#World_Health
Published 29 May 2025

▪️ အဝလွန်ခြင်းအခြေအနေက ကျန်းမာရေးအန္တရာယ်တွေ ဖြစ်လာနိုင်တာ သိထားပြီးဖြစ်သလို ဆီးချို၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အချို့သောကင်ဆာများပါ ဖြစ်နိုင်ခြေ များစေပါတယ်။

▪️ မကြာသေးမီက ဥရောပကွန်ဂရက်မှာ ဖော်ပြခဲ့တဲ့ သုတေသနတစ်ခုမှာ အဆီပိုလျှံခြင်းက ဆယ်ကျော်သက်တွေမှာ ဦးနှောက်အပေါ် သက်ရောက်လာနိုင်ခြေရှိတယ် ဆိုတာက စိုးရိမ်စရာဖြစ်လာပါတယ်။

▪️ ဆယ်ကျော်သက်တွေမှာ အဝလွန်ခြင်းက ဦးနှောက်တည်ဆောက်ပုံမှာ များစွာပြောင်းလဲစေနိုင်ပြီး မှတ်ဉာဏ်ပိုင်း၊ သင်ယူမှုအပိုင်း၊ စိတ်ခံစားချက်ထိန်းချုပ်ခြင်းအပိုင်းတို့နဲ့ ဆက်စပ်တဲ့ ဦးနှောက်နေရာတွေမှာ အဓိကတွေ့ရပါတယ်။

▪️ ဆယ်ကျော်သက် ၃,၃၀၀ ကျော်ကို ဦးနှောက်ဓာတ်မှန်ရိုက်ပြီးနောက် ဝမ်းဗိုက်အဆီများနေတဲ့ သူတွေဟာ သာမန်လူတွေထက်စာရင် ဦးနှောက်အစိတ်အပိုင်း အများအပြားမှာ ထုထည်ပိုကြီးနေတာ တွေ့ရပါတယ်။

▪️ ဒီရလဒ်တွေအရ အဝလွန်ခြင်းက ဆယ်ကျော်သက်တွေရဲ့ ဦးနှောက်စွမ်းရည်အပေါ် ဘယ်လောက်အထိ သက်ရောက်နေလဲဆိုတာ စိုးရိမ်စရာ ဖြစ်လာပါတယ်။

▪️ အသက် ၁၃/၁၄ လောက်တည်းက ဖြစ်ပေါ်နေတာကြောင့် နောက်ပိုင်းအသက်ကြီးလာတဲ့အခါ မှတ်ဉာဏ်ပြဿနာတွေ ဒီမန်ရှာတွေ ဖြစ်လာနိုင်ခြေ များနေတယ်လို့ တက္ကဆပ်ကျန်းမာရေးသိပ္ပံတက္ကသိုလ်မှ ပရော်ဖက်ဆာ ဒေါက်တာ အော်ဂတ်စ်တိုဆီဆာဒီမိုရက်စ်က ပြောပါတယ်။

▪️ ဒါ့အပြင် ပတ်ဝန်းကျင်အနေအထားအရ အခွင့်အလမ်းနည်းပါးတဲ့ ဆယ်ကျော်သက်တွေဟာ အခွင့်အလမ်းများတဲ့ ဆယ်ကျော်သက်တွေထက် ဦးနှောက်အဓိကနေရာတွေမှာ ဖွံ့ဖြိုးလျော့နည်းတာ တွေ့ရပါတယ်။

▪️ ဆယ်ကျော်သက်တွေမှာ အဝလွန်ခြင်းကို ကာကွယ်ကုသခြင်းဖြင့် ကျန်းမာရေးသာမက ဦးနှောက်ကိုပါ တိုးတက်စေနိုင်မှာ ဖြစ်ပါတယ်။

▪️ အမေရိကန်မှာ အသက် ၂ နှစ်မှ ၁၉ နှစ်ကြား လူငယ်တွေမှာ အဝလွန်နိုင်ခြေက ၁၉၉၉-၂၀၀၀ ဝန်းကျင်မှာ ၁၃.၉ ရာခိုင်နှုန်းရှိရာကနေ ၂၀၂၁-၂၀၂၃ မှာ ၂၁.၁ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။

#Source: New York Post