Published 8 Jan 2023
ပေါ်တူဂီဘောလုံးကြယ်ပွင့် ခရစ်စတီယာနို ရော်နယ်လ်ဒိုက ဆော်ဒီကလပ်မှာကစားရတာကို သူဂုဏ်ယူမိပြီး ဆော်ဒီလိခ်ကို လည်း အင်အားကောင်းပြီးပြိုင်ဆိုင်မှုပြင်းထန်တဲ့ လိခ်ဖြစ်တယ်လို့ ပြောပါတယ်။ လတ်တလော ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ သူက အဲသလိုပြောကြားခဲ့တာဖြစ်ပါတယ်။
Source AFP
#Cristiano_Ronaldo
#Al_Nassr
#Saudi_soccer_club
#World_Health
Published 8 January 2023
နေရာဒေသအမျိုးမျိုးသို့ ခရီးထွက်သွားခြင်းဖြင့် ကျန်းမာရေးတိုးတက်စေနိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။
သွားရမယ့်အကွာအဝေးက သိပ်ပြီးဝေးလံစရာမလိုဘဲ အိမ်ကနေ ၁၅ မိုင်ကျော်ကျော်လောက် သွားလာလေ့ရှိပါက ကိုယ်ကာယကျန်းမာရေး ကောင်းမွန်စေနိုင်ကြောင်း UCL အဖွဲ့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။
လူတွေခရီးထွက်လေ့ရှိတဲ့ အကြိမ်ရေနဲ့ နေရာအမျိုးမျိုးကို သွားလာခြင်းတို့ကလည်း အရေးပါနေပါတယ်။
လူတွေကို စမ်းသပ်မေးမြန်းမှုများလုပ်ခဲ့ရာမှာ ခရီးသွားတဲ့အကွာအဝေး၊ လူမှုပေါင်းသင်းရေးတို့နဲ့ ကျန်းမာရေးတို့ကြား ဆက်စပ်မှုများဟာ အသက် ၅၅ နှစ်အထက်မှာ ပိုပြီးသိသာနေပါတယ်။
ဒီရလဒ်တွေဟာ သွားလမ်းသာယာရေး၊ ရထား ဘတ်စ်ကားဖြင့်သွားလာနိုင်ခြင်း အခြေအနေတို့ပေါ်လည်း မူတည်နေပါတယ်။
သင့်တော်တဲ့ သွားလာရေးယာဉ်တွေ၊ ကိုယ်ပိုင်ကားတွေဖြင့် မသွားနိုင်တာမျိုးကလည်း ခရီးသွားလာရေးမှာ အဟန့်အတားဖြစ်စေပြီး မိမိကျန်းမာရေးကို သိမြင်နိုင်စွမ်းနဲ့ ဆက်စပ်နေပါတယ်။
အိမ်ကနေ ၁၅ မိုင်ထက်ကွာဝေးတဲ့နေရာတွေကို သွားလာဖို့ခက်ခဲတာတွေ၊ သွားလာတဲ့နေရာတွေ၊ လူမှုနေထိုင်မှုတို့ကြား ဆက်စပ်မှုတွေကို ရှာဖွေခဲ့ကြကြောင်း၊ အဓိကအရေးပါတဲ့အချက်က အပြင်ဘက်နေရာအနှံ့ကို ဘယ်လောက်များများ သွားလာလဲဆိုတဲ့အချက်ဖြစ်ကြောင်း၊ ဒါက လူမှုဆက်ဆံရေးပိုမိုဝင်ဆံ့ပြီး ကျန်းမာရေးကောင်းမွန်စေမှာဖြစ်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published 8 Jan 2023
မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့တဲ့ ကြယ်တံခွန် C/2022 E3 (ZTF) ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကမ္ဘာနှင့် နီးကပ်လာမည်ဖြစ်ပြီး သာမန်မျက်စိဖြင့် မြင်နိုင်မှာဖြစ်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀,၀၀၀လုံးလုံး မျက်မြင်မတွေ့ခဲ့ကြရလို့ ကြုံတောင့်ကြုံခဲ ရှားပါးတလှဲ့ အခွင့်အရေးပါ။
အဆိုပါကြယ်တံခွန်ကို Zwicky Transient Facility မှာရှိတဲ့ ကွင်းပြင်ကျယ် လေ့လာဆန်းစစ်ရေးဆိုင်ရာ ကင်မရာကနေ နက္ခတ္တဗေဒပညာရှင်တွေက ယမန်နှစ် မတ်လတွင် စတင်တွေ့ရှိခဲ့တာလို့ NASA မှ ပြောကြားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကြွေကျနေတဲ့ကြယ်ဟာ ဂျူပီတာ၏ပတ်လမ်းကို ဖြတ်သွားခဲ့ပြိး အဲဒီကစကာ ကြီးထွားလာခဲ့ပါတယ်။
အဆိုပါကြယ်တံခွန်သည် ဇန်နဝါရီ ၁၂ ရက်တွင် နေနှင့် နီးကပ်လာပြီး ဖေဖော်ဝါရီ ၁ ရက်တွင် ကမ္ဘာနှင့် အနီးဆုံးကနေဖြတ်သန်းသွားမှာဖြစ်ပါတယ်။ တယ်လီစကုပ်မရှိသူတွေအပါအဝင် မည်သူမဆို မြင်တွေ့နိုင်ပြီး မြို့ရဲ့ အလင်းရောင် ဒါမှမဟုတ် လသာနေတယ်ဆိုရင်တော့ ကြယ်တံခွန်သည် ကောင်းကင်ကို သိပ်ပြီးလင်းထိန်စေမယ်မဟုတ်လို့ဆိုပါတယ်။
မြောက်ကမ္ဘာခြမ်းတွင်နေထိုင်သူတွေဟာ ကြယ်တံခွန်ကို ဇန်န၀ါရီလအစောပိုင်းတွင် မြင်တွေ့နိုင်မည်ဖြစ်ပြီး တောင်ပိုင်းကမ္ဘာခြမ်းတွင်တော့ ကြယ်တံခွန်ဟာ ဖေဖော်ဝါရီအစောပိုင်းတွင် ပေါ်လာပါလိမ့်မယ်။
C/2022 E3 (ZTF) သည် ရေခဲနှင့် ဖုန်မှုန့်များဖြင့် ပြုလုပ်ထားပြီး စိမ်းလန်းသော ရောင်ဝါကို ထုတ်လွှတ်ပေးပြီး အချင်းတစ်ကီလိုမီတာဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားကြောင်း Paris Observatory မှ နက္ခတ္တဗေဒပညာရှင် Nicolas Biver က AFP သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။
Space.com က အဲဒီကြယ်တံခွန်ရဲ့ ပတ်လမ်းကြောင်းဟာ နှစ်ပေါင်း ငါးသောင်း ဝန်းကျင်ရှိပြီး ယင်းသည် လာမည့်လတွင် နှစ်ပေါင်း ငါးသောင်းအတွင်း ကမ္ဘာမြေသို့ ပထမဆုံးချဉ်းကပ်လာမယ်လို့ ဖော်ပြခဲ့ပါတယ်။
အဲဒီကြယ်တံခွန်ဟာ ကျော်ခေတ်လူသားတွေ ကမ္ဘာပေါ်လှည့်လည်သွားလာနေကြတဲ့ ကျောက်ခေတ်ဦးကာလမှာ ကမ္ဘာကြီးကို နောက်ဆုံးဖြတ်သန်းသွားတယ်လို့ ခန့်မှန်းထားကြပါတယ်။
အဲဒီကြယ်တံခွန်ဟာ လျှို့ဝှက်ဆန်းကြယ်လှတဲ့ ရေခဲအရာဝတ္ထုတွေရဲ့ ရှင်သန်ရာဖြစ်တဲ့ နေအဖွဲ့အစည်းကို လှည့်ပတ်နေတဲ့ ရေခဲစိုင်ကနေ ဖြစ်ထွန်းလာတာဖြစ်နိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။
Source: WION
#Commet_C/2022_E3_(ZTF)
#Green_commet
#World_Science
Published 8 January 2023
အချိန်ဆွဲနှောင့်နှေးတတ်တဲ့အကျင့်ဟာ ကောင်းကျိုးထက် ဆိုးကျိုးတွေသာပိုဖြစ်စေပြီး တက္ကသိုလ်ကျောင်းသားတွေမှာလည်း နောက်ဆုံးအချိန်ရောက်မှ လုပ်တတ်တဲ့အကျင့်ကြောင့် စိတ်ဓာတ်ကျခြင်း၊ ကျန်းမာရေးထိခိုက်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စီးပွားရေးအခက်အခဲများ ကြုံတွေ့ရနိုင်ကြောင်း သုတေသီများတွေ့ရှိခဲ့ကြပါတယ်။
ဆွီဒင်မှ တက္ကသိုလ်ကျောင်းသား ၃,၅၂၅ ဦးကိုအကဲဖြတ်ခဲ့ကြပြီး အချိန်ဆွဲပြီးနောက်ကျမှ ပြုမူတတ်တဲ့အကျင့်ဟာ နောက် ၉ လနေတဲ့အခါမှာ ကျန်းမာရေးဆိုးရွားမှုနဲ့ ဆက်စပ်နေသလားဆိုတာကို လေ့လာခဲ့ကြပါတယ်။
တက္ကသိုလ်ကျောင်းသားတွေဟာ ကျောင်းစာနဲ့ပတ်သက်ပြီး နောက်ဆုံးအချိန်ရောက်မှ လုပ်တတ်တဲ့အကျင့်ရှိနေကြပါတယ်။
ကျွန်ုပ်တို့အားလုံးလည်း ဒီလိုမျိုး အချိန်ဆွဲလုပ်တတ်ဖူးကြသလို လေ့လာချက်များအရ ကျောင်းသားတဝက်ခန့်ဟာ ကျောင်းစာတွေကို နောက်ဆုံးအချိန်ရောက်တဲ့အထိ အချိန်ဆွဲလုပ်တတ်ကြပါတယ်။
အချိန်ဆွဲလုပ်ကိုင်ခြင်းကြောင့် အာရုံပျံ့လွင့်ခြင်း၊ အသိစိတ်ဓာတ်နည်းပါးခြင်းတို့ ဖြစ်စေနိုင်သလို ပညာရေးအောင်မြင်မှုကိုပါ သက်ရောက်မှုရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။
တက္ကသိုလ်ကျောင်းသားတွေမှာ လွတ်လပ်ပိုင်ခွင့်မြင့်မားပြီး စနစ်တကျလုပ်ကိုင်ပုံနိမ့်ပါးသေးတာကြောင့် သူတို့ရဲ့လုပ်ကိုင်နိုင်စွမ်းနဲ့ပတ်သက်ပြီး လိုအပ်မှုများရှိကာ အချိန်ဆွဲလုပ်တတ်သူတွေမှာ ဆိုးရွားတဲ့ဘက်ကို အလွယ်တကူရောက်ရှိသွားနိုင်ပါတယ်။
လေ့လာချက်တွေက ကြီးကြီးမားမားမဟုတ်ပေမယ့် အချိန်ဆွဲလုပ်ကိုင်တတ်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဥစ္စာရေးရာကဏ္ဍတို့မှာ နိမ့်ကျခြင်းတို့ကြား ဆက်စပ်မှုရှိနေကြောင်း ဇန်နဝါရီ ၄ ရက်နေ့က ဖော်ပြခဲ့ပါတယ်။
ဒီအလေ့အကျင့်က ကျန်းမာရေးအရ ခြုံငုံကြည့်ရင် သိပ်မသိသာပေမယ့် ပတ်သက်မှုအနည်းငယ်တော့ ရှိနေပါတယ်။
နောက်ဆုံးအနေနဲ့ ကျောင်းသားတွေဟာ ကျောင်းစာတွေကို အချိန်ကပ်မှမလုပ်သင့်ကြောင်း သုတေသီများက တိုက်တွန်းလိုက်ပါတယ်။
အချိန်ဆွဲလုပ်တတ်တဲ့အကျင့်က တက္ကသိုလ်ကျောင်းသားတွေကြား ကူးစက်လွယ်ပြီး ဒီတွေ့ရှိချက်တွေက ကျောင်းသားတွေရဲ့ကျန်းမာရေးကို ပိုမိုသိရှိလာစေကြောင်း ဖော်ပြခဲ့ပါတယ်။
Source: NY Post
#Yangon_Media_Group
#World_Technology
Published 7 January 2023
အမေရိကန် လာ့စ်ဗေးဂတ်စ်မှာ ကမ္ဘာ့နည်းပညာထိပ်သီးပြပွဲဖြစ်တဲ့ နိုင်ငံတကာအီလက်ထရောနစ်ပစ္စည်းပြပွဲကို ကျင်းပနေပြီဖြစ်ပြီး လာရောက်ကြည့်ရှုသူ ၁ သိန်းကျော်မယ်လို့ ခန့်မှန်းလိုက်ကာ ကိုဗစ်ကပ်ရောဂါနောက်ပိုင်း ပြန်လည်စည်ကားလာဖို့ မျှော်မှန်းထားပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 7 January 2023
၁။ One Night Stand နေသူများ ရောဂါမကူးစက်အောင် အကာအကွယ်မဖြစ်မနေသုံးသင့်၊ HIV ပိုးဖြင့် အသက်ရှင်သန်နေထိုင်နေသူ(၂)သိန်းနီးပါးရှိ
၂။ ကိုးလတာကာလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂၁ သန်းကျော်ရရှိထား
၃။ ရွှေဈေးကွက်အတွင်း ရှေ့ဆက်အရောင်းအဝယ်အေးနိုင်သေးဟုဆို
၄။ အမေရိကန်တွင် ပြသသည့် နည်းပညာမြင့် နိုင်ငံတကာအီလက်ထရောနစ် ကုန်ပစ္စည်းပြပွဲ လာရောက်ကြည့်ရှုသူတစ်သိန်းကျော်ရန်မျှော်မှန်း... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_News
Published 7 January 2023
ဆိုရှယ်မီဒီယာပေါ်မှာ Oreo ဘီစကစ်က ဟာလာထုံးတမ်းနဲ့ မညီတဲ့ စားစရာဖြစ်တယ်ဆိုတဲ့ တိုင်ကြားမှုများနဲ့ ပတ်သက်ပြီး ယူအေအီးရာသီဥတုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန(MoCCAE)က ရှင်းလင်းထုတ်ပြန်လိုက်ပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှ အကြောင်းအရာတွေထဲမှာ ယူအေအီးမှာရောင်းချတဲ့ Oreo ကွတ်ကီးတွေက ဟာလာဖြစ်/မဖြစ် အငြင်းပွားနေကြတာဖြစ်ပါတယ်။
ဒီလိုပျံ့နှံ့ရိုက်ခတ်လာတဲ့ အကြောင်းအရာများနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနက ဖြေရှင်းခဲ့တာဖြစ်ပါတယ်။
MoCCAE ရဲ့ထုတ်ပြန်ချက်ထဲမှာ "Oreo ဘီစကစ်က ဝက်သားနဲ့ အရက်ပါတယ်ဆိုပြီး ဟာလာမဖြစ်ဘူးလို့ လတ်တလောသတင်းတွေ ထွက်ပေါ်နေပါတယ်၊ ဒီကိစ္စက မမှန်ကန်ဘူးဆိုတာကို အသိပေးချင်ပါတယ်၊ ဒီဘီစကစ်မှာ တိရိစ္ဆာန်ကရတဲ့ အဆီ၊ ပစ္စည်းတွေမပါဝင်ပါဘူး" လို့ ဖော်ပြထားပါတယ်။
ဓာတ်ခွဲခန်းမှာလည်း အတည်ပြုစမ်းသပ်ထားပြီးဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ပြည်ပမှတင်သွင်းတဲ့ အစားအစာအားလုံးဟာ လုပ်ထုံးလုပ်နည်းအစီအစဉ်များအတိုင်း အစားအသောက်ဘေးကင်းစိတ်ချရေး အမြင့်ဆုံးစံနှုန်းများ သတ်မှတ်ချက်များနဲ့အညီ တိုင်းတာဆောင်ရွက်နေကြောင်း ဝန်ကြီးဌာနက အတည်ပြုလိုက်ပါတယ်။
အဘူဒါဘီစိုက်ပျိုးရေးနှင့် အစားအစာဘေးကင်းစိတ်ချရေးအာဏာပိုင်တွေကလည်း အလားတူထုတ်ပြန်ရာမှာ "အမေရိကန် မွန်ဒဲလက်စ်နိုင်ငံတကာကုမ္ပဏီက ထုတ်လုပ်တဲ့ကွတ်ကီးတွေမှာ ဟာလာမဟုတ်တဲ့ပစ္စည်းတွေ ပါဝင်တယ်ဆိုတဲ့ အထောက်အထားမျိုး ခိုင်လုံစွာမတွေ့ရဘူး" လို့ ဖော်ပြခဲ့ပါတယ်။
ဟာလာဆိုတဲ့ အာရေဗျစကားလုံးဟာ လက်သင့်ခံနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။
မွတ်ဆလင်ဘာသာမှာ သွေးသားနဲ့ အရက်သေစာတို့ စားသောက်ခြင်းကို လက်သင့်မခံဘဲ ဟာလာမဖြစ်ဘူးလို့ သတ်မှတ်ကြပါတယ်။
မွန်ဒဲလက်ဇ်ကုမ္ပဏီက သူတို့ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ထားရာမှာ Oreo က ကမ္ဘာအနံ့ကိုတင်ပို့နေတာဖြစ်ပြီး ပြင်ပအဖွဲ့အစည်းတွေကနေ ဟာလာအသိအမှတ်ပြု ရရှိထားပြီးဖြစ်ကြောင်း ဖော်ပြထားပါတယ်။
"ဈေးကွက်တစ်မျိုးနဲ့တစ်မျိုးအလိုက် စားသုံးသူတွေရဲ့ လိုအပ်ချက်များနဲ့ကိုက်ညီအောင် ထုတ်လုပ်ထားပါတယ်၊ ကိုရှာ ဟာလာတို့လို ဘာသာရေးအရ လိုအပ်ချက်ကွဲလွဲမှုများအတိုင်း ထည့်သွင်းစဉ်းစားရပါတယ်" လို့ ထုတ်ပြန်ထားပါတယ်။
Source: WION
#Yangon_Media_Group
Page 535 of 867