အမေရိကန် ဗဟိုဘဏ်ရဲ့အတိုးနှုန်း မြင့်တက်လာခြင်းနဲ့ စီးပွားရေး မရေရာမှုတို့ကြောင့် အမေရိကန် စီးပွားရေးအပေါ် ထိခိုက်လျက်ရှိပြီး အမေရိကန်ရှိ ကော်ပိုရေးရှင်း ဒေဝါလီခံရမှုများ ၁၃ နှစ်အတွင်း အမြင့်မားဆုံး အခြေအနေသို့ ရောက်ရှိဖွယ်ရှိနေကြောင်း ဂက်ဂင်ဟိမ်း အင်ဗက်စ်မန့်စ်က ယခုတစ်ပတ်အတွင်း ပြောကြားလိုက်ပါတယ်။
Published_ 26 September 2023
#World_Business #အမေရိကန်ရှိကော်ပိုရေးရှင်း #ဒေဝါလီခံရမှုစံချိန်တင်မြင့်မားလာ
#Daily_News
Published_ 26 September 2023
၁။ ပုဂံစေတီပုထိုးများနှင့် ပုံစံတူဖန်တီးထားသည့် ပုဂံစေတီပုထိုးပုံစံငယ်ဝါးနှီးလက်ရာများ လူကြိုက်များပြီးဈေးကွက်ရလာ
၂။ ရှမ်းပြည်ထွက်သီးနှံအချို့ဈေးမြင့်လာပေမယ့် ရန်ကုန်ဈေးကွက်တွင်အရောင်းသွက်နေ
၃။ ‘အာဆီယံ-ပရီတိုးရီယားရုပ်ရှင်ပွဲတော်’နှင့် ‘ဟောင်ကောင်ပါဖောင့်မန်အနုပညာကုန်စည်ပြပွဲ’တွင်ပါဝင်ရန် ဖိတ်ခေါ်ထား
၄။ အမေရိကန်ရှိကော်ပိုရေးရှင်းများ ဒေဝါလီခံရမှု စံချိန်တင်မြင့်မားလာ.... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#World_Military
Published 26 September 2023
အမေရိကန်အစိုးရအဖွဲ့က ယင်းရဲ့မဟာမိတ် ပိုလန်နိုင်ငံရဲ့ စစ်ကာကွယ်ရေး ခေတ်မီလာစေရန် ကူညီထောက်ပံ့တဲ့အနေနဲ့ အမေရိကန်ဒေါ်လာ ၂ ဘီလီယံချေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။
ပိုလန်နိုင်ငံဟာ ယူကရိန်းကို ပေးပို့မယ့်လက်နက်များ ထားရှိရာ အချက်အခြာနေရာလည်း ဖြစ်နေပါတယ်။
နေတိုး(NATO)အဖွဲ့အစည်း အရှေ့ဘက်ခြမ်းရှိ စုပေါင်းကာကွယ်ရေးမှာ မဟာမိတ်ပိုလန်ရဲ့ လုံခြုံရေးကလည်း အရေးပါပြီး ဒီလိုငွေမျိုးက အမေရိကန်ရဲ့ အရေးအကြီးဆုံး မဟာမိတ်တွေရဲ့ လုံခြုံရေးအတွက် ရည်ရွယ်ထားရှိတာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ကြေညာခဲ့ပါတယ်။
အမေရိကန်မှ ကာကွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများ အရေးပေါ် ဝယ်ယူမှုကို အထောက်အကူ ဖြစ်စေမယ့် နိုင်ငံခြားစစ်ရေး ချေးငွေကုန်ကျစရိတ်အတွက်လည်း အမေရိကန်က ပိုလန်ကို ဒေါ်လာသန်း ၆၀ ထောက်ပံ့နေပါတယ်။
ပိုလန်ဟာ ယူကရိန်းကို အခိုင်အမာ ထောက်ခံနေသူဖြစ်ပြီး ရုရှားကျူးကျော်စစ်ကာလအတွင်း တင့်ကားများ၊ တိုက်လေယာဥ်များ၊ အခြားပစ္စည်းကိရိယာများ ထောက်ပံ့ပေးထားပါတယ်။
ယူကရိန်းကို ပေးပို့မယ့် အနောက်တိုင်းလက်နက်များကိုလည်း ပိုလန်မှာ စုဝေးထားရှိပါတယ်။
ဆိုဗီယက်နည်းပညာကို အခြေခံခဲ့တဲ့ လက်နက်ပစ္စည်းတွေနေရာမှာ ခေတ်မီနည်းပညာများဖြင့် အစားထိုးနိုင်ရန် အမေရိကန်၊ တောင်ကိုရီးယား ကာကွယ်ရေးတို့နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
လက်ရှိမှာတော့ ယူကရိန်းကောက်ပဲသီးနှံနဲ့ ပတ်သက်ပြီး ကုန်သွယ်ရေး အငြင်းပွားမှုများကြောင့် ပိုလန်နဲ့ ယူကရိန်းတို့ကြား ဆက်ဆံရေး တင်းမာနေပါတယ်။
ပိုလန်ဝန်ကြီးချုပ် မာတူဇ်မိုရာဝီယက်ကီက ပိုလန်ဟာ ယူကရိန်းထံသို့ နောက်ထပ်လက်နက်များ ပေးပို့မနေတော့ဘူးလို့ ပြေကြားထားပါတယ်။
ဒါကြောင့် ယူကရိန်းအတွက် အနောက်နိုင်ငံမှ ထောက်ပံ့မှုတွေ အားလျော့နိုင်တာတယ်လို့ စိုးရိမ်းနေရပါတယ်။
ယူကရိန်းကို ကူညီရာမှာ ပိုလန်ရဲ့ကဏ္ဍကို အမေရိကန်အရာရှိများက ချီးကျူးလိုက်ပြီး ရုရှားရန်ကာကွယ်ဖို့က ပိုလန်ရဲ့ ဗျူဟာမြောက် အကျိုးစီးပွားနဲ့ သက်ဆိုင်နေတယ်လို့ ဆိုကြပါတယ်။
#World_Military #ပိုလန်ကာကွယ်ရေးစနစ် #ဒေါ်လာ(၂)ဘီလီယံချေးငွေထုတ်ပေး
Source: AP News
#World_Health
Published 26 September 2023
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ဆေးရုံတက်ကုသခံယူရပြီးနောက် ကိုဗစ်နောက်ဆက်တွဲ ဝေဒနာများ ခံစားရတဲ့သူတွေမှာ ကိုယ်တွင်းအင်္ဂါများ သိသိသာသာ ထိခိုက်မှုရှိတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
ဒါဟာ ရောဂါကူးစအချိန်က ပြင်းထန်မှုနဲ့ ဆက်စပ်နေနိုင်ပါတယ်။
ဒီလိုတွေ့ရှိတာဟာ ကိုဗစ်နောက်ဆက်တွဲ လက္ခဏာများကို ထိရောက်စွာ ကုသနိုင်မယ့် နည်းလမ်းများ ရှာဖွေတွေ့ရှိလာနိုင်ပြီး ဒီလိုရှုပ်ထွေးတဲ့ လက္ခဏာများအကြောင်း ပိုမိုနားလည်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ကိုဗစ်ပြင်းထန်စွာ ခံစားရပြီး ဆေးရုံတက်ကုသခံယူခဲ့ရတဲ့ လူနာ ၂၅၉ ဦးကို လေ့လာခဲ့တာ ဖြစ်ပါတယ်။
ဆေးရုံမှဆင်းပြီး ၅ လကြာပြီးနောက် သူတို့ရဲ့ အတွင်းအင်္ဂါတွေကို MRI စကင်ရိုက်ခဲ့ရာမှာ ကိုဗစ်မကူးစက်သူတွေနဲ့ နှိုင်းယှဥ်ရင် သိသာစွာ ကွဲပြားနေကြောင်း တွေ့ရှိခဲ့ကြပါတယ်။
MRI စကင်များအရ ဆေးရုံတက်ကုသခံယူခဲ့ရတဲ့ လူနာတွေရဲ့ အဆုတ်၊ ဦးနှောက်၊ ကျောက်ကပ်တို့မှာ ပုံမှန်မဟုတ်တဲ့ အခြေအနေမျိုး ဖြစ်နိုင်ချေ ၃ ဆပိုများကြောင်း တွေ့ရှိခဲ့ပါတယ်။
အဆုတ်အင်္ဂါက အထိခိုက်ဆုံးဖြစ်ပြီး ပုံမှန်မဟုတ်တဲ့ အခြေအနေမျိုး ဖြစ်နိုင်ချေ ၁၄ ဆပိုများနေပါတယ်။
ဒါ့အပြင် ဦးနှောက်မှာ ပုံမှန်မဟုတ်တာမျိုးက ၃ ဆ၊ ကျောက်ကပ်မှာ ပုံမှန်မဟုတ်တာမျိုးက ၂ ဆ ဖြစ်နိုင်ချေ ပိုများနေပါတယ်။
ကိုယ်တွင်းအင်္ဂါတွေ ပြင်းထန်မှုရှိမရှိက လူနာအသက်အရွယ်၊ ကိုဗစ်ကြောင့် ဘယ်လောက်အထိ ရောဂါပြင်းထန်သလဲ၊ တစ်ချိန်တည်းမှာပဲ အခြားရောဂါတွေ ရှိမရှိဆိုတဲ့ အချက်တွေပေါ် မူတည်နေပါတယ်။
ဒီတွေ့ရှိချက်တွေက ကိုဗစ်ကြောင့် ဆေးရုံတက်ကုသခံယူရသူတွေမှာ အဆုတ်နဲ့ ကျောက်ကပ်၊ ဦးနှောက်၊ စိတ်ကျန်းမာရေးကဏ္ဍတွေမှာ ရေရှည်ကုသခံယူသွားမှု လိုအပ်ပုံကို ထောက်ပြနေပါတယ်လို့ အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ဒေါက်တာဘက်တီရေမန်က ပြောပြသွားပါတယ်။ ကိုဗစ်နောက်ဆက်တွဲ ဝေဒနာများ ဖြစ်ပေါ်လာစေတဲ့ လက္ခဏာများကို ပိုမိုသိရှိလာရန် ဒီလေ့လာချက်ကနေ အကူအညီဖြစ်စေနိုင်ကြောင်း လက်စ်တာတက္ကသိုလ်မှ ဒေါက်တာခရစ္စဘရိုက်လင်းက ရှင်းပြပါတယ်။
ဒီလူနာတွေမှာ အင်္ဂါထိခိုက်မှု ဘာကြောင့်ဖြစ်ရသလဲဆိုတာနဲ့ ကိုဗစ်နောက်ဆက်တွဲ ဝေဒနာတွေကို ဖြေရှင်းရန် စမ်းသပ်ကုသနည်းများ ထုတ်လုပ်ပုံတို့ရဲ့ အရေးကြီးပုံများကို အလေးပေးပြောကြားသွားပါတယ်။
#World_Health #ကိုယ်တွင်းအင်္ဂါများထိခိုက်မှုရှိ #ကိုဗစ်နောက်ဆက်တွဲဝေဒနာ
Source: WION
#World_Health
Published 26 September 2023
သွားတိုက်ဆေးဖြင့် သွားတိုက်ပြီးသည့်တိုင်အောင် ခံတွင်းနံ့ဆိုးခြင်းမျိုး ဖြစ်ရတဲ့ အကြောင်းအရင်း များစွာရှိပါတယ်။
ခံတွင်းနံ့ဆိုးခြင်း ဖြစ်ပေါ်ရတဲ့ အချို့သော အကြောင်းအရင်းတွေကတော့ …
(၁) အယ်လ်ကိုဟော ပါဝင်တဲ့ ခံတွင်းသန့်စင်ဆေးတွေက ပါးစပ်ကိုခြောက်သွေ့စေပြီး ခံတွင်းနံ့ ပိုဆိုးစေတာကြောင့် အယ်လ်ကိုဟော မပါတဲ့ သန့်စင်ဆေးတွေကို ပြောင်းသုံးသင့်ပါတယ်။
(၂) တံတွေး လုံလောက်စွာ မထုတ်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ အချို့သော ဆေးဝါးများသုံးစွဲရခြင်းတို့ကြောင့် ခံတွင်းခြောက်သွေ့ကာ ဘက်တီးရီးယားများ ဝင်ရောက်ပေါက်ဖွားနိုင်ပါတယ်။
(၃) သွားပိုးစားခြင်းများ၊ သွားဖုံးရောဂါများကြောင့် ဘက်တီးရီးယားများ ပေါက်ဖွားကာ အနံ့ဆိုးထွက်စေပါတယ်။
(၄) လျှာမျက်နှာပြင် ကြမ်းတမ်းတဲ့အခါ ဆဲလ်သေများ စုပြုံလာပြီး ခံတွင်းနံ့ဆိုးရွားစေပါတယ်။
(၅) ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အစပ်တို့လို စားစရာတွေက အနံ့ပြင်းပြီး အငွေ့ပျံလွယ်တဲ့ ဒြပ်ပေါင်းများထုတ်လွှတ်တဲ့အပြင် အရက်၊ ကော်ဖီ၊ အက်ဆစ်ဓာတ်ပါဝင်တဲ့ အချိုရည်တို့ကြောင့်လည်း ခံတွင်းနံ့ဆိုးစေပါတယ်။
(၆) ဆေးလိပ်တွေက အနံ့ပြင်းတဲ့အပြင် ခံတွင်းခြောက်ခြင်း၊ သွားဖုံးရောဂါတို့လည်း ဖြစ်စေနိုင်ပါတယ်။
(၇) နာတာရှည်လေပြွန်ရောင်ရောဂါ၊ အက်ဆစ်လျှံတက်ခြင်း၊ အာသီးရောင်ခြင်း၊ အသက်ရှူလမ်းကြောင်းရောဂါပိုး ကူးစက်ခြင်း၊ အသည်း ကျောက်ကပ်ပြဿနာများ၊ ဆီးချိုရောဂါတို့ကြောင့် ခံတွင်းနံ့ဆိုးစေနိုင်ပါတယ်။
(၈) စိတ်ဖိစီးမှု၊ ပူပန်သောကတို့ကြောင့်လည်း ခံတွင်းခြောက်သွေ့စေနိုင်ပါတယ်။
သွားတိုက်ရုံဖြင့် ခံတွင်းနံ့မပျောက်ဘူးဆိုရင် သက်သာစေမယ့် နည်းလမ်းများကတော့..
(၁) တစ်နေ့ ၂ ကြိမ်သွားတိုက်ခြင်း၊ ပါးစပ်သန့်စင်ရည်ဖြင့် သန့်ရှင်းခြင်းတို့ဖြင့် ဘက်တီးရီးယားများနဲ့ အစာအကြွင်းအကျန်များကို ဖယ်ရှားပေးပါတယ်။
(၂) လျှာမျက်နှာပြင်ကို သွားတိုက်တံ ဒါမှမဟုတ် လျှာပွတ်တံတို့ဖြင့် ညင်သာစွာ ပွတ်တိုက်ပေးသင့်ပါတယ်။
(၃) တစ်နေ့တာလုံး ခံတွင်းခြောက်သွေ့မှု မဖြစ်စေရန် ရေများများသောက်ပါ။
(၄) ခံတွင်းနံ့ဆိုးစေတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အစပ်များကို ကန့်သတ်လျှော့ချစားသုံးပါ။
(၅) သွားဖုံးရောဂါများနဲ့ ခံတွင်းခြောက်သွေ့ခြင်းကို ဖြစ်စေတဲ့ ဆေးလိပ်ကို ရှောင်ရှားရပါမယ်။
(၆) သကြားမပါတဲ့ ပူရှိန်း၊ ပီကေများ ဝါးပေးခြင်းဖြင့် တံတွေးထွက်အောင် လှုံ့ဆော်နိုင်ပြီး ဘက်တီးရီးယားများကို ရှင်းလင်းစေပါတယ်။
(၇) လေပြွန်ရောင်ရမ်းခြင်း၊ နှာခေါင်းပိုက်ထည့်ခြင်းတို့ကြောင့် အနံ့ဆိုးထွက်စေနိုင်ကာ နှာခေါင်းအစက်ချ သန့်စင်ဆေးများဖြင့် ရှင်းလင်းသင့်ပါတယ်။
Source: DoctorNDTV #World_Health #ခံတွင်းနံ့ဘာကြောင့်ဆက်ဆိုးနေ
#Yangon_Times #Daily_News #YMG
တရုတ်နိုင်ငံ လျှပ်စစ်ကားဈေးကွက်မှာ ဦးဆောင်နေတဲ့ BYD ကုမ္ပဏီက လျှပ်စစ်ကားများ ရောင်းချရန် ဖိလစ်ပိုင်မှ အကြီးမားဆုံး စီးပွားရေးကော်ပိုရေးရှင်းကြီးတစ်ခုနဲ့ သဘောတူလက်မှတ် ရေးထိုးပြီးနောက် အရှေ့တောင်အာရှဈေးကွက်မှာ တိုးချဲ့လျက်ရှိနေပါတယ်။
Published_ 25 September 2023
#World_Industry #တရုတ်လျှပ်စစ်ကားထုတ်လုပ် #အာရှဈေးကွက်တိုးချဲ့နေ
#Daily_News
Published_ 25 September 2023
၁။ တိုက်ကြီးမြို့နယ်တွင် ငလျင်(၈)ကြိမ်လှုပ်ခဲ့၊ ပန်းတစ်ပွင့်တောင်ရှိ အဆောက်အဦးများထိခိုက်ခဲ့သော်လည်း ဖူးကြီးရေလှောင်ကန်မထိခိုက်
၂။ အောက်တိုဘာ ၁ ရက်ကစပြီး ပြည်ပရောက် မြန်မာများ၏ လစာအပေါ်အခွန်ကောက်ခံတော့မည်
၃။ ယခုတစ်ပတ် စားအုန်းဆီရည်ညွှန်းဈေးအနည်းငယ်ကျဆင်း၊ ဒေသ(၁၃)ခုတွင် ရည်ညွှန်းဈေးအတိုင်းရောင်းချပေးထားဟုဆို
၄။ တရုတ်လျှပ်စစ်ကားထုတ်လုပ်ရေး BYD အရှေ့တောင်အာရှဈေးကွက်တိုးချဲ့နေ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Page 653 of 1175