#World_Health
Published 26 October 2024
▪️ လူအများစုဟာ မျက်နှာပေါ်က ဝက်ခြံလေးကို ဘယ်လိုပျောက်ကင်းအောင် လုပ်ရမလဲဆိုတာ မသိကြပါဘူး။
▪️ pH ထိန်းညှိပစ္စည်းများ၊ ဝက်ခြံပျောက်ဆေးများဖြင့် အနည်းငယ် သက်သာနိုင်စေပေမယ့် ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွတ်တွေကို ဘယ်လိုဖယ်ရှားကြမလဲ။
▪️ အာဟာရပညာရှင် ပေယဲလ်ရန်ဂါနဲ့ အရေပြားပညာရှင် ဂျေရှရီရှာရက်တို့ ပူးပေါင်းကာ အရေပြားပြဿနာ ဖြေရှင်းနိုင်မယ့် နည်းလမ်းများကို ဝေမျှသွားပါတယ်။
▪️ ဝက်ခြံပေါက်တာကို ထိန်းသိမ်းချင်ရင် သကြား၊ နို့၊ အဆင့်ဆင့်ထုတ်လုပ်ထားတဲ့ စားစရာတွေကို ရှောင်ရှားသင့်တယ်လို့ ဆိုပါတယ်။
▪️ အဲဒီအစား ဆယ်လ်မွန်၊ လျှော်စေ့တို့ စားသုံးသင့်ပြီး ဆယ်လီဆလစ်အက်ဆစ်ပါတဲ့ မျက်နှာသစ်ဆေး၊ ဂျယ်လ်ဖြင့်ပြုလုပ်တဲ့ အစိုဓာတ်ထိန်းရည်၊ နေကာခရင်မ်တို့ အသုံးပြုသင့်တယ်လို့ အကြံပြုပါတယ်။
▪️ အရေပြားခြောက်သွေ့ခြင်း ကာကွယ်ရန် ရေများများသောက်ခြင်း၊ ကန်စွန်းဥ၊ ထောပတ်သီး၊ အခွံမာသီးများ စားပေးသင့်ပါတယ်။
▪️ ဟိုက်ယာလူရွန်နစ်အက်ဆစ် အရည်ကြည်၊ ဆယ်ရာမိုက်ပါဝင်တဲ့ အစိုဓာတ်ထိန်းရည်တို့ အသုံးပြုသင့်ပါတယ်။
▪️ အရေးကြောင်းတွေ ကာကွယ်ဖို့ကတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တဲ့ ဘယ်ရီသီးများ၊ အချဉ်သီးများ၊ ငရုတ်ပွသီးများ၊ နာနတ်သီးတို့ စားသင့်ပါတယ်။
ဆံကေသာ သန်စွမ်းဖို့အတွက် ကြက်ဥ၊ ဟင်းရွက်၊ မုန်လာဥ၊ ဟင်းနုနွယ်တို့ကို အကြံပြုပါတယ်။
▪️ ရုံးပတေသီးရည်ဟာဆိုရင် ဆီးချိုလူနာသည်များအတွက် အကျိုးရှိသလို လျှော်စေ့ရည်ဟာ အမျိုးသမီးများ ဓမ္မတာသွေးဆုံးချိန်မှာ သက်သာစေပြီး သကြားမုန်လာရည်ကတော့ သွေးပေါင်ချိန် ထိန်းသိမ်းပေးပါတယ်။
#Source: DoctorNDTV
နီပေါနိုင်ငံတဝှမ်း ဒေသအများအပြားမှာ အဆက်မပြတ် မိုးရွာသွန်းသဖြင့် ရေကြီးခြင်း၊ မြေပြိုကမ်းပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပြီး စိုက်ပျိုးရေးနေရာတွေ၊ လမ်းတွေ ထိခိုက်ပျက်စီးကာ ဟင်းသီးဟင်းရွက်ဈေးကွက် ချိတ်ဆက်ထောက်ပံ့ရေး ရှားပါးပြတ်လပ်လာပါတယ်။
#World_Disaster
Published 25 October 2024
#နီပေါ #ခရမ်းချဉ်သီးဈေးနှုန်းမြင့်တက်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 25 October 2024
၁။ တရုတ်နယ်စပ်ဂိတ်ပိတ်၍ ရွှေဈေးတက်လာခြင်းမရှိဟု YGEA ထုတ်ပြန်
၂။ စက်သုံးဆီအမျိုးအစားအားလုံး ဈေးကျဆင်းလာသော်လည်း ဈေးအမြင့်တန်း၌သာဆက်ရှိနေ
၃။ ဆင်မကြီး မိုမို (၇၁)နှစ်ပြည့် မွေးနေ့ပွဲ(၃)ရက်တိုင်တိုင်ကျင်းပမည်
၄။ နီပေါတွင်အဆက်မပြတ်မိုးရွာသွန်းသဖြင့် စိုက်ကွင်းများရေကြီးကာ ခရမ်းချဉ်သီးဈေးနှုန်းအဆမတန်မြင့်တက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 25 October 2024
▪️ ရုရှားလွှတ်တော်အမတ်များဟာ မြောက်ကိုရီးယားနဲ့ အပြန်အလှန် စစ်ရေးကူညီမှုပြုရန် သဘောတူညီချက်ကို ကြာသပတေးနေ့က အတည်ပြုလိုက်ပါတယ်။
▪️ ဒီမတိုင်ခင်ရက်မှာ အမေရိကန်က မြောက်ကိုရီးယားတပ်သား ၃ ထောင် ရုရှားမှာ နေရာချထားတာကို အတည်ပြုထားပါတယ်။
▪️ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့ ဇွန်လက ပြုံယမ်းမှာ တွေ့ဆုံစဉ် လက်မှတ်ရေးထိုးခဲ့ကြတဲ့ မဟာဗျူဟာမြောက် မိတ်ဖက်လုပ်ဆောင်ရေး သဘောတူစာချုပ်ကို ရုရှားပါလီမန် အောက်လွှတ်တော်က အလျင်အမြန်ပဲ ထောက်ခံမဲပေးခဲ့ကာ အထက်လွှတ်တော်ကလည်း များမကြာမီ ထောက်ခံအတည်ပြုသွားမှာ ဖြစ်ပါတယ်။
▪️ အဆိုပါ သဘောတူညီချက်အရ ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ တစ်နိုင်ငံ တိုက်ခိုက်ခံရပါက ရနိုင်သမျှ နည်းလမ်းအားလုံး အသုံးပြုပြီး ချက်ချင်း စစ်ရေးအကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။
▪️ ဒါဟာ စစ်အေးတိုက်ပွဲနောက်ပိုင်း ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြား အားအကောင်းဆုံး ချိတ်ဆက်မှုကြီး ဖြစ်လာပါတယ်။
▪️ ရုရှားမှာ မြောက်ကိုရီးယားတပ်သား ၃ ထောင် နေရာချထားပြီး လေ့ကျင့်နေတယ်လို့ အမေရိကန်က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ထားကာ ထိုတပ်သားတွေသာ ယူကရိန်းကို ဝင်တိုက်ပါက ခုခံကာကွယ်တုန့်ပြန်သွားနိုင်တယ်လို့ သတိပေးထားပါတယ်။
▪️ ရုရှား ကာဇန်မှာကျင်းပတဲ့ BRICS အစည်းအဝေးမှာ ပူတင်က မြောက်ကိုရီးယား ခေါင်းဆောင်အနေဖြင့် သဘောတူညီချက်တွေကို အလေးထားမယ်ဆိုတာ ယုံမှားစရာမရှိဘဲ ဒီသဘောတူညီချက် ဘောင်အတွင်းကနေပဲ လုပ်ဆောင်သွားကြမယ်လို့ ပြောပါတယ်။
▪️ အမေရိကန်နဲ့ မဟာမိတ်များက မြောက်ကိုရီးယားဟာ ရုရှားကို ဒုံးကျည် အမြှောက်ဆံများပေးနေတယ်လို့ စွပ်စွဲထားတာတွေကို ရုရှားနဲ့ မြောက်တို့က ငြင်းဆန်ထားပါတယ်။
▪️ စစ်ရေးအပြန်အလှန် ကူညီရေးအရ ရုရှားဟာ လက်နက်နည်းပညာများကို မြောက်ကိုရီးယားနဲ့ မျှဝေသွားနိုင်တယ်လို့ သုံးသပ်သူများက ပြောပါတယ်။
#Source: WION
#World_Health
Published 25 October 2024
▪️ သိပ္ပံသုတေသနအတွက် ရုပ်အလောင်းလှူဒါန်းထားတဲ့ လူဆီမှာ ငယ်ပါ ၃ ခုပါနေတာကို ယူကေမှ ဆရာဝန်များ အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ပါတယ်။
▪️ ဒါပေမဲ့ ထိုလူဟာ သူ့မှာဒီလိုပါတာကို တစ်ဘဝလုံး သိရှိခဲ့ပုံမပေါ်ပါဘူး။
▪️ အင်္ဂါအပြင်ပန်းပုံစံက ပုံမှန်အတိုင်း ဖြစ်နေတာကြောင့် မသိခဲ့ပုံပေါ်ပါတယ်။
ငယ်ပါ ၃ ခုပါတာဟာ အလွန်ရှားပါး အခြေအနေဖြစ်ပြီး လူသားတွေမှာ ပထမဆုံး တွေ့ရှိခဲ့တာက လွန်ခဲ့တဲ့ ၄ နှစ်က အီရတ်မှ ၃ လသားအရွယ်မှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။
▪️ ဒါကြောင့် ယခုတွေ့ရှိမှုဟာ လူသားတွေမှာ ဒုတိယအကြိမ်သာဖြစ်ပြီး အရွယ်ရောက်ပြီးလူမှာတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
▪️ ဆုံးပါးသွားပြီဖြစ်တဲ့ အသက် ၇၈ နှစ်အရွယ် လူဖြူလူမျိုးဟာ အရပ် ၆ ပေရှိပြီး ငယ်ပါက ပုံမှန်အတိုင်းသာ ဖြစ်ပါတယ်။
▪️ အလောင်းကို ခွဲစိတ်တဲ့အခါမှာ အင်္ဂါအတွင်း ငယ်ပါ ၂ ခုကို သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။
▪️ ဒီထက်ပိုပြီး ခွဲကြည့်တဲ့အခါ ဆီးလမ်းကြောင်းပြွန်က အဓိကငယ်ပါရော နောက်တစ်ခုမှာပါ ရှိနေပါတယ်။
▪️ ဒုတိယတစ်ခုက ပိုသေးပေမယ့် ငယ်ပါတစ်ခုမှာရှိရမယ့် အဓိကတစ်ရှူး ၃ ခုစလုံး ရှိနေပါတယ်။
▪️ တတိယတစ်ခုကတော့ ဒုတိယငယ်ပါအနောက်မှာ တည်ရှိပြီး ဆီးလမ်းကြောင်းပြွန် မရှိသလို တစ်ရှူးတစ်လွှာလည်း မရှိပါဘူး။
▪️ အဓိကငယပါက ၃ လက်မရှည်ကာ အခြား ၂ ခုက ၁ လက်မခွဲစီ ရှိပါတယ်။
အင်္ဂါအပိုပါလာပြီး ပုံမှန်အတိုင်း အသက်ရှင်နေထိုင်နိုင်ခဲ့တဲ့ မှတ်တမ်းတွေ ရှိထားပါတယ်။
▪️ ငယ်ပါအပိုပါတာဟာ မျိုးဗီဇပြောင်းလဲခြင်းကြောင့် ဖြစ်မယ်လို့ ယူဆနေကြပါတယ်။
▪️ ငယ်ပါဖွံ့ဖြိုးတဲ့ တစ်ရှူးတစ်မျိုးကနေ ၃ ခုပွားခဲ့ခြင်းကြောင့် ဒီလိုအင်္ဂါအပိုတွေ ဖြစ်ပေါ်လာရပါတယ်။
▪️ ဒေသတွင်း လှူဒါန်းရေးဥပဒေများကြောင့် ထိုလူရဲ့ ဆေးမှတ်တမ်းတွေကိုလည်း သုတေသီများ သိခွင့်မရှိပါဘူး။
#Source: WION
#World_Health
Published 25 October 2024
▪️ ရင်သားကင်ဆာဆိုတာဟာ အမျိုးသမီးတွေမှာသာ ဖြစ်တယ်လို့ ထင်ကြပေမယ့် အမျိုးသားတွေမှာလည်း ရှားပါးဖြစ်နိုင်ခြေ ရှိပါသေးတယ်။
▪️ ရင်သားကင်ဆာ ဖြစ်ပွားမှုတွေထဲမှာ အမျိုးသားတွေက ၁ ရာခိုင်နှုန်းအောက် ရှိတယ်လို့ ဘင်ဂါလူရူ အက်စ်တာဝှိုက်ဖီးလ်ဆေးရုံမှ ဒေါက်တာ စီအင်န်ပါတီလ်က ပြောပါတယ်။
▪️ အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်ရတာက အဓိကအားဖြင့် ဟော်မုန်းမညီမျှခြင်း၊ မျိုးဗီဇဆင့်ကဲပြောင်းလဲခြင်း၊ ပတ်ဝန်းကျင် အကြောင်းအရာများကြောင့် ဖြစ်တတ်ပါတယ်။
▪️ အမျိုးသမီးတွေမှာလိုမျိုးပဲ BRCA1 နဲ့ BRCA2 မျိုးဗီဇပြောင်းလဲမှုများကြောင့် အမျိုးသားတွေမှာလည်း ရင်သားကင်ဆာ ဖြစ်စေပါတယ်။
▪️ မျိုးရိုးထဲမှာ ရင်သားကင်ဆာဖြစ်တဲ့ အမျိုးသမီးတွေနဲ့ မျိုးဆက်နီးစပ်တဲ့ ယောက်ျားတွေမှာ အဓိကဖြစ်တတ်တယ်လို့ ထောက်ပြထားပါတယ်။
▪️ ဒါ့အပြင် အမျိုးသားတွေမှာ X ခရိုမိုဆုန်း အပိုပါလာတဲ့ ကလိုင်းဖယ်လ်တာရောဂါ မျိုးတွေမှာလည်း ရင်သားကင်ဆာ ဖြစ်နိုင်ခြေ များစေပါတယ်။
▪️ ဓာတ်ရောင်ခြည် ထိတွေ့ခြင်း၊ အချို့သော ဆေးကုသမှုများကြောင့် ဖြစ်နိုင်ခြေ များတတ်ပါတယ်။
▪️ ဆီးကျိတ်ကင်ဆာအတွက် ဟော်မုန်းကုသနည်းတစ်မျိုးဖြစ်တဲ့ အီစထရိုဂျင် ဆက်စပ်ဆေးတွေ သုံးစွဲနေရသူတွေ၊ အသည်းရောဂါ အဝလွန်ခြင်း ဝှေးစေ့ရောဂါအပါအဝင် အခြားရောဂါရှိသူတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ များစေပါတယ်။
▪️ ရောဂါလက္ခဏာတွေကတော့ သိပ်မသိသာဘဲ အဖြစ်အများဆုံးက ရင်သားမှာ မာကျော မနာကျင်တဲ့ အဖုအပိမ့်တွေ ပေါ်လာတာပါပဲ။
▪️ နီမြန်းခြင်း၊ နို့သီးခေါင်းကျုံ့ဝင်ခြင်း၊ အရည်ထွက်ခြင်းတို့လည်း ဖြစ်တတ်ပါတယ်။
▪️ ရင်ဘတ်နေရာတွေ ဖောရောင်နေပြီဆိုရင် အကျိတ်နေရာတွေမှာပါ ကင်ဆာပျံ့နှံ့တဲ့သဘော ဖြစ်ပါတယ်။
▪️ ဒီလက္ခဏာတွေကို စောစီးစွာ သိရှိဖို့အရေးကြီးပြီဂ ဒါမှ ကုသမှု ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
▪️ ရောဂါစစ်ဆေးရာမှာတော့ အမျိုးသမီးတွေကို စမ်းသပ်တဲ့အတိုင်း ရင်သားကင်ဆာ စစ်ဆေးနိုင်ပါတယ်။
▪️ အကျိတ်အရွယ်အစား၊ ပျံ့နှံ့မှုအပေါ် မူတည်ပြီး ကင်ဆာကုသရပါတယ်။
▪️ အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်နှုန်း ရှားပြီး စောစီးစွာ ရောဂါတွေ့ရှိပါက ၅ နှစ်တာ အသက်ရှင်နိုင်ခြေ ၈၄ ရာခိုင်နှုန်းအထိ ရှိပါတယ်။
#Source: India Today
ရွှေဈေးနှုန်း ဆက်တိုက်မြင့်တက်နေပေမယ့် တရုတ်နိုင်ငံတဝှမ်း ရွှေဆိုင်တွေမှာတော့ ဝယ်ယူရောင်းချသူတွေ ပြည့်နေဆဲဖြစ်ပါတယ်။
#World_Business
Published 24 October 2024
#ရွှေဈေးဆက်တိုက်မြင့်တက် #တရုတ်နိုင်ငံရွှေဆိုင်
#YMG #Yangon_Times #Yangon_Media_Group
Page 290 of 1091