများဆုံးဖြစ်ပြီး အစ္စရေးလ်မှာ နှစ်စဉ်လူ ၂၀၀ ခန့်ဖြစ်ပွားနေကြပါတယ်။
ကင်ဆာအစောပိုင်းအဆင့်တွေမှာ စောစီးစွာသိရှိထားပါက ပြန်လည်သက်သာလာနိုင်ချေ ၉၅ ရာခိုင်နှုန်းအထိရှိပါတယ်။
လည်ချောင်းကင်ဆာဖြစ်ပွားသူအများစုက ဆေးလိပ်သောက်သူများဖြစ်ကာ စီးကရက်မှာပါတဲ့ ပစ္စည်းက သာမန်ဆဲလ်ကို မျိုးဗီဇပြောင်းလဲပြီး ကင်ဆာဆဲလ်ဖြစ်စေပါတယ်။
လူနာအများစုမှာ လည်ချောင်းကင်ဆာမဖြစ်ခင်အဆင့်မှာ လက္ခဏာရှာမတွေ့ဘဲ အကျိတ်က ကင်ဆာဖြစ်လာမှသာ သိရှိလေ့ရှိပါတယ်။
ဦးဆုံးလက္ခဏာတွေကတော့ အသံအနေအထားပြောင်းလာမယ်၊ တစ်ခါတရံအသက်ရှူရ ခက်ခဲလာပါမယ်။
ဒါ့အပြင် ၄ ပတ်ကနေ ၆ ပတ်ကြာတဲ့အထိ လည်ချောင်းနာပြီး မြိုချရခက်ခဲတာမျိုးရှိတတ်တာကြောင့် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Health
Published 4 February 2023
စတန်းဖို့ဒ်တက္ကသိုလ်မှ မျိုးဗီဇပညာရှင်'မိုက်ကယ်စနိုက်ဒါ'နဲ့အဖွဲ့က လက်ထိပ်သွေးဖောက်ခြင်းကရတဲ့ သွေးဖြင့် ပုံမှန်လက်မောင်းသွေးဖောက်ခြင်းကနေရတဲ့ သွေးကဲ့သို့ ရောဂါစစ်ဆေးနိုင်ကြောင်း ပြသနိုင်ခဲ့ပါတယ်။
ယခုလို လက်ထိပ်သွေးဖောက်ခြင်းက ဆေးရုံဆေးခန်းသွားစရာမလိုသလို အလွယ်တကူပြုလုပ်နိုင်ပါတယ်။
စနိုက်ဒါက သူတို့ရဲ့နည်းပညာဟာ Theranos ကုမ္ပဏီရဲ့နည်းလမ်းကို အကျယ်ချဲ့လိုက်တာဖြစ်ကြောင်း ပြောပြပါတယ်။
Theranos ရဲ့နည်းလမ်းကလည်း သွေးတစ်စက်ပဲအသုံးပြုပေမယ့် စနိုက်ဒါရဲ့နည်းလမ်းကတော့ သွေးကိုဓာတ်ခွဲခန်းသို့ပို့ပြီး မော်လီကျူးအလုပ်လုပ်စေတာဖြစ်ပါတယ်။
အခြားကုမ္ပဏီတွေလည်း သွေးတစ်စက်နဲ့ စစ်ဆေးနည်းလမ်းတွေ စမ်းသပ်နေပေမယ့် စနိုက်ဒါရဲ့နည်းပညာက ဆရာဝန်ဆီသွားစရာမလိုဘဲ အိမ်မှာတင်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
ထိုသွေးတစ်စက်ကနေ ဇီဝဖြစ်စဉ်၊ ကိုယ်ခံအား၊ သွေးတွင်းသကြားဓာတ်၊ အခြားကျန်းမာရေးအချက်အလက်များ အပါအဝင် အကြောင်းအရာအမျိုးမျိုးကို စစ်ဆေးခဲ့ကြပါတယ်။
ထိုအချက်အလက်တွေကနေ ခန္ဓာကိုယ်မှာဖြစ်နေတာတွေကို သိရှိဖို့ သတိထားဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ကယ်လီဖိုးနီးယားနည်းပညာတက္ကသိုလ်မှ ဆေးဘက်ဆိုင်ရာအင်ဂျင်နီယာတွဲဖက်ပရော်ဖက်ဆာ 'ဝေဂေါင်'က ဒီနည်းပညာဟာ လူတွေရဲ့ဘဝမှာ လက်ထိပ်ကနေ အလွယ်တကူသွေးဖောက်ပြီး ကိုယ်တွင်းဖြစ်စဉ်တွေကို သိရှိနိုင်မယ့်နည်းလမ်းဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
စိတ်ဖိစီးမှုကို ခြေရာခံခြင်း၊ ရောဂါလက္ခဏာစောစီးစွာ သိရှိနိုင်ခြင်း၊ ဘယ်အစားအစာတွေက ပြဿနာဖြစ်စေခြင်း စတာတွေကိုလည်း သိရှိလာအောင် တဖြည်းဖြည်းအသုံးပြုသွားမှာဖြစ်တယ်လို့ စနိုက်ဒါကဆိုပါတယ်။
ဒါ့အပြင် ညစ်ညမ်းမှုများ၊ ဓာတုပစ္စည်းများ၊ ဘက်တီးရီးယား၊ ဝတ်မှုံများ၊ မှိုများကလည်း လူရဲ့သွေးထဲမှာ ဘယ်လိုသက်ရောက်စေလဲဆိုတာကို လေ့လာရန်ပြင်ဆင်နေကြပါပြီ။
သွေးစစ်ဆေးနည်းတွေကို အိမ်ကနေပဲပြုလုပ်နိုင်ဖို့ဆိုတာ တကယ်ဖြစ်လာနိုင်မှာပါလို့ ပြောပြသွားပါတယ်။
Source: South China Morning Post
#Yangon_Media_Group
#World_Classical
Published 4 February 2023
ပြင်သစ်နိုင်ငံ နန့်စ်မြိုမှာ ၂၉ ကြိမ်မြောက် လာဖိုလ်ဂျူနီဖွင့်ပွဲအဖြစ် စန္ဒယားပညာရှင် ၂ ဦးနဲ့ ဆက်ဆိုဖုန်းပညာရှင် ၄ ဦးတို့က အများပြည်သူပို့ဆောင်ရေးလိုင်း ၂ ခုမှာ ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းက တီးမှုတ်ဖျော်ဖြေခဲ့ကြပါတယ်။
#Yangon_Media_Group
Published 4 Feb 2023
နှစ်ရက်တာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဖေဖော်ဝါရီ(၄)ရက်စနေနေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ ပြီးဆုံးခဲ့ပြီး နိုင်ငံရဲ့ နိုင်ငံရေးအကျပ်အည်းကို အဆုံးသတ်စေမယ့် လွန်ခဲ့တဲ့ (၂)နှစ်က သဘောတူထားခဲ့တဲ့ အချက်ငါးချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ မြန်မာကို တိုက်တွန်းလိုက်တယ်လို့ အေအက်ဖ်ပီက သတင်းပေးပို့ပါတယ်။
အရှေ့တောင်အာရှရဲ့ စီးပွားရေးအင်အားအကြီးဆုံး အင်ဒိုနီးရှားဟာ ၂၀၂၃ခုနှစ်အတွက် အာဆီယံရဲ့အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီး ဒီနှစ်အကုန်မှာ အာဆီယံခေါင်းဆောင်များထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပပေးမှာ ဖြစ်ပါတယ်။
ဂျာကာတာမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့အခြေအနေက လွှမ်းမိုးသွားခဲ့ပါတယ်။
Source AFP
#ASEAN_Foreing_Ministers_Meeting_Jakarta
#ASEAN_Chiar_Indonesia
#ASEAN_Myanmar
#DailyNews
Published_ 4 February 2023
၁။ ဒီဇင်ဘာလအတွင်း ပြည်ပသို့ ဆန်၊ ဆန်ကွဲ မက်ထရစ်တန်ချိန် ၂၂၀၀၀၀ ကျော်တင်ပို့ခဲ့
၂။ City Taxi အဖြစ် အစီးရေ ၁၀၀ ကျော် လာရောက်မှတ်ပုံတင်ထား
၃။ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားသူများ၏ ဖြစ်စဉ်များကိုစာနာစိတ်ဖြင့် မျှဝေကြရန်လိုဟုဆို
၄။ လာဖိုလ်ဂျူနီဂန္တဝင်ဂီတပွဲအား ပြင်သစ်နိုင်ငံနန့်စ်မြို့ရှိ ရထားပေါ်တွင် ဖျော်ဖြေကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 772 of 1126