#World_Health
Published 10 January 2023
အသက် ၁၂ နှစ်အရွယ် တရုတ်လူမျိုး ယောက်ျားလေးတစ်ယောက်ဟာ အာသာဖြေရင်း သူ့ရဲ့လိင်တံထဲသို့ အပူချိန်တိုင်းသာမိုမီတာထည့်သွင်းခဲ့ရာမှ ညပ်နေခဲ့ပြီး ၉ နာရီခန့်ကြာတဲ့အထိ အလွန်အမင်းနာကျင်နေရတာကြောင့် ဆေးရုံသို့ရောက်ရှိလာခဲ့ပါတယ်။
ဓာတ်မှန်ရိုက်ချက်များအရ သာမိုမီတာက ဆီးလမ်းကြောင်းနက်နဲတဲ့အထိ ရောက်ရှိနေကာ ဆီးအိမ်ထဲထိ ဝင်နေပါတယ်။
သာမိုမီတာဝင်လာရာ လမ်းကြောင်းအတိုင်းထုတ်လိုက်ပါက အင်္ဂါတွေထိခိုက်မှာစိုးတဲ့အတွက် ဆရာဝန်များက ခွဲစိတ်ကုသနည်းဖြင့် ထုတ်ယူခဲ့ကြပါတယ်။
ယောက်ျားလေးရဲ့လုပ်ရပ်က အန္တရာယ်များစွာရှိပြီး အထဲမှာ ပစ္စည်းညပ်နေနိုင်ခြင်း၊ အတွင်းတစ်ရှူးများ ထိခိုက်ခြင်း၊ ဆီးအိမ်ပေါက်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။
ဆရာဝန်တွေက ထုတ်ယူရင်း ဒဏ်ရာတွေကျန်ခဲ့နိုင်သလို ဆီးအိမ်ထိ ခွဲစိတ်ခြင်းတို့ ပြုလုပ်ရနိုင်ပါတယ်။
အခုကိစ္စမှာတော့ ဆီးအိမ်ထဲရှိတစ်ရှူးများထဲသို့ ခွဲစိတ်ရာအသေးစားလေးပြုလုပ်ကာ ကိရိယာငယ်များဖြင့် သာမိုမီတာကို အနေအထားမှန်အောင်လုပ်ပြီး ဆွဲထုတ်ခဲ့ကြပါတယ်။
ခွဲစိတ်မှုအောင်မြင်ခဲ့ပေမယ့် နောက်ဆက်တွဲဆိုးကျိုးတွေ ဘယ်လောက်အထိ ခံစားရနိုင်လဲဆိုတာကိုတော့ အတိအကျမဖော်ပြခဲ့ပါဘူး။
ပြီးခဲ့တဲ့နှစ်များအတွင်း အမျိုးသားတွေမှာ ပြဿနာတွေဖြစ်လာတာ မြင်တွေ့ရများပြားလာပါတယ်။
ယောက်ျားလေးတွေက လိင်မှုခံစားချက်နဲ့ ပတ်သက်ပြီး ချဲ့ထွင်စမ်းသပ်ချင်နေတဲ့စိတ်ကို သတိပေးလိုက်ပါတယ်။
လိင်အင်္ဂါအတွင်း ပစ္စည်းညပ်တဲ့အခါ ရှက်ရွံ့စိတ်ကြောင့် ဆေးရုံမလာရဲဘဲ ကိုယ့်ဘာသာဖြေရှင်းရာကနေ ပိုဆိုးလာတတ်ပါတယ်။
Source: Daily Mail
#Yangon_Media_Group
#World_Adventure
Published 9 January 2023
ပြင်သစ်အမျိုးသမီး ၅ ဦးနဲ့ စပိန်အမျိုးသမီး ၁ ဦးတို့ဟာ ကြာသပတေးနေ့ကစတင်ပြီး လှော်တက်လှေပေါ်မှာ အလှည့်ကျလှော်ခတ်နေကြပြီဖြစ်ပါတယ်။
လီမာပင်လယ်အော်ကနေ စတင်ကာ ၈ ထောင်ကီလိုမီတာကွာဝေးတဲ့ ပီရူးနဲ့ ပိုလီနေရှာဖရန့်ချ် မူရီယာကျွန်းကြား စိန်ခေါ်လှော်ခတ်သွားကြမှာဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 9 January 2023
၁။ လူမှုကွန်ရက်တွင် ပတ်စ်ပို့လုပ်ပေးမည်ဟု ကြေညာပြီး လိမ်လည်မှုများရှိနေ
၂။ သက်ကြီးရွယ်အိုဘိုးဘွားများကို လမ်းဘေးတွင်ပစ်သွားခြင်းများအဖြစ်များနေ
၃။ ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ မတ်ပဲနှင့်ပဲတီစိမ်း အများဆုံးတင်ပို့ထား
၄။ (၈,၀၀၀)ကီလိုမီတာကွာဝေးသည့် တောင်အမေရိကမှဖရန့်ချ်ပိုလီနေရှာသို့ အမျိုးသမီး(၆)ဦးလှေလှော်ခရီးစတင်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Health
Published 9 January 2023
ကိုယ်အလေးချိန်လျှော့ချဖို့ ကယ်လိုရီတွက်ချက်ပြီး စားသုံးနေတဲ့သူတွေအနေနဲ့ ပြန်လည်စဉ်းစားဖို့လိုအပ်နေပါပြီ။
ကယ်လိုရီတွက်ချက်စားလို့ ဝိတ်လျော့တာနဲ့ပတ်သက်ပြီး အထောက်အထားအနည်းငယ်သာတွေ့ရကာ အဲဒီအစား အစားအစာရဲ့အရည်အသွေးကိုသာ အလေးထားသင့်ကြောင်း၊ ကယ်လိုရီတွက်ချက်စားသုံးခြင်းက လုံးဝအဓိပ္ပာယ်မရှိကြောင်း ယူကေမှ ပညာရှင်ကဆိုပါတယ်။
ကယ်လိုရီထိန်းသိမ်းခြင်းဖြင့် ဝိတ်လျော့နိုင်ပေမယ့် ခန္ဓာကိုယ်လိုအပ်ချက်တွေ ဖြစ်ပေါ်နိုင်ကာ ဆာလောင်စိတ်ပိုမိုဖြစ်ပေါ်တတ်ပါတယ်။
ကယ်လိုရီစားသုံးခြင်းကို ထိန်းချုပ်ခြင်းဖြင့် ဇီဝကမ္မဖြစ်စဉ်တွေကို နှောင့်နှေးသွားစေပါတယ်။
ထိုကဲ့သို့ကျင့်ကြံစားသုံးသူ ၉၅ ရာခိုင်နှုန်းလောက်က မူလအလေးချိန်ကိုပြန်ရောက်နိုင်တဲ့အပြင် ပိုပြီးတောင် ဝလာတတ်ကြပါတယ်။
စားသောက်ကုန်လုပ်ငန်းတွေက ကယ်လိုရီ၊ အဆီဓာတ်၊ သကြားဓာတ်ပါဝင်မှုတို့ကို အာရုံစိုက်အောင်ဆွဲဆောင်ပြီး အရည်အသွေးကိုကျ မေ့လျော့နေအောင် ပြုလုပ်ကြပါတယ်။
ဒီလိုနဲ့ ကုန်ကြမ်းအစစ်မဟုတ်တာတွေနဲ့ ထုတ်လုပ်လာကာ အကျိုးအမြတ်အလွန်ဖြစ်ထွန်းလာကြပေမယ့် စားသုံးသူတွေကတော့ ရောဂါပိုးတွေသာ များပြားလာပါတယ်။
ဒါကြောင့် မူလရင်းမြစ်ကုန်ကြမ်းတွေနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေဖြစ်တဲ့ မြေပဲ၊ အစေ့အဆန်၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တို့ကိုသာ အလေးထားစားသုံးသင့်ကြောင်း ပြောပြခဲ့ပါတယ်။
ဝိတ်ကျချင်တဲ့သူတွေအနေနဲ့ အမျိုးမျိုးသောအစားအစာတွေကို စားသုံးပေးသင့်ပါတယ်။
အဆင့်ဆင့်ထုပ်ပိုးထားတဲ့ အစားအစာများကိုရှောင်ရှားခြင်း၊ တစ်နေ့ကို အစာစားချိန် ၁၀ နာရီအတွင်းထားရှိခြင်း၊ တစ်ပတ်အတွင်း အရွက် ၃၀ ခန့်စားသုံးခြင်းတို့ဖြင့် ဝိတ်လျော့အောင် ထိန်းသိမ်းနိုင်ပါတယ်။
ကျန်းမာရေးနဲ့ လျော်ညီစွာ ဝိတ်ကျဖို့က ရက်ပိုင်းနဲ့မရဘဲ လချီနှစ်ချီကြာမြင့်ပါတယ်။
Source: NY Post.
#Yangon_Media_Group
#World_News
Published 9 January 2023
ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာ ပြဿနာများဖြေရှင်းဖို့အတွက် အင်္ဂလန်မှာ တစ်ခါသုံးပလတ်စတစ် ဇွန်းခရင်းများနဲ့ ပန်းကန်ပြားများကို ပိတ်ပင်တော့မှာဖြစ်တယ်လို့ အစိုးရကအတည်ပြုလိုက်ကြောင်း ဒေးလီးမေးလ်က ဇန်နဝါရီ ၈ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။
အစိုးရအဖွဲ့က အခုလိုပိတ်ပင်မယ့်အကြောင်း သေချာစဉ်းစားနေတယ်လို့လည်း ပြီးခဲ့တဲ့လက ဖော်ပြခဲ့ကြပါတယ်။
အခုနောက်ဆုံးဖော်ပြချက်အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး'သရီဇာကော်ဖေး'က တစ်ခါသုံးပလတ်စတစ်ပစ္စည်းများအား တားမြစ်ဖို့ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။
ပတ်ဝန်းကျင်၊ အစားအစာနှင့်ရပ်ရွာကြီးကြပ်ရေးဌာနမှ ထိုကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ခဲ့ပြီးနောက် အခုလိုဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
'ကော်ဖေး'ကပြောကြားရာမှာ ပလတ်စတစ်ခရင်းတစ်ချောင်းဆိုရင် ပျက်စီးပြိုကွဲဖို့ နှစ်ပေါင်း ၂၀၀ ခန့် ရာစုနှစ် ၂ ခုနီးပါးကြာမြင့်နိုင်ကြောင်း၊ မြေကြီးထဲမှာ ကျန်ရှိနေနိုင်သလို သမုဒ္ဒရာပင်လယ်များ ညစ်ညမ်းစေပြီး သက်ရှိသတ္တဝါတွေကို ထိခိုက်စေနိုင်ပါတယ်။
"ဒီကိစ္စကိုပဲ ရှေ့ဆက်ဖြေရှင်းဖို့ ဆုံးဖြတ်ထားပါတယ်။ လတ်တလောနှစ်တွေမှာ အရေးပါတဲ့အဆင့်တွေ လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ နောက်ထပ်လုပ်ဆောင်စရာရှိသေးသလို ပြည်သူတွေရဲ့တုန့်ပြန်သံကိုလည်း နားထောင်ရပါဦးမယ်" လို့ ပြောပြသွားပါတယ်။
"ဒီလိုပိတ်ပင်လိုက်ခြင်းဖြင့် ပလတ်စတစ်အကြွင်းအကျန်ပေါင်း ဘီလီယံနဲ့ချီပြီး ညစ်ညမ်းနေခြင်းကို ရပ်တန့်ရာမှာ အထောက်အကူဖြစ်စေနိုင်ပြီး နောက်မျိုးဆက်တွေအတွက်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ဖို့ အကူအညီဖြစ်စေပါတယ်"
ပိတ်ပင်ချက်ထဲမှာ ပလတ်စတစ်ပန်းကန်ပြား၊ ဇလုံ၊ ဇွန်းခရင်း၊ ပလတ်စတစ်တုတ်ချောင်း၊ ပိုလီစတိုင်ရင်းခွက်တွေနဲ့ စားစရာထည့်စရာတို့ ပါဝင်နိုင်ပြီး လာမယ့်ရက်သတ္တပတ် စနေနေ့က စတင်သတ်မှတ်သွားဖွယ်ရှိနေပါတယ်။
Source: WION
#Yangon_Media_Group
#World_Health
Published 9 January 2023
ရာသီဥတုချမ်းအေးလာတဲ့အခါ လူတွေက အအေးမိလာကြပြီး နှာရည်ယိုခြင်းလက္ခဏာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။
အအေးမိတုပ်ကွေးကို ကြိုတင်ကာကွယ်ဖို့ ချက်ချင်းပျောက်ကင်းဖို့အတွက် ဗိုက်တာမင်-စီက အထောက်အကူဖြစ်စေပါတယ်။
ဗိုက်တာမင်-စီဟာ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်ဒြပ်ပေါင်းဖြစ်ပြီး သွေးကြောအတွင်း ထိရောက်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပါတယ်။
ဗိုက်တာမင်-စီကို အသီးအနှံများ၊ အသီးအရွက်များမှာ အများအပြားတွေ့ရပါတယ်။
တုပ်ကွေးလက္ခဏာစပေါ်ကာစမှာ ဗိုက်တာမင်-စီသောက်သုံးခြင်းဖြင့် ဖျားနာခြင်းကို နေ့တဝက်မျှစောပြီး သက်သာစေနိုင်ကာ ရောဂါလက္ခဏာပြင်းထန်မှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။
ဗိုက်တာမင်-စီကြွယ်ဝတဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ငရုတ်ပွနီ
ငရုတ်ပွနီမှာ ဗိုက်တာမင်-စီပါဝင်တာကို သိပ်မသိကြပါဘူး။
ငရုတ်ပွသီးတစ်လုံးရဲ့တဝက်လောက်မှာ နေ့စဉ်လိုအပ်တဲ့ဗိုက်တာမင် ၁၀၀ ရာခိုင်နှုန်းပါဝင်ပါတယ်။
(၂) ခရမ်းချဉ်သီး
ခရမ်းချဉ်သီးကို အစိမ်းလိုက်စားပေးပါက ဗိုက်တာမင်-စီအများအပြား ရရှိနိုင်ပါတယ်။
ကိုယ်ခံအားကိုကောင်းစေတဲ့ ဗိုက်တာမင်-အေလည်း ကြွယ်ဝစွာပါဝင်ပြီး အရိုးအတွက် ဗိုက်တာမင်-ကေလည်း ပါဝင်ပါတယ်။
(၃) ကီဝီသီး
နေ့စဉ်ဗိုက်တာမင်-စီလိုအပ်ချက်အတွက် ကီဝီသီးစားသုံးပေးနိုင်ပါတယ်။
ကီဝီသီးတစ်လုံးမှာ ဗိုက်တာမင်-စီ ၁၀၀ ဂရမ်ပါဝင်ပြီး နေ့စဉ်လိုအပ်ချက်ထက် ပိုများတဲ့ပမာဏဖြစ်ပါတယ်။
(၄) စတော်ဘယ်ရီ
ဗိုက်တာမင်-စီပါဝင်တဲ့အသီးတွေထဲမှာ စတော်ဘယ်ရီက အထင်ကရအသီးဖြစ်ပါတယ်။
ဒါ့အပြင် စတော်ဘယ်ရီမှာ အရေးကြီးဆုံး သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့ အန်သိုဆိုင်ယာနင် အများအပြားပါဝင်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published 8 Jan 2023
အမျိုးသားတွေရဲ့ လိင်တံကိုပြန်လည်သန်စွမ်းစေနိုင်တဲ့ ဘိုင်အိုနစ်လိင်တံတစ်ခုကို သိပ္ပံပညာရှင်တွေက တီထွင်ဖန်တီးလိုက်နိုင်ခဲ့ကြပါတယ်။ တရုတ်ပညာရှင်တွေဟာ အဲဒါကို ဝက်တွေနှင့်အောင်မြင်စွာစမ်းသပ်ပြီးတဲ့နောက် လူတွေမှာလည်း အလုပ်ဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။
လိင်တံအတုဟာ အလုပ်မလုပ်နိုင်တော့တဲ့ အမြှေးပါးတစ်သျှူးအလွှာနှင့် တူအောင် ဖန်တီးထားတာဖြစ်ပါတယ်။ လိင်ကိစ္စ သို့မဟုတ် ကား သို့မဟုတ် စက်မတော်တဆမှုကြောင့် ဖြစ်ပွားခဲ့ရတဲ့ လိင်တံ ဒဏ်ရာတွေအပြင် ဆေးကုသရင်းဖြစ်ရတဲ့ ဒဏ်ရာတွေသ ို့မဟုတ် လောင်ကျွမ်းဒဏ်ရာတွေကိုလည်းပြုပြင်ပေးနိုင်ပါတယ်။
အဲဒီပစ္စည်းကို တုနီကာအယ်လ်ဘူဂီနီ အတု (ATA) လို့ အမည်ပေးရန်ရှိပြီး သဘာဝလိင်တံရဲ့ ကော့လန်တဲ့ဖွဲ့စည်းပုံနှင့်ဆင်တူတဲ့ ရေတွင်ပျော်ဝင်နိုင်တဲ့ ပိုလီဗင်နိုင်းအယ်လ်ကိုဟော ရေတွင်ပျော်ဝင်နိုင်သော polyvinyl အရက် (PVA) ကို အခြေခံထားပါတယ်။
ကွမ်ကျိုးမှာရှိတဲ့ တောင်တရုတ်နည်းပညာတက္ကသိုလ်မှ တွဲဖက်စာတမ်းပြုစုသူ ဒေါက်တာ ရှုတောင်းရှီက "ATA တည်ဆောက်မှု လုပ်ငန်းစဉ်ရဲ့ ပြဿနာတွေနဲ့ ရလဒ်တွေကို ကျွန်တော်တို့ အများကြီး ကြိုမြင်ထားပါတယ်။ ဒါပေမယ့် ATA ကိုအသုံးပြုပြီးပြီးချင်းမှာ လိင်တံပုံမှန်ပြန်သန်စွမ်းလာတဲ့ တိရိစ္ဆာန်စမ်းသပ်မှုတွေရဲ့ ရလဒ်တွေကိုတော့ ကျွန်တော်တို့ အံ့အားသင့်နေဆဲပါ။အကြီးမားဆုံးအားသာချက်မှာ သဘာဝတစ်ရှူးတွေရဲ့ သေးငယ်တဲ့ဖွဲ့စည်းပုံကို တုပခြင်းဖြင့် တစ်သျှူးလို လုပ်ဆောင်နိုင်စွမ်းတွေ ရရှိတာပဲဖြစ်ပါတယ်” လို့ပြောပါတယ်။
အသက် ၄၀နှင့် ၇၀နှစ် အကြားရှိ အမျိုးသားထက်ဝက်ခန့်ဟာ လိင်အင်္ဂါချို့ယွင်းမှုပုံစံအချို့ကိုခံစားနေကြရပါတယ်။ အယောက်နှစ်ဆယ်တွင် တစ်ဦးခန့်ဟာ လိင်ကြောင့်ဖြစ်ပေါ်နိုင်သည့် တွယ်ဆက်တစ်ရှူးရောဂါဖြစ်တဲ့ Peyronie ပေးရိုးနီး ရောဂါကို ခံစားနေကြရပါတယ်။
tunica albuginea ထဲမှာ အမာရွတ်တစ်သျှူးတွေဖွဲ့စည်း ဖြစ်ပေါ်လာပြီး နာကျင်မှုနှင့် အခြားသက်ရောက်မှုများစွာကို ဖြစ်စေတယ်လို့ ဒေါက်တာရှီက ရှင်းပြပါတယ်။
“ဆက်စပ်လိုအပ်ချက်က ကြီးမားပေမယ့် အဲဒီနေရာဟာ သထိမထားကြတဲ့နေရာ တစ်ခုဖြစ်နေတာကို သတိပြုမိပါတယ်' လို့ သူကဆိုပါတယ်။
ပညာရှင်တွေက ဆီးအိမ်ထဲက ဆီးတွေစွန့်ထုတ်ပေးတဲ့ ပြွန်ဖြစ်တဲ့ ဆီးလမ်းကြောင်းကို ပြုပြင်ဖို့ယခင်က အာရုံစိုက်ခဲ့ကြပါတယ်။ ပျက်စီးနေသော tunica albuginea တစ်ရှူးတွေကို အစပ်အဖာနှင့်ကုသပေးနိုင်ပေမယ့် တစ်ခါတစ်ရံတွင် ယင်းသည် ကိုယ်ခံအားစနစ် ဒါမှမဟုတ် အခြားရှုပ်ထွေးမှုတွေက ငြင်းပယ်ပြီး လက်မခံတာမျိုးဖြစ်စေတတ်ပါတယ်။အသေးစားဖွဲ့စည်းပုံတွေက မတူကွဲပြားတာကြောင့် အဒီနည်းဟာ ပြီးပြည့်စုံသော အစားထိုးမှုများမဖြစ်ခဲ့ပါဘူး။
Matter ဂျာနယ်တွင်ဖော်ပြထားတဲ့ ဓာတ်ခွဲစမ်းသပ်မှုအရ အဆိုပါပစ္စည်းဟာ အခြားတစ်ရှူးများနှင့် သွေးတွေအပေါ် အဆိပ်အတောက်မရှိတဲ့အတွက် ခန္ဓာကိုယ်ထဲတွင် အချိန်ကြာကြာနေနိုင်တာကို တွေ့ရှိခဲ့ပါတယ်။
ဒဏ်ရာရထားသော လိင်တံတွေရှိနေတဲ့ တရုတ်ဝက်ငယ်ကလေးတွေကို အဆိုပါပစ္စည်းမှ ပြုလုပ်ထားတဲ့ ဖာထေးမှုတွေကနေ လိင်တံရဲ့ လုပ်ဆောင်ချက် သဘာဝအရတောင်မတ်တဲ့ တစ်သျူးတွေလိုပဲ ပြန်လည်ကောင်းမွန်စေခဲ့ပါတယ်။ ရလာဒ်တွေက ယင်းဟာ သဘာဝတစ်သျှူးတွေရဲ့ လုပ်ဆောင်မှုကို အောင်မြင်စွာ အစားထိုးခဲ့ကြောင်း ညွှန်ပြခဲ့ပါတယ်။။ တစ်လအကြာတွင်၊ ATA သည် သာမန်တစ်သျှူးတွေကို နှိုင်းယှဉ်နိုင်တဲ့ fibrosis အရွတ်တွေ ဖြစ်ပေါ်လာစေပါတယ်။
လိင်တံကို ဆားရည်ဖြင့် ထိုးသွင်းပြီးတဲ့ နောက် လိင်တံဟာ ပုံမှန်ထောင်မတ်မှုကိုပြန်လည်ရရှိခဲ့ပါတယ်။ ဝက်တွေဟာ လူသားတွေနှင့် ခန္ဓာဗေဒနှင့် ဇီဝကမ္မဆိုင်ရာ တူညီမှုတွေရှိနေတာဖြစ်ပါတယ် ။
ဒေါက်တာရှီက ' ATA အဖွဲ့ဟာ လုပ်ငန်းစဉ်ပြီးဆုံးပြီး တစ်လအကြာ ရလာဒ်တွေက ပြီးပြည့်စုံမှုမရှိပေမယ့် ပြုပြင်မှုရလဒ်တွေက ကောင်းမွန်ကြောင်းပြသနိုင်ခဲ့ပါတယ်” လို့ပြောပါတယ်။
လိင်တံဒဏ်ရာတွေထဲမှာ tunica albugineaတွေဟာ များသောအားဖြင့် ပတ်ဝန်းကျင်ရှိ အာရုံကြောများနှင့် corpus cavernosumခေါ်တဲ့ ထောင်မတ်တစ်သျူးနှစ်ခု တို့နှင့်အတူ ပျက်စီးတတ်ပါတယ်။ အဲဒီတစ်သျူးဟာ လိင်တံအလျားအတိုင်း ဖြတ်သွားနေတဲ့ တစ်သျူးဖြစ်လို့ ပြုပြင်ဖို့ ပိုတောင်ခက်ပါသေးတယ်။
'ဒီအဆင့်မှာ ကျွန်တော်တို့ရဲ့ က လိင်တံမှာရှိတဲ့ တစ်ရှူးတစ်ခုတည်းကို ပြုပြင်ဖို့ အာရုံစိုက်တာပါ” လို့ ဒေါက်တာရှီးကပြောပါတယ်။
'နောက်ထပ်အဆင့်ကတော့ လိင်တံ အလုံးစုံ ချို့ယွင်းချက်ကို ပြုပြင်တာ ဒါမှမဟုတ် ဘက်စုံစဉ်းစားသုံးသပ်ပြီး လိင်တံတစ်ခုလုံ အစားထိုးပြန်လည်တည်ဆောက်တာတွေလုပ်ဆောင်ဖို့ စဉ်းစားထားပါတယ်” လို့ သူကပြောပါတယ်။
သုတေသီများသည် နှလုံးနှင့် ဆီးအိမ် အပါအဝင် အခြားတစ်ရှူးများကို ပြုပြင်ရန် နည်းလမ်းတွေကိုပါ စူးစမ်းလေ့လာဖို့ လည်း စီစဉ်နေကြပါတယ်။
ဒေါက်တာရှီက “ယခုဒီဇိုင်းချဉ်းကပ်မှုဟာ tunica albuginea တစ်ရှူးတွေရဲ့ ဘိုင်အိုမက်ထရစ် ဒီဇိုင်းအတွက် အကန့်အသတ်မရှိတာတင်မကဘဲ ဝန်တွေထမ်းထားရတဲ့ အခြားတစ်ရှူးများစွာအထိ တိုးချဲ့နိုင်ပါလိမ့်မယ်” လို့ဆက်ပြောပါတယ်။
Source: metro.uk
#Bionic_Penis
#Chinese_scientists_develop_bionic_penis
#Science_Tech
Page 534 of 867