၃ ဖေဖော်ဝါရီလ  ၂၀၂၄

အမေရိကန်ရဲ့ နိုင်ငံခြား အကူအညီပေးရေး အေဂျင်စီ USAID ကို ပိတ်ပစ်ဖို့အတွက် လုပ်ငန်းတွေ စတင်နေပြီလို့ အမေရိကန် အစိုးရဌာနများစွမ်းရည်မြင့်ရေးဌာနကို ဦးဆောင်နေတဲ့ ဘီလျံနာ အီလွန်မတ်စ်က ပြောကြားလိုက်ပါတယ်။

သူ့ရဲ့အစိုးရဌာနများစွမ်းရည်မြင့်ရေးဌာနဟာ အစိုးရရဲ့ အသုံးစရိတ်တွေဖြတ်တောက်ရတဲ့ ဖက်ဒရယ်အဖွဲ့တစ်ခုဖြစ်ပါတယ်။

USAID ကိုဖျက်သိမ်းဖို့ သမ္မတထရမ့်က သဘောတူပြီးဖြစ်တယ်လို့လည်း ထရမ့်ကပြောပါတယ်။ USAID ဟာ ပြုပြင်လို့မရတော့တဲ့အနေအထားဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

USAID ရဲ့ ဝန်ထမ်းအများစုကို တနင်္လာနေ့မှာ ရုံးမတက်ကြဘဲ အိမ်ကနေအလုပ်လုပ်ကြဖို့ ပြောထားပါတယ်လို့ ရိုက်တာကတွေ့ရှိရတဲ့ အီးမေးလ်အကြောင်းကြားစာတစ်ခုအရသိရပါတယ်။  နောက်ထပ်ညွှန်ကြားမှုတွေဆက်လာမယ်လို့လည်း အဆိုပါအီးမေးလ်မှာရေးသားထားပါတယ်။

“ USAID ကို  အကြီးအကျယ်အစွန်းရောက်အုပ်စုက စီမံခန့်ခွဲနေကြတယ်” လို့ တနင်္ဂနွေနေ့က သတင်းထောက်တွေကိုပြောခဲ့ပါတယ်။  “ သူတို့ကိုထုတ်ပစ်ရမယ်။ ပြီးရင် ဆုံးဖြတ်ချက်တစ်ခု ချရမယ်” လို့ ထရမ့်ကပြောပါတယ်။

USAID ဟာ ကမ္ဘာမှာ အကြီးဆုံး ကူညီလှူဒါန်းနေတဲ့အဖွဲ့အစည်းဖြစ်ပြီး  ၂၀၂၃ခုနှစ်မှာ တစ်ကမ္ဘာလုံးသို့ အကူအညီ  အမေရိကန်ဒေါ်လာ ၇၂ ဘီလျံပေးကမ်းခဲ့တာဖြစ်ပါတယ်။ USAID မှာ ဝန်ခမ်းပေါင်း တစ်သောင်းကျော်ရှိပါတယ်။ ထရမ့်ရဲ့ အမေရိကန်ပထမ မူဝါဒကြောင့် USAIDရဲ့ အကူအညီအများစုကို ရပ်တန့်ပစ်ခဲ့ရပါတယ်။ အဲဒါကြောင့် ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတွေက ဆေးရုံတွေ၊ စစ်ဖြစ်နေတဲ့ဒေသ တွေက မြေမြှပ်မိုင်းရှင်းလင်းရေးတွေ၊ အိတ်ချ်အိုင်ဗီကဲ့သို့သောရောဂါတွေကိုကုသပေးနေတဲ့ဆေးဝါးတွေ စတဲ့အစီအစဉ်တွေဟာ ဖျက်သိမ်းခံရမယ့်ကိန်းဆိုက်နေပါတယ်။

Source Reuters