#World_Health
Published 22 February 2023
ဘဝမှာပျော်ရွှင်မှုရရှိဖို့အတွက် ပိုက်ဆံနဲ့ အောင်မြင်မှုဆိုတာထက် မိတ်ဆွေအပေါင်းအသင်း ဆက်ဆံရေးကောင်းမွန်ဖို့က အများကြီးပိုအရေးကြီးကြောင်း ဟားဗတ်ဒ်တက္ကသိုလ်မှ လေ့လာတွေ့ရှိထားပါတယ်။
ပေါင်းသင်းဆက်ဆံရေးကောင်းခြင်းက ဘဝမှာပျော်ရွှင်မှုပေးနိုင်ရုံမက စိတ်နဲ့ခန္ဓာကိုလည်း ကျန်းမာစေကြောင်း စိတ်ရောဂါပညာရှင် 'ရောဘတ်ဂျေဝယ်ဒင်ဂါ'က Daily Mail ကို ပြောကြားခဲ့ပါတယ်။
၂၀၁၀ လေ့လာချက်အရ အပေါင်းအသင်းဝင်ဆံ့သူတွေဟာ အသက်ရှင်နိုင်စွမ်း ၅၀ ရာခိုင်နှုန်းပိုများကြောင်း တွေ့ရပါတယ်။
ဒါ့အပြင် အခြားလူတွေအတွက် အချိန်မပေးတဲ့လူတွေဟာ အထီးကျန်ပြီး မပျော်မရွှင်ဖြစ်ကြရပါတယ်။သင့်ကိုကူညီထောက်ပံ့သူတွေနဲ့ သင်က ကူညီထောက်ပံ့ပေးတဲ့သူတွေကို မှတ်သားထားကာ ထိုကနေ လေ့လာသင်ယူခြင်း၊ နီးစပ်စေခြင်း၊
ယုံကြည်မှုရှိခြင်း၊ စိတ်ပျော်ရွှင်ကျေနပ်ခြင်းတို့ ခံစားရစေပါတယ်။
ပျော်ရွှင်ရခြင်းက ဘဝရည်မှန်းချက်မဟုတ်ပေမယ့် ခက်ခဲတဲ့အချိန်များကို အတူတကွဖြတ်သန်းရင်း ရရှိတာမျိုးဖြစ်ပါတယ်။
ကောင်းမွန်တဲ့ဘဝဆိုတာ ပျော်ရွှင်ရသလို အခက်အခဲတွေလည်း ရှိစမြဲဖြစ်ပြီး ကိုယ်ဖြစ်ချင်သလို ဖြစ်လေ့မရှိပါဘူး။
ဘယ်လိုပဲဘဝမှာ ပျော်ရွှင်ကောင်းမွန်သည်ဖြစ်ပါစေ နောက်ဆုံးတော့ သေခြင်းတရားနဲ့ ရင်ဆိုင်ရမှာပါပဲ။
တွေ့ကြုံခဲ့ရတာကနေ သင်ခန်းစာယူပြီး နောက်တစ်ကြိမ်မှာ အောင်မြင်အောင် ကြိုးစားရပါမယ်။
သင့်ရဲ့ငယ်ဘဝနဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေတွေက သင့်ရဲ့ကံကြမ္မာမဟုတ်သလို နေထိုင်ကြီးပြင်းရာကလည်း ဘဝကြီးမဟုတ်ပါဘူး။
#Source: The Jerusalem Post
#Health
#Yangon_Media_Group
#YMG
#World_Society
Published 21 February 2023
၁၉၇၀ ပြည့်နှစ်တွေကစပြီး ဂျပန်မှာ ကလေးယူနှုန်းလျှော့ချလိုက်ခြင်းဟာ အခုဆိုရင်လုပ်ငန်းရှင်တွေအတွက် ဝန်ထမ်းအင်အားရှားပါးလာပြီဖြစ်ပါတယ်။
#Yangon_Media_Group
#World_News
#DailyNews
Published_ 21 February 2023
၁။ YBS ယာဉ်စီးခကို တစ်ထောင်တန်အတုထည့်ပြီး ပြန်အမ်းငွေကျပ် ၈၀၀ ယူခြင်းများနေ
၂။ ရန်ကုန်ရွှေပြင်ပပေါက်ဈေး ၂၈ သိန်း ၅ သောင်း ၇ ထောင် ဝန်းကျင်ပေါက်ဈေးရှိနေပြီး ဈေးအနည်းငယ်ပြန်တက်
၃။ လျှပ်စစ်သုံးယာဉ်တင်သွင်းလိုသူများ လိုက်နာရမည့် စည်းကမ်းချက်များထုတ်ပြန်
၄။ ဂျပန်တွင် ကလေးမွေးဖွားနှုန်းလျော့နည်းခြင်းကြောင့် လူငယ်ဝန်ထမ်းအင်အားရှားပါးလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Health
Published 21 February 2023
ကိုဗစ်ရောဂါကူးစက်ခြင်းကြောင့် ရရှိတဲ့ကိုဗစ်ခုခံအားဟာ ကိုဗစ်ကာကွယ်ဆေးထိုးခြင်းကနေ ရရှိတဲ့ ခုခံအားကဲ့သို့ပင် တာရှည်ခံကြောင်း ဖေဖော်ဝါရီ ၁၇ ရက်နေ့က နောက်ဆုံးလေ့လာခဲ့ပါတယ်။
ကိုဗစ်ရောဂါကူးစက်ပြီး ၁၀ လကြာပြီးတဲ့တိုင်အောင် ထပ်မံကူးစက်ခြင်း၊ ဆေးရုံတက်ကုသခံယူရခြင်း၊ အသက်သေဆုံးခြင်းတို့ ၈၈ ရာခိုင်နှုန်းလျှော့ချပေးနိုင်ဆဲဖြစ်ပါတယ်။
ထိုကဲ့သို့သဘာဝခုခံအားက ဖိုင်ဇာ သို့မဟုတ် မိုဒါနာကာကွယ်ဆေးနှစ်ကြိမ်ထက် အာနိသင်ပိုမိုကြာရှည်မခံရင်တောင် သူတို့လောက်တော့ တာရှည်ခံတာဖြစ်ကြောင်း IHME က ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအထိ အိုမီခရွန်မျိုးဗီဇကွဲတွေ့ရှိပြီးချိန်ကာလအထိ ၁၉ နိုင်ငံမှ လေ့လာချက်ပေါင်း ၆၅ ခုကို သုံးသပ်ခဲ့ကြပါတယ်။
အိုမီခရွန်မျိုးဗီဇကွဲအားလုံးကြောင့် ရောဂါပြင်းထန်ခြင်းကို ၇၈ ရာခိုင်နှုန်းကာကွယ်ထားနိုင်ကာ အယ်လ်ဖာ၊ ဒယ်လ်တာမျိုးဗီဇကွဲကာကွယ်နိုင်စွမ်းကတော့ ရက်သတ္တပတ် ၄၀ အကြာမှာ ၇၈.၆ ရာခိုင်နှုန်းရှိနေပါသေးတယ်။
ဒါပေမဲ့လည်း ကာကွယ်ဆေးတွေက ရောဂါကူးစက်ပြင်းထန်နိုင်ချေများတဲ့သူတွေမှာ အရေးကြီးနေကြောင်း AFP သတင်းဌာနက သောကြာနေ့က ပြောကြားလိုက်ပါတယ်။
ရေရှည်မှာတော့ ရောဂါပြင်းထန်ခြင်းကို ကာကွယ်နိုင်စွမ်းမြင့်မားတဲ့သူတွေက အရင်က ရောဂါကူးစက်ဖူးခြင်း၊ ကာကွယ်ဆေးထိုးခြင်းတို့ကြောင့် ကူးစက်မှုအများစုဖြစ်ပွားနိုင်ကြောင်း တောင်အာဖရိကအမျိုးသားတက္ကသိုလ်မှ ကူးစက်ရောဂါပညာရှင်'ချယ်ရီလ်ကိုဟင်'က ပြောပြခဲ့ပါတယ်။
Source: WION
#Yangon_Media_Group
#World_Health
Published 21 February 2023
အသည်းကွဲခြင်းကြောင့် ဆေးဘက်ဆိုင်ရာမှာ ဆိုးကျိုးသက်ရောက်မှုများစွာရှိနိုင်ပြီး ဝမ်းနည်းပူဆွေးရခြင်း၊ တစ်ဦးဦးကိုဆုံးရှုံးရခြင်းက အသက်အန္တရာယ်ထိခိုက်စေသည်အထိ ဖြစ်နိုင်ကာ ဆေးကုသမှုချက်ချင်း ခံယူသင့်ပါတယ်။
ကမ္ဘာတဝှမ်းမှာ နှလုံးရောဂါဟာ အဓိကသေဆုံးရတဲ့အကြောင်းအရင်းဖြစ်နေပြီး တစ်နှစ်ကို လူပေါင်း ၁၇.၉ သန်းခန့် ခန့်မှန်းချေသေဆုံးနေကြပါတယ်။
ဒီထဲမှာမှ ရင်ကွဲရခြင်းကြောင့် စိတ်ခံစားချက်စည်းချက်မမှန်ရာကနေ စိတ်ဖိစီးမှုမြင့်တက်ကာ နှလုံးရောဂါဖြစ်လာနိုင်ပါတယ်။
ဥပမာ မိမိဘဝလက်တွဲဖော် ဆုံးရှုံးရတဲ့အခါ အသည်းကွဲပြီး သေဆုံးတတ်ကြတာမျိုးဖြစ်ပါတယ်။
အချစ်ရဆုံးသူသေဆုံးတဲ့အခါမျိုးမှာ စိတ်ရောလူရော ဖိစီးမှုဖြစ်ပေါပြီး ရုတ်တရက်နှလုံးရောဂါအခြေအနေ ဖြစ်ပေါ်တတ်ပါတယ်။
ဒါမျိုးက နှလုံးထဖောက်ခြင်းမျိုးနဲ့ ခွဲခြားရခက်ခဲပြီး ဆေးကုသမှုအလျင်အမြန်ရယူဖို့ လိုအပ်ပါတယ်။
အသည်းကွဲရောဂါက ချက်ချင်းဖြစ်ပွားတာမျိုးမဟုတ်ဘဲ ရက်သတ္တပတ်တွေကြာတော့မှ ဖြစ်တတ်ပြီး တစ်ခါတလေမှာ ကိုယ်တိုင်တောင် မသိရှိကြပါဘူး။
ဒီလိုခံစားရသူတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ သွေးဆုံးပြီးအမျိုးသမီးတွေဖြစ်ပြီး အတော်များများက ဦးနှောက်ရောဂါ၊ စိတ်အခြေအနေမမှန်ခြင်းစတဲ့ လက္ခဏာများ ဖြစ်ပေါ်ခဲ့ဖူးသူတွေဖြစ်ပါတယ်။
ကုသနည်းတွေအကြောင်း သေချာမသိရှိရသေးပေမယ့် ACE inhibitor ဆေးတွေက သွေးကြောတွေကိုချဲ့ပေးကာ သက်သာစေနိုင်တယ်လို့ ယူဆသူတွေရှိပါတယ်။
NYU Langone ကတော့ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ယောဂကျင့်စဉ်၊ တရားထိုင်ခြင်း၊ အသက်ပြင်းပြင်းရှုခြင်း စတဲ့နည်းလမ်းတွေနဲ့ ကြိုးပမ်းနေပါတယ်။
ဒီရောဂါဟာ ရင်ဘတ်မှာသာမက မေးရိုး၊ သွား၊ အစာအိမ်အထက်ပိုင်းတို့အထိ နာကျင်ခြင်းဖြစ်ပေါ်တတ်ပါတယ်။
Source: South China Morning Post
#Yangon_Media_Group
Published 21 Feb 2023
တူရကီနိုင်ငံနိုင်ငံ ဆီးရီးယားနယ်စပ်အနီးတွင် ဒေသံစံတော်ချိန် တနင်္လာနေ့ည ၈နာရီခန့် က ၆.၄ အဆင့်ရှိ ငလျင်ကြီးတစ်ခုထပ်မံလှုပ်ရှားသွားတဲ့အတွက် လူ(၃)ဦးသေဆုံးပြီး ၂၀၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ လူထောင်ပေါင်းများစွာသေဆုံးခဲ့တဲ့ ငလျင်ကြီးလှုပ်အပြီး နှစ်ပတ်အကြာမှာ ထပ်မံ လှုပ်ခဲ့တာဖြစ်ပါတယ်။
ငလျင်ကြောင့် အဆောက်အအုံတွေထပ်မံပြိုကျခဲ့ပြီး အချို့လူတွေ ပိတ်မိနေပါတယ်။ အိမ်နီးချင်း ဆီးရီးယားမှာလည်း ဒဏ်ရာရသူတွေရှိနေပါတယ်။
တနင်္လာနေ့က လှုပ်ရှားတဲ့ ငလျင်ဟာ တူရကီနိုင်ငံ ဟာတေးပြည်နယ်က ဒက်ဖ်နီမြို့ကို ဗဟိုပြုလှုပ်ရှားခဲ့တာဖြစ်ပြီး အဲဒီဒေသဟာ ဖေဖော်ဝါရီ(၆)ရက်ငလျင်တုန်းကလည်း အဆိုးရွားဆုံးထိခိုက်ခဲ့တဲ့နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ငလျင်ကို ဆီးရီးယား၊ဂျော်ဒန်၊ဆိုက်ပရပ်စ်၊အစ္စရေးနှင့် အလွန်ဝေးတဲ့ အီဂျစ်နိုင်ငံတွေမှာပါ ခံစားခဲ့ရပါတယ်။ အဲဒီငလျင်လှုပ်ပြီးနောက် ၅.၈အဆင့် နောက်ထပ်ငလျင်တစ်ခု ထပ်မံလှုပ်ရှားခဲ့ပါတယ်။
လူ(၃)ဦးသေဆုံးပြီး ၂၁၃ ဦးဒဏ်ရာရတယ်လို့ တူရကီပြည်ထဲရေးဝန်ကြီး ဆူလီမန်ဆွိုင်လူက ပြောပါတယ်။ လူ(၆)ဦးပိတ်မိနေတယ်လို့ထင်ရတဲ့ ပြိုကျနေတဲ့ အဆောက်အအုံ(၃)လုံးကလူတွေကို ကယ်ဆယ်ဖို့ကြိုးစားနေပါတယ်။
အလီပိုမှာ အပျက်အစီးတွေပြုတ်ကျလို့ လူ(၆)ဦးဒဏ်ရာရသွားတယ်လို့ ဆီးရီးယားသတင်းအေဂျင်စီက သတင်းထုတ်ပြန် ပါတယ်။ လူ၁၃၀ကျော်ဒဏ်ရာရပြီး အများစုဟာ အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ ဆီးရီးယားမြို့ပြကာကွယ်ရေးအဖွဲ့ White Helmets က ပြောပါတယ်။
Source: AP/WION
#Earthquakes_Turkey_Syria
#Fresh_earthquakes



#World_Landscape
Published 20 February 2023
ဆော်ဒီအာရေဗျမှာ ခါတိုင်းဆောင်းတွင်းမိုးထက် ပိုမိုရွာသွန်းတာကြောင့် သဲကန္တာရမှာ ခရမ်းရောင်ပန်းတွေပွင့်နေပြီး အာရေဗျကျွန်းဆွယ်တလျှောက်မှ ခရီးသွားတွေကို ဆွဲဆောင်လျက်ရှိပါတယ်။
#Yangon_Media_Group
Page 710 of 1077