#World_Health
Published 30 September 2023
အဆင့်ဆင့် ထုတ်လုပ်ထုပ်ပိုးထားတဲ့ အစားအစာတွေဟာ စိတ်ဓာတ်ကျခြင်း အခြေအနေ ဖြစ်နိုင်ချေများစေတယ်ဆိုတဲ့ လေ့လာချက်အသစ်ကို JAMA Open Network ဂျာနယ်မှာ ဖော်ပြထားပါတယ်။
ဘရစ်ဂမ်အမျိုးသမီးဆေးရုံနဲ့ ဟားဗတ် T.H ချန် ပြည်သူ့ကျန်းမာရေးဆေးရုံတို့မှ သုတေသီများက အသက် ၄၂ နှစ်မှ ၆၂ နှစ်ကြား အမျိုးသမီး ၃၁,၀၀၀ ကျော်ရဲ့ ရွေးချယ်စားသောက်မှုများနဲ့ စိတ်ကျန်းမာရေး အခြေအနေတို့ကို ဆန်းစစ်ခဲ့ကြပါတယ်။
အဆင့်ဆင့် ထုတ်လုတ်ထုပ်ပိုးထားတဲ့ အစားအစာများ(UPF)တွေထဲမှာ တာရှည်ခံဆေးများ၊ ဆိုးဆေးများ ပါဝင်တယ်လို့ မြောက်ကယ်ရိုလိုင်းနားမှ အာဟာရပညာရှင် တန်ညာဖရိုင်းရစ်ချ်က ဆိုပါတယ်။
စမ်းသပ်ပါဝင်သူတွေကို လေ့လာရာမှာ စိတ်ဓာတ်ကျခြင်းနဲ့ ဆက်စပ်နေတဲ့ အသက်အရွယ်၊ ကိုယ်အလေးချိန်ထုထည်ညွှန်းကိန်း၊ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု၊ ဆေးလိပ်သောက်ခြင်း၊ အိပ်စက်ခြင်း၊ နာတာရှည်ကိုက်ခဲခြင်း၊ အရက်သေစာ သောက်သုံးခြင်း၊ ဝင်ငွေ၊ အခြားကျန်းမာရေး အခြေအနေများကိုလည်း ထည့်သွင်းတွက်ချက်ခဲ့ကြပါတယ်။
ထိုအခါမှာ UPF အစားများသူတွေ အထူးသဖြင့် ထုတ်လုပ်ထားတဲ့ အချိုဓာတ်အမှုန့်များ၊ ထုတ်လုပ်ထားတဲ့ အချိုရည်များကို သောက်သုံးသူတွေက စိတ်ဓာတ်ကျဝေဒနာ ဖြစ်နိုင်ချေ ပိုများနေကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ဖြစ်နိုင်တဲ့ အကြောင်းအရင်းတစ်ခုကတော့ ထိုပစ္စည်းတွေဟာ ဦးနှောက်ထဲမှာ ဓာတုပြောင်းလဲမှု ဖြစ်စေပြီး စိတ်ဓာတ်ကျခြင်းကို ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။
UPF အစားအစာတွေ အမြင့်မားဆုံးပမာဏ စားသုံးသူများဟာ စိတ်ဓာတ်ကျခြင်း ဝေဒနာဖြစ်နိုင်ချေ ၃၄ ရာခိုင်နှုန်းမှ ၄၉ ရာခိုင်နှုန်းရှိနေပါတယ်။
စားစရာများနဲ့ ကင်ဆာ၊ ဟော်မုန်းပြောင်းလဲမှုမျး၊ ကိုယ်အလေးချိန်တက်ခြင်း၊ စိတ်ကျန်းမာရေး အခြေအနေတို့ကြား ဆက်စပ်မှုများကို အများအပြား လေ့လာမှတ်တမ်းတင်ထားတယ်လို့ ဖရိုင်းရစ်ချ်က Fox News Digital ကို ပြောပြပါတယ်။
အမျိုးသမီးအများအပြားကို လေ့လာခဲ့တာဖြစ်ပေမယ့် လူမျိုးဘာသာအားလုံး ပါဝင်နေတာ မဟုတ်ပါဘူး။
ဒီလေ့လာချက်က စောင့်ကြည့်သုံးသပ်ရေးသာဖြစ်ပြီး ထိန်းချုပ်စမ်းသပ်တာမျိုး မဟုတ်တာကြောင့် UPF တွေက စိတ်ဓာတ်ကျခြင်းကို တကယ်ဖြစ်စေတာလားဆိုတာ မသိရပါဘူး။
ဒါပေမဲ့လည်း ဒီလိုမျိုးဆက်စပ် တွေ့ရှိတာဟာ တိုက်ဆိုက်မှုတော့ မဟုတ်ဘူးလို့ ကောက်ချက်ချခဲ့ကြပါတယ်။
ဒီလိုမျိုး အဆင့်ဆင့် ထုတ်လုပ်ထုပ်ပိုးထားတဲ့ စားစရာတွေကို စားမယ့်အစား လတ်ဆတ်တဲ့ အစားအစာများ၊ ချက်ပြုတ်စားသောက်တာမျိုးကို ဖြည်းဖြည်းချင်း ပြုလုပ်သွားသင့်တယ်လို့လည်း အကြံပြုထားပါတယ်။
ထုတ်လုပ်ထားတဲ့ အချိုဓာတ်အမှုန့်တွေရာ သဘာဝသကြားတွေရော လျှော့ချစားသုံးနိုင်ရင်တော့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်ပါတယ်။
ကျန်းမာရေးအတွက် သင့်လျော်တဲ့ အစားအစာတွေဆိုရင် အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ အခွံမာသီးများ၊ ပဲစေ့များ၊ အစေ့အဆန်များ၊ ကောက်ပဲသီးနှံများ၊ ပရိုတိန်းများကို အားထားသင့်ပါတယ်။
#World_Health #ကျန်းမာရေးနှင့်မညီညွတ် #စိတ်ကျဝေဒနာဖြစ်နိုင်ချေ
#Source:_New_York_Post
တရုတ်နိုင်ငံမှ ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်သွယ် စီမံကိန်းကြီး (BRI)လက်အောက်မှ အထင်ကရ စီမံကိန်းတစ်ခုဖြစ်တဲ့ ပထမဆုံး အီဂျစ်လျှပ်စစ်မီးရထား သယ်ယူပို့ဆောင်ရေး (LRT)စနစ်ဟာ ၂၀၂၂ ဇူလိုင်လက စတင်ပြေးဆွဲနေခဲ့ပြီး ဒေသတွင်းပြည်သူများအတွက် ထိရောက်တဲ့ ပို့ဆောင်ရေးဝန်ဆောင်မှု ပေးနေပြီဖြစ်ပါတယ်။
Published_ 29 September 2023
#World_News
#အီဂျစ် #လျှပ်စစ်မီးရထားလိုင်း #LRTစနစ်စတင်ပြေးဆွဲ
#Daily_News
Published_ 29 September 2023
၁။ မြန်မာနိုင်ငံတွင် ‘ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့’ကျင်းပ၊ ရေထုညစ်ညမ်းမှုဆိုင်ရာဥပဒေပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်လျက်ရှိဟုဆို
၂။ ငှက်ပျောသီး ဈေးထက်ဝက်ခန့် မြင့်လာပေမယ့် ငှက်ပျောစိုက်တောင်သူတွေအတွက်အကျိုးမြတ်မရှိဟုဆို
၃။ စာသင်ကျောင်းများတွင် စားပွဲခုံအောက်ထက် ကျောင်းကွင်းပြင်ကျယ်သည် ငလျင်ဘေးအန္တရာယ်အကင်းဆုံးဖြစ်ဟုဆို
၄။ အီဂျစ်တွင်ပထမဆုံး လျှပ်စစ်မီးရထားလိုင်း LRT စနစ်စတင်ပြေးဆွဲ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#World_News
Published 29 September 2023
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အနေနဲ့ သူ့သားဖြစ်သူ ဟန်တာဘိုင်ဒင်ရဲ့ စီးပွားရေးကိစ္စများအကြောင်း လိမ်လည်ထွက်ဆိုခဲ့တယ်ဆိုတဲ့ သက်သေမရှိ စွပ်စွဲချက်များနဲ့ ပတ်သက်ပြီး အောက်လွှတ်တော် ရီပတ်ဘလစ်ကန်အမတ်များက စက်တင်ဘာ ၂၈ ရက်နေ့မှာ ဂျိုးဘိုင်ဒင်အား စွပ်စွဲပြစ်တင်ချက် စုံစမ်းစစ်ဆေးခြင်း ကြားနာမှုများ စတင်ပြုလုပ်ခဲ့ပါတယ်။
ဘိုင်ဒင်ကို စုံစမ်းစစ်ဆေးခြင်း အကြောင်းအရာထဲမှာ သူ့မိသားစုထံ နိုင်ငံခြားမှ ငွေပေးချေမှုများ ရှိခဲ့တယ်လို့ ဖော်ပြထားပေမယ့် အဲဒီကနေ ကိုယ်ကျိုးစီးပွားအတွက် အကျိုးအမြတ် ရခဲ့တယ်ဆိုတဲ့ အထောက်အထားတော့ မတွေ့ရှိထားပါဘူး။
ဘိုင်ဒင်မိသားစုဝင်တွေက ရပိုင်ခွင့်တွေ ရောင်းချနေတယ်ဆိုကာ ဟန်တာရဲ့ နိုင်ငံခြား စီးပွားရေးလုပ်ငန်းများအကြောင်းကို စုစည်းဖော်ပြထားတဲ့ ရီပတ်ဘလစ်ကန်များရဲ့ အထောက်အထား သုံးသပ်ချက်များကို အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီမှ ကနဦးစွဲချက်ကြားနာခဲ့တာ ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အမေရိကန်ပြည်သူတွေက ဒီလိုအကျင့်ပျက်မှုကို တာဝန်ယူဖြေရှင်းပေးဖို့ အလိုရှိနေကြကြောင်း၊ သမ္မတက သူ့မိသားစုဝင်တွေရဲ့ စီးပွားရေးများအကြောင်း လိမ်လည်ခဲ့ကာ အလုပ်တာဝန်တွေကနေ ပိုင်းခြားထားခြင်းမရှိကြောင်း အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီ ဥက္ကဌ ဂျိမ်းစ်ကိုမာက ပြောကြားလိုက်ပါတယ်။
၂၀၀၉ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ဘာရက်အိုဘားမား အုပ်ချုပ်စဥ် ဘိုင်ဒင်က ဒုသမ္မတအဖြစ် ရှိစဥ်အခါက ယင်းလက်ကိုင်ပြုခဲ့တဲ့ မူဝါဒလမ်းစဥ်တွေကနေ ဘိုင်ဒင်တို့မိသားစု အကျိုးအမြတ်ရရှိခဲ့တယ်လို့ ရီပတ်ဘလစ်ကန် ခေါင်းဆောင်များက စွပ်စွဲလိုက်ပါတယ်။
ဒါ့အပြင် မိသားစုရဲ့ ဘဏ္ဍာရေးကိစ္စများ စုံစမ်းစစ်ဆေးရေး တစ်စိတ်တစ်ပိုင်းအဖြစ် ဟန်တာနဲ့ သမ္မတအစ်ကိုဖြစ်သူ ဖရန့်တို့ရဲ့ ဘဏ်မှတ်တမ်းများအတွက်လည်း ကော်မတီဥက္ကဌက ဆင့်ခေါ်စာ ထုတ်ပြန်ခဲ့ပါတယ်။
ကြာသပတေးနေ့က ကြားနာမှုမှာ ဒီမိုကရက်အဖွဲ့ဝင်တွေနဲ့ အခြားပုဂ္ဂိုလ်သက်သေတို့က ဘိုင်ဒင်ဟာ နိုင်ငံခြားမှ ငွေကြေးလက်ခံရယူခြင်း မရှိသလို ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်စဥ်ကလည်း မဟုတ်မမှန်တဲ့ လုပ်ရပ်မျိုး ပြုလုပ်တဲ့ အထောက်အထား မရှိခဲ့ဘူးလို့ ဆိုကြပါတယ်။
တကယ်လို့ သမ္မတကို စွပ်စွဲဖို့အတွက် အောက်လွှတ်တော် ရီပတ်ဘလစ်ကန်တွေမှာ မဲဆန္ဒအလုံအလောက် ရခဲ့ရင်တောင် အထက်လွှတ်တော်က ဘိုင်ဒင်ကို သမ္မတရာထူးမှ ဖယ်ရှားဖို့ဆိုတာ ဖြစ်နိုင်ချေအလွန်နည်းပါးကြောင်း ရိုက်တာက သုံးသပ်ထားပါတယ်။
#World_News #ဟန်တာဘိုင်ဒင် #အောက်လွှတ်တော်ရီပတ်ဘလစ်ကန် #Source: WION
#World_Health
Published 29 September 2023
ကင်ဆာဝေဒနာရှင်များအတွက် မျိုးဗီဇဆက်စပ်စမ်းသပ်နည်းများကို အခြေခံကာ တစ်ဦးချင်း ကင်ဆာကုသနည်းလမ်းများ မြှင့်တင်ပေးမယ့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ရို့ချ်အစ္စရေးလ် ဆေးဘက်ဆိုင်ရာကုမ္ပဏီဖြစ်တဲ့ ဟာဒါဆာ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်စင်တာမှ လက်မှတ်ရေးထိုးလိုက်ပါတယ်။
ဒါဟာ အစ္စရေးလ်မှာ ပထမဆုံးပူးပေါင်းမှုပုံစံ ဖြစ်လာမှာပါ။
မော်လီကျူးနဲ့ ဇီဝအချက်အလက်ဆိုင်ရာ နည်းပညာများကို အခြေခံကာ ကင်ဆာလူနာတွေအနေနဲ့ မျိုးဗီဇဆက်စပ်စမ်းသပ်နည်း ပူးပေါင်းဆောင်ရွက်ချက် ပုံစံများကို ရွေးချယ်ကုသနိုင်မှာဖြစ်ပြီး ကုမ္ပဏီများအနေနဲ့ ကင်ဆာအဆင့်တိုင်းမှာ တိကျတဲ့ကုသမှုများ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ဒီလိုပေါင်းစပ်ခြင်းနည်းလမ်းကို အသုံးပြုကာ ကင်ဆာရောဂါကို အဆင့်မြင့်အဆန်းသစ်ဆုံး စမ်းသပ်ချက်များဖြင့် လူနာတွေအတွက် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။
သဘောတူညီချက်များအရ ထိုနည်းလမ်းစမ်းသပ်ချက်များဖြင့် ဟာဒါဆာမှလူနာတွေကို ပိုမိုတိကျတဲ့ ကင်ဆာရှာဖွေရေးစမ်းသပ်မှုများ ပြုလုပ်မှာဖြစ်ပြီး နိုင်ငံခြားဓာတ်ခွဲခန်းများသို့ ပို့ဆောင်မှာဖြစ်ပါတယ်။
လူနာတစ်ဦးချင်းအတွက် မျိုးဗီဇစမ်းသပ်နည်းဖြင့် ကင်ဆာအကျိတ်ရဲ့ သဘောသဘာဝကို သိရှိစေနိုင်ကာ အတိကျဆုံးကုသမှု ပေးနိုင်မှာဖြစ်ပါတယ်။
လူနာစောင့်ရှောက်မှု ပိုမိုမြင့်မားရေးအတွက် AI အခြေပြုပစ္စည်းကိရိယာများလည်း ပိုမိုထုတ်လုပ်လာနိုင်မှာ ဖြစ်ပါတယ်။
ဆေးဘက်ဆိုင်ရာ အားသာချက်များအပြင် ကင်ဆာထိန်းချုပ်ရေးအတွက် အဆင့်မြင့်သိပ္ပံနည်းပညာများနဲ့ သုတေသနများမှာလည်း သိသိသာသာ တိုးတက်စေမှာ ဖြစ်ပါတယ်။
ကင်ဆာလူနာများကို အကောင်းဆုံး မော်လီကျူး အခြေခံနည်းလမ်းများဖြင့် ကုသခွင့်ရတဲ့အတွက် ဂုဏ်ယူရကြောင်း၊ လူနာများကို ကုသရာမှာ တိုးတက်လာမယ်လို့ ယုံကြည်နေကြောင်း ဟာဒါဆာကင်ဆာတက္ကသိုလ်မှ ညွှန်ကြားရေးမှူး ပရော်ဖက်ဆာ အာရွန်ပိုပေ့ါဗ်ဇာက ပြောကြားသွားပါတယ်။
မျိုးဗီဇပြောင်းလဲချက်များအပေါ် အခြေခံကာ ကင်ဆာလူနာတစ်ဦးကို အချိန်မှန် ကုသနည်းမှန်မှန်ဖြင့် ကုသပေးနိုင်မှာဖြစ်ကာ မလိုအပ်တဲ့ ကုသမှုတွေ ရှောင်ရှားနိုင်မှာလည်း ဖြစ်ပါတယ်။
#World_Health #မျိုးဗီဇဆက်စပ်နည်းလမ်း #ကင်ဆာလူနာ
#Source:_The_Jerusalem_Post
အရှေ့အာရှပွဲတော်တွေထဲက ဗီယက်နမ်တိုရဲ့ အကြီးဆုံးပွဲတော်ကြီးဖြစ်တဲ့ ၁၉ ကြိမ်မြောက် ဆောင်းဦးလယ်ပွဲတော် အလှပြယာဥ်စီတန်းလှည့်လည်ပွဲကြီးကို ဟနွိုင်းမြောက်ဘက် တုယင်ကွမ်မြို့လေးမှာ စနေနေ့က စတင်ကျင်းပခဲ့ပါတယ်။
Published_ 28 September 2023
#Asia_Event
#ဗီယက်နမ် #ဆောင်းဦးလယ်အလှပြယာဥ်
#Daily_News
Published_ 28 September 2023
၁။ လေဖိအားနည်းဆဲလ်ကြောင့် ရန်ကုန်နှင့်ဒေသအချို့တွင် မိုး(၆)ရက်သည်းနိုင်
၂။ ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ဝင်ကြေး အောက်တိုဘာ ၁ ရက်မှစတင် တိုးကောက်မည်၊လည်ပတ်ချိန် ၃ ရက်အတွက်သာဖြစ်ဟုဆို
၃။ ဘင်္ဂလားဒေ့ရှ်မှ ဂျင်းဝယ်လိုအား လာမယ့်အောက်တိုဘာလကုန်မှသာ ပြန်ရှိနိုင်မည်
၄။ ဗီယက်နမ်မှ(၁၉)ကြိမ်မြောက် ဆောင်းဦးလယ်အလှပြယာဥ်စီတန်းလှည့်လည်ပွဲကြီး စနေနေ့ကစတင်ကျင်းပ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Page 651 of 1175