အဖွဲ့ဝင်အသစ် ၅ နိုင်ငံပါဝင်လာတာဟာ BRICS အဖွဲ့အတွက် စီးပွားရေးနဲ့ ပထဝီနိုင်ငံရေးအင်အား သိသိသာသာ တိုးလာကြောင်း ကျွမ်းကျင်သူများက ဆိုလိုက်ပါတယ်။
ဆော်ဒီအာရေးဗီးယား၊ အီဂျစ်၊ ယူအေအီး၊ အီရန်နဲ့ အီသိုယိုးပီးယားနိုင်ငံတို့ ဇန်နဝါရီ ၁ ရက်နေ့က BRICS အဖွဲ့ဝင်ဖြစ်လာရာ အဖွဲ့ဝင်အင်အား ၁၀ နိုင်ငံအထိ ဖြစ်လာပါတယ်။
#World_Economy
#Published_ 12 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
#Daily_News
Published_12 January 2024
၁။ ပြည်တွင်း၌ ကိုဗစ်ပိုးသစ် HV.1၊XBB.16 ကူးစက်ခံခဲ့ရသူများ ရှိနေပြီဖြစ်၍ Mask ပြန်တပ်ရန်လို
၂။ ဘော်ကြို စစ်ဘေးရှောင်စခန်းရှိ စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ အခက်ခဲ ဖြစ်နေဟုဆို
၃။ လယ်တစ်ဧကလျှင် ဒီဇယ်လေးဂါလံ ပေးပါက အထောက်အကူဖြစ်နိုင်ဟုဆို
၄။ BRICS အဖွဲ့ဝင် နိုင်ငံအသစ်များ ပါဝင်လာခြင်းသည် အဖွဲ့အစည်း၏ စီးပွားရေးနှင့် ပထဝီနိုင်ငံရေး သိသိသာသာအားကောင်းလာဟု ကျွမ်းကျင်သူများ သုံးသပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 12 January 2024
ရှေ့နေများက နိုင်ငံတကာတရားရုံး(ICJ)မှာ အစ္စရေးလ်တို့ လူမျိုးသုဥ်းသတ်ဖြတ်နေတယ်ဆိုပြီး အမှုတင်သွင်းခဲ့ရာ တောင်အာဖရိကကို ဟားမတ်စ်စစ်သွေးကြွတို့ရဲ့ တရားဝင်အသိအမှတ်ပြု လက်ခွဲအဖွဲ့လို့ အစ္စရေးလ်က ဇန်နဝါရီ ၁၁ ရက်နေ့မှာ ခေါ်ဆိုလိုက်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လီယာဟိုင်ယက်က ဂါဇာကမ်းမြောင်မှာ အစ္စရေးလ်တို့ စစ်ဆင်ရေးဆင်နွှဲနေတဲ့အပေါ် တောင်အာဖရိကမှ တရားစွဲဆိုခြင်းနဲ့ ပတ်သက်ပြီး သမိုင်းမှာ သူတော်ကောင်းယောင် အဆောင်ဆုံးဖြစ်ရပ်လို့ သတ်မှတ်လိုက်ပါတယ်။
တောင်အာဖရိကရဲ့ တရားစွဲချက်မှာ အစ္စရေးလ်တို့က ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စ်တိုင်းလူမျိုးများအပေါ် လူမျိုးသုဥ်းသတ်ဖြတ်မှု ကျူးလွန်နေပြီး ဂါဇာမှာ စစ်ပွဲတိုက်ခိုက်မှုတွေ အရေးပေါ်ရပ်ဆိုင်းပေးရန် အလိုရှိနေတာ ဖြစ်ပါတယ်။
အစ္စရေးလ်က ထိုစွပ်စွဲချက်ဟာ ယုတ္တိမရှိ ရယ်စရာကောင်းတယ်ဆိုပြီး ငြင်းဆိုလိုက်ကာ အခိုင်အမာ ကာကွယ်သွားမယ်လို့ သောကြာနေ့က ဆိုလိုက်ပါတယ်။
တောင်အာဖရိက တရားရေးဝန်ကြီး ရော်နယ်လာမိုလာက ဘယ်လောက်ပဲ ဆိုးရွားသည်ဖြစ်စေ တိုင်းတစ်ပါးကို ပစ်ခတ်တိုက်ခိုက်တာမျိုး မပြုလုပ်သင့်ကြောင်း၊ ဒါမှသာ ကာကွယ်ပိုင်ခွင့် လုပ်ရိုးလုပ်စဥ်အတိုင်း ကာကွယ်ခွင့်ရမှာ ဖြစ်ကြောင်း၊ အစ္စရေးလ်တို့ တုန့်ပြန်တိုက်ခိုက်တာက စည်းကျော်သွားပြီး ထိုလုပ်ရိုးလုပ်စဥ်ကို ဖောက်ဖျက်ရာကျကြောင်း ပြောကြားသွားပါတယ်။
အမှုကြားနာတဲ့နေ့မှာ အစ္စရေးလ်လိုလားသူ ထောင်နဲ့ချီပြီး ကုလသမဂ္ဂ အထက်တရားရုံးရှေ့မှာ အလံကိုင်ဆန္ဒပြကြကာ ဟားမတ်စ်တို့ဖမ်းဆီးသွားတဲ့ ဓားစာခံရဲ့ပုံတွေကိုလည်း ကိုင်ဆောင်ထားကြပါတယ်။
ဒါ့အပြင် ပါလက်စ်တိုင်းလိုလားသူတွေကလည်း ချီတက်လာကြရာ နှစ်ဖက်ခိုက်ရန် မဖြစ်ပွားစေရန် ရဲအင်အားအများအပြား နေရာချထားခဲ့ရပါတယ်။
ကမ္ဘာ့တရားရုံးက တောင်အာဖရိက စွပ်စွဲချက်ကို ကြာသပတေးနေ့မှာ ကြားနာမှာဖြစ်ပြီး အစ္စရေးလ်ရဲ့ တုန့်ပြန်ဖြေကြားချက်ကို သောကြာနေ့မှာ ကြားနာမှာ ဖြစ်ပါတယ်။
တိုင်းပြည်တစ်ခုခု ဒါမှမဟုတ် လူမျိုးစုတစ်ခုမှ လူအများအပြားကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းဟာ လူမျိုးသုဥ်းသတ်ဖြတ်မှု မြောက်ပါတယ်။
Source: WION
#World_News
#Published_ 10 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
#World_Health
Published 12 January 2024
ကျန်းမာသန်စွမ်းတဲ့ ဆံကေသာရရှိစေရန် ဘယ်လိုစားသောက်ရမလဲဆိုတာကို အာဟာရပညာရှင်များက ဖော်ပြလိုက်ပါတယ်။
ဆယ်လ်မွန်ငါးမှာ ရေဓာတ်ကော်လာဂျင်၊ အိုမီဂါ၃ နဲ့ ဇင့်ဓာတ်တို့ပါဝင်တယ်လို့ အာဟာရပညာရှင် ဖရန်ဆက်စ်လာ့ဂျ်မန်းရော့သ်က ပြောပြပါတယ်။
ဆံပင်ကို ကီရာတင်လို့ခေါ်တဲ့ ပရိုတိန်းကနေ ပြုလုပ်တာကြောင့် ဆံကေသာကျန်းမာဖို့ လုံလောက်တဲ့ ပရိုတိန်း စားသုံးရန်လိုအပ်ကြောင်း ရှင်းပြလိုက်ပါတယ်။
ဆယ်လ်မွန်ငါးဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး အစားအစာလို့ သတ်မှတ်ထားကြပြီး ကျန်းမာရေးအကျိုးကျေးဇူး များစွာ ရှိနေပါတယ်။
တစ်ပတ်ကို ဆယ်လ်မွန် ၂ ကြိမ်ခန့် စားပေးခြင်းဖြင့် လမ်းဘေးစာများကြောင့် ခန္ဓာကိုယ်မှာ ဥပါဒ်ဖြစ်ထားတာတွေကို သက်သာစေတယ်လို့ နောက်ထပ်လေ့လာချက်မှာ ဖော်ပြထားပါတယ်။
အကောင်းဆုံးစားစရာတွေထဲမှာ ဆယ်လ်မွန်သာမက သစ်ကြားသီး၊ ဗာဒံသီး၊ ကြက်ဥ၊ အချဥ်ပါသောအသီးများ၊ ကြက်အရေခွံ၊ ပဲအမျိုးမျိုးဟာလည်း ဆံကေသာကျန်းမာရေးကို ထောက်ပံ့ပေးပါတယ်။
#World_Health #ဆံကေသာကျန်းမာရေး #အကောင်းဆုံးအစားအစာ #Source: New York Post
#World_Science
Published 12 January 2024
ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ နှစ်ဘီလီယံဝက်နီးပါးလောက်က သက်ရှိများစတင်ပေါ်ပေါက်ခဲ့တယ်လို့ ယခုအချိန်အထိ သိရှိထားကြပါတယ်။
ဒါပေမဲ့ ရုပ်ကြွင်းသုတေသန တွေ့ရှိချက်အသစ်အရ နှစ်ပေါင်း ၁.၂ ဘီလီယံပိုမိုတိုးချဲ့ကာ ၁.၇၅ နှစ်ဘီလီယံကတည်းက စတင်ခဲ့တာဖြစ်နိုင်တယ်လို့ ယူဆလာကြပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁.၇၅ ဘီလီယံခန့်က အလင်းဖြင့် အစာချက်ထုတ်လုပ်တဲ့ ရှေးအကျဆုံး ရုပ်ကြွင်းတစ်ခုကို အခြေခံပြီး တွေ့ရှိတာဖြစ်ပါတယ်။
ထိုကနေ ဆဲလ်တွေက နေရောင်၊ ရေ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ကို စွမ်းအင်၊ အောက်ဆီဂျင်အဖြစ်သို့ ပြောင်းလဲကာ သက်ရှိဖြစ်ပေါ်လာတယ်လို့ ညွှန်ပြနေပါတယ်။
ထိုတွေ့ရှိချက်တွေဟာ အတော်လေး အခြေခံကျပြီး ယနေ့ကမ္ဘာမြေပေါ်မှာ ဖြစ်နေတဲ့ အခြေအနေလိုမျိုး သတ်မှတ်နိုင်ပါတယ်။
လိဂ်တက္ကသိုလ်မှ သုတေသနပြုစုသူ အီမန်နျူယဲဂျာဗော့စ်က ရှင်းပြရာမှာ အောက်ဆီဂျင် စုဝေးစေပြီး ကမ္ဘာ့သမုဒ္ဒရာများနဲ့ လေထုတို့ရဲ့ ဓာတုသဘာဝကို သိသိသာသာ ပြောင်းလဲစေကာ သက်ရှိများ ဗီဇပြောင်းလဲမှု ဖြစ်ပေါ်လာကြတယ်လို့ သိရပါတယ်။
ပိုမိုအဆင့်မြင့်ပြီး ကိုယ်တိုင်မျိုးပွားနိုင်တဲ့ အရာတွေကနေ ကမ္ဘာပေါ်မှာ သက်ရှိတွေပေါ်ပေါက်လာတဲ့ ဓာတုဓာတ်ပြုမှုတစ်ခုကို သိပ္ပံပညာရှင်များ ၂၀၂၃ နိုဝင်ဘာလက ဖန်တီးနိုင်ခဲ့ပါတယ်။
သက်ရှိများဖြစ်ပေါ်လာစေတဲ့ RNA အတွက် ဓာတ်ပြုမှုဖြစ်စဥ်များကို ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။
#World_Science #ကမ္ဘာပေါ်တွင်သက်ရှိစတင်ဖြစ်ပေါ် #Source: WION
နောက်ဆုံးပေါ်အဆင့်မြင့်နည်းပညာပစ္စည်းများပြသထားသည့်(၂၀၂၄)အီလက်ထရွန်နစ်ပစ္စည်းပြပွဲ လက်စ်ဗေးဂတ်စ်တွင်ကျင်းပ
ကမ္ဘာပေါ်မှာ လွှမ်းမိုးမှုအရှိဆုံးနဲ့ အကြီးမားဆုံး နှစ်စဥ်နည်းပညာပွဲဖြစ်တဲ့ ၂၀၂၄ သုံးစွဲသူများအတွက် အီလက်ထရွန်နစ်ပစ္စည်းများပြပွဲ (CES)ကို အင်္ဂါနေ့မှာ အမေရိကန် လက်စ်ဗေးဂတ်စ်မြိုမှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး လာရောက်တဲ့ဧည့်သည်တွေကို အံ့အားသင့်ဖွယ် နည်းပညာအမျိုးမျိုးဖြင့် ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။
#World_Event
Published_11 January 2024
#လက်စ်ဗေးဂတ်စ်တွင်ကျင်းပ #(၂၀၂၄)အီလက်ထရွန်နစ်ပစ္စည်းပြပွဲ
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_11 January 2024
၁။ မြန်မာနိုင်ငံတွင် ကိုဗစ်ဗီဇပြောင်းမျိုးကွဲသစ် HV .1 ၊JN.1 နှင့် EG. 5(၃)မျိုးထပ်မံတွေ့ရှိ
၂။ ကမ္ဘာ့ရွှေဈေးကျဆင်းနေသော်လည်း ပြည်တွင်း ရွှေအဝယ်လိုက်နေ၍ဈေးမာနေ
၃။ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လုပ်သားရှားပါးလာပြီး လုပ်အားခနှုန်းထားများလဲ နှစ်ဆခန့်ဈေးမြင့်တက်လာ
၄။ နောက်ဆုံးပေါ်အဆင့်မြင့်နည်းပညာပစ္စည်းများပြသထားသည့်(၂၀၂၄) အီလက်ထရွန်နစ်ပစ္စည်းပြပွဲ လက်စ်ဗေးဂတ်စ်တွင်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 368 of 967