Published 23 April 2023
စင်မြင့်ပေါ်တွင် အက်ဖရိုမန်းဟု လူသိများတဲ့ အမေရိကန်ရက်ပါအဆိုတော် ဂျိုးဆက်အက်ဒ်ဂါဖိုမင်က ၂၀၂၄ခုနှစ်တွင် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် သမ္မတလောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။
“ သူသာ သမ္မတရွေးကောက်ပွဲနိုင်ခဲ့ရင် အမေရိကန်တစ်နိုင်ငံလုံးမည်သည့်နေရာမဆို ဆေးခြောက်သုံးစွဲမှုကို တရားဝင်ဖြစ် အောင်လုပ်ပေးမယ်” လို့ "Because I Got High" သီချင်းရဲ့အဆိုရှင် အက်ဖရိုမန်းက ကတိပေးလိုက်ပါတယ်။
သူဟာ အမေရိကန်သမ္မတအဖြစ်ဝင်ပြိုင်ဖို့လိုအပ်တဲ့ လျှောက်လွှာတွေကို ဖြည့်ပြီး ဖက်ဒရယ်ရွေးကောက်ပွဲကော်မရှင်ထံ တင်သွင်းပြီးဖြစ်ပါတယ်။ TMZ သတင်းဌာနကရရှိတဲ့အချက်အလက်များအရ သူ့ရဲ့ သမ္မတကော်မတီက ဂျိုးစက်အက်ဖရိုမန်းဖိုမန်းကို သမ္မတအတွက်အမည်စာရင်းတင်သွင်းလိုက်ပြီး သူဟာ တစ်သီးပုဂ္ဂလ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
“ ကျွန်တော့်ဘဝမှာ အကြီးမားဆုံးသော ကြေညာချက်တစ်ခု ကျွန်တော်လုပ်လို့ရမလား။ ကျွန်တော်ဟာ 20-20-Fro အတွက် သမ္မတအဖြစ်ဝင်ပြိုင်ပါမယ်” လို့ သူက ဖျော်ဖြေရေးစင်မြင့်ပေါ်ကနေ ကြေညာခဲ့တာပါ။
ပြီးခဲ့တဲ့လကတည်းက အင်တာဗျူးတစ်ခုမှာ သူဟာ သမ္မတအဖြစ်ဝင်ပြိုင်မယ်လို့ ထုတ်ဖော်ပြောခဲ့ပြီးသားဖြစ်ပါတယ်?
“ အမေရိကန်အိပ်မက်သမားတစ်ဦးရဲ့ အခွင့်အရေးတစ်ခုကို ကျင့်သုံးပြီး ကျွန်တော်ဟာ ပြည်နယ်၅၀အားလုံးကို ဆေး ခြောက်တရားဝင်ဖြစ်စေဖို့ ဆောင်ကြဉ်းနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ရဲတပ်ဖွဲ့တကယ့်ပြုပြင်ပြောင်းလဲရေး လုပ် နိုင်မယ်၊ပြီးတော့ နိုင်ငံရဲ့ စိတ်ကျန်းမာရေးကို ကူညီနိုင်မယ်လို့ထင်ပါတယ်” လို့သူကပြောခဲ့ပါတယ်။
Source WION
#YangonMediaGroup
#အမေရိကန်ရက်ပါအဆိုတော်အက်ဖရိုမန်
#အမေရိကန်သမ္မတရွေးကောက်ပွဲ၂၀၂၄
#World_Climate
Published 22 April 2023
တောင်အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ လူတွေက တွေ့သမျှအရိပ်အဝါအောက် ခိုလှုံ့နေရပြီး စံချိန်တင်အပူချိန်ကြောင့် မိုးရွာဖို့ ဆုတောင်းနေရပါတယ်။
#World_Climate #အာရှနိုင်ငံ #အပူလှိုင်းကြောင့်
#YMG #Yangon_Media_Group
#Daily_News
Published_ 22 April 2023
၁။ ဧပြီလ တတိယအပတ်အတွင်း ကမ္ဘာ့ရွှေဈေးနည်းငယ်ကျဆင်းသော်လည်း ပြင်ပရွှေဈေး သိန်း ၃၀ နီးပါးရှိနေ
၂။ နေပြည်တော်ရှိ လေပြင်းသင့်ပြည်သူ(၄၀၀)ဦးခန့်အတွက် ရေသန့်နှင့်စားနပ်ရိက္ခာများလိုအပ်နေ
၃။ စက်သုံးဆီဈေးကျဆင်းလာ၊ ၉၂ ဓါတ်ဆီတစ်လီတာ ၂၁၀၀ကျပ်အောက်သို့ ရောက်ရှိလာ
၄။ အာရှနိုင်ငံအများအပြားတွင် အပူလှိုင်းကြောင့် အပူချိန်အလွန်မြင့်မားလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#World_Politics
Published 22 April 2023
လန်ဒန်ရှိ ဝန်ကြီးချုပ်ရုံးတည်ရှိရာ ဒေါင်းနင်းလမ်းမှာ နိုင်ငံရေးအရှုပ်တော်ပုံများကြောင့် ရာထူးနှုတ်ထွက်ခြင်းများ မြင်တွေ့နေရပါတယ်။
လက်ထောက်ဝန်ကြီးချုပ် 'ဒိုမီနစ်ရက်ဘ်'ဟာ လွန်ခဲ့တဲ့နှစ်တွေက သူတာဝန်ယူခဲ့တဲ့ရုံးများမှာ အစိုးရဝန်ထမ်းများကို အနိုင်ကျင့်ခဲ့ကြောင်း တရားဝင်စုံစမ်းစစ်ဆေးမှုဖြင့် သက်သေရခဲ့ပြီးနောက် ဝန်ကြီးချုပ်'ရီရှီဆူနက်'ရဲ့ ဝန်ကြီးများအဖွဲ့ကနေ နှုတ်ထွက်ခဲ့ပါတယ်။
ရီရှီဆူနက် ဗြိတိန်ဝန်ကြီးချုပ်အဖြစ် တာဝန်မယူခင်နဲ့ တာဝန်ယူနေစဉ်ကာလတွေမှာ တာဝန်ယူခဲ့ရတဲ့ ဒေါင်းနင်းလမ်းရုံးတိုင်းနီးပါးမှာ ရက်ဘ်က ဆိုးရွားစွာအုပ်ချုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ရာထူးမှနှုတ်ထွက်ရတာဖြစ်ပါတယ်။
နာရီပိုင်းအကြာမှာတော့ ရက်ဘ်ရဲ့နေရာမှာ ယူကေလက်ထောက်ဝန်ကြီးချုပ်အဖြစ် 'အိုလီဗာဒေါင်ဒင်'ကို အစားထိုးခန့်အပ်လိုက်ပြီး တရားရေးဝန်ကြီးနေရာမှာတော့ 'အဲလက်စ်ချော့ခ်'ကို ခန့်အပ်လိုက်ပါတယ်။
ရက်ဘ်က ဆူနက်လက်ထောက်အဖြစ် တရားဝင်အာဏာမရှိပေမယ့် ဝန်ကြီးချုပ်မရှိတဲ့အချိန်မှာ တာဝန်ယူရတာဖြစ်ပါတယ်။
သူဟာ ဆူနက်နဲ့ နီးစပ်တဲ့နိုင်ငံရေးမဟာမိတ်တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီတုန်းက ဝန်ကြီးချုပ်ဖြစ်လာအောင် မဲဆွယ်စည်းရုံးရေးကို ကူညီပေးခဲ့ပါတယ်။
ဝန်ကြီးချုပ်အတွက်တော့ ပြီးခဲ့တဲ့ ၆ လအတွင်း တတိယမြောက်အကြီးတန်းဝန်ကြီးတစ်ဦး ဆုံးရှုံးလိုက်ရတာပဲဖြစ်ပါတယ်။
နောက်တစ်ဦးဖြစ်တဲ့ 'ဂေဗင်ဝီလျံဆန်'ကတော့ အနိုင်ကျင့်ကြောင်း စွပ်စွဲခံရပြီးနောက် နိုဝင်ဘာလမှာ နှုတ်ထွက်ခဲ့ပါတယ်။
ကွန်ဆာဗေးတစ်ပါတီဥက္ကဌ'နာဒင်ဇာဝါဟီ'ကတော့ အခွန်ကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီးများစောင့်ထိန်းရမယ့်စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိပြီးနောက် ဝန်ကြီးချုပ်က သူ့ကို ဇန်နဝါရီလက ထုတ်ပယ်ခဲ့ပါတယ်။
ရီရှီဆူနက်က ရက်ဘ်နှုတ်ထွက်မှုနဲ့ပတ်သက်ပြီး အလွန်ဝမ်းနည်းရကြောင်း၊ သူ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး စွပ်စွဲချက်များကိုလည်း စိုးရိမ်ပူပန်နေရမယ်ဆိုတာ သဘောပေါက်နားလည်ကြောင်း ပြောပြခဲ့ပါတယ်။
#Source: WION #World_Politics #ယူကေ #ဝန်ကြီးချုပ်ဒိုမီနစ်ရက်ဘ် #ရာထူးမှနှုတ်ထွက်
#YMG #Yangon_Media_Group
#World_Health
Published 22 April 2023
လူတွေဟာ တစ်ပတ်အတွင်း သကြားဓာတ်ပါတဲ့အချိုရည်တစ်ခွက်ပဲ သောက်သုံးသင့်ကြောင်း သုတေသီများကဆိုပါတယ်။
သကြားစားသုံးမှုမြင့်မားခြင်းဖြင့် ကျန်းမာရေးပြဿနာအမျိုးမျိုးဖြစ်နိုင်တယ်လို့ လေ့လာတွေ့ရှိပြီးနောက် အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။
တစ်ပတ်အတွင်း အချိုဓာတ်ပါတဲ့ဖျော်ရည်တစ်ခွက် ပိုသောက်တိုင်း ကျန်းမာရေးပြဿနာဖြစ်နိုင်ချေ ပိုများလာပါတယ်။
တရုတ်နဲ့ အမေရိကန်တို့မှ ပညာရှင်များက သကြားစားသုံးမှုနဲ့ပတ်သက်ပြီး ကျန်းမာရေးထိခိုက်မှုများကို ဖော်ထုတ်ခဲ့ကြပါတယ်။
လေ့လာသုံးသပ်ချက်များအရ သကြားစားသုံးမှုမြင့်မားခြင်းဖြင့် ကျန်းမာရေးပြဿနာ ၄၅ မျိုးနဲ့ ဆက်စပ်နေကြောင်း BMJ မှာ ဖော်ပြခဲ့ပါတယ်။
သကြားစားသုံးမှုကြောင့် ဆီးချို၊ လေးဖက်နာ၊ အဝလွန်ခြင်း၊ သွေးတိုး၊ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း၊ ရင်ကြပ်၊ သွားပိုးစားခြင်း၊ စိတ်ကျခြင်း၊ အရွယ်မတိုင်ခင်သေဆုံးနိုင်ခြင်း၊ ကင်ဆာရောဂါအမျိုးမျိုးတို့ ဖြစ်နိုင်ချေများကြောင်း တွေ့ရှိခဲ့ကြပါတယ်။
အချိုရည်ကို များများသောက်သူတွေမှာ နည်းနည်းသောက်သူတွေထက် ကိုယ်အလေးချိန်ပိုများတာကိုလည်း တွေ့ရှိခဲ့ပါတယ်။
ဖရပ်တို့စ်ပါဝင်တဲ့အချိုရည်ကို နေ့စဉ် ၂၅ ဂရမ်သောက်သုံးပါက ပန်ကရိယကင်ဆာဖြစ်နိုင်ချေ ၂၂ ရာခိုင်နှုန်းပိုများနေပါတယ်။
တရုတ်နိုင်ငံ စီချွမ်တက္ကသိုလ်မှ ပညာရှင်များက တစ်နေ့ကို သကြားစားသုံးမှု ၂၅ ဂရမ်အောက် (လက်ဖက်ရည်ဇွန်း ၆ ဇွန်း)သာ ရှိဖို့နဲ့ တစ်ပတ်အတွင်း အချိုရည်တစ်ခွက်အောက်သာ ကန့်သတ်သောက်သုံးဖို့ အကြံပြုထားပါတယ်။
သကြားပါတဲ့အရည်တွေ လျှော့သောက်ပြီး ရေ၊ သကြားမပါတဲ့အရည်နဲ့ အစားအစာများ စားသုံးဖို့ အကြံပြုထားပါတယ်။
အချိုဓာတ်ပါတဲ့ဖျော်ရည်တွေကြောင့် အသည်း၊ နှလုံး၊ ပန်ကရိယ၊ ကြွက်သားများမှာ အဆီစုပြုံလာပြီး ဆဲလ်တွေရဲ့ လုပ်ဆောင်ချက်နဲ့ ဇီဝဖြစ်စဉ်တို့ကို နှောင့်ယှက်စေပါတယ်။
သကြားစားသုံးမှုနဲ့ ကင်ဆာဖြစ်ခြင်းတို့ကြား ဆက်စပ်မှုကမလုံလောက်ပေမယ့် နောက်ထပ်လေ့လာမှုတွေ လိုအပ်နေပါသေးတယ်။
အချိုဓာတ်စားသုံးမှုလျော့ကျရန်အတွက် ပြည်သူ့ကျန်းမာရေးအသိပေးပညာနဲ့ မူဝါဒတွေကို အကျယ်တပြန့်ချမှတ်ဖို့ လိုအပ်နေပါတယ်။
Source: South China Morning Post #World_Health #အဝလွန်ခြင်း #အချိုရည် #လျှော့ချသောက်သုံးသင့် #YMG #Yangon_Media_Group
#World_Politics
Published 21 April 2023
အမေရိကန်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အကြီးအကဲ 'လော်ရာရစ်ချတ်ဆန်'က အာဂျင်တီးနားသိုလာရောက်ပြီး အရာရှိတွေနဲ့ဆွေးနွေးခဲ့ကာ လက်တင်အမေရိကမှာ တရုတ်ရဲ့လွှမ်းမိုးမှုအကြောင်း ပြောဆိုခဲ့ပါတယ်။
#World_Politics #တရုတ်-အာဂျင်တီးနား #အမေရိကန်
#YMG #Yangon_Media_Group
#Daily_News
Published_ 21 April 2023
၁။ သင်္ကြန်ကာလအတွင်း တစ်နိုင်ငံလုံးမှာယာဉ်မတော်တဆမှု ၃၄ မှုဖြစ်ပွားပြီး ၁၆ ဦးသေဆုံး
၂။ ပြင်ပရွှေပေါက်ဈေး ၂၉သိန်း ၈ သောင်းကျော်ရှိနေပြီး ရန်ကုန်ရွှေအသင်း သတ်မှတ်ဈေး ၂၃သိန်းကျော် ပေါက်ဈေးရှိနေ
၃။ နေပြင်း၍ အပူကြောင့် ကလေးငယ်များဖျားနာခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းများအဖြစ်များနေ
၄။ တရုတ်-အာဂျင်တီးနားပူးပေါင်းဆောင်ရွက်မှုများတွင် အမေရိကန်ဝင်ရောက်နှောင့်ယှက်နေခြင်းအား အာဂျင်တီးနားမီဒီယာများဝေဖန်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Page 540 of 945