#World_News
Published 21 June 2024
▪️ အမေရိကန်နဲ့ တရုတ်တို့ဟာ ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မတ်လတုန်းက အလွတ်သဘော နျူကလီးယား လက်နက်ရေးရာ ဆွေးနွေးမှုတွေကို ပြန်လည်စတင်ခဲ့ပါတယ်။
▪️ တရုတ်တို့က ထိုင်ဝမ်ကို နျူကလီးယား အားကိုးဖြင့် ခြိမ်းခြောက်သွားမှာ မဟုတ်ဘူးလို့ တရုတ်ကိုယ်စားလှယ်များက အမေရိကန်ကိုယ်စားလှယ်များကို ပြောပြခဲ့ကြောင်း သိရပါတယ်။
▪️ တရုတ်က ထိုင်ဝမ်အရေးမှာ အရေးနိမ့်ခဲ့ရင် နျူကလီးယားလက်နက်များဖြင့် ခြိမ်းခြောက်လာမှာကို အမေရိကန်ဘက်က စိုးရိမ်နေတာနဲ့ ပတ်သက်ပြီး တရုတ်ကိုယ်စားလှယ်များက အာမခံချက် ပေးခဲ့ပါတယ်။
▪️ ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို တရုတ်က ယင်းတို့ပိုင်နယ်မြေအဖြစ် ရှူမြင်နေပြီး ဒါကိုထိုင်ဝမ်အစိုးရက ငြင်းပယ်ထားပါတယ်။
▪️ ထိုဆွေးနွေးမှုက Track Two ဆွေးနွေးမှုလို့သတ်မှတ်ပြီး အစိုးရကိုယ်စား အရာရှိဟောင်းများက ပြောဆိုခွင့်ရထားကာ ပါဝင်ဆွေးနွေးကြတာ ဖြစ်ပါတယ်။
▪️ အမေရိကန်ဘက်မှ အရာရှိဟောင်းများနဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် အရာရှိဟောင်းများ ပါဝင်ခဲ့ပါတယ်။
▪️ ယခုအချိန်မှာ အမေရိကန်နဲ့ တရုတ်တို့ဟာ စီးပွားရေးနဲ့ ဘူမိနိုင်ငံရေး ကိစ္စကြီးတွေမှာ အပြိုင်အဆိုင်ဖြစ်နေပြီး နှစ်ဖက်ခေါင်းဆောင်တွေက မယုံကြည်မှုများဖြင့် အပြန်အလှန် စွပ်စွဲနေကြပါတယ်။
▪️ တရုတ်ဟာ ၂၀၃၀ အရောက်မှာ နျူကလီးယားထိပ်ဖူးပေါင်း ၅၀၀ ခန့်ရှိလာမယ်လို့ အမေရိကန် ကာကွယ်ရေးဌာနက ယမန်နှစ်က ခန့်မှန်းခဲ့ပါတယ်။
▪️ တရုတ်ရဲ့ ဝင်ရောက်ဟန့်ဟားရေး ခေတ်မီလက်နက်အစီအစဥ်ဟာ အမေရိကန်ရဲ့ ဒုံးကျည်ကာကွယ်ရေး၊ စောင့်ကြည့်ရေးစနစ်၊ မဟာမိတ်အားကောင်းလာခြင်းတို့နဲ့အညီ လိုက်လံအားထုတ်ရခြင်း ဖြစ်တယ်လို့ တရုတ်ကိုယ်စားလှယ်များက ဆိုပါတယ်။

#Soure: Reuters
#World_Health
Published 21 June 2024
▪️ ခြေလှမ်းမညီစွာဖြင့် လမ်းလျှောက်ခြင်းက ကယ်လိုရီပိုမိုလောင်ကျွမ်းပြီး ဇီဝကမ္မဖြစ်စဥ် ပိုမိုမြန်ဆန်စေတယ်လို့ မာဆာချူဆက်စ်အမ်ဟာ့စ် တက္ကသိုလ်မှ လေ့လာတွေ့ရှိခဲ့ပါတယ်။
▪️ ခြေလှမ်းအကွာအဝေး အမျိုးမျိုး ပြောင်းလဲပြီး လျှောက်ခြင်းဖြင့် ဇီဝဖြစ်ပျက်မှုနှုန်း မြန်လာလိမ့်မယ်လို့ ယူဆရမှာဖြစ်ကြောင်း လေ့လာမှုပြုစုသူ အဒမ်ဂရင်မစ်က ပြောပြပါတယ်။
▪️ အသက် ၂၄ နှစ်အရွယ် ကိုယ်အလေးချိန် ၁၅၅ ပေါင်ခန့်ရှိတဲ့ လူ ၁၅ ဦးကို လမ်းလျှောက်စက်ဖြင့် သာမန်အတိုင်း လျှောက်စေခဲ့ပါတယ်။
▪️ ဒီနောက် ခြေလှမ်းအကွာအဝေးကို ၅ ရာခိုင်နှုန်းနဲ့ ၁၀ ရာခိုင်နှုန်းကြား လျှော့ခြင်း၊ တိုးခြင်း ပြုလုပ်ခိုင်းခဲ့ကာ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏကို တိုင်းတာခဲ့ပါတယ်။
▪️ ထိုအခါမှာ ခြေလှမ်းအကွာအဝေး ပြောင်းလဲမှု ၂.၇ ရာခိုင်နှုန်းတိုးတိုင်း ဇီဝကမ္မဖြစ်စဥ် ၁.၇ ရာခိုင်နှုန်း တက်လာပါတယ်။
▪️ အသက်ကြီးသူတွေမှာလည်း ဒီလိုမျိုး အကျိုးကျေးဇူး ရနိုင်မလားဆိုတာကို လေ့လာနေကြပါတယ်။
#Soure: New York Post
#World_Health
Published 19 June 2024
▪️ အရွယ်ရောက်စ အသက်အရွယ်တွေမှာ စိတ်ဓာတ်ကျလက္ခဏာမျိုးတွေ ခံစားရတယ်ဆိုရင် သက်လတ်ပိုင်းရောက်တဲ့အခါ စဥ်းစားတွေးတောမှုပိုင်းနဲ့ မှတ်ဉာဏ်ပိုင်းတို့မှာ ဆိုးရွားလာစေနိုင်ဖွယ် ရှိတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
▪️ စမ်းသပ်ပါဝင်သူ ၃၁၁၇ ဦးကို ၅ နှစ်တစ်ကြိမ်ဖြင့် နှစ် ၂၀ ကြာအောင် စိတ်ဓာတ်ကျလက္ခဏာများ အကဲဖြတ်ခဲ့ကာ ယင်းတို့ရဲ့ အစားစားချင်စိတ်၊ အိပ်စက်မှု၊ အာရုံစူးစိုက်မှု၊ ဝမ်းနည်းမှု၊ အထီးကျန်မှုတို့အကြောင်း မေးခွန်းများ ဖြေစေခဲ့ပါတယ်။
▪️ ယင်းတို့ရဲ့ လက္ခဏာများအရ စိတ်ဓာတ်ကျခြင်း အခြေအနေကို ၄ မျိုးခွဲခြားလိုက်ကာ လက္ခဏာ အမြဲနည်းပါးသူအဖွဲ့၊ အလယ်အလတ် ကျဆင်းသူအဖွဲ့၊ အမြဲအလယ်အလတ် လက္ခဏာပြသူအဖွဲ့၊ လက္ခဏာမြင့်မားသူအဖွဲ့ဆိုပြီး ရှိပါတယ်။
▪️ ထိုအခါမှာ လူမည်းတွေက လူဖြူတွေထက် စိတ်ဓာတ်ကျလက္ခဏာ ပိုမိုဖြစ်တတ်တာကို တွေ့ရှိခဲ့ပါတယ်။
ထိုသူတွေ အသက် ၅၅ နှစ် ရောက်တဲ့အချိန်မှာ စဥ်းစားတွေးတောခြင်းနဲ့ မှတ်ဥာဏ်ပိုင်းစွမ်းရည်များကို တိုင်းတာဖို့ စမ်းသပ်ချက် ၃ မျိုး ပြုလုပ်ခဲ့ကြပါတယ်။
▪️ အမှတ်တွေက ၀ မှတ်မှ ၁၃၃ မှတ်အထိရှိရာမှာ အဖွဲ့ ၄ ဖွဲ့က ၇၃၊ ၇၁၊ ၆၆၊ ၅၇ မှတ်အသီးသီး ရှိခဲ့ပါတယ်။
▪️ အရွယ်ရောက်ပြီး လူမည်းတွေက စိတ်ကျလက္ခဏာ ပိုမိုခံစားရရုံမက စဥ်းစားမှုပိုင်းနဲ့ မှတ်ဥာဏ်ပိုင်းတို့မှာလည်း ပိုမိုဆိုးရွားလာကြောင်း ပြင်သစ် ဘော်ဒိုးတက္ကသိုလ်မှ သုတေသနပြုစုသူ လက်စ်လီဂရက်ဆက်က ပြောပြပါတယ်။
▪️ စမ်းသပ်မှုတွေမှာ အမှတ်ပိုနည်းတဲ့သူတွေက အမှတ်များတဲ့သူတွေထက် ဦးနှောက်စွမ်းရည်တွေ ပိုမိုကျဆင်းနေပါတယ်။
▪️ အမေရိကန်မှာ လူ ၆ သန်းခန့်က အယ်လ်ဇိုင်းမားရောဂါနဲ့ ဒီမန်ရှာ ဆက်စပ်ရောဂါများ ခံစားနေရပါတယ်။
#Soure: New York Post
#World_Science
Published 19 June 2024
▪️ အင်္ဂါဂြိုဟ်မှ ဂြိုဟ်သားအချက်ပြချက်တစ်ခုကို အဖေနဲ့ သမီး သားအဖက အဓိပ္ပာယ်ဖော်နိုင်ခဲ့ကြပါတယ်။
▪️ အစိုးရအသီးသီးက ဒီတာဝန်ကို ပညာရှင်များထံ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
▪️ ဒီဂြိုဟ်သားမက်ဆေ့ချ်ကို SETI အဖွဲ့အစည်းက ထုတ်ပြန်လိုက်ပြီးနောက် ထိုသမိုင်းပေးတာဝန်ကြီး ပြီးဆုံးသွားခဲ့ပါတယ်။
▪️ A Sign In Space လို့ ပရောဂျက်အမည်ပေးထားပြီး ဒန်နီယဲလာဒီပေါလစ်က အဓိကကိုင်တွယ်တာ ဖြစ်ပါတယ်။
▪️ ပြင်ပဂြိုဟ်မှ မက်ဆေ့ချ်တစ်ခု လက်ခံရရှိတာဟာ လူသားအားလုံးအတွက်တော့ ပြောင်းလဲမှုကြီး တစ်ခုဖြစ်ကြောင်း ဒီပေါလစ်က မှတ်ချက်ပြုလိုက်ပါတယ်။
▪️ ဒီမက်ဆေ့ချ်ကို ၂၀၂၃ မေလက ဥရောပအာကာသ အေဂျင်စီရဲ့ အာကာသယာဥ်ကနေ ပေးပို့လာတာ ဖြစ်ပါတယ်။
တစ်နှစ်ကျော် အကြာမှာတော့ ဂြိုဟ်သားမက်ဆေ့ချ်ကို အဓိပ္ပာယ်ဖော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
▪️ ထိုသားအဖနှစ်ယောက်က Unity ဗီဒီယိုဂိမ်းအင်ဂျင်ကို အသုံးပြုပြီး ပုံစံပြောင်းလဲမှုပေါင်း ၆၆၂၅ ကြိမ်ပြုလုပ်ခဲ့ပါတယ်။
▪️ ထိုမက်ဆေ့ချ်ဟာ အမိုင်နိုအက်ဆစ် ၅ ခုရဲ့ပုံရိပ်ဖြစ်ပြီး ပစ်ဇယ်တုံးများဖြင့် ပုံဖော်ထားတာ ဖြစ်ပါတယ်။
▪️ ဥပမာအားဖြင့် အတုံးတစ်တုံးက ဟိုက်ဒရိုဂျင်ဆိုရင် ၆ တုံးက ကာဗွန်၊ ၇ တုံးက နိုက်ထရိုဂျင်၊ ၈ တုံးက အောက်ဆီဂျင်ဖြစ်ပါတယ်။
▪️ SETI အဖွဲ့အစည်းအနေဖြင့် ပြင်ပဂြိုဟ်အချက်ပြမှုများကို ဘယ်လိုမျိုး လက်ခံရရှိလဲ၊ ပြုလုပ်လဲ၊ အကဲဖြတ် နားလည်သလဲဆိုတာကို ဒီစမ်းသပ်ချက်ကနေ လေ့လာသိရှိနိုင်လိမ့်မယ်လို့ SETI မှ သိပ္ပံပညာရှင် ဒေါက်တာ ဝေးလ်ဖာရာက ပြောပြသွားပါတယ်။
#Soure: WION
ဂျပန်ကုမ္ပဏီထုတ် ဖြည့်စွက်ဆေးများ အသက်အန္တရာယ်ဖြစ်စေသည်အထိ ပြဿနာဖြစ်ခဲ့သဖြင့် ပိုမိုထိန်းသိမ်းကွပ်ကဲပေးရန်အစိုးရကို တောင်းဆိုနေကြ
ဂျပန်ဆေးဝါး ထုတ်လုပ်ရေး ကိုဘာယာရှီကုမ္ပဏီမှ ထုတ်လုပ်တဲ့ ဖြည့်စွက်ဆေးများ ပါဝင်တဲ့ သတင်းကိစ္စဆိုးကြီး ဖြစ်ပျက်နေရာ ကျန်းမာရေး စားသုံးထုတ်ကုန်များကို အစိုးရအနေနဲ့ ပိုမိုထိန်းသိမ်းကြီးကြပ်ပေးဖို့ ဂျပန်မှ ဝယ်ယူသုံးစွဲသူများအဖွဲ့က တောင်းဆိုလာကြပါတယ်။
#World_News
Published 18 June 2024
#ဂျပန်ကုမ္ပဏီထုတ်ဖြည့်စွက်ဆေး #အသက်အန္တရာယ်ဖြစ်စေ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 18 June 2024
၁။ ရန်ကုန်၊ မန္တလေးရှိရွှေဆိုင်(၉)ဆိုင်တွင် ရွှေထည်များကို YGEA စျေးနှုန်း(၄၅)သိန်းကျော်ဖြင့် ရောင်းချပေးနေ
၂။ ဇီဝဇိုးငှက်အိမ်ဆောက်လုပ်မွေးမြူသည့်လုပ်ငန်းတွင် သိန်းထောင်ချီအထိ ရင်းနှီးမြှုပ်နှံသူများရှိလာဟုဆို
၃။ နောင်တရားဒေသ၌ နယ်သာလန်နှင့်တရုတ်မျိုး မိုးအာလူး ဧက ၃၀၀၀ခန့် နောင်တရားဒေသမှာနယ်သာလန်နှင့်တရုတ်မျိုးများ စိုက်ပျိုး
၄။ ဂျပန်ကုမ္ပဏီထုတ်ဖြည့်စွက်ဆေးများ အသက်အန္တရာယ်ဖြစ်စေသည်အထိပြဿနာဖြစ်ခဲ့သဖြင့် ပိုမိုထိန်းသိမ်းကွပ်ကဲပေးရန်အစိုးရကိုတောင်းဆိုနေကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Daily_News #Yangon_Times #Yangon_Media_Group #TV Yangon Times
#World_News
Published 18 June 2024
▪️ ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားနိုင်ငံသို့ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့တို့မှာ သွားရောက်လည်ပတ်မှာ ဖြစ်တယ်လို့ နှစ်ဖက်နိုင်ငံတို့က ပြောကြားလိုက်ပါတယ်။
▪️ ဒါဟာ ယူကရိန်းကို ကျူးကျော်ပြီးကတည်းက ရုရှားနဲ့ မြောက်ကိုရီးယားတို့ ဆက်ဆံရေး အလျင်အမြန် တိုးတက်လာတာကို ဖော်ပြနေပါတယ်။
▪️ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်း ရုရှားသို့ လာရောက်စဥ်က ပူတင်ကို ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။
▪️ ပူတင်ဟာ ၂၀၀၀ ခုနှစ် ဇူလိုင်လတုန်းက မြောက်ကိုရီးယားသို့ နောက်ဆုံးရောက်ရှိခဲ့ပါတယ်။
▪️ အမေရိကန် အနေနဲ့ကတော့ မြောက်ကိုရီးယားနဲ့ ရုရှားတို့ ဆက်ဆံရေးမြှင့်တင်လာခြင်းဟာ စိုးရိမ်ဖြစ်လာပြီး ပူတင်က ယူကရိန်းစစ်ပွဲအတွက် လက်နက်ထောက်ပံ့မှုတွေရရှိဖို့ ကြိုးပမ်းနိုင်တယ်လို့ ဆိုပါတယ်။
▪️ ထိုခရီးစဥ်အတွင်း ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ လုံခြုံရေးကိစ္စရပ်များ အပါအဝင် ရင်းနှီးချစ်ကြည်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိတယ်လို့ ရုရှားနိုင်ငံခြားရေး ပေါ်လစီအကြံပေး ယူရီအူရှာကော့ဗ်က ဆိုပါတယ်။
▪️ ပူတင်က မြောက်ကိုရီးယားကို သွားပြီးရင် ဇွန်လ ၁၉-၂၀ ရက်နေ့တွေမှာ ဗီယက်နမ်သို့ သွားရောက်မှာဖြစ်ကြောင်း ခရမ်လင်ဌာနချုပ်က ဆိုပါတယ်။
▪️ ရုရှားက ယူကရိန်းကို တိုက်ခိုက်ဖို့အတွက် မြောက်ကိုရီးယားက လက်နက်တွေ ထောက်ပံ့ပေးနေတယ်လို့ အမေရိကန်က စွပ်စွဲထားပေမယ့် နှစ်နိုင်ငံစလုံးက ငြင်းဆိုထားပါတယ်။
▪️ ထိုခရီးစဥ်ကြောင့် မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား စစ်ရေးပူးပေါင်းမှု ပိုမိုမြှင့်တင်လာမှာကို တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက စိုးရိမ်နေပါတယ်။
#Soure: Reuters
Page 436 of 1151