#World_Health
Published 08 June 2024
▪️ အချို့လူတွေက အစားမစားခင်မှာ စားစရာတွေကို ဓာတ်ပုံရိုက်ကြလေ့ရှိပါတယ်။
▪️ ထိုကဲ့သို့ စားစရာတွေကို ဓာတ်ပုံရိုက်ခြင်းဟာ ဆိုရှယ်မီဒီယာမှာ တင်ဖို့အတွက်သာမက လူတွေရဲ့ စားသောက်မှုကိုလည်း တိုးတက်စေတယ်လို့ ဩစတြေးလျနိုင်ငံ ကာတင်တက္ကသိုလ်မှ သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။
▪️ ယခင်က စမ်းသပ်ပါဝင်သူတွေ စားသုံးတာကို စစ်တမ်းကောက်ယူရာမှာ ၂၄ နာရီပတ်လုံး စားခဲ့တာတွေကို လေ့လာခဲ့ကြပါတယ်။
▪️ ယခုလေ့လာချက်ကတော့ လက်ကိုင်ဖုန်းထဲက Food Record အက်ပ်ဖြင့် စားစရာတွေကို ဓာတ်ပုံရိုက်ခိုင်းခဲ့ပြီး အာဟာရပညာရှင်က ဓာတ်ပုံတွေကို အကဲဖြတ်ခဲ့ပါတယ်။
▪️ ဒီလောက်လူပမာဏဖြင့် စမ်းသပ်ခဲ့တာဟာ ပထမဆုံးဖြစ်ပြီး မစားခင် စားစရာတွေကို ဓာတ်ပုံရိုက်တာက ဘယ်လောက်အထိ သက်ရောက်မှုရှိသလဲဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။
▪️ လူတွေက စားခဲ့တာတွေကို မေ့တတ်ပြီး ယခုစမ်းသပ်ချက်က ဓာတ်ပုံရိုက်တာကြောင့် စားတာတွေကို အမှတ်ရနေစေပြီး မမှတ်မိမှာကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေကြောင်း၊ စားခဲ့တာတွေကို ဓာတ်ပုံပြန်ကြည့်ပြီး လိုအပ်တဲ့ အစားအစာ အာဟာရတွေကို ဖြည့်စွက်စားသုံးနိုင်မှာဖြစ်ကြောင်း သုတေသနပြုစုသူ ကလဲဝစ်တန်က ပြောပါတယ်။
▪️ AI စနစ်ကို အသုံးပြုကာ ဓာတ်ပုံထဲက အစားအစာတွေကို အလိုအလျောက် အကဲဖြတ်ခဲ့ကြပါတယ်။
▪️ Food Record အက်ပ်ဖန်တီးသူ ပရော်ဖက်ဆာ ဒီဘိုရာကားက နေ့စဥ်ဓာတ်ပုံရိုက်သွားရုံဖြင့် စားခဲ့တာတွေကို အလွယ်တကူ ပြန်ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ မှတ်ချက်ပြုလိုက်ပါတယ်။
▪️ ထိုကနေ လိုအပ်တဲ့ အာဟာရဓာတ်တွေကို တွက်ဆပြီး ချင့်ချိန်စားသောက်နိုင်မှာ ဖြစ်တယ်လို့ ပြောပြသွားပါတယ်။
#Source: The Jerusalem Post