#World_Health
Published 13 January 2025
▪️ ဈေးကနေ ကြက်ဥဝယ်တဲ့အခါမှာ တစ်ခါတလေ ကြက်ဥကွဲနေတာမျိုး ဖြစ်တတ်ကြပါတယ်။
▪️ အမေရိကန်မှာဆိုရင် ငှက်တုပ်ကွေးကူးစက်မှုနှုန်း များနေပြီး ကြက်ဥတွေ ဈေးတက်နေတာကြောင့် နိုဝင်ဘာလက ထုတ်လုပ်မှု ၄ ရာခိုင်နှုန်း လျော့ကျသွားပါတယ်။
▪️ ကြက်မွေးမြူရေးကျွမ်းကျင်သူ လီဆာစတီးလ်က ကြက်ဥကတ်လိုက်ဝယ်တဲ့အခါ ကွဲနေတာမျိုးက ဘယ်အချိန်တည်းက ကွဲနေလဲဆိုတာ မသိတာကြောင့် အသုံးမပြုတော့ဘူးလို့ ပြောပါတယ်။
▪️ ကြက်ဥအခွံအောက်မှာ အမြှေးပါးတစ်ခုရှိပြီး ကြက်ဥထဲသို့ ဘက်တီးရီးယားများ မဝင်အောင် ကာကွယ်ပေးပါတယ်။
▪️ ချက်ခါနီးမှ မတော်တဆကွဲသွားတာမျိုး၊ အခွံသာကွဲပြီး အမြှေးပါး အကောင်းအတိုင်း ရှိနေတယ်ဆိုရင် ချက်လိုက်လို့ အဆင်ပြေပါတယ်။
▪️ ကြက်ဥကို ခွက်ထဲဖောက်ထည့်ပြီး လုံအောင်ဖုံးပိတ်ထားရင် ၂ ရက်အတွင်းအသုံးပြုနိုင်ပြီး အပူချိန် ၁၆၀ ဒီဂရီမှာ သေချာချက်ပြုတ်သင့်ပါတယ်။
▪️ ဒါပေမဲ့ အမြှေးပါးပါပြဲသွားတယ်ဆိုရင်တော့ စားသုံးရန် ဘေးမကင်းဘူးလို့ စတီးလ်က ပြောပါတယ်။
▪️ ဒါပေမဲ့ အခွံမှာပါတဲ့ ကယ်လ်စီယံကတော့ မြေကြီးအတွက် ကောင်းမွန်တယ်လို့ ဆိုပါတယ်။
▪️ ကြက်ဥအခွံကွဲအက်ရာကနေ ဘက်တီးရီးယားတွေ ဝင်နိုင်တာကြောင့် ဘယ်တော့မှ မဝယ်သင့်ဘူးလို့ အမေရိကန် စိုက်ပျိုးမွေးမြူရေးဌာနက ညွှန်ကြားထားပါတယ်။
▪️ အိုးထဲမှာပြုတ်ထားရင်း ကွဲသွားတဲ့ဥတွေကတော့ စိတ်ချရတယ်လို့ ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကြက်ဥတွေကို သေချာချက်ပြုတ်သင့်တယ်လို့ အကြံပြုထားပါတယ်။
#Source: New York Post
#World_Science
Published 13 January 2025
▪️ ဗြိတိန်သုတေသီများက လွန်ခဲ့တဲ့နှစ်ပေါင်း ၁၆၆ သန်းခန့်က ဒိုင်နိုဆောခြေရာပေါင်း ၂၀၀ ခန့်ကို တူးဖော်တွေ့ရှိခဲ့ပြီး ယူကေမှာ အများဆုံးတွေ့ရှိဖူးတာ ဖြစ်မယ်လို့ ယုံကြည်နေကြပါတယ်။
▪️ အလုပ်သမားတစ်ဦးက တူးဖော်စက်ဖြင့် ရွှံ့ပြန်ဖုံးနေချိန်မှာ ထူးဆန်းတဲ့အဖုအထစ်တွေ တွေ့ပြီးနောက် အောက်စ်ဖို့ဒ်နဲ့ ဘာမင်ဂမ်တက္ကသိုလ်အဖွဲ့တို့က အင်္ဂလန်အလယ်ပိုင်း အောက်စ်ဖို့ဒ်ရှိုင်းယားမှာ အံ့အားသင့်ဖွယ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
▪️ ထိုနေရာမှာ လမ်းကြောင်း ၅ ခုတွေ့ရှိခဲ့ပြီး အရှည်ဆုံးလမ်းကြောင်းက မီတာ ၁၅၀ ကျော်ရှိပါတယ်။
▪️ ခြေရာလမ်းကြောင်း ၅ ခုထဲက ၄ ခုဟာ လည်ပင်းရှည် အရွက်စားဒိုင်နိုဆောတစ်ကောင်ကြောင့်လို့ ယူဆရပါတယ်။
▪️ ကျန်တဲ့ ၁ ခုကတော့ ခြေချောင်း ၃ ချောင်းပါ ၉ မီတာရှည်တဲ့ အသားစား မက်ဂလိုဆောရပ်စ် ဖြစ်နိုင်တယ်လို့ ဘာမင်ဂမ်တက္ကသိုလ်က ဆိုပါတယ်။
▪️ ဒီလောက်ခြေရာ အများကြီးကို တစ်နေရာတည်းမှာ တွေ့ရပြီး ခြေရာလမ်းကြောင်းတွေပါ တွေ့ရတာဟာ အလွန်ရှားပါးတယ်လို့ အောက်စ်ဖို့ဒ်တက္ကသိုလ်မှ အမ်မာနီကိုးလ်က AFPကို ပြောပါတယ်။
▪️ ဒီနေရာဟာ ကမ္ဘာပေါ်က ဒိုင်နိုဆောတွေ့ရှိရာ အကြီးဆုံးနေရာတွေထဲ ပါဝင်လာနိုင်တယ်လို့ ဆိုပါတယ်။
▪️ နောက်ဆုံးတွေ့ခဲ့တဲ့ ခြေရာတွေကို ဓာတ်ပုံ ၂ သောင်းလောက် ရိုက်ယူခဲ့ပြီး ဒရုန်းများဖြင့် ရိုက်ကူးထားတဲ့ ပုံတွေနဲ့ 3Dပုံစံ ဖန်တီးခဲ့ကြပါတယ်။
▪️ အချို့သော ရာသီဥတုကြောင့် ခြေရာတွေ ထိန်းသိမ်းကျန်ရစ်တာ ဖြစ်နိုင်တယ်လို့ ဘာမင်ဂမ်တက္ကသိုလ်မှ ဇီဝရုပ်ကြွင်းပညာရှင် ရစ်ချတ်ဘတ်တ်လာက ပြောပါတယ်။
▪️ မုန်တိုင်းကြောင့် ခြေရာတွေပေါ်မှာ အမှုန်တွေဖုံးသွားပြီး ကျန်ရှိနေတာမျိုး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
▪️ ကျောက်မိုင်းလုပ်သား ဂယ်ရီဂျွန်ဆန်က ဒီခြေရာတွေကို ပထမဆုံးတွေ့ရှိတဲ့သူ ဖြစ်နိုင်ပြီး တကယ်ကို ဒဏ္ဍာရီဆန်တဲ့ ဖြစ်ရပ်လို့ ပြောသွားပါတယ်။
#Source: NDTV
၁၁ ဇန်နဝါရီ၊ ၂၀၂၅
ကုလသမဂ္ဂရဲ့ ရာသီဥတုဆိုင်ရာအေဂျင်စီဖြစ်တဲ့ ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်းက ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်ဟာ ကမ္ဘာကြီးရဲ့ အပူနွေဆုံးနှစ်အဖြစ် စံချိန်ချိုးသွားခဲ့တယ်လို့ သောကြာနေ့က ကြေညာခဲ့ပါတယ်။
ကမ္ဘာကြီးဟာ ကမ္ဘာ့ပျမ်းမျှအပူချိန်ထက် ၁.၅၅ ဒီဂရီ ဆဲလ်ဆိယတ်စ် မြင့်တက်ခဲ့တာဖြစ်ပါတယ်။
#World_Health
Published 12 January 2025
▪️ ကိုယ်တွင်းဇီဝဟက်ကာ ဒေ့ဗ်အက်စ်ပရေးက ဆံပင်ကျွတ်ခြင်းကို သက်သာစေမယ့် လျှို့ဝှက်ချက် သိရှိထားပြီး အရေးကြီးဆုံးတစ်ခုက ဖိစီးမှုလျှော့ချဖို့ဖြစ်တယ်လို့ ပြောပါတယ်။
▪️ ကော်တီဆောလ်ဟော်မုန်းက ဆံပင်ပါးစေတာကြောင့် ဖိစီးမှုကို ထိန်းချုပ်ရမယ်လို့ Bulletproof တည်ထောင်သူက ပြောသွားပါတယ်။
▪️ နံနက်ပိုင်းမှာ ပါဝင်ပစ္စည်း ၂ မျိုးပါတဲ့ သောက်စရာသောက်ခြင်းဖြင့် သိသာလာနိုင်တယ်လို့ ဆိုပါတယ်။
▪️ သူ့ဇနီးဖြစ်သူဆိုရင် ဓမ္မတာသွေးဆုံးခါနီးအချိန်မှာ ဆံပင် ၃ ဆလောက်ထူလာပါတယ်။
▪️ ဘိုင်အိုတင် ပမာဏအများအပြား ပါဝင်ရမှာဖြစ်ပြီး ဂျင်ဆင်း၊ နနွင်းမြစ်၊ အက်ရှ်ဝါဂန်ဒါစတဲ့ ဆေးဖက်ဝင်ပင်များလည်း အကြံပြုထားပါတယ်။
▪️ နောက်ထပ်တစ်မျိုးက ဟိမဝန္တာပင်လယ်ဆားကို ရေထည့်ဖျော်ပြီး သောက်သုံးဖို့ ပြောထားပါတယ်။
▪️ ဘာကြောင့်လဲဆိုတော့ အယ်လ်ဒိုစတီရုန်းက သွေးပေါင်ချိန် ထိန်းသိမ်းရာမှာ ပါဝင်ပြီး ဆိုဒီယံ၊ ပိုတက်ဆီယံ၊ အရေးကြီး အီလက်ထရိုလိုက်တွေ ပါဝင်ပါတယ်။
▪️ နံနက်ပိုင်းမှာ ဆားအနည်းငယ် စားသုံးတဲ့အခါ ဖိစီးမှုလျော့ကျစေပြီး နေထိုင်လို့ကောင်းစေတယ်လို့ ဆိုပါတယ်။
▪️ ဆားက ကော်တီဆောလ်ပမာဏကို လျှော့ချပေးပြီး ရေဓာတ်ထိန်းသိမ်းခြင်း၊ အိပ်စက်ခြင်း၊ ကိုယ်အလေးချိန် လျော့ကျခြင်းတို့မှာ အကူအညီဖြစ်စေတယ်လို့ သုတေသနတွေ့ရှိထားပါတယ်။
ဒါပေမဲ့ ဆိုဒီယံ များလွန်းခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း သတိပြုမိဖို့လိုပါတယ်။
▪️ ဟိမဝန္တာဆားရည် သောက်သုံးခြင်းဖြင့် ဆိုဒီယံအပြင် အခြားသတ္တုဓာတ်တွေလည်း ရရှိနိုင်တယ်လို့ အာဟာရပညာရှင် ဂီလီယံကာလ်ဘတ်ဆန်က ပြောသွားပါတယ်။
▪️ သာမန်လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ဆိုဒီယံ ၂၃၀၀ မီလီဂရမ်အောက် စားသုံးပေးဖို့လိုအပ်တယ်လို့ အကြံပြုထားပါတယ်။
▪️ ဒါ့အပြင် ဆားရည်က ဝမ်းချုပ်ခြင်းအတွက်လည်း ဆေးတစ်လက်အဖြစ် အသုံးပြုနိုင်ပါတယ်။
#Source: New York Post
#World_Health
Published 12 January 2025
▪️ မိသားစုတွေ မိတ်ဆွေတွေနဲ့ ဆက်ဆံပြောဆိုနေခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်စေရုံမက နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုရောဂါတို့လို ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ဖွယ် ရှိတယ်လို့ သုတေသနတစ်ခုမှာ တွေ့ထားပါတယ်။
▪️ ယူကေ ကိမ်းဘရစ်ချ်တက္ကသိုလ်နဲ့ တရုတ် ဖူဒန်တက္ကသိုလ်တို့မှ သုတေသီများက ယူကေဘိုင်အိုဘဏ်မှ လူပေါင်း ၄၂၀၀၀ ကျော်ရဲ့ သွေးနမူနာများကို ဆန်းစစ်ခဲ့ကြပါတယ်။
▪️ လူမှုပေါင်းသင်းရေးမှာ အထီးကျန်ခြင်းက ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်တဲ့ ပရိုတိန်းတွေနဲ့ ဆက်စပ်နေတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
▪️ လူမှုပေါင်းသင်းရေး မရှိသူတွေ အထီးကျန်ဝေဒနာ ခံစားရသူတွေဟာ ကွဲပြားသလိုရှိပေမယ့် ထိုပရိုတိန်းတွေနဲ့ ဆက်စပ်နေပါတယ်။
▪️ လူမှုပေါင်းသင်းရေးမရှိခြင်းနဲ့ ပတ်သက်တဲ့ ပရိုတိန်း ၁၇၅ မျိုးတွေ့ခဲ့ပြီး အထီးကျန်ခြင်းနဲ့ ပတ်သက်တဲ့ပရိုတိန်းက ၂၆ မျိုးရှိနေကာ ရောင်ရမ်းခြင်း၊ ဗိုင်းရပ်စ်တုံ့ပြန်ခြင်း၊ ရောဂါဖြစ်ခြင်းတို့မှာ ပါဝင်နေပါတယ်။
▪️ အဓိကပရိုတိန်းတစ်ခုဖြစ်တဲ့ ADM များပြားလာခြင်းဟာ ဦးနှောက်မှ သေးငယ်တဲ့အပိုင်းတွေနဲ့ ဆက်စပ်နေပြီး စောစီးစွာ အသက်ဆုံးပါးနိုင်ခြေ များစေပါတယ်။
▪️ ASGR1ပရိုတိန်းဆိုရင် ကိုလက်စ်ထရောလ်များခြင်း၊ နှလုံးရောဂါ ဖြစ်နိုင်ခြေများခြင်းတို့နဲ့ ဆက်စပ်နေပြီး အင်ဆူလင်ယဉ်ပါးခြင်း၊ သွေးကြောထိခိုက်ခြင်း၊ ကင်ဆာဆိုးရွားခြင်းတို့နဲ့ ဆက်စပ်တဲ့ ပရိုတိန်းတွေလည်း ရှိပါတယ်။
▪️ လူမှုပေါင်းသင်းရေး ကင်းကွာခြင်းနဲ့ အထီးကျန်ခြင်းတို့က ကမ္ဘာ့ကျန်းမာရေး ပြဿနာတွေဖြစ်ပြီး ဒါတွေကိုဖြေရှင်းမှ ကျန်းမာရေးအခြေအနေ တိုးတက်စေနိုင်မှာ ဖြစ်တယ်လို့ ကိမ်းဘရစ်ချ်တက္ကသိုလ်မှ ဘာဘရာဆာဟာကီယန်က ပြောပြပါတယ်။
▪️ ဒါကြောင့် စိတ်ကျန်းမာရေး အတွက်သာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပါ ရေရှည်ကောင်းမွန်ဖို့အတွက် လူမှုပေါင်းသင်းဆက်ဆံနေထိုင်ဖို့ အရေးကြီးကြောင်းကို ဖော်ပြသွားပါတယ်။
#Source: India Today
အမေရိကန် လတ်စ်ဗေးဂတ်စ်မြို့မှာ ကျင်းပတဲ့ ၂၀၂၅ အီလက်ထရွန်နစ်ပြပွဲ(CES)မှာ တရုတ်ပြည်ထုတ် AIထုတ်ကုန်အသစ်များ နေရာယူခဲ့ကြပါတယ်။
#World_Technology
Published 11 January 2025
#အီလက်ထရွန်နစ်နည်းပညာပြပွဲ #AIထုတ်ကုန်ပစ္စည်းများ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 11 January 2025
၁။ အသက် ၂နှစ်မှ၁၈နှစ်အတွင်း မသန်စွမ်းကလေးငယ်များကို ယူနီဆက်ထောက်ပံ့မည်
၂။ ပဲစင်းငုံတန်ချိန်၂၇၀၀ စုပေါင်းရောင်းချပွဲ၌ အပ်ကုန်စနစ်ဖြင့်ပါ လက်ခံပေးနေ
၃။ မြန်မာ-ဘယ်လာရုစ် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုမည်
၄။ ၂၀၂၅ အီလက်ထရွန်နစ်နည်းပညာပြပွဲ၌ တရုတ် AI ထုတ်ကုန်ပစ္စည်းများ လူကြိုက်များ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 285 of 1144