#World_Health
Published 23 June 2024


▪️ အစ္စရေးလ်နိုင်ငံဟာ ခြေထောက်ဖြတ်ပစ်မှုနှုန်း အများဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။

 

▪️ ဒါဟာ သွေးကြောပိတ်ဆို့မှုတွေကို တဝက်တပျက်ပဲ ကုသခြင်း ဒါမှမဟုတ် မကုသဘဲ ပစ်ထားခြင်းတို့ကြောင့် အဓိကဖြစ်ပွားနေပါတယ်။

 

▪️ ခြေထောက်သွေးကြောထဲမှာ ပူစီဖောင်းထည့်ခြင်း၊ သတ္တုချောင်းထည့်ခြင်းတို့ဖြင့် ကုသလို့ရပေမယ့် ဒီနည်းလမ်းက အားလုံးကို မကုသနိုင်သလို လက်ရှိနည်းပညာများက အလွန်ပိတ်ဆို့နေခြင်းကို ထိရောက်မှုမရှိပါဘူး။

 

▪️ နေတန်ညာ လာနီယာဒိုဆေးကုသဌာနမှ ဒေါက်တာ အာချီဟုဒ်ဘန့်ဒ်က လေဆာကိရိယာကို အသုံးပြုပြီး လူနာခြေထောက်သွေးကြောထဲက ပိတ်ဆို့မှုတွေကို ပထမဦးဆုံးအနေဖြင့် ဖွင့်ပေးနိုင်ခဲ့ပါတယ်။

 

▪️ အစ္စရေးလ်မှ Eximo Medical ကုမ္ပဏီက လေဆာလှိုင်းအသုံးပြုပြီး သွေးကြောနံရံတွေထဲက ပိတ်ဆို့မှုတွေကို ဖြိုခွဲနိုင်မယ့် ပစ္စည်းကိရိယာကို တီထွင်ခဲ့ပါတယ်။

 

▪️ ထိုကုသနည်းဟာ အမေရိကန်မှာ လုပ်ဆောင်နေကျဖြစ်ပြီး ယခုအချိန်အထိ ခြေထောက်သွေးကြော ကုသမှုပေါင်း  သိန်းခန့် ပြုလုပ်ထားပြီး ဖြစ်ပါတယ်။

 

▪️ အစ္စရေးလ်မှာလည်း ပထမဆုံးကုသမှုပြုလုပ်ဖို့ သွေးကြောရောဂါ အပြင်းအထန်ဖြစ်နေတဲ့ လူနာတစ်ဦးကို ရှာဖွေခဲ့ကြပါတယ်။

 

▪️ လေဆာနည်းပညာက သွေးကြောများ ကျဥ်းမြောင်းပိတ်ဆို့ခြင်းနဲ့ ယခင်က မကုသနိုင်ခဲ့တဲ့ နေရာတွေကိုပါ ကုသလာနိုင်ကြောင်း၊ ခြေထောက်ဖြတ်တောက်ခြင်းမှ ကာကွယ်လာနိုင်ပြီး လူနာတွေရဲ့ ဘဝကိုမြှင့်တင်နိုင်ပြီဖြစ်ကြောင်း ဒေါက်တာဘန့်ဒ်က ပြောပြသွားပါတယ်။

 

#Soure: The Jerusalem Post