#World_News
Published 08 November 2024
▪️ ရုရှားသမ္မတ ဗလာဒီမာပူတင်က အမေရိကန်ရွေးကောက်ပွဲမှာ အနိုင်ရသွားတဲ့ ဒေါ်နယ်ထရမ့်ကို ဂုဏ်ပြုလိုက်ပြီး သေနတ်သမားတစ်ဦး လုပ်ကြံတာ ခံရစဉ်က ရဲရင့်သတ္တိပြသခဲ့တဲ့အတွက် ချီးကျူးလိုက်သလို ထရမ့်နဲ့ ဆွေးနွေးဖို့ ရုရှားအသင့်ဖြစ်နေကြောင်း ပြောသွားပါတယ်။
▪️ ထရမ့်အနိုင်ရပြီးနောက် ပူတင်ပထမဆုံး ပြောကြားရာမှာ ဇူလိုင်လ ပန်ဆယ်လ်ဗေးနီးယားမှာ စည်းရုံးရေးပွဲ မိန့်ခွန်းပြောနေစဉ် လုပ်ကြံခံရတုန်းက ထရမ့်ဟာ
တကယ့်ယောကျ်ားတစ်ဦးလို ပြုမူခဲ့တယ်လို့ ပြောပါတယ်။
▪️ စည်းရုံးရေးပွဲမှာတုန်းက ထရမ့်ဟာ ယူကရိန်းနဲ့ ပတ်သက်လို့ မှတ်ချက်ပြောကြားခဲ့တာဟာ ရုရှားနဲ့ ဆက်ဆံရေး ပြန်လည့်သင့်မြတ်စေမယ်လို့ ဆိုပါတယ်။
▪️ ရုရှားနဲ့ ဆက်ဆံရေး ပြန်လည်သင့်မြတ်စေပြီး ယူကရိန်းအရေး အဆုံးသတ်မယ်လို့ ပြောသွားတာက အနည်းဆုံးတော့ စိတ်ဝင်စားစရာ ဖြစ်စေတယ်လို့ ပူတင်က ပြောပါတယ်။
▪️ ထရမ့်ဟာ ရုရှားဘက်သို့ တစ်နည်းနည်းပါတယ်လို့ အနောက်တိုင်းမီဒီယာများ စွပ်စွဲနေတာတွေကို ထရမ့်ရော ရုရှားရောက အကြိမ်ကြိမ်ငြင်းဆိုထားကာ ၂၀၁၇-၂၀၂၁ ထရမ့်သမ္မတဖြစ်စဉ်က ရုရှားအပေါ် ခက်ခက်ထန်ထန် ဆက်ဆံခဲ့တယ်လို့ ရုရှားအရာရှိများ ထောက်ပြထားပါတယ်။
▪️ ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲတုန်းက ထရမ့်စည်းရုံးရေးပွဲတွေနဲ့ ရုရှားတို့ကြား ပတ်သက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အမေရိကန် အထူးအကြံပေးပုဂ္ဂိုလ် ရောဘတ်မူလာက စစ်ဆေးခဲ့ပေမယ့် ၂၀၁၉ ခုနှစ်မှာ အထောက်အထား မတွေ့ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။
▪️ ၂၀၂၄ သမ္မတရွေးကောက်ပွဲတွေမှာလည်း ရုရှားက ဝင်နှောင့်ခဲ့ပြီး သတင်းမှားများ ဖြန့်ခဲ့တယ်လို့ အမေရိကန်မှ စွပ်စွဲနေတာတွေကို ရုရှားက အကြိမ်ကြိမ် ပယ်ချထားပါတယ်။
▪️ ပူတင်က စစ်ပွဲအဆုံးသတ်ရေးအတွက် သူ့ဘက်က လိုချင်တာကို ဖော်ပြရာမှာ
ယူကရိန်းအနေနဲ့ နေတိုး(NATO)အဖွဲ့ထဲ ဝင်ရောက်ရေးကို လက်လျှော့ရန်နဲ့ ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေ ၄ ကနေ တပ်များပြန်ရုပ်သိမ်းပေးရန် ကြေညာထားပါတယ်။
▪️ ရုရှားဟာ အမေရိကန်နဲ့ ဆက်ဆံရေး ပြန်လည်သင့်မြတ်ရန် အသင့်ဖြစ်နေပေမယ့် အမေရိကန်ကပဲ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ ပူတင်က ဆိုလိုက်ပါတယ်။
#Source:Reuters
#World_Health
Published 08 November 2024
▪️ ကလေးငယ်တွေကို သကြားအစားများစေခြင်းဖြင့် ကြီးလာတဲ့အခါ ဆီးချိုရောဂါ ဒုတိယအမျိုးအစားနဲ့ သွေးတိုးခြင်းတို့ ဖြစ်နိုင်ခြေ များစေပါတယ်။
▪️ ကလေးမွေးတဲ့ အချိန်ကစပြီး ရက် ၁၀၀၀ အတွင်း သကြားစားသုံးမှု ကန့်သတ်လိုက်ပါက ဆီးချိုဖြစ်နိုင်ခြေ ၃၅ ရာခိုင်နှုန်း၊ သွေးတိုးဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း လျှော့ချနိုင်ပြီး ရောဂါစဖြစ်ချိန်လည်း နှောင့်နှေးသွားပါတယ်။
▪️ ၁၉၅၁ အောက်တိုဘာမှ ၁၉၅၆ မတ်လကြား မွေးဖွားသူ ၆၀၁၈၃ ဦးကို လေ့လာခဲ့ပြီး အသက် ၅၀-၆၀ ဝန်းကျင်မှာ စစ်တမ်းကောက်ယူခဲ့ပါတယ်။
▪️ သကြားဓာတ် ကန့်သတ်ခြင်းမရှိတဲ့လူတွေမှာ အသက်ကြီးလာတာနဲ့အမျှ ရောဂါဖြစ်နိုင်ခြေ ပိုများလာပြီး အသက် ၅၀ နဲ့ ၆၀ နောက်ပိုင်းတွေမှာ ကွာခြားချက် ပိုပြီးသိသာလာပါတယ်။
▪️ သကြားဓာတ် အစားများခြင်းက ဆဲလ်တွေကို ထိခိုက်စေပြီး ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေကာ နှလုံးရောဂါ၊ ဆီးချို၊ အသည်းရောဂါ၊ ကင်ဆာတို့ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်နေပါတယ်။
▪️ ဒါ့အပြင် အဝလွန်ခြင်းနဲ့ သွားပိုးစားခြင်းတို့ကိုလည်း အားပေးပါတယ်။
အသက် ၂ နှစ်အောက်ကလေးတွေကို သကြားပါဝင်တဲ့ အစားအသောက်များ မကျွေးကြဖို့ အမေရိကန် အစားအသောက် လမ်းညွှန်ချက်တွေမှာ ဖော်ပြထားပါတယ်။
▪️ ကလေးသူငယ်များအတွက် ရောင်းချနေတဲ့ အာဟာရမှုန့်များ၊ အစားအသောက်များရဲ့ ၇၀ ရာခိုင်နှုန်းကျော်မှာ သကြားပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
▪️ ငယ်စဉ်ကတည်းက အချိုကျွေးထားပါက အချိုဓာတ်ကို စွဲလမ်းသွားပြီး ဘဝတလျှောက်လုံး သကြားစားသုံးမှု များလာစေပါတယ်။
▪️ တစ်ခုရှိတာက လေ့လာမှုပြုရာမှာ စမ်းသပ်ပါဝင်သူတွေ ငယ်စဉ်က အချိုဓာတ် ဘယ်လောက်စားသုံးခဲ့လဲဆိုတာ အတိအကျ မသိရတာပါပဲ။
ကိုယ်ဝန်ဆောင်စဉ်၊ နို့တိုက်စဉ်ကာလတွေမှာ အချိုဓာတ်စားသုံးမှု များပြားခြင်းက ရေရှည်ကျန်းမာရေးအပေါ် သက်ရောက်ပုံကိုလည်း နားလည်သိရှိဖို့ နောက်ထပ် သုတေသနပြုလုပ်ရန် လိုအပ်ကြောင်း ဖော်ပြသွားပါတယ်။
Source: New York Post.
ဂါဇာကမ်းမြောင်ရှိ ဆေးရုံများ၊ ဆေးဆိုင်များအပါအဝင် ဆေးဘက်ဆိုင်ရာ နေရာတွေမှာ ဆေးဝါးများနဲ့ အခြားဆေးပစ္စည်းများ ပြတ်လပ်မှု အတော်လေးဆိုးရွားနေပါတယ်။
#World_Politics
Published 7 November 2024
#အစ္စရေးလ်တိုက်ခိုက်မှုများ #ဂါဇာဆေးပစ္စည်းများပြတ်လပ်
#YMG #Yangon_Times #Yangon_Media_Group
၇ နိုဝင်ဘာ ၂၀၂၄
တရုတ်နိုင်ငံရဲ့ အိမ်နီးချင်းသံခင်းတမန်ခင်းမှာ မြန်မာနိုင်ငံကို အရေးကြီးအနေအထားတစ်ခုအဖြစ် တရုတ်နိုင်ငံက အမြဲတမ်းထားရှိတယ်လို့ တရုတ်ဝန်ကြီးချုပ် လီချန်းက ပြောကြားလိုက်ပါတယ်။ တရုတ် နိုင်ငံ ကူမင်းမြို့မှာ ရှစ်ကြိမ်မြောက် မဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးတက်ဖို့ရောက်ရှိနေတဲ့ မြန်မာ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် တရုတ်ဝန်ကြီးချုပ်က အဲသလိုပြောကြားခဲ့ တာဖြစ်ပါတယ်။
#World_News
Published 07 November 2024
▪️ ဒေါ်နယ်ထရမ့်က ယခုနှစ်ရွေးကောက်ပွဲမှာ အမေရိကန်သမ္မတအဖြစ် ပြန်လည်အနိုင်ရခဲ့ရာမှာ စပိန်လူမျိုးများ၊ ငယ်ရွယ်သူများ၊ ကောလိပ်ဘွဲ့မရတဲ့ အမေရိကန်လူမျိုးများကြား ထောက်ခံမှု အများအပြား ရရှိခဲ့ပြီး တစ်နိုင်ငံလုံးနီးပါးမှာ မဲအသာရခဲ့ပါတယ်။
▪️ ရီပတ်ဘလစ်ကန် နိုင်ငံရေးသမား ထရမ့်က စည်းရုံးရေးဆင်းရာမှာ အလုပ်သမားတွေကို ကမ္ဘာ့စီးပွားရေး ယှဉ်ပြိုင်မှုကနေ ကာကွယ်ပေးလို့ ကတိပေးခဲ့ကာ အခွန်ဖြတ်တောက်ရေး ကမ်းလှမ်းချက် အမျိုးမျိုးကိုလည်း ချပြခဲ့ပြီး အလုပ်သမား လူတန်းစားများနဲ့ လူဖြူမဟုတ်တဲ့ အမေရိကန်လူမျိုးများကြောင့် နေရာအနှံ့မှာ မဲအသာရခဲ့တာ ဖြစ်ပါတယ်။
▪️ စပိန်လူမျိုး မဲပေးသူများကြား ထရမ့်ကိုမဲပေးမှုက ၁၄ ရာခိုင်နှုန်း ကွာခြားခဲ့ပြီး စပိန်လူမျိုးအဖြစ် ဖော်ပြထားတဲ့သူ ၄၆ ရာခိုင်နှုန်းလောက်ဟာ ထရမ့်ကို ရွေးချယ်ခဲ့သဖြင့် ၂၀၂၀ ရွေးကောက်ပွဲတုန်းက ၃၂ ရာခိုင်နှုန်းရှိရာကနေ မြင့်တက်လာပါတယ်။
▪️ စပိန်လူမျိုးတွေဟာ ဆယ်စုနှစ်တွေကြာအောင် ဒီမိုကရက်ဘက်ကို များစွာထောက်ခံခဲ့ပေမယ့် ယခုနှစ်မှာတော့ ရီပတ်ဘလစ်ကန် သမ္မတလောင်းကို ရွေးချယ်မှုများခဲ့ပါတယ်။
▪️ မဲပေးသူတွေထဲမှာ စပိန်လူမျိုး ၂၀ ရာခိုင်နှုန်းကျော်ရှိတဲ့ ခရိုင်တွေမှာ ၂၀၂၀ ဘိုင်ဒင်နဲ့ ယှဉ်ပြိုင်တုန်းကထက် ထရမ့်က ၁၃ မှတ် ပိုများလာခဲ့ပါတယ်။
▪️ စပိန်လူငယ်များဟာ ဒီမိုကရက်တွေကို နှစ် ၅၀ တိုင်အောင် မဲပေးလာခဲ့တဲ့ ယင်းတို့ရဲ့ ဘိုးဘေးတွေလို မစဉ်းစားတော့ဘူးလို့ ရီပတ်ဘလစ်ကန် မီဒီယာသမား ဂျီယန်ကာလိုဆိုပိုက ပြောသွားပါတယ်။
▪️ ထရမ့်ဟာ သူ့ရဲ့နိုင်ငံရေး သမိုင်းတလျှောက် လူဝင်မှုကြီးကြပ်ရေးကို ဆန့်ကျင်နေကာ အမေရိကန်မှာ တရားမဝင် နေထိုင်နေတဲ့သူအများအပြားကို ထွက်ခွာစေဖို့ ကတိပြုထားပါတယ်။
▪️ စစ်တမ်းဖြေကြားသူ စပိန်လူမျိုးတွေထဲက ၄ ပုံ ၁ ပုံက နိုင်ငံထဲမှာ မှတ်တမ်းမှတ်ရာမရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူအများစုကို နေရပ်ပြန်စေချင်ကြတယ်လို့ ပြောကြပါတယ်။
▪️ အမေရိကန်မှ အလုပ်သမားလူတန်းစားထဲမှာ လူဖြူတွေထက် စပိန်အမေရိကန်တွေ ပိုများနေပြီး ထိုထဲကအများစုက ဘွဲ့မရသူတွေ ဖြစ်ပါတယ်။
▪️ နိုင်ငံရေးမှာ အရေးကြီးဆုံးက မိသားစုတန်ဖိုး၊ ဘဝဦးစားပေးရေးနဲ့ ဘာသာရေးတို့ဖြစ်ပြီး ကာမယ်လာဟားရစ်က ဒီတန်ဖိုးတွေ မယူဆောင်နိုင်ဘူး ထင်မြင်ကြောင်း အသက် ၂၈ နှစ်အရွယ် လာဂူနာက ပြောပြပါတယ်။
▪️ ဒါ့အပြင် ယခင်ဒီမိုကရက်တစ်တွေ အနိုင်ရခဲ့စဉ် အရေးပါခဲ့တဲ့ မြို့ကြီးတွေမှာလည်း ထရမ့်အသာရလာပါတယ်။
Source: Reuters
#World_Science
Published 07 November 2024
▪️ ဂရိနိုင်ငံ ဗာဂျီနာရှိ တော်ဝင်အုတ်ဂူတွေထဲက တစ်ခုမှာ အဲလက်ဇန်ဒါသည်ဂရိတ်ရဲ့ အင်္ကျီရှည်လို့ ယူဆရတဲ့ အဝတ်တစ်ခုကို ဒီမိုခရစ်တက်စ်တက္ကသိုလ်မှ အန်တိုနစ်ဘာ့တ်ဆီယိုကက်စ် ဦးဆောင်တဲ့ ရှေးဟောင်းလေ့လာရေး ပညာရှင်များအဖွဲ့က တွေ့ရှိခဲ့ပါတယ်။
▪️ ခရမ်းရောင်နဲ့ အဖြူရောင်ပါတဲ့ အင်္ကျီရှည်ကို တွေ့ရှိပြီး ထိုနေရာမှာပဲ အလောင်း ၃ လောင်းကိုလည်း တွေ့ရှိခဲ့တယ်လို့ ဘာ့တ်ဆီယိုကက်စ်က ရှင်းပြထားပါတယ်။
▪️ ဒီမတိုင်ခင်ကလည်း အဲလက်ဇန်ဒါသည်ဂရိတ်ရဲ့ မိသားစုဝင် အများအပြားဟာ အဆိုပါ တော်ဝင်အုတ်ဂူတွေထဲ ရှိနေတာကို တွေ့ခဲ့ကြပါတယ်။
▪️ အုတ်ဂူ ၁၊ ၂၊ ၃ လို့အမည်ပေးပြီးနောက် ထပ်မံစစ်ဆေးကြည့်ခဲ့ကြပါတယ်။
အုတ်ဂူနံပါတ် ၂ မှာ ခရမ်းရောင်နဲ့ အဖြူရောင်ပါ အင်္ကျီရှည်ကို တွေ့ရှိခဲ့ပြီး ရောင်စဉ်တိုင်း စက်ပစ္စည်းများဖြင့် စစ်ဆေးခဲ့ရာမှာ ထိုအင်္ကျီကို ချည်သားဖြင့်ပြုလုပ်ပြီး ခရမ်းရောင် ဆေးဆိုးထားတာ ဖြစ်ပါတယ်။
▪️ အုတ်ဂူမျက်နှာပြင်မှာ ထည့်သွင်းထားတဲ့ အင်္ကျီရှည်ဟာ အဲလက်ဇန်ဒါရဲ့ဟာလို့ မှတ်ယူခဲ့ကြပြီး ရွှေဖြင့်ပြုလုပ်ထားကာ ရှေးဟောင်းပါရှားတွေနဲ့ ဆက်စပ်မယ်လို့ ပြောပါတယ်။
▪️ အုတ်ဂူ ၂ မှာတွေ့ရတဲ့ ပစ္စည်းအများအပြားက အဲလက်ဇန်ဒါရဲ့ဟာ ဖြစ်နိုင်တယ်လို့ သုတေသီများ ဖော်ပြထားပါတယ်။
▪️ ဒါ့အပြင် အုတ်ဂူ ၁ မှာဆိုရင် ပေါင်နဲ့ခြေထောက် ပူးနေတဲ့ အရိုးငြမ်းတွေ့ရှိထားကာ အဲလက်ဇုန်ဒါရဲ့အဖေ ဖြစ်တယ်လို့ ညွှန်ပြနေကြောင်း၊ အုတ်ဂူ ၁ မှာ ဖိလစ်-၂ နဲ့ ကလီယိုပက်ထရာရဲ့ မွေးကင်းစကလေးကိုလည်း တွေ့ရကြောင်း ရှင်းပြထားပါတယ်။
#Source: WION
#World_Health
Published 07 November 2024
▪️ သရုပ်ဆောင်မင်းသမီး ဗစ်ယာဘာလန်က ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပြီး အစားအစာ ထိန်းချုပ်စားသောက်ပေမယ့် ကိုယ်အလေးချိန် တက်လာခြင်းကို ရင်ဆိုင်နေရတဲ့အကြောင်း ဖွင့်ဟလာပါတယ်။
▪️ ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းလာခြင်းက ကိုယ်အလေးချိန် တက်စေတယ်လို့ ထုတ်ဖော်လိုက်ပြီး ရောင်ရမ်းခြင်းကို သက်သာအောင် စားသုံးပြီး လေ့ကျင့်ခန်း အလွန်အကျွံပြုလုပ်ခြင်းကို လျှော့ချခြင်းဖြင့် ကိုယ်အလေးချိန် မြန်ဆန်စွာချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
▪️ ကိုယ်အလေးချိန်တက်ခြင်းကြောင့် ရောင်ရမ်းခြင်း ဖြစ်နိုင်သလို ခန္ဓာကိုယ်က လေ့ကျင့်ခန်း အပြင်းအထန် လုပ်ပြီးနောက် အနားယူချိန် မလုံလောက်ပါကလည်း ဖြစ်တတ်ပါတယ်။
▪️ ခန္ဓာကိုယ်မှာ ဒဏ်ရာရခြင်း ရောဂါကူးစက်ခြင်းတို့ ဖြစ်လာရင် ရောင်ရမ်းခြင်းဖြင့် တုံ့ပြန်ပြီး တစ်ရှူးတွေကို ပြန်သက်သာစေပေမယ့် ကြာရှည်လာရင်တော့ ဆီးချို၊ နှလုံးရောဂါ၊ အဆစ်ရောင်ခြင်းတို့လို ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
▪️ အဝလွန်ခြင်း၊ ကျန်းမာရေးနဲ့ မညီစွာ စားသောက်ခြင်းတို့က ရောင်ရမ်းခြင်းကို ပိုဆိုးစေပါတယ်။
▪️ ခန္ဓာကိုယ်မှာ ပိုလျှံတဲ့အဆီကြောင့် ရောင်ရမ်းခြင်းက ကျန်းမာရေးပြဿနာ အမျိုးမျိုး ဖြစ်စေနိုင်ပါတယ်။
▪️ အဝလွန်ခြင်းနဲ့ ရောင်ရမ်းခြင်းတို့က သီးခြားဖြစ်စဉ်တွေ ဖြစ်ပေမယ့် အတော်လေး ဆက်စပ်နေတယ်လို့ ဖော်တစ်မမ်မိုရီယယ်သုတေသနတက္ကသိုလ်မှ ဒေါက်တာ နေဗယ်မန်ဒီရက်တာက ပြောပါတယ်။
▪️ အချက်အလက်များအရ အဝလွန်သူတွေဟာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ပိုများပြီး ပုံမှန်ကိုယ်အလေးချိန် ရှိသူတွေနဲ့ ယှဉ်ရင် နှလုံးရောဂါ ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းပိုများပါတယ်။
▪️ လေ့ကျင့်ခန်းကို အလွန်အကျွံ ပြုလုပ်တဲ့အခါ ခန္ဓာကိုယ်က အနားယူချိန် အလုံအလောက်မရဘဲ ရောင်ရမ်းခြင်း ဖြစ်စေနိုင်ကာ ကိုယ်အလေးချိန် ကျဖို့ခက်ခဲသွားပါတယ်။
▪️ ဖိစီးမှုကို တုံ့ပြန်ခြင်း၊ ကြွက်သားထိခိုက်ခြင်း၊ ကိုယ်ခံအားစနစ် ထိခိုက်ခြင်း၊ ဟော်မုန်းမညီမျှခြင်း၊ လုံလောက်စွာ အနားမရခြင်းတို့ကြောင့် ရောင်ရမ်းခြင်းကို ဖြစ်စေပါတယ်။
▪️ ကိုယ်အလေးချိန် ထိန်းသိမ်းနိုင်ဖို့အတွက်ဆိုရင် လေ့ကျင့်ခန်းနဲ့ အစားအစာကို မျှတစွာ စားပြီး ရောင်ရမ်းခြင်းကို လျှော့ချနိုင်ပါတယ်။
#Source: India Today
Page 369 of 1179