Published 17 June 2024
ရှားပါးရောဂါတစ်မျိုး ခံစားနေရတဲ့ အင်္ဂလန်မှ အမျိုးသမီးတစ်ဦးဟာ အိပ်နေစဥ် ဈေးဝယ်ထွက်ခဲ့ရာ ယူရိုငွေ ၃၀၀၀ (ရူပီး ၃.၂ သိန်း)ကျော် ကုန်သွားခဲ့ပါတယ်။
အသက် ၄၂ နှစ်အရွယ် ကယ်လီနိုက်စ်ဟာ အိပ်နေစဥ် လှုပ်ရှားမှုပြုလုပ်ခြင်း (parasomnia)လို့ ခေါ်တဲ့ရောဂါမျိုး ခံစားနေရတယ်လို့ South West သတင်းဌာနသို့ ပြောကြားခဲ့ကာ ဒီရောဂါကြောင့် လူကမသိဘဲ ဈေးဝယ်ထွက်မိတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အိပ်ရာဝင်တဲ့အခါ ဒီညဘာတွေဖြစ်လာမလဲဆိုတာ စဥ်းစားရင်း အလွန်စိတ်ညစ်ရတယ်လို့ ကလေး ၃ ယောက်အမေဖြစ်သူက ပြောပြပါတယ်။
ညဥ့်နက်ကြီးမှ ဈေးဝယ်ထွက်မိတဲ့အခါမှာ ပလတ်စတစ် ဘတ်စ်ကတ်ဘောကွင်းကြီး၊ ဆေးရောင်ဗူး၊ စာအုပ်များ၊ ကလေးကစားကွင်း၊ ရေခဲသေတ္တာများ၊ စားပွဲများ၊ Haribo သကြားလုံးရာနဲ့ချီ ပါဝင်ပါတယ်။
စားစရာများကို ပြန်အပ်လို့မရသလို ကလေးများက ဆေးရောင်ဗူးများမြင်ပြီး သိမ်းထားလိုက်ရပါတယ်။
သူမရဲ့ ခရက်ဒစ်ကတ်နဲ့ ငွေကြေး အချက်အလက်များအကြောင်းကို လူလိမ်တွေထံ မသိလိုက်ဘဲ ပေးလိုက်မိသဖြင့် ၃၁၇ ဒေါ်လာ ဆုံးရှုံးခဲ့ပါတယ်။
သူ့အချက်အလက်တွေ ရောင်းစားခံလိုက်ရတယ်လို့ သံသယရှိသဖြင့် အကောင့်ထဲကငွေတွေ ထုတ်ထားလိုက်ရကာ ဘဏ်ကလည်း အကောင့်ကို ပိတ်သိမ်းပေးခဲ့ပါတယ်။
ဒါ့အပြင် ဆီးချိုဆေးများ အလွန်အကျွံ သုံးစွဲခဲ့မိသလို ပြတင်းပေါက်များ၊ တံခါးများ ဖွင့်ခြင်းတို့လည်း တွေ့ရှိရသဖြင့် ဆေးရုံတင်ခဲ့ရပါတယ်။
ဒီအခြေအနေအတွက် အသက်ရှူလမ်းကြောင်းကို ဖိအားပေးတဲ့စက် (CPAP)ကို ညဘက်အသုံးပြုနေရကာ အနည်းငယ် အထောက်အကူ ဖြစ်ပေမယ့် အိပ်နေစဥ် မသိလိုက်ဘဲ ထိုကိရိယာကို ဖြုတ်ပစ်တတ်ပါတယ်။
ထိုရောဂါဟာ အိပ်ပျော်နေစဥ်မှာ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်တတ်ကာ အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။
ဦးနှောက်က တစ်စိတ်တစ်ပိုင်း နိုးကြားနေပြီး လူနာတွေဟာ ကိုယ်တိုင်မသိလိုက်ဘဲ ပြုလုပ်နေမိတာ ဖြစ်ပါတယ်။
non-REM အိပ်စက်ခြင်းအဆင့်မှာ ထိုရောဂါ အသက်ဝင်လာတယ်ဆိုရင် အိပ်နေစဥ်လမ်းလျှောက်ခြင်း၊ စားသောက်ခြင်းတို့ ပြုလုပ်တတ်ပါတယ်။
REM အဆင့်မှာဆိုရင်တော့ အိပ်မက်ဆိုးမက်ခြင်း၊ အိပ်နေစဥ်လေဖြတ်ခြင်းတို့ ဖြစ်တတ်ပါတယ်။
Source: India Today
#World_Health
#Published 18 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published 18 June 2024
မြေပဲထောပတ်ဟာ ပရိုတိန်း၊ အမျှင်ဓာတ်၊ မပြည့်ဝဆီများ၊ ဗိုက်တာမင်များ၊ သတ္တုဓာတ်များ စသဖြင့် အာဟာရဓာတ်များ ကြွယ်ဝပါတယ်။
မြေပဲထောပတ် တစ်ဇွန်းမှာ ၉၀ ကယ်လိုရီခန့် ပါဝင်ပြီး သင်မသိသေးတဲ့ အခြားအကျိုးကျေးဇူးလည်း ရှိပါသေးတယ်။
(၁) အပင်မှရတဲ့ ပရိုတိန်းများ ကြွယ်ဝစွာပါဝင်ပြီး အာဟာရလိုအပ်ချက်များနဲ့ ကိုက်ညီပါတယ်။
(၂) မရှိမဖြစ် အာဟာရဓာတ်များ ဖြစ်တဲ့ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗိုက်တာမင်-အီးတို့ ပါဝင်ပါတယ်။
(၃) သကြားမပါတဲ့ မြေပဲထောပတ် စားမယ်ဆိုရင် သွေးတွင်းသကြားဓာတ် မတက်စေပါဘူး။
(၄) သူ့မှာပါတဲ့ မပြည့်ဝဆီက ကောင်းကျိုးပြု ကိုလက်စ်ထရောလ် (HDL) ထုတ်လုပ်ပေးသဖြင့် နှလုံးသွေးကြောရောဂါများ ကာကွယ်ပေးပါတယ်။
(၅) အဆီဓာတ်နဲ့ အမျှင်ဓာတ်များကြောင့် ဗိုက်ပြည့်ဝနေစေပါတယ်။
(၆) ပရိုတိန်းဓာတ် မြင့်မားတာကြောင့် အမိုင်နိုအက်ဆစ် ကြွယ်ဝကာ ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပြီးနောက် ကြွက်သားကို ပြန်လည်အားဖြည့်စေပါတယ်။
(၇) ကလေးငယ်များ အသက် ၅ လခန့်အရွယ်မှာ မြေပဲထိတွေ့စေခြင်းဖြင့် နောက်ပိုင်းမှာ မြေပဲဓာတ်မတည့်ခြင်းမျိုး ကာကွယ်ပေးနိုင်ပါတယ်။
(၈) စက်ရုံတွေကထုတ်တဲ့ မြေပဲထောပတ်ပစ္စည်းတွေမှာ သကြား၊ ဆား၊ ဟင်းရွက်ဆီများ ထည့်သွင်းကြတာကို သတိပြုသင့်ပါတယ်။
အရသာရှိပြီး အာဟာရဓာတ်တွေ ကြွယ်ဝပေမယ့် စားသုံးတဲ့ ပမာဏ၊ ကန့်သတ်ချက်တွေကို သတိပြုရမှာ ဖြစ်ပါတယ်။
ဒါကြောင့် သဘာဝအတိုင်း ပြုလုပ်ထားတဲ့ မြေပဲထောပတ်တွေကိုသာ ဝယ်ယူသင့်ပါတယ်။
Source: The Jerusalem Post.
#World_Health
#Published 18 June 2024
#YMG #Yangon_Times #Yangon_Media_Group
အစ္စရေးလ်နဲ့ ဟားမတ်စ်တို့ကြား စစ်ပွဲအဆုံးသတ်ရေးအတွက် အပစ်အခတ်ရပ်စဲရန် ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်နေချိန်မှာ ဂါဇာမှ မိန်းကလေးငယ်တစ်ဦးက ရာဖာမြို့ အပျက်အစီးများကြားမှာ ဂီတာတစ်လက်ငှားတီးနေပြီး သူမခံစားနေရတာတွေကို ဖော်ထုတ်ကာ စစ်ပွဲအမြန်ဆုံး အဆုံးသတ်ရန် မျှော်လင့်နေပါတယ်။
#World_News
#Published 17 June 2024
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 17 June 2024
၁။ ပဲစင်းငုံဈေးများ စံချိန်တင်မြင့်တက်လာ
၂။ လာမည့်တောင်ပြုန်းပွဲ၊ အဘထွက်ပွဲများအတွက် အိုးစည်ဒိုးပတ်များ စုဆောင်းထုတ်လုပ်နေ
၃။ ကြက်သွန်ဖြူဈေး ဆက်လက်မြင့်တတ်ပြီး ရန်ကုန်ဈေးကွက်တွင် အရောင်းဝယ်အေးနေ
၄။ အစ္စရေးလ်-ဟားမတ်စ်တို့၏ ပဋိပက္ခစစ်ပွဲကြား ဒုက္ခခံစားနေရတာတွေကို တေးသီချင်းများဖြင့် ထုတ်ဖော်ပြသနေသည့် ဂါဇာမိန်းကလေးငယ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Daily_News #Yangon_Times #Yangon_Media_Group #TV Yangon Times
၁၇ ဇွန် ၂၀၂၄
ရုရှားသမ္မတပူတင်ဟာ ယခုတစ်ပတ်အတွင်းမှာ ဗီယက်နမ်နိုင်ငံကိုလာရောက်လည်ပတ်ဖို့ရှိတယ်လို့ အရာရှိတော်တော်များများကပြောကြပါတယ်။ ဒါဟာ ကွန်မြူနစ်ဗီယက်နမ်အနေနှင့် ရုရှားကို သစ္စာရှိမှုကို ပြသလိုက်တာဖြစ်ပြီး အမေရိကန်ရဲ့ ပြင်းထန်စွာအပြစ်တင်တာစတင်ခံလိုက်ရပါတယ်။
ဆွစ်ဇာလန်မှာပြီးခဲ့တဲ့ ရုံးပိတ်ရက်များကပြုလုပ်ခဲ့တဲ့ ယူကရိန်းငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲကို ဗီယက်နမ်က မတက်ရောက်ခဲ့တဲ့အပြင် ရုရှားမှာ ပြီးခဲ့တဲ့အပတ်စောစောပိုင်းကကျင်းပတဲ့ BRICS အစည်းအဝေးကို သူ့ရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးကို စေလွှတ်ခဲ့ပြီးနောက် ပူတင်ရဲ့ဗီယက်နမ်ခရီးစဉ် ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့လကငါးကြိမ်သက်တမ်း သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ ပူတင်ဟာ ဗီယက်နမ်သမ္မတ အသစ် တိုလမ်နှင့် အခြားခေါင်းဆောင်တွေကို သူ့ရဲ့ ဗုဒ္ဓဟူးနှင့် ကြာသပတေး နှစ်ရက်တာခရီးစဉ်မှာ တွေ့ဆုံဖို့ရှိနေပါတယ်လို့ အရာရှိတွေကပြောပါတယ်။
ဗီယက်နမ်ရဲ့ ထိပ်ဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်တဲ့အပြင် ပြီးခဲ့တဲ့နှစ်က နှစ်နိုင်ငံအကြား ဆက်ဆံရေး အဆင့်မြှင့်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုကတော့ ဒီသတင်းကို ခပ်ကြမ်းကြမ်းပြန်တုန့်ပြန်ပါတယ်။
“သူ့ရဲ့ ရန်လိုတဲ့စစ်ပွဲကို အားပေးထောက်ကူဖို့ ဘယ်နိုင်ငံကမှ သူ့ကိုပလက်ဖောင်းမပေးသင့်ဘူး။ အဲသလိုဆိုရင် သူရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ပုံမှန်တစ်ခုဖြစ်အောင်သူ့ကိုလုပ်ပေးလိုက်သလိုဖြစ် သွားလိမ့်မယ်” လို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်က အမေရိကန်သံရုံး ပြောရေးဆိုခွင့်ရသူက ရိုက်တာရဲ့ ဗီယက်နမ်-အမေရိကန်ဆက်ဆံရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတဲ့အမေးကို ပြန် ဖြေပါတယ်။
“သူသာ လွတ်လွတ်လပ်လပ်ခရီးသွားနိုင်ရင် ရုရှားရဲ့ နိုင်ငံတကာဥပဒေကို ရဲရဲတင်းတင်းချိုးဖောက် တာကို ပုံမှန်တစ်ခုလို့လုပ်ပေးလိုက်သလိုဖြစ်သွားမယ်”လို့ သူကထပ်ပြောပါတယ်။
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ရိုက်တာအမေးကို ပြန်မတုန့်ပြန်ပါဘူး။
ဟနွိုင်းရဲ့အမြင်ကတော့ ပူတင်ခရီးစဉ်ဟာ ဗီယက်နမ်အနေနှင့် မည်သည့် အင်အားကြီးနိုင်ငံတွေကိုမှ ဘက်မလိုက်ဘူးဆိုတဲ့ မျှတတဲ့ နိုင်ငံခြားရေးမူဝါဒကို ပြသလိုတာဖြစ်တယ်” လို့ စင်္ကာပူအခြေစိုက် ISEAS-Yusof Ishak Institute ရဲ့ အကြီးတန်းပညာရှင် အိုင်ယန်စတိုရေးက ပြောပါတယ်။
ပူတင်ဟာ ဗီယက်နမ်ကို ၂၀၂၇မှာ ပထမဆုံးခရီးစဉ်အဖြစ်ရောက်ရှိခဲ့ပြီး ဒါဟာသူရဲ့ ငါးကြိမ်မြောက်ခရီး ဖြစ်ပါတယ်။ ကုန်သွယ်ရေး၊ရင်းနှီးမြှပ်နှံမှု၊နည်းပညာနှင့်ပညာရေးနယ်ပယ်တွေမှာ သဘောတူညီချက် တွေကြေညာဖို့ရှိနိုင်တယ်လို့ နှစ်ဘက်အရာရှိတွေက ပြောကြပါတယ်။ အမည်မဖော်လိုတဲ့အရာရှိကြီး တွေကတော့ ဗီယက်နမ်ခေါင်းဆောင်တွေနှင့်ပူတင်ဟာ ဒီထက်ပိုပြီးအရေးကြီးတဲ့ကိစ္စတွေ အာရုံစိုက် ပြောဆိုကြမှာဖြစ်တယ်လို့ ထုတ်ပြောပါတယ်။
အဲဒါတွေအထဲမှာ ရုရှားဟာ ဗီယက်နမ်ရဲ့ လက်နက်ရောင်းချပေးတဲ့ ထိပ်ဆုံးနိုင်ငံဖြစ်တဲ့အတွက် လက်နက်ကိစ္စ၊ရုရှားကုမ္ပဏီတွေဟာ ဗီယက်နမ်မှာ ရေနံနှင့်သဘာဝဓာတ်ငွေ့တွင်းတွေ လုပ်နေတဲ့ အတွက် စွမ်းအင်ကိစ္စတွေပါဝင်မှာဖြစ်ပြီး ရုရှားဘဏ်တွေကို အမေရိကန်က အရေးယူပိတ်ဆို့ထားလို့ နှစ်နိုင်ငံအကြား ငွေပေးငွေယူကိစ္စတွေပါဝင်ပါလိမ့်မယ်လို့အရာရှိတွေကပြောပါတယ်။ ဒီကိစ္စတွေ ကြေညာမလားဆိုတာတော့ မသေချာပါဘူး။
လက်နက်အရောင်းအဝယ်အပါအဝင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဆက်ဆံရေးတွေ တိုးမြှင့်ဖို့ အဓိကဖြစ်တယ်လို့ ကင်ဘာရာ ဩစတြေလျ စစ်တက္ကသိုလ်ရဲ့ ဗီယက်နမ်လုံခြုံရေးဆိုင်ရာ ကျွမ်းကျင် ပညာရှင် ကားလ်တသေယာက ပြောပါတယ်။
ပူတင်နှင့်ဗီယက်နမ်ခေါင်းဆောင်တွေဟာ ရူဘဲလ်နှင့်ဒွန်ငွေတွေ အသုံးပြုပြီး ငွေပေးငွေယူတွေကိုလုပ် မယ့် ဘဏ်စနစ်တစ်ခုကို သဘောတူကြနိုင်ဖွယ်ရှိတယ်လို့လည်း သူကပြောပါတယ်။
Source: Reuters
Published 17 June 2024
ဗြိတိန်ပြည်ထောင်စုမှ အမျိုးသားတစ်ဦးက အခြားဖုန်းပစ္စည်းတစ်ခုမှာ ပြည့်တန်ဆာများနဲ့ မက်ဆေ့ချ်ပို့ထားတာတွေကို ဖျက်ထားခဲ့ပေမယ့် သူ့ဇနီးဖြစ်သူ တွေ့ရှိသွားတာကြောင့် ထိုအမျိုးသားက မကျေမနပ်ဖြစ်နေပြီး အက်ပဲလ်(Apple)ကို တရားစွဲဆိုလိုက်ပါတယ်။
ဒီကိစ္စကြောင့်ပဲ အိမ်ထောင်ရေး ကွာရှင်းသည်အထိ ဖြစ်လာခဲ့ပြီး ထိုလူက အမေရိကန်မှ အက်ပဲလ်ဖုန်းထုတ်လုပ်သူတွေကို အပြစ်တင်လိုက်ပါတယ်။
သူ့အိမ်ထောင်ရေး ပြိုကွဲသွားစေခဲ့တဲ့ ဖျက်ပြီးသား မက်ဆေ့ချ်တွေနဲ့ ပတ်သက်လို့ အက်ပဲလ်က ပွင့်လင်းမြင်သာစွာ မဖော်ပြထားဘူးလို့ ဆိုလိုက်ပါတယ်။
အမည်မဖော်လိုတဲ့ အမျိုးသားက သူ့ရဲ့ အိုင်ဖုန်းထဲက iMessage အက်ပ်ဖြင့် ပြည့်တန်ဆာတွေကို ဆက်သွယ်ခဲ့တယ်လို့ အင်တာဗျူးမှာ ဝန်ခံခဲ့ပါတယ်။
ဒီနောက် ဖုန်းထဲက မက်ဆေ့ချ်တွေကို ဖျက်ပစ်ခဲ့ကာ အပြီးတိုင် ပျက်သွားပြီလို့ ထင်ခဲ့ပေမယ့် သူ့ဇနီးက iMac ပစ္စည်းထဲမှာ ထိုမက်ဆေ့ချ်တွေကို တွေ့ရှိသွားပါတယ်။
ဒီအဖြစ်အပျက်ကြောင့် နာကျင်ကြေကွဲစွာဖြင့် အိမ်ထောင်ကွာရှင်းသွားရတယ်လို့ ဆိုပါတယ်။
ထိုလူက အက်ပဲလ်ဆီကနေ နစ်နာကြေး ယူရိုငွေ ၅ သန်းရရှိရန် ကြိုးပမ်းနေပြီး သူ့ရဲ့အိမ်ထောင်ရေး ပျက်စီးရခြင်းအတွက် အက်ပဲလ်ကို အပြစ်တင်လိုက်ကာ မက်ဆေ့ချ်နဲ့ ပတ်သက်လို့ မှားယွင်းစွာသိရှိရခြင်းအတွက်လည်း စွပ်စွဲလိုက်ပါတယ်။
အက်ပဲလ်ဟာ ဖျက်ပြီးသား မက်ဆေ့ချ်တွေနဲ့ ပတ်သက်လို့ ပေါ်လစီတွေကို ရှင်းရှင်းလင်းလင်း မလုပ်ထားကြောင်း၊ အသုံးပြုသူတွေ ပေးပို့ လက်ခံ ဖျက်ပစ်တဲ့ မက်ဆေ့ချ်တွေ ဘာဖြစ်သွားလဲဆိုတာကို သေချာမဖော်ပြထားကြောင်း ထိုလူရဲ့ရှေ့နေ ဆိုင်မွန်ဝေါ်လ်တန်က ပြောပါတယ်။
ဖျက်ပြီးသား မက်ဆေ့ချ်တွေကို အကောင့်ချိတ်ဆက်ထားတဲ့ အခြားပစ္စည်းတွေမှာ ရှိနေသေးတာမျိုးကို အက်ပဲလ်က မဖော်ပြထားဘူးလို့ ဆိုပါတယ်။
အလားတူအဖြစ်မျိုး ကြုံဖူးတဲ့ အခြားသုံးစွဲသူများနဲ့ ဆက်သွယ်ဖို့ ဝေါ်လ်တန်က စိတ်ဝင်စားနေပါတယ်။
မက်ဆေ့ချ်ဖျက်ပစ်ခြင်းက အခြားပစ္စည်းတွေမှာ ဘယ်လိုဖြစ်လဲဆိုတာကို အက်ပဲလ်အနေနဲ့ သေချာရှင်းပြထားတယ်ဆိုရင် အိမ်ထောင်ပြိုကွဲတာမျိုး မဖြစ်နိုင်ဘူးလို့ ယုံကြည်နေပါတယ်။
Source: WION.
#World_News
#Published 17 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published 17 June 2024
စိတ်ဖိစီးခြင်းက ဝမ်းဗိုက်အဆီ စုပြုံလာခြင်းနဲ့ သက်ဆိုင်နေပါတယ်။
စိတ်ဖိစီးမှု မြင့်တက်လာတဲ့အခါ ထွက်လာတဲ့ ကော်တီဆောလ် ဟော်မုန်းက မြင့်တက်တာ ကြာရှည်လာတဲ့အခါ ဝမ်းဗိုက်နေရာမှာ အဆီစုပြုံလာစေပါတယ်။
ဗိုက်ရွှဲခြင်းဆိုတာက လူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဍာန်ကို ထိခိုက်စေရုံမက ကျန်းမာရေးပြဿနာ အမျိုးမျိုးလည်း ဖြစ်စေနိုင်ပါတယ်။
ကော်တီဆောလ်ပမာဏ မြင့်တက်လာခြင်းဖြင့် ဆာလောင်စိတ် ဖြစ်ပေါ်ပြီး ကယ်လိုရီများတဲ့ အချိုစာတွေ ပိုစားချင်လာပါတယ်။
ဝမ်းဗိုက်မှာ အဆီစုပြုံလာခြင်းကြောင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ စသဖြင့် ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်ပါတယ်။
စိတ်ဖိစီးမှု မြင့်တက်တဲ့အခါ လေ့ကျင့်ခန်းလုပ်ခြင်း၊ အစားအသောက် ထိန်းချုပ်ခြင်းဖြင့်ပင် ဝမ်းဗိုက်အဆီကို လျှော့ချဖို့ မလွယ်တော့ပါဘူး။
ဝမ်းတွင်းအဆီဆိုတာက အသည်း၊ အူတွေစတဲ့ ဝမ်းဗိုက်ကြွက်သားများ အောက်က အင်္ဂါတွေတဝိုက်မှာ အဆီစုလာပါတယ်။
ဝမ်းတွင်းအဆီက အရေပြားအောက်အဆီထက် ပိုပြီးအန္တရာယ်များပါတယ်။
စိတ်ဖိစီးခြင်းကြောင့် ခန္ဓာကိုယ်မှာ ဟော်မုန်းပြောင်းလဲကာ အဆီပျံ့နှံ့လာစေတာ ဖြစ်ပါတယ်။
စိတ်ဖိစီးမှုမဖြစ်စေရန် ကြာရှည်အစားမစားဘဲ နေတာမျိုး ရှောင်ရှားသင့်သလို လေ့ကျင့်ခန်းမလုပ်ခင် အနည်းငယ် စားသုံးသင့်ပါတယ်။
ရေဓာတ်ခန်းခြောက်ခြင်းနဲ့ အိပ်ရေးပျက်ခြင်းတို့က ဖိစီးမှုပမာဏကို မြင့်တက်စေတာကြောင့် ရေဓာတ်ပြည့်ဝအောင် နေဖို့နဲ့ အိပ်ရေးဝအောင် အိပ်ဖို့ကလည်း အရေးကြီးပါတယ်။
Source: India Today.
#World_Health
#Published 17 June 2024
#YMG #Yangon_Times #Yangon_Media_Group
Page 437 of 1151