#World_News
Published 28 May 2025

▪️ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံခြားကျောင်းသားများရဲ့ ဆိုရှယ်မီဒီယာများကို ခရေစေ့တွင်းကျ စိစစ်ဖို့ ပြင်ဆင်နေရာ သမ္မတဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က ကျောင်းသားနဲ့ လာရောက်နေထိုင်သူ ဗီဇာလျှောက်ထားချိန်းဆိုမှုများ စီစဉ်နေခြင်းကို ရပ်တန့်ဖို့ ညွှန်ကြားလိုက်ကြောင်း သမ္မတရုံးစာတမ်းတစ်ခုမှာ ဖော်ပြထားတယ်လို့ ရိုက်တာသတင်းဌာနက အင်္ဂါနေ့မှာ ဖော်ပြခဲ့ပါတယ်။

▪️ ပြန်လည်သုံးသပ်မှုနဲ့ အကြံပေးကဏ္ဍ ပြုလုပ်အပြီးမှာ ဒီလိုဗီဇာလျှောက်ထားချိန်းဆိုမှု စီစဉ်ခြင်းကို ရပ်တန့်ဖို့အတွက် နိုင်ငံခြားရေးဌာနက ကျောင်းသားနဲ့ လာရောက်နေထိုင်သူ လျှောက်ထားသူတွေရဲ့ ဆိုရှယ်မီဒီယာ သေချာစိစစ်မှုများနဲ့ ပတ်သက်ပြီး မွမ်းမံလမ်းညွှန်ချက်များ ထုတ်ပြန်သွားရန် စီစဉ်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောထားပါတယ်။

▪️ ထရမ့်အစိုးရက လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများကို ကြပ်မတ်ဖို့ အားထုတ်နေရာ အများအပြား နေရပ်ပြန်ပို့ခြင်းများ၊ ကျောင်းသားဗီဇာ ရုတ်သိမ်းခြင်းများပြုလုပ်ရန် ကြံစည်နေပါတယ်။

▪️ ဟားဗတ်တက္ကသိုလ်မှ ကျောင်းသားများစွာနဲ့ ပရော်ဖက်ဆာတွေဟာ နိုင်ငံခြားကျောင်းသားများကို ထောက်ခံကြောင်း ကျောင်းဝင်းအတွင်း ဆန္ဒထုတ်ဖော်ခဲ့ကြသလို တက္ကသိုလ်အတွက် ထရမ့်အစိုးရမှ ထောက်ပံ့ငွေ ဖြတ်တောက်ခြင်းကိုလည်း ဆန္ဒပြခဲ့ကြပါတယ်။

▪️ နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ်က အမေရိကန်သို့ ဝင်ရောက်မယ့်သူအားလုံးကို သေချာစိစစ်သွားရန် အတိုင်းအတာအားလုံး အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

▪️ အကြံပေးအတိုင်ပင်ခံတွေအနေနဲ့ အမေရိကန်နိုင်ငံသားများ၊ လူဝင်မှုဗီဇာများနဲ့ လိမ်လည်မှုကာကွယ်ရေးတို့အတွက် ဝန်ဆောင်မှုများအပေါ် ဆက်လက်အလေးပေးဖို့လည်း အစိုးရစာတမ်းထဲမှာ အကြံပြုထားပါတယ်။

▪️ ထရမ့်ကိုဝေဖန်သူတွေကတော့ ဒီလိုလုပ်ရပ်တွေဟာ အမေရိကန် အခြေခံဖွဲ့စည်းပုံပြင်ဆင်ချက်အရ လွတ်လပ်စွာပြောဆိုခွင့်ကို ထိပါးဖို့ကြိုးစားတာပဲလို့ ဆိုထားပါတယ်။

▪️ ပြီးခဲ့တဲ့ရက်သတ္တပတ်က ထရမ့်အစိုးရအဖွဲ့ဟာ ဟားဗတ်ရဲ့ နိုင်ငံခြားကျောင်းသားများ လက်ခံအပ်နှံခွင့်ကို ရုတ်သိမ်းဖို့လုပ်ခဲ့ပါတယ်။

#Source: Reuters