#World_Health
Published 27 November 2024
▪️ ဇင့်သတ္တုဓာတ်က ခန္ဓာကိုယ်ကျန်းမာစေရန် လိုအပ်ပြီး ကိုယ်ခံအားစနစ်ကို ကူညီပေးပြီး ဆဲလ်အသစ်များ ဖြစ်ပေါ်စေပါတယ်။
▪️ ဒါပေမဲ့ ဇင့်များလွန်းရင်တော့ ဓမ္မတာလာခြင်းနဲ့ ကလေးရနိုင်ခြေတို့ကို ထိခိုက်နိုင်ပါတယ်။
▪️ ဇင့်ဖြည့်စွက်ဆေးများ အသုံးပြုရင်းနဲ့ များလွန်းသွားရင် မျိုးပွားနိုင်စွမ်းကို ထိခိုက်နိုင်တယ်လို့ ရူဘီဟောလ်ဆေးရုံမှ သားဖွားမီးယပ်အကြီးအကဲ ဒေါက်တာ ဆူနီတာတန်ဒါလ်ဝက်ကာက ပြောပါတယ်။
▪️ ဇင့်များလွန်းခြင်းက ခန္ဓာကိုယ်ထဲက အခြားသတ္တုဓာတ်တွေဖြစ်တဲ့ ကြေးနီ၊ သံဓာတ်တို့ ညီမျှမှုကို ပြဿနာဖြစ်စေနိုင်တယ်လို့ ပြောပါတယ်။
▪️ ဇင့်များလွန်းတဲ့အခါ အဆိုပါသတ္တုဓာတ်များ စုပ်ယူမှုကို ပိတ်ပင်ပြီး ဓာတ်တိုးဖိစီးခြင်းများ ဖြစ်ပေါ်ကာ မျိုးပွားပြဿနာများ ဖြစ်လာနိုင်ပါတယ်။
▪️ ဒါမျိုးက သားအိမ်နံရံနဲ့ဆင်တူတဲ့ တစ်ရှူးတွေက အပြင်ဘက်မှာ ဖြစ်ပေါ်တတ်တဲ့ အမျိုးသမီးတွေအတွက် ပိုပြီးစိုးရိမ်စရာဖြစ်ပြီး တင်ပါးနေရာမှာ နာကျင်ရောင်ရမ်းခြင်း နာတာရှည် ဖြစ်ပေါ်နိုင်ကာ သားအိမ်အပြင်ဘက် တစ်ရှူးဖြစ်ပေါ်ခြင်း ပိုမိုဆိုးရွားနိုင်တယ်လို့ ဒေါက်တာတန်ဒါလ်ဝက်ကာက ဆိုပါတယ်။
▪️ တရုတ်ပြည်ရှိ ဆေးရုံတွေမှာ စမ်းသပ်ထားတာတွေအရ ဇင့်ဖြည့်စွက်ဆေး ၁၄ မီလီဂရမ်ထက် ပိုမိုအသုံးပြုခြင်းနဲ့ အစားအစာတို့ကြောင့် အဆိုပါပြဿနာဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း ပိုများပါတယ်။
▪️ ဒါ့အပြင် သားဥကြွေခြင်း၊ ဓမ္မတာစက်ဝန်းတို့နဲ့ ပတ်သက်နေတဲ့ ဟော်မုန်းတွေကိုလည်း နှောင့်ယှက်ကာ ဓမ္မတာမမှန်တော့ဘဲ ကိုယ်ဝန်ရရန် ခက်ခဲလာပါတယ်။
▪️ ဒါကြောင့် ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဇင့်ဖြည့်စွက်ဆေး အလွန်အကျွံ သုံးခြင်းမှရှောင်ရှားပြီး မျှတကျန်းမာစွာ စားသောက်ဖို့ အကြံပြုသွားပါတယ်။
▪️ ဒါကြောင့် ဓမ္မတာနဲ့ မျိုးပွားပြဿနာများ မဖြစ်ဖို့အတွက် ဇင့်ကို သင့်တင့်ရုံသာ သုံးစွဲဖို့ အကြံပြုလိုက်ပါတယ်။
▪️ အရွယ်ရောက် အမျိုးသမီးတစ်ယောက်အတွက် သင့်တင့်တဲ့ ဇင့်ပမာဏက ၈-၁၂ မီလီဂရမ် ဖြစ်ပါတယ်။
#Source: India Today