#World_Health
Published 08 June 2024


▪️ အသက်အရွယ် ကြီးလာတဲ့အခါ အသားအရေဟာလည်း သဘာဝအတိုင်း ရင့်ရော်ယိုယွင်းလာကြပါတယ်။

 

▪️ ကော်လာဂျင်နဲ့ တင်းရင်းစေတဲ့ အမျှင်များ လျော့နည်းလာခြင်း၊ ဆဲလ်အသစ်ဖြစ်ပေါ်မှု နှေးသွားခြင်း၊ အစိုဓာတ် မထိန်းသိမ်းနိုင်ခြင်းတို့ကြောင့် အရေပြား တွန့်ခေါက်ခြင်း၊ ခြောက်သွေ့ခြင်း၊ အရောင်အသွေးမဲ့ခြင်းတို့ ဖြစ်ပေါ်လာပါတယ်။

 

▪️ ထိုကဲ့သို့ အသားအရည်ရင့်ရော်ခြင်းကို ပိုပြီးလျင်မြန်စွာ ဖြစ်ပေါ်စေမယ့် အလေ့အထများကို ဖော်ပြလိုက်ပါတယ်။


 
(၁) ဆေးလိပ်သောက်ခြင်းဖြင့် အရေပြားဆီသို့ သွေး၊ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်များ ရောက်ရှိမှု နည်းပါးသွားကာ ကော်လာဂျင်များ ပျက်စီးစေပါတယ်။


 
(၂) ခရမ်းလွန်ရောင်ခြည်က ကော်လာဂျင်နဲ့ အီလက်စ်တင်တို့ကို ပျက်စီးစေကာ အရေးကြောင်းများ၊ အစက်အပြောက်များနဲ့ အရေပြားကင်ဆာတို့ ဖြစ်နိုင်ခြေ များစေပါတယ်။


 
(၃) အိပ်ရေးပျက်တဲ့အခါ ကော်တီဆောဟော်မုန်း များပြားလာပြီး ကော်လာဂျင်ကို ပျက်စီးစေကာ အရေပြားဆဲလ်အသစ် ဖြစ်ပေါ်ခြင်းကို နှောင့်နှေးစေပါတယ်။


 
(၄) အချိုဓာတ်များတဲ့ အစားအစာတွေနဲ့ အဆင့်ဆင့်ထုတ်လုပ်ထားတဲ့ စားစရာတွေက ရောင်ရမ်းခြင်းကို ဖြစ်စေပြီး ကော်လာဂျင်နဲ့ အီလက်စ်တင်တို့ကို ပျက်စီးစေပါတယ်။


 
(၅) ရေဓာတ်ခန်းခြောက်ခြင်းက အရေပြားခြောက်သွေ့ခြင်း၊ အရေးကြောင်းပေါ်ခြင်းတို့ ဖြစ်စေတာကြောင့် တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက်ခန့် သောက်သုံးသင့်ပါတယ်။


 
(၆) အယ်လ်ကိုဟော အလွန်အကျွံ သောက်သုံးခြင်းဖြင့် အရေပြားကို ရေဓာတ်ခန်းခြောက်စေပြီး အရေပြားကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်များနဲ့ ဗိုက်တာမင်များ ချို့တဲ့စေပါတယ်။


 
(၇) ရေရှည်ဖိစီးမှုခံစားရခြင်းဖြင့် ကော်တီဆောဟော်မုန်း မြင့်တက်စေပြီး ကော်လာဂျင်ပျက်စီးစေပြီး အရေပြားကာကွယ်ရေး လုပ်ဆောင်ချက်ကို ယိုယွင်းစေပါတယ်။


 
(၈) လှုပ်ရှားလေ့ကျင့်ခန်း မပြုလုပ်ပါက သွေးလည်ပတ်စီးဆင်းမှု မကောင်းတော့ဘဲ အရေပြားမွဲခြောက်ကာ ကော်လာဂျင်ထုတ်လုပ်မှု အားလျော့စေပါတယ်။


 
(၉) အသားအရေ ထိန်းသိမ်းမှု မှန်ကန်စွာမပြုလုပ်ပါက သဘာဝအဆီဓာတ်များ လျော့ပါးသွားနိုင်တာကြောင့် အလွန်အကျွံ ပွတ်တိုက်လွန်းခြင်းမျိုး မပြုလုပ်သင့်ပါဘူး။


 
(၁၀) ပတ်ဝန်းကျင်လေထု ညစ်ညမ်းမှုကြောင့် အညစ်အကြေးတွေက အရေပြားထဲကို ဖောက်ဝင်ကာ ကော်လာဂျင်နဲ့ အီလက်စ်တင်တို့ကို ပျက်စီးစေပါတယ်။


 
▪️ ထိုအလေ့အထများကို ရှောင်ရှားခြင်းဖြင့် အရေပြားကျန်းမာရေး သိသိသာသာ တိုးတက်စေမှာဖြစ်ပြီး ရင့်ရော်ခြင်းဖြစ်စဥ်ကို နှေးစေမှာဖြစ်ပါတယ်။

 

#Source: DoctorNDTV