#World_Health
Published 02 August 2025
▪️ ခန္ဓာကိုယ်ကနေ အနံ့ဆိုးထွက်စေတဲ့ အစားအစာတွေထဲမှာ ကြက်သွန်ဖြူအပြင် အခြားအရာတွေလည်း ရှိပါတယ်။
▪️ အချို့သော အစားအစာတွေက တခြားဟာတွေထက်ပိုပြီး ခန္ဓာကိုယ်အနံ့ ပိုထွက်စေတယ်လို့ နယူးဂျာစီအခြေစိုက် အာဟာရပညာရှင် အဲရင်ပယ်လင်စကီဝိတ်ဒ်က ပြောပါတယ်။
(၁) ငါး
▪️ ငါးညှီနံ့ဆိုတာကို သိကြပေမယ့် အချို့အခြေအနေတွေမှာ ပင်လယ်စာတွေက ထရိုင်မီသိုင်းအေမင်း ဒြပ်ပေါင်းအဖြစ် ပြောင်းလဲပြီး ငါးညှီနံ့တစ်မျိုး ထွက်စေပါတယ်။
▪️ ဒီဒြပ်ပေါင်းက ခန္ဓာကိုယ်တလျှောက် သွားလာပြီး အနံ့ထွက်စေပေမယ့် အလွန်ရှားပါးဖြစ်တတ်တာကြောင့် သိပ်စိတ်မပူရပါဘူး။
(၂) ဟင်းသီးဟင်းရွက်
▪️ ဟင်းရွက်တွေက ကျန်းမာရေးအတွက် အကောင်းဆုံးဆိုပေမယ့် ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီတို့က ဆာလ်ဖျူရစ်အက်ဆစ် ထုတ်လွှတ်တဲ့အချိန်မှာ ခန္ဓာကိုယ်အနံ့ထွက်စေပြီး ချွေးတွေ အငွေ့တွေကနေ ပိုဆိုးစေပါတယ်။
(၃) ဟင်းခတ်အမွှေးအကြိုင်များ
▪️ အချို့သော ဟင်းခတ်အမွှေးအကြိုင်တွေက ဆာလ်ဖာဒြပ်ပေါင်းတွေ၊ ဇီဝကမ္မဝတ္ထုတွေကြောင့် အနံ့ထွက်စေကာ ဘက်တီးရီးယားတွေနဲ့ ဓာတ်ပြုတဲ့အခါ အနံ့တွေ ဖြစ်ပေါ်စေပါတယ်။
(၄) အသားကြီး
▪️ အသားကြီးငါးကြီး များများစားရင် ခန္ဓာကိုယ်အနံ့ကို သက်ရောက်စေကာ အရေပြားဘက်တီးရီးယားတွေနဲ့ ပေါင်းပြီး အနံ့ဆိုးလာစေပါတယ်။
▪️ အနံ့အသက်ကောင်းစေမယ့် အစားအစာတွေနဲ့ ပတ်သက်ပြီး အချို့သော အစားအစာတွေ ပြောင်းလဲတဲ့အခါ ခန္ဓာကိုယ်အနံ့ လျှော့ချစေနိုင်မယ်လို့ ဆိုပါတယ်။
▪️ ရေ၊ အသီးအနှံ၊ ဟင်းရွက်တို့ များများစားခြင်း၊ ပန်းသီး၊ အစိမ်းရောင်အရွက်များ၊ ဒိန်ချဉ်၊ လက်ဖက်စိမ်းတို့လို အစားအစာများစားခြင်းဖြင့် အနံ့ထွက်စေတဲ့ ဒြပ်ပေါင်းတွေကို ချေဖျက်စေပြီး အူလမ်းကြောင်းဘက်တီးရီးယားတွေကို အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
#Source: New York Post