#World_Health
Published 29 May 2025
▪️ အစ္စရေးလ်မှ အသက် ၃၇ နှစ်အရွယ် ရောဂါကြီးကြီးမားမား အခံမရှိတဲ့ အမျိုးသမီးဟာ တက်တူးထိုးပြီးနောက် အမြင်အာရုံဝေဝါးတဲ့လက္ခဏာ စတင်ခံစားလာရတယ်လို့ အစ္စရေးလ်ဆေးဖက်ဆိုင်ရာအဖွဲ့အစည်းရဲ့ ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
▪️ ရေဘင်ဆေးရုံမှာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် မျက်လုံးဆိုးရွားစွာ ရောင်ရမ်းခြင်း (ဆာကွိုင်ဒိုဆစ်) ခံစားနေရတယ်လို့ တွေ့ရှိခဲ့ပါတယ်။
▪️ တက်တူးအသားစ စစ်ဆေးရာမှာ ခုခံအားဆဲလ်များ ရောင်ရမ်းတဲ့လက္ခဏာ တွေ့ရကာ ဒီအတွက် တက်တူးက အကြောင်းအရင်းဖြစ်နေပြီး မျက်လုံးကန်းလုနီးပါး ဖြစ်ခဲ့ပါတယ်။
▪️ ဆာကွိုင်ဒိုဆစ်ဆိုတာက အနှံ့အပြား ရောင်ရမ်းတဲ့ရောဂါဖြစ်ပြီး အဆုတ်၊ လင့်ဖုများ၊ မျက်လုံးစတဲ့ အင်္ဂါအမျိုးမျိုးမှာ ဆဲလ်များရောင်ရမ်းတာ ဖြစ်ပါတယ်။
▪️ အဆင့်မြင့်ကုထုံးများ မပြောင်းလဲခင် အစပိုင်းမှာ စတီးရွိုက်ဖြင့် ကုသခဲ့ရာမှာ အမြင်အာရုံ သိသိသာသာ တိုးတက်လာခဲ့ပါတယ်။
▪️ ဒီနေရာမှာ တက်တူးမင်က ဓာတုရောင်ခြယ်အမျိုးမျိုး ပါဝင်နိုင်ကာ ခုခံအားအလွန်တုံ့ပြန်တတ်သူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ နှောင့်နှေးခုခံတုံ့ပြန်မှုဖြစ်ပေါ်စေပါတယ်။
▪️ တက်တူးထိုးသူတွေရဲ့ ၁၀ ရာခိုင်နှုန်းဟာလည်း အရေပြားဓာတ်ပြုခြင်းမျိုး၊ ဓာတ်မတည့်ခြင်း၊ ဆဲလ်ရောင်ရမ်းခြင်းများနဲ့ အရေပြားအကျိတ်တို့ပင် ဖြစ်ပေါ်စေနိုင်ပါတယ်။
▪️ အချို့မင်တွေမှာ အသိအမှတ်ပြုထားခြင်းမရှိတဲ့ ပစ္စည်းတွေ ပါဝင်နေနိုင်ပြီး တစ်ခါတလေမှာ ကင်ဆာဖြစ်စေနိုင်တဲ့အရာတွေပါ တွေ့ရတတ်ပါတယ်။
▪️ သန့်စင်ခြင်းမရှိတဲ့ အခြေအနေတွေမှာ တက်တူးထိုးမိတဲ့အခါ ကူးစက်ရောဂါ ဖြစ်ပွားနိုင်တာကိုလည်း ဆက်စပ်တွေ့ရှိထားပါတယ်။
▪️ ဒါကြောင့် တက်တူးထိုးဖို့ ဆုံးဖြတ်ရင် ဘေးအန္တရာယ်တွေအကြောင်း သေချာသိရှိထားဖို့နဲ့ ကျွမ်းကျင်သန့်ရှင်းမှုရှိတဲ့ နေရာကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။
#Source: The Jerusalem Post