#Daily_News
Published_ 06 April 2024
၁။ နွေစပါးပေါ်ချိန် အိပ်စပို့တာများ ဈေးချဝယ်ယူနေ၍ ပြည်ပပို့ဆန်များ ဈေးကျနေ
၂။ မေလမှစပြီး Green Card မရှိသည့် ဆရာ၊ဆရာမများ ပုဂ္ဂလိကကျောင်းများ၌ အလုပ်မရနိုင်တော့ဟုဆို
၃။ ကုန်ပစ္စည်းတန်ဖိုးထက် သယ်ယူစရိတ်တန်ဆာခ ပိုများသဖြင့် ယခုနှစ်တွင် မြေထည်ပစ္စည်း ဝယ်လိုအားကျဆင်း
၄။ ဒဏ္ဍာရီလာတရုတ်ဧကရာဇ်ကို ဂုဏ်ပြုခြင်းအခမ်းအနား ဧကရာဇ်ဗိမာန်တွင်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၆ ဧပြီ ၂၀၂၄
၂၀၂၄ခုနှစ်အတွင်း မြန်မာနှင့်ရုရှားနှစ်နိုင်ငံအကြား ပူးတွဲစစ်ရေးအစီအစဉ်တွေ ၅၀ကျော် လုပ်ဆောင်ဖို့ရှိတယ်လို့ ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇင်းဒါးဖိုမင်က ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က မြန်မာနိုင်ငံ နေပြည်တော်မှာ ကျင်းပတဲ့ တပ်မတော်နေ့အခမ်းအနားတက်ရောက်ခဲ့တဲ့ ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီးက နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့တာဖြစ်တယ်လို့ TASS သတင်းဌာနရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
“ ရုရှားတပ်မတော်နှင့် မြန်မာ့တပ်မတော်အကြား ဆက်ဆံရေးတွေနောက်ထပ်တိုးတက်ဖြစ်ထွန်းစေဖို့အတွက် ကျွန်တော်တို့ မှာ ခိုင်မာတဲ့အခြေခံတစ်ခုရှိကြပြီးဖြစ်ပါတယ်။ ဒီနှစ်မှာ ကျွန်တော်တို့ဟာ နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ၅၀ကျော်လုပ်ဆောင်ဖို့ရှိပါတယ်။ အဲဒီအထဲမှာ တပ်မတော်ရဲ့ ကြည်းရေလေ တပ်ဦးစီးချုပ်တွေ အပြန်အလှန်လည်ပတ်ရေး၊ ပူးတွဲစစ်ဆင်ရေးနှင့်တိုက်ခိုက်ရေး လေ့ကျင့်စီမံချက်တွေပါဝင်ပါတယ်” လို့ ဖိုမင်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြောဆိုခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံက ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီနှစ်အခမ်းအနားတွေမှာ အစဉ်အလာအရကို အဆင့်မြင့်ကိုယ်စားလှယ် တွေစေလွှတ်ပေးမယ်လို့မျှော်လင့်တယ်လို့ ဖိုမင်ကပြောပါတယ်။ အဲဒီအထဲမှာ the Ocean-2024 Strategic Command and Staff Exercises ကို မြန်မာနိုင်ငံက လေ့လာသူများစေလွှတ်ပေးမယ်လို့ အတည်ပြုထားပြီးသားလို့လည်း သတင်းမှာဖော်ပြ ထားပါတယ်။
@ymg/knl
Published 06 April 2024
ဆီးရီးယားရှိ အီရန်သံရုံးကို အစ္စရေးလ်တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး ထိုဒေသတွင်းရှိ အစ္စရေးလ်နဲ့ အမေရိကန်တို့ကို အီရန်က ပစ်မှတ်ထား လက်စားချေတိုက်ခိုက်လာနိုင်တဲ့အတွက် အမေရိကန်ဘက်က အထူးတပ်လှန့် ပြင်ဆင်နေကြောင်း အမေရိကန် အရာရှိတစ်ဦးက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
‘’အခုဆိုရင် အလွန်သတိထား စောင့်ကြည့်နေရပြီး လာမယ့်ရက်သတ္တပတ်မှာ တိုက်ခိုက်လာနိုင်ပါတယ်’’ လို့ ပြောပြသွားပါတယ်။
အစ္စရေးလ်ကလို့ သံသယရှိနေတဲ့ စစ်လေယာဥ်တွေဟာ တနင်္လာနေ့က ဆီးရီးယားနိုင်ငံ ဒါမတ်စ်ကပ်စ်ရှိ အီရန်သံရုံးကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အီရန်တပ်မှူးတစ်ဦး ကျဆုံးခဲ့ပြီး အစ္စရေးလ်စစ်ပွဲ တင်းမာမှုမြင့်တက်လာပါတယ်။
Quds Force မှ အကြီးတန်းတပ်မှူး မိုဟာမက်ရီဇာဇက်ဟယ်ဒီ အပါအဝင် အီရန်စစ်ရေးအကြံပေးအရာရှိ ၇ ဦး ကျဆုံးခဲ့ကြောင်း အီရန် အစ္စလာမ်တော်လှန်ရေး အစောင့်တပ်က ပြောကြားထားပါတယ်။
အီရန်ကတော့ ဒါကို ပြတ်ပြတ်သားသား လက်တုန့်ပြန်ခွင့်ရှိတယ်လို့ ဆိုထားပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူနဲ့ ကြာသပတေးနေ့က ဖုန်းပြောဆိုခဲ့ကာ အီရန်ဘက်က ခြိမ်းခြောက်လာနိုင်တဲ့အကြောင်း ဆွေးနွေးခဲ့ပါတယ်။
အဲဒီကတည်းက ယင်းတို့တွေဟာ အဆက်အသွယ်မပြတ် ရှိခဲ့ကြောင်း၊ အမေရိကန်က အီရန်ခြိမ်းခြောက်မှုမှ ကာကွယ်ရန် အစ္စရေးလ်ကာကွယ်ရေးကို အပြည့်အဝ ထောက်ပံ့ကြောင်း အမေရိကန် အစိုးရအဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ပြောပြသွားပါတယ်။
Source: Reuters
#World_News
#Published_ 06 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
၆ ဧပြီ ၂၀၂၄
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရက်စ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဩစတြေ လျနိုင်ငံခြားရေး ဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့ကို ခန့်အပ်လိုက်တယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရသူက ဧပြီ၅ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။
၂၀၁၃ခုနှစ်မှ ၂၀၁၈ခုနှစ်အထိ ဩစတြေလျနိုင်ငံခြားရေးဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့တဲ့ ဘစ်ရှော့ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်က တာဝန်ပြီးဆုံးခဲ့တဲ့ စင်္ကာပူသံတမန် နိုလင်းဟေဇာရဲ့နေရာကို ဆက်ခံရမှာဖြစ်ပါတယ်။
သူမဟာ ၂၀၂၀ ဇန်နဝါရီလမှာ ဩစတြေလျအမျိုးသားတက္ကသိုလ် အေအင်န်ယူရဲ့ အဓိပတိအဖြစ်ခန့်အပ်ခံရပါတယ်။ အေအင်န်ယူရဲ့ ဒုတိယအဓိပတိ ပါမောက္ခ ဂျီနီဗီဘဲလ်က ဘစ်ရှော့ဟာ ထိုက်ထိုက်တန်တန်အသိအမှတ်ပြုခံရတာဖြစ်တယ်လို့ ပြောပါတယ်။
“ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် ကျွန်မခန့်အပ်ခံရလို့ အထူးဂုဏ်ယူမိပါတယ်” လို့ ဘစ်ရှော့ကပြောပါတယ်။
သူမဟာ မူဝါဒ၊ဥပဒေနှင့် အကြီးတန်းစီမံခန့်ခွဲမှု အတွေ့အကြုံရင့်ကျက်သူဖြစ်တယ်လို့ ကုလက ပြောပါတယ်။
သူမဟာ ဒေသဆိုင်ရာမိတ်ဖက်များနှင့် ထိတွေ့ဆက်ဆံမှုတွေ အားကောင်းခဲ့ပြီး ပထမဆုံးသော ပင်လယ်ပင် ဖျန်ဖြေရေး ဥပဒေဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအပါအဝင် နိုင်ငံတကာ စေ့စပ်ညှိနှိုင်းမှုတွေမှာ ဦးဆောင်ခဲ့သူဖြစ်တယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။
Source Reiters/Agencies
Published 06 April 2024
သိပ္ပံပညာရှင်များက ဒီအင်န်အေနည်းပညာသစ်များကို အသုံးပြုကာ အမေရိကန်တည်ထောင်သူ ဂျော့ဂျ်ဝါရှင်တန် မိသားစုဝင်များရဲ့ ရုပ်အကြွင်းအကျန်များကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
ဗာဂျီးနီးယားအနောက်ဘက် ဟဲဝုဒ်မိသားစုသင်္ချိုင်းမှ အရိုးတွေဟာ ဂျော့ဂျ်ဝါရှင်တန်ရဲ့ မြေးဝမ်းကွဲများဖြစ်တဲ့ ဆမ်မြူရယ်ဝေါလ်တာ၊ ဂျော့ဂျ်စတပ်တိုးနဲ့ ယင်းတို့အမေ လူစီပိန်းဝါရှင်တန်တို့ရဲ့ အရိုးစတွေ ဖြစ်ပါတယ်။
အခုဆိုရင် သိပ္ပံပညာရှင်တွေဟာ ဒုတိယကမ္ဘာစစ်လောက်ကစပြီး ပဋိပက္ခတွေမှာ ကျဆုံးခဲ့တဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်ကြွင်းတွေကိုပါ ဆက်လက်ရှာဖွေဖို့အတွက် အဆင့်မြင့်ဒီအင်န်အေ နည်းပညာများကို အသုံးချရန် စီစဥ်နေပါတယ်။
ဒီနည်းပညာက အလားတူ သမိုင်းဝင်ရုပ်ကြွင်းများကို ဆန်းစစ်ရှာဖွေနိုင်မှာဖြစ်တယ်လို့ ဒိုဗာလေတပ်အခြေစိုက်စခန်းရှိ AFMES-AFDIL ဓာတ်ခွဲခန်းမှ သုတေသနပြုစုသူ ကော့တ်နေးကာဗက်နီညိုက ဖော်ပြလိုက်ပါတယ်။
အတည်ပြုစစ်ဆေးဖို့ လိုအပ်နေတဲ့ ဒီထက်ခက်ခဲတဲ့ ဒီအင်န်အေနမူနာများမှာပါ စမ်းသပ်ခွင့်ရမှာဖြစ်ကြောင်း DoD ဒီအင်န်အေအဖွဲ့အစည်းမှ လက်ထောက်ညွှန်ကြားရေးမှူး ချာလာမာရှယ်က ဆိုပါတယ်။
AFMES-AFDIL ဆိုတာက အမေရိကန် ကာကွယ်ရေးဌာနရဲ့ လူသားရုပ်ကြွင်းဒီအင်န်အေ ဓာတ်ခွဲခန်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တိုက်ပွဲတွေရဲ့ တပ်ဖွဲ့ဝင်များကို ရှာဖွေတဲ့မစ်ရှင်တွေမှာ ထောက်ပံ့ကူညီနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် သံသယရှိသူတွေရဲ့ ရုပ်ကြွင်းတွေကိုလည်း ဒီအင်န်အေစစ်ဆေးမှုများ ပြုလုပ်ထားပါတယ်။
စမ်းသပ်ချက်ရလဒ်တွေကို လက်ရှိရှင်သန်နေတဲ့ ဆမ်မြူရယ်ဝေါလ်တာ ဝါရှင်တန်ရရဲ့ ဒီအင်န်အေနဲ့ ဆန်းစစ်ရှာဖွေထားတာ ဖြစ်ပါတယ်။
Source: WION.
#World_Science
#Published_ 06 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
တရုတ်အလယ်ပိုင်းရှိ ဟိုနန်ဟာ စီးပွားရေး အချက်အခြာနေရာကြီးဖြစ်ပြီး ဓာတ်ခွဲခန်းထုတ်စိန်များ ထုတ်လုပ်တဲ့နေရာမှာ အရေးပါနေပါတယ်။
အချက်အလက်များအရ ကမ္ဘာပေါ်မှာ စိန် ၂ လုံးရှိရင် တစ်လုံးက ထိုဒေသမှ ထုတ်လုပ်တာ ဖြစ်ပါတယ်။
ဟိုနန်ရှိ စိန်ထုတ်လုပ်ရေး လုပ်ငန်းများက ဆန်းသစ်တဲ့နည်းပညာများ အသုံးပြုကာ ဆယ်စုနှစ်တစ်ခုအတွင်း ဓာတ်ခွဲခန်းထုတ်စိန်များ ထုတ်လုပ်ရာ ဦးဆောင်သူဖြစ်လာပါတယ်။
#Asia_Economy
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 05 April 2024
၁။ ရွှေတိဂုံစေတီတွင် နှစ်သစ်ဦးအလှူအဖြစ် သင်္ကြန်တွင်း စတုဒိသာလှူဒါန်းနိုင်ရန် စီစဉ်ပေးနေ
၂။ လာမည့် မေလ ၁ရက်နေ့မှစပြီး UID ကတ်ပါမှသာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ထုတ်ပေးမည်
၃။ ချေးငွေ၊ ဆုကြေးနှင့်ပတ်သက်သည့် အွန်လိုင်းလိမ်လည်မှုများ ဆက်လက်ရှိနေ
၄။ တရုတ်နိုင်ငံ ဟိုနန်သည် ကမ္ဘာပေါ်တွင် လူလုပ်ဓာတ်ခွဲခန်းစိန်ကို အများဆုံး ထုတ်လုပ်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 437 of 1097