#WorldHealth
Published 14 May 2022
သေဆုံးပြီးသားလူတွေရဲ့မျက်လုံးကို သိပ္ပံပညာရှင်များက ပြန်လည်သက်ဝင်လှုပ်ရှားနိုင်အောင်ပြုလုပ်နိုင်ခဲ့တာကြောင့် သေဆုံးခြင်းကို ပြန်လည်ရှင်သန်နိုင်အောင် လုပ်နိုင်မလားဆိုတဲ့ မေးခွန်းတွေပေါ်ထွက်လာပါတယ်။
မျက်ကြည်လွှာထဲက အလင်းဝင်ဆဲလ်တွေက သေဆုံးပြီး ၅ နာရီထိကြာအောင် အလင်းကိုတုန့်ပြန်နိုင်တာကို တွေ့ရှိခဲ့ကြပါတယ်။
ရှင်သန်နေတဲ့ လူဆီကရရှိတဲ့ တုန့်ပြန်ချက်မျိုးတွေ့ရှိခဲ့ကြတယ်လို့ ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေမှာ ဖော်ပြထားပါတယ်။
မျက်ကြည်လွှာထဲက နျူရွန်းတွေဟာ ဗဟိုအာရုံကြောစနစ်ရဲ့အစိတ်အပိုင်းဖြစ်ပြီး ဦးနှောက်နဲ့ကျောရိုးမတို့ပါ ဝင်ပါတယ်။
အမေရိကန်သုတေသီများ ပြုလုပ်တဲ့တွေ့ရှိချက်က အခြားဗဟိုအာရုံကြောစနစ်ဆဲလ်တွေဟာလည်း အနာဂတ်မှာ ပြန်လည်ရှင်သန်အောင် ပြုလုပ်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်တွေ ပေါ် ပေါက်လာပါတယ်။
ဦးနှောက်သေဆုံးခြင်းက ပြန်ရှင်မလာနိုင်ဘူးလို့ သတ်မှတ်ထားတာကြောင့် ယခုတွေ့ရှိချက်က စဉ်စားစရာဖြစ်လာပါတယ်။
သိပ္ပံပညာရှင်များက သေဆုံးပြီးသားအလှူရှင်ထံမှ မျက်လုံးဖယ်ရှားပြီးနောက် မိနစ် ၂၀ အထိကြာရှည်ခံနိုင်မယ့် စနစ်ကို ဖန်တီးခဲ့ကြပါတယ်။
မျက်လုံးထဲက အလင်းဝင်လက်ခံဆဲလ်တွေကို ပြန်လည်အသက်ဝင်အောင် ပြုလုပ်နိုင်ခဲ့ကြောင်း အူတာ တက္ကသိုလ်မှဒေါက်တာ’ဖာတီမာအက်ဘတ်စ်’က ဆိုပါတယ်။
အလှူရှင်သေဆုံးပြီး ၅ နာရီကြာတဲ့အထိ မျက်လုံးထဲကဆဲလ်တွေဟာ အလင်းရောင်တွေ မှိန်ပျပျအလင်းကိုတောင် တုန့်ပြန်နိုင်ပါသေးတယ်။
၂၀၁၉ ခုနှစ်က ယေးလ်တက္ကသိုလ်က သေဆုံးပြီးတာ ၄ နာရီကျော်ကြာပြီဖြစ်တဲ့ ဝက် ၃၂ ကောင်ရဲ့ဦးနှောက်တွေကို ပြန်လည်လှုပ်ရှားလာအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ နျူရွန်းလှုပ်ရှားမှုကိုတော့ ပြန်ရှင်သန်လာအောင် မလုပ်နိုင်ခဲ့ပါဘူး။
အသက်ရှင်သူရဲ့ မျက်လုံးအတိုင်း မျက်ကြည်လွှာဆဲလ်တွေကို အချင်းချင်းတုန့်ပြန်ဆက်သွယ်နိုင်အောင် ပြုလုပ်နိုင်ခဲ့ကြကြောင်း ဒေါက်တာ’ဖရန်စ်ဗင်ဘာ့ဂ်’က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ယခုတွေ့ရှိချက်က အမြင်အာရုံဆုံးရှုံးခြင်းနဲ့ ဦးနှောက်ဆိုင်ရာရောဂါများအကြောင်း တိုးတက်သိရှိ လာနိုင်ပါတယ်။
မျက်လုံးလှူဒါန်းခြင်းဖြင့် သုတေသနလုပ်ငန်းများကို အထောက်အပံ့ဖြစ်စေနိုင်ကြောင်းနဲ့ သိပ္ပံပညာတိုးတက်စေဖို့ လူတွေအနေနဲ့ မျက်လုံးလှူဒါန်းပေးဖို့ တွန်းအားဖြစ်လာစေပါတယ်။
ကိုယ်တွင်းအင်္ဂါလှူဒါန်းရေးအဖွဲ့အစည်းများ၊ လှူဒါန်းသူများ၊ မျက်လုံးလှူဘဏ်တွေအနေနဲ့ လှူဒါန်းခြင်းဖြင့် သုတေသနလုပ်ငန်းတွေကို ဘယ်လောက်အထိကူညီနိုင်လဲဆိုတာ သိရှိစေချင်ကြောင်း ‘ဗင်ဘာ့ဂ်’ကဆိုပါတယ်။
ဦးနှောက်သေဆုံးမှုက အောက်ဆီဂျင် ဒါမှမဟုတ် သွေးထောက်ပံ့မှုပြတ်တောက်ကာ ဦးနှောက်လုပ်ဆောင်ချက် ရပ်ဆိုင်းသွားတာမျိုးဖြစ်ပါတယ်။
လူတစ်ယောက်ရဲ့ နှလုံးအဆုတ်တို့ ဆက်လက်လည်ပတ်အောင် ထောက်ပံ့ထားလို့ရပေမယ့် သတိပြန်လည်မလာဘူးဆိုရင် သေဆုံးပြီလို့ ယူကေဥပဒေမှာ ဖော်ပြထားပါတယ်။
Source: DailyMail
#Yangon_Media_Group
#WorldHealth
Published 14 May 2022
ကိုဗစ်ရောဂါဖြစ်စေတဲ့ အိုမီခရွန်မျိုးဗီဇကွဲမှ ထပ်မံခွဲထွက်လာတဲ့ မျိုးနွယ်ခွဲဗိုင်းရပ်စ်တွေကူးစက်မှုများပြားလာတဲ့အပြင် ကိုဗစ်ထိန်းချုပ် ကန့်သတ်ချက်များ ဖြေလျှော့လာခြင်းကြောင့် အာဖရိက တောင်ပိုင်းမှာ ကိုဗစ်ကူးစက်မှုလှိုင်းဖြစ်ပေါ်လျက်ရှိကြောင်း WHO က ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။
“ကူးစက်မှုမြင့်တက်လာခြင်းက အစောပိုင်းသတိပေးချက်တစ်ခုဖြစ်ပြီး အနီးကပ်စောင့်ကြည့်နေပါတယ်၊ အခုအချိန်မှာ နိုင်ငံတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားသင့်ပါပြီ၊ နောက်ထပ်ကူးစက်မှုဖြစ်လာတဲ့အခါ ထိရောက်စွာတုန့်ပြန်နိုင်အောင် စီစဉ်ထားသင့်ပါတယ်” လို့ WHO မှ အာဖရိကဒေသတွင်းဆိုင်ရာ အရေးပေါ်ပြင်ဆင်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးဒါရိုက်တာ ဒေါက်တာ’အက်ဘ်ဒူဆာလမ်ဂူယီ’က ပြောကြားသွားပါတယ်။
Source: Reuters
#Yangon_Media_Group
#WorldArchitect
Published 13 May 2022
စိတ်ကူးဉာဏ်နှံနှံစပ်စပ်နဲ့ ဇာတ်ကားရသမျိုးစုံကို တင်ဆက်ပေးခဲ့တဲ့ ဂျာမန်ဒါရိုက်တာ’ဝင်မ်ဝမ်းဒါးစ်’က တိုကျိုမှ အများသုံးသန့်စင်ခန်းတွေကိုကြည့်ပြီး အကြံဉာဏ်ရရှိသွားပါတယ်။
#Yangon_Media_Group
Published 13 May 2022
အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)ရဲ့ သမ္မတ ရှိတ်ခါလီဖာဘင်ဇာယတ်အယ်လ်နာယန် ကွယ်လွန်သွားပြီလို့ သမ္မတရေးရာ ဝန်ကြီးဌာနက မေလ(၁၃)ရက်သောကြာနေ့က ကြေညာပါတယ်။ သူဟာ အာဘူဒါဘီစော်ဘွားလည်းဖြစ်ပါတယ်။
“ သမ္မတရေးရာဝန်ကြီးဌာနဟာ ယူအေအီးပြည်သူတွေ၊အာရပ်နှင့် အစ္စလမ်မစ်နိုင်ငံတွေနှင်ကမ္ဘာကြီးကို သမ္မတ ရှိခါလီဖာဘင်ဇာယတ်အယ််နာယန် သောကြာနေ့က ကွယ်လွန်ကြောင်း ပူဆွေးကြေကွဲစွာကြေညာပါတယ်” လို့ နိုင်ငံပိုင်မီဒီယာကနေကြေညာခဲ့ပါတယ်။အသေးစိတ်တော့ ထုတ်ပြန်ကြေညာခြင်းမပြုပါဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယသမ္မတနှင့်ဝန်ကြီးချုပ် ရှိမိုဟာမက်ဘင်ရာရှစ်အယ်လ်မက်တွမ်ဟာ ယာယီသမ္မတအဖြစ် ဖက်ဒရယ်ကောင်းစီက နောက်သမ္မတရွေးချယ်ပေးတဲ့အထိ ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ဖက်ဒရယ်ကောင်စီဟာ စော်ဘွား (၁၇)ဦးပါ အဖွဲ့ဖြစ်ပပြီး ရက်ပေါင်း၃၀အတွင်းတွေ့ဆုံရမှာပါ။
၂၀၁၄ခုနှစ်မှာ လေဖြတ်ပြီးကတည်းက ၁၉၄၉မှာမွေးဖွားခဲ့တဲ့ ခါလီဖာဟာလူမြင်ကွင်းကိုသိပ်မထွက်တော့ပါဘူး။ သူ့ရဲ့ ညီအစ်ကိုဝမ်းကွဲဖြစ်တဲ့ အမ်ဘီဇက်လို့သိကြတဲ့ အာဘူဒါဘီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဇာယက်ဟာ လက်တွေ့ အုပ်ချုပ်နေသူဖြစ်လာခဲ့ပါတယ်။
ယူအေအီးဟာ ဝမ်းနည်းဘွယ်နေ့ပေါင်း ၄၀ သတမှတ်ထားပြီး သောကြာနေ့ကစလို့ အလံကိုတိုင်တစ်ဝက် လျှော့ချလွှင့်ထူလိုက် ပါတယ်။ အစိုးရနှင့်ပုဂ္ဂလိကလုပ်ငန်းတွေကို သုံးရက်ရပ်ဆိုင်းထားတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
အာဘူဒါဘီရဲ့အချမ်းသာဆုံးစော်ဘွားအဖြစ် ခါလီဖာဟာ ၂၀၀၄ခုနှစ်က အာဏာစတင်ရခဲ့ပြီး နိုင်ငံခေါင်းဆောင် ဖြစ်လာပါတယ်။ သူ့အရိုက်အရာကို အိမ်ရှေ့မင်းသား ရှိတ်မိုဟာမ်ကက ဆက်ခံဖွယ်ရှိနေပါတယ်။
ခါလီရဲ့ဖခင် ကွယ်လွန်သူ ရှိတ်ဇာဘတ်ဘင်ဆူလ်တန်အယ်လ်နာယန်ဟာ ၁၉၇၁ ခုနှစ်မှာယူအေအီးကို ဖက်ဒရယ်နိုင်ငံ အဖြစ် တည်ထောင်ခဲ့ပါတယ်။ အဲဒီကစပြီး ပင်လယ်ကွေ့နိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုကို အများဆုံးရယူထားတဲ့ အာဘူဒါဘီဟာ သမ္မတနေရာရယူထားခဲ့တာဖြစ်ပါတယ်။
Source Reuters
#DailyNews
Published - 13 May 2022
၁။ ကဆုန်လပြည့်နေ့တွင် ပန်းတစ်ပွင့်တောင်၌ ဘုရားထီးတင်ခြင်း၊ စေတီတော်ပန္နက်ရိုက်ခြင်းနှင့် ညောင်ရေသွန်းလောင်းပူဇော်ခြင်းများ ကျင်းပပြုလုပ်မည်။
၂။ မန္တလေးမြို့တွင် သံအုပ်စုဖွဲ့လုယက်သူများကြောင့် မြို့နေဒေသခံများ စိုးရိမ်နေရ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ တိုကျိုမှ ခေတ်မီသန့်စင်ခန်းများအကြောင်း ဂျာမန်ဒါရိုက်တာကြီးတစ်ဦးက ဇာတ်ကားရိုက်ကူးသွားမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 13 May 2022
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ သမိုင်းဝင် အမေရိန်-အာဆီယံ အထူးထိပ်သီးဆွေးနွေးပွဲကို တက်ရောက်လာတဲ့ အာဆီယံခေါင်းဆောင်တွေကို မေ၁၂ရက်က ဝါရှင်တန်ဒီစီမှာ ကြိုဆိုခဲ့ပါတယ်။ ဘိုင်ဒင်နှင့် အာဆီယံခေါင်းဆောင်တွေဟာ အိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်မှာ အမှတ်တရ အုပ်စုဓာတ်ပုံရိုက်ကူးခဲ့ကြပါတယ်။
ဘိုင်ဒင်က သန့်ရှင်းသောစွမ်းအင်နှင့် ရေကြောင်းလုံခြုံရေးကိစ္စတွေကို ကူညီဖို့ ကတိပေးခဲ့ပါတယ်။
နှစ်ရက်ကြာ ဆွေးနွေးပွဲဟာ ရုရှားရဲ့ယူကရိန်းကျူးကျော်မှု အပေါ် အာရုံစိုက်နေရသော်ငြား အမေရိကန် ပြည်ထောင်စုအနေနှင့် အာရှကို ဦးစားပေးအဆင့်ဆက်လက်ထားရှိနေဆဲဆိုတာကို ပြသလိုက်တာဖြစ်ပါတယ်။
Source AFP
#WorldHealth
Published 13 May 2022
နာတာရှည်စိတ်ဖိစီးမှုများခြင်းက အမျိုးသမီးတွေရဲ့မျိုးဥအိမ်ထဲက မျိုးဥအရေအတွက် ကျဆင်းစေပြီး မျိုးအောင်နိုင်စွမ်းထိခိုက်စေကြောင်း လေ့လာချက်မှာဖော်ပြထားပါတယ်။
တရုတ်သုတေသီများက ကြွက်မများဖြင့် စမ်းသပ်ကြရာ အဖွဲ့သုံးဖွဲ့ခွဲပြီး စိတ်ဖိစီးမှုဖြစ်လာအောင် အော်ဟစ်ခြင်း၊ ဆူညံသံပြုလုပ်ခြင်း၊ နောက်ခံသံပြုလုပ်ခြင်းများကို ၃ ပတ်တိုင်အောင် နေ့စဉ် ၆ နာရီ နားထောင်ခိုင်းခဲ့ပါတယ်။
အော်ဟစ်သံကိုနားထောင်ခိုင်းခဲ့တဲ့ ကြွက်မတွေက မွေးဖွားတဲ့အခါ အကောင်ရေသိသိသာသာနည်းပါးသွားခဲ့ပါတယ်။
ဒီလိုဖြစ်ရတာဟာ အီစထရိုဂျင်အမျိုးသမီးဟော်မုန်းနဲ့ မျိုးဥအိမ်များရှိ မျိုးပွားဆဲလ်များနဲ့ ဆက်စပ်နေတဲ့ အန်တီမူလေရီယန်ဟော်မုန်းများ နည်းပါးသွားတာကြောင့်ဖြစ်ကြောင်း သိပ္ပံပညာရှင်များရှင်းပြလိုက်ပါတယ်။
စိတ်ဖိစီးမှုက အဓိကဟော်မုန်းထွက်ရှိမှုကို တားဆီးပေးပြီး မျိုးပွားနိုင်စွမ်းကို ထိခိုက်စေကာ ဓမ္မတာ ရပ်တန့်သွားတဲ့အထိ ဖြစ်တတ်ပါတယ်။
စိတ်ဖိစီးမှုက အမျိုးသားတွေမှာလည်း မျိုးအောင်နိုင်စွမ်းကျဆင်းစေပြီး တက်စ်တိုစထရုန်းဟော်မုန်းလျော့နည်းကာ သုတ်ပိုးအရေအတွက်နည်းပါးစေပါတယ်။
တရုတ်မြောက်ပိုင်းရှိ ရှန်ကျိုတုန်တက္ကသိုလ်မှသုတေသီများက ကြွက်မအကောင် ၁၀၀ ကို စိတ်ဖိစီးမှုများ အောင်ပြုလုပ်ပြီး Endocrinology ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
ကြွက် ၃ ပုံ ၁ ပုံကို မနက်နဲ့ညနေတိုင်း ၃ နာရီကြာအောင် အော်ဟစ်သံများနားထောင်စေခဲ့ပါတယ်။
နောက်ထပ် ၃ ပုံ ၁ ပုံက ကြိမ်နှုန်းအားလုံးရဲ့ဆူညံသံများ နားထောင်စေခဲ့ပြီး ကျန်တဲ့ကြွက်တွေကိုတော့ နောက်ခံအသံများဖြင့်သာ စမ်းသပ်ခဲ့ကြပါတယ်။
ရက်အနည်းငယ်ကြာပြီးနောက် မျိုးဥအရေအတွက်နဲ့ ဟော်မုန်းပမာဏကို စစ်ဆေးခဲ့ကြပါတယ်။
အော်ဟစ်သံများ နားထောင်စေခဲ့တဲ့ ကြွက်မတွေက အကောင်ရေအနည်းဆုံးပေါက်ဖွားခဲ့ပြီး နောက်ခံအသံသာ နားထောင်ခိုင်းခဲ့တဲ့ ကြွက်တွေက အများဆုံးမွေးဖွားနိုင်ခဲ့ပါတယ်။
အော်ဟစ်သံဖြင့် စမ်းသပ်ခဲ့တဲ့ ကြွက်မတွေရဲ့ မျိုးဥတွေကိုလေ့လာကြည့်ရာမှာ ဆဲလ်ထိခိုက်ပျက်စီးမှုများ တွေ့ရပါတယ်။
အဆိုပါ အချက်အလက်တွေအရ စိတ်ဖိစီးခြင်းက မျိုးဥအရေအတွက် ထိခိုက်တာနဲ့ ဆက်စပ်နေတယ်လို့ ကောက်ချက်ချနိုင်ကြောင်း ဒေါက်တာ’ဝမ်ယန်’က ဖော်ပြထားပါတယ်။
ဒီတွေ့ရှိချက်က လက်ရှိဆေးပညာအပေါ် တိုးတက်မှုရှိလာစေမှာဖြစ်ပြီး မျိုးဥလျော့နည်းရတဲ့အခြေအနေကို သဘောပေါက်လာစေမှာဖြစ်ပါတယ်။
Source: DailyMail
#Yangon_Media_Group
Page 851 of 950