#World_Health
Published 15 December 2024
▪️ ကိုဗစ်ရောဂါဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ဟာ ရောဂါကူးစက်ပြီးသည့်တိုင်အောင် ဦးခေါင်းနဲ့ အမြှေးပါးတွေထဲမှာ ဆက်ရှိနေနိုင်တယ်လို့ ဂျာမနီသုတေသီများ လေ့လာဖော်ပြထားပါတယ်။
▪️ ဗိုင်းရပ်စ်ရဲ့ စပိုက်ခ်ပရိုတိန်းဟာ ဦးနှောက်ထဲက အကာအကွယ်အလွှာများ၊ အမြှေးပါးများ၊ ဦးခေါင်းရိုးတွင်းခြင်ဆီတို့ထဲမှာ ၄ နှစ်လောက်အထိ ဆက်ရှိနေနိုင်တယ်လို့ ဟမ်းဟော့ဇ်မြူးနစ်နဲ့ လုဒ်ဝစ်မက်ဆီမီလီယန်စ် တက္ကသိုလ်တို့မှ သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။
▪️ အဆိုပါ ပရိုတိန်းတွေဟာ နာတာရှည်ရောင်ရမ်းခြင်း ဖြစ်စေကာ အာရုံကြောချို့တဲ့ရောဂါများ ဖြစ်နိုင်ခြေ များစေတယ်လို့ သိထားပါတယ်။
▪️ ဗိုင်းရပ်စ်ရဲ့ အာရုံကြောသက်ရောက်မှုများက ဦးနှောက်ကို လျင်မြန်စွာ ရင့်ရော်စေပြီး ဦးနှောက်လုပ်ဆောင်ချက်များ ၅ နှစ်ကနေ ၁၀ နှစ်စာအထိ သက်တမ်းတိုစေပါတယ်။
▪️ ကိုဗစ်နောက်ဆက်တွဲ လက္ခဏာများအနေနဲ့ ခေါင်းကိုက်ခြင်း၊ အိပ်ရေးပျက်ခြင်း၊ ဦးနှောက်ထိုင်းမှိုင်းခြင်းကဲ့သို့ ဦးနှောက်ချို့ယွင်းမှုများ ဖြစ်တတ်ပါတယ်။
▪️ ကမ္ဘာတဝှမ်းမှ ကိုဗစ်လူနာ ၅ - ၁၀ ရာခိုင်နှုန်းလောက်ဟာ ကိုဗစ်နောက်ဆက်တွဲလက္ခဏာများ ခံစားနေရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
▪️ ဦးနှောက်ထဲမှ စပိုက်ခ်ပရိုတိန်းများ စုပြုံလာခြင်းကို လျှော့ချဖို့အတွက် ကာကွယ်ဆေးများ ထုတ်လုပ်ရာမှာ တိရိစ္ဆာန်များနဲ့ စမ်းသပ်မှုတွေထဲမှာ ၅၀ ရာခိုင်နှုန်းသာ လျှော့ချနိုင်ပြီး ကျန်ရှိတဲ့ ပရိုတိန်းတွေဟာလည်း အဆိပ်သင့်နိုင်ခြေ ရှိနေပါသေးတယ်။
▪️ ဒီတွေ့ရှိမှုကြောင့် ကိုဗစ်-၁၉ ရေရှည်သက်ရောက်မှုကို ဆက်လက်ရှာဖွေရန် အရေးကြီးကြောင်း ဖော်ပြနေပါတယ်။
#Source: India Today
ကမ္ဘာ့စီးပွားရေးမရေရာမှုများရှိသော်ငြား တရုတ်စီးပွားရေးခံနိုင်ရည်ရှိမှုကြောင့် ဂျီဒီပီတိုးတက်မှု (၅)ရာခိုင်နှုန်းပြည့်မီဖွယ်ရှိဟုဆို
တရုတ်ပြည်ရဲ့ စီးပွားရေးဟာ တစ်ကမ္ဘာလုံးပျမ်းမျှစီးပွားရေးထက် သာလွန်နေကာ ကမ္ဘာ့စီးပွားရေး မရေရာမှုများ ရှိနေပေမယ့် တရုတ်စီးပွားရေးကတော့ ရေရှည်တိုးတက်မှု မြင်နေရတယ်လို့ ကျွမ်းကျင်သူများ ပြောကြားလိုက်ပါတယ်။
#Asia_Economy
Published 14 December 2024
#စီးပွားရေးခံနိုင်ရည်ရှိမှု #တရုတ်ပြည်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 14 December 2024
၁။ ထိုင်းဗီဇာလျှောက်ထားရာတွင် e-Visa (အွန်လိုင်း) စနစ်သစ်ဖြင့် လျှောက်ထားရမည်
၂။ အိန္ဒိယနှင့်ဖိလစ်ပိုင်သို့တင်ပို့နေသောကြောင့် ပြောင်းဈေးအတက်ဘက်သာရှိနေ
၃။ လတ်တလော ရွှေဈေးကွက်အေးနေပြီး ရွှေဈေးထပ်ကျဦးမည်
၄။ ကမ္ဘာ့စီးပွားရေး မရေရာမှုများရှိသော်ငြား တရုတ်စီးပွားရေးခံနိုင်ရည်ရှိမှုကြောင့် ဂျီဒီပီတိုးတက်မှု (၅)ရာခိုင်နှုန်းပြည့်မီဖွယ်ရှိဟုဆို ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၁၄ ဒီဇင်ဘာ ၂၀၂၄
▪️ထိုင်းနိုင်ငံ တပ်ခ်ခရိုင်၊ အမ်ဖန်ခရိုင်တွင် တပ်ခ်ကြက်ခြေနီအသင်းက ကြီးမှူးကျင်းပတဲ့ “ ဖန်ဒင်ဒွိုင်လွိုင်ဖ ရန်ပုံငွေပွဲတော်တစ်ခုအတွင်း ဗုံးပေါက်ကွဲမှုမှာ သံသယတရားခံတွေဖြစ်တဲ့ ကေအင်န် ယူလက်နက်ကိုင်အဖွဲ့ဝင်တစ်ဦးနှင့် ထိုင်းနိုင်ငံသားတစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းမီဒီယာများက သတင်းဖော်ပြကြပါတယ်။
▪️ယမန်နေ့ည ၁၁နာရီ ၃၅မိနစ်ခန်မှာ အဆိုပါပွဲခင်းထဲသို့ လက်ပစ်ဗုံးတစ်လုံးပစ်သွင်းဖောက်ခွဲခံခဲ့ရ တာဖြစ် ပြီး အဲဒီအချိန်မှာ ပရိဿတေ်က ၈၀၀၀နှင့် ၉၀၀၀ အကြားရှိနေခဲ့ပါတယ်လို့ ထိုင်းရဲဗိုလ်ချုပ် ကြီး အာချယွန်ကရိတ်သောင်းက ပြောပါတယ်။ အဆိုပါပေါက်ကွဲမှုကြောင့် လူ(၄)ဦးသေဆုံးပြီး ၄၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
▪️ရဲတပ်ဖွဲ့ဟာ ပွဲတော်လာပရိဿတ်ကြားထဲ ဗုံးပစ်သွင်းခဲ့သူကိုတွေ့မြင်ခဲ့တဲ့ မျက်မြင်သက်သေတွေကို ခေါ်ယူမေးမြန်းခဲ့ပါတယ်။
▪️အဲဒီဗုံးဟာ ထိခိုက်မှုကြီးမားတဲ့ စစ်တပ်သုံးအဆင့်ဗုံးဖြစ်ပုံရတဲ့အတွက် လက်ပစ်ဗုံးဖောက်ခွဲသူဟာ အရပ်သားတစ်ဦးမဖြစ်နိုင်ဘူးလို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်ထားခဲ့ကြပါတယ်။
▪️နောက်ပိုင်းမှာ ရဲနှင့်ထိုင်းစစ်တပ်တို့ ပူးပေါင်းစစ်ဆေးဖော်ထုတ်မှုများအရ တရားခံနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။ အဲဒီနှစ်ဦးထဲမှာ တစ်ဦးက မစ္စတာအေ လို့ ရဲကသတ်မှတ်ထားသူ ထိုင်းနိုင်ငံသား တစ်ဦးဖြစ်ပြီး နောက်တစ်ဦးကတော့ ကရင်အမျိုးသားအစည်းအရုံး(ကေအင်န်ယူ)က မစ္စတာ ဂျော်ရီသူ တို့ဖြစ်တယ်လို့သိရပါတယ်။ ဂျော်ရီသူဟာ ဖေဖော်ဝါရီလတုန်းက မူးယစ်အမှုနှင့် ဖမ်းဆီးခံခဲ့ရဖူးသူလို့ လည်းဆိုပါတယ်။
▪️ကနဦးစစ်ဆေးမှုများအရ ကေအင်ယူလက်နက်ကိုင်အဖွဲ့ဝင်ဖြစ်တဲ့သူဟာ ဗုံးပါတဲ့ အိတ်ကိုသယ်ယူခဲ့ တယ်လို့ ဝန်ခံပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက လွိုင်ကရက်သောင်းပွဲတော်(ဆီးမီးမျှော်ပွဲတော်) အတွင်း ကေအင်န်ယူသူပုန်အဖွဲ့နှင့်သူတို့အကြား ကတောက်ကဆတစ်ခုဖြစ်ခဲ့လို့ အဲဒါကို လက်စား ချေဖို့အတွက် ဒီလိုလုပ်ရတာဖြစ်တယ်လို့ သူက ထွက်ဆိုခဲ့ပါတယ်။
▪️ထိုင်းရဲချုပ်က အဆိုပါဝမ်းနည်းဖွယ်အဖြစ်အပျက်အတွက် ဝမ်းနည်းကြောင်းပြောဆိုခခဲ့ပြီး ဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝါထရာကလည်း အဖြစ်အပျက်ကို အပြည့်အဝေစုံစမ်းဖော်ထုတ်ဖို့ ညွှန်ကြားထားပါ တယ်။အဲဒါကြောင့် ယခုအမှုကို ဒုရဲချုပ်ကိုယ်တိုင်ဦးစီးကြီးကြပ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။
Source The Nation
၁၃ ဒီဇင်ဘာ ၂၀၂၄
▪️တောင်ကိုရီးယားးသမ္မတ ယွန်ဆပ်ယိုးအပေါ် အတိုက်အခံဦးဆောင်တဲ့ပါလီမန်က ယနေ့ဒီဇင်ဘာ ၁၃ရက်တွင်ပြုလုပ်တဲ့ ဒုတိယအကြိမ် စွပ်စွဲပြစ်တင်မှု အထမြောက်သွားပါတယ်။ သမ္မတယိုးက သူ့အနေ နှင့် သူ့ရဲ့ အနာဂတ်နိုင်ငံရေးအတွက် တွန်းလှန်တိုက်ခိုက်သွားမယ်လို့ ကတိပြုလိုက်ပါတယ်။
▪️တောင်ကိုးရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေ တရာရုံးက ယွန်းကို သမ္မတအဖြစ်က ဖယ်ရှားရေးကို လာမယ့် ခြောက်လအတွင်းဆုံးဖြတ်ပေးရမှာဖြစ်ပါတယ်။ အကယ်၍ သူ့ကိုဖယ်ရှားနိုင်ခဲ့ရင် ရွေးကောက်ပွဲတစ်ခု ပြန်လည်ကျင်းပေးရပါလိမ့်မယ်။
▪️ယွန်းခန့်အပ်ထားတဲ့ ဝန်ကြီးချုပ် ဟန်ဒတ်ဆိုဟာ ယာယီသမ္မတအဖြစ် တာဝန်လွှဲပြောင်းထမ်းဆောင် လိုက်ရပါတယ်။ ယွန်းဟာ သမ္မတအဖြစ်ဆက်ရှိနေသေပေးမယ့် သူ့ရဲ့ သမ္မတလုပ်ပိုင်ခွင့်အာဏာတွေ အားလုံး ရပ်ဆိုင်းခံလိုက်ရတာဖြစ်ပါတယ်။
▪️သမ္မတယွန်းအပေါ်စွပ်စွဲပြစ်တင်မှု အနိုင်ရရှိကြောင်းတဲ့သတင်းကြောင့် အဲဒါကိုထောက်ခံသူတွေက အောင်ပွဲခံကြပါတယ်။ ယွန်းကိုထောက်ခံဆန္ဒပြသူတွေကတော့ အဲဒီသတင်းကြောင့် ခပ်မြန်မြန်ပဲ လူစု ကွဲသွားကြပါတယ်။
▪️ယွန်းအပေါ်စွပ်စွဲပြစ်တင်မှုကို ယွန်းရဲ့ အာဏာရပါတီအမတ် ၁၂ဦးက ထောက်ခံမဲပေးခဲ့ကြပါတယ်။ အဲဒါကြောင့် ထောက်ခံမဲ ၂၀၄ မဲ၊ ကန့်ကွက်မဲ ၈၅ မဲနှင့် ကြားနေ ၃မဲ၊ ပျက်ပြယ်မဲ ၈မဲတို့ဖြင့် စွပ်စွဲပြစ်တင် မှုကို အတည်ပြုနိုင်ခဲ့ပါတယ်။
Source: The Reuters
#World_News
Published 14 December 2024
▪️ တရုတ်ကုမ္ပဏီပိုင် TikTokအက်ပလီကေးရှင်း ပိတ်ပင်ခြင်းအပေါ် ပိတ်ဆို့ကန့်ကွက်ပေးရန် တောင်းဆိုမှုကို အမေရိကန် အစိုးရအယူခံတရားရုံးက ဒီဇင်ဘာ(၁၃)ရက်နေ့မှာ ငြင်းဆိုလိုက်ပါတယ်။
▪️ ဒီစီဆားကစ် အယူခံတရားရုံးက TikTokရဲ့ တောင်းဆိုချက်ကို ငြင်းပယ်လိုက်ကာ ဒီလိုပိတ်ဆို့ကန့်ကွက်တာဟာ ခိုင်လုံမှုမရှိဘူးလို့ ပြောပါတယ်။
▪️ အခုဆိုရင် အမေရိကန်မှာ TikTokရဲ့ အနာဂတ်အခြေအနေက စွန့်စားမှုမြင့်မားတဲ့ တရားရုံးချုပ်ဆီ ဦးတည်နေပြီဖြစ်ပါတယ်။
▪️ အမေရိကန်မှာ ဇန်နဝါရီ(၁၉)ရက်နေ့ စတင်အကျုံးဝင်မယ့် ဥပဒေတစ်ခုအရ TikTokကို တရုတ်လူမျိုးမဟုတ်တဲ့ ပိုင်ရှင်ထံ ရောင်းချရမှာဖြစ်ပြီး ဒီလိုမဟုတ်ပါက အမေရိကန်မှာ အပြည့်အဝ ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။
▪️ သတ်မှတ်ရက် ကျော်လွန်ပြီးတဲ့အခါ TikTokကို အသုံးပြုခွင့်ပေးနေသေးတဲ့ အမေရိကန်အခြေစိုက် အက်ပ်စတိုးများနဲ့ အင်တာနက်ဝန်ဆောင်မှုပေးသူများကို ဒဏ်ကြေးရိုက်သွားမှာ ဖြစ်ပါတယ်။
▪️ အယူခံတရားရုံးက ခေတ္တဖြေလျှော့ခွင့်မပြုပါက TikTok ဟာ ဒီကိစ္စကို တရားရုံးချုပ်ထံ တိုးမြှင့်တင်ပြသွားဖို့ ရည်ရွယ်နေပါတယ်။
▪️ ဒီတရားရုံးအနေနံ ပိုမိုချင့်ချိန်ပြီး စည်းစနစ်ကျကျ လုပ်ဆောင်နိုင်စေမယ့် ကြားဖြတ်အမိန့်ကို ခွင့်ပြုသင့်တယ်လို့ TikTokရှေ့နေများက တင်သွင်းချက်တွေထဲမှာ ရေးသားထားပါတယ်။
▪️ အယူခံတရားရုံးက ငြင်းပယ်တဲ့အတွက် ဒီကိစ္စကို တရားရုံးချုပ်က ကိုင်တွယ်ရလိမ့်မယ်လို့ ကုမ္ပဏီရှေ့နေတွေ ပြောနေကြပါတယ်။
▪️ သမ္မတဖြစ်လာမယ့် ဒေါ်နယ်ထရမ့်က ထိုသတ်မှတ်ချိန်ကို တိုးချဲ့ခွင့်တစ်ကြိမ် ရှိနေပါတယ်။
▪️ ဘိုင်ဒင်အစိုးရအဖွဲ့ အရာရှိတွေက TikTokကို တရုတ်ကုမ္ပဏီ ပိုင်ဆိုင်တာနဲ့ ပတ်သက်ပြီး နိုင်ငံတော်လုံခြုံရေး စိုးရိမ်မှုတွေကို ချက်ချင်းဖြေရှင်းဖို့ အာရုံစိုက်နေကြပါတယ်။
▪️ TikTokကုမ္ပဏီ ByteDanceက အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို တရုတ်အစိုးရထံ ပေးပို့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းပယ်ထားပါတယ်။
#Source: WION
#World_Science
Published 14 December 2024
▪️ စကြဝဠာကြီးဟာ အဆက်မပြတ် တုန်ခါနေတယ်ဆိုတဲ့ အထောက်အထားကို ဩစတြေးလျမှ သိပ္ပံပညာရှင်များ စုဆောင်းတွေ့ရှိထားပါတယ်။
▪️ ဗဟိုချက်ဆွဲအားလှိုင်း အကြီးဆုံးရှာဖွေစက် အသုံးပြုကာ ဂလက်ဆီဗဟိုရှိ တွင်းနက်ကြီးများ တစ်ခုနဲ့တစ်ခု ပွတ်တိုက်ရာကနေ တုန်ခါမှုဖြစ်လာတယ်လို့ တင်ပြထားပါတယ်။
▪️ ဒီလေ့လာမှုကို ဆွင်းဘန်းနည်းပညာတက္ကသိုလ်မှ မက်သရူးမိုင်းလ်စ်၊ မိုနက်ရှ်တက္ကသိုလ်မှ ရိုဝီနာနေသန်တို့က ပြုလုပ်ခဲ့ပြီး ဖော်ပြခဲ့ကြပါတယ်။
▪️ အာကာသနဲ့ အချိန်လှုပ်ရှားမှုများကြား ဆွဲငင်အားလှိုင်းများဖြစ်ပေါ်ကာ တွင်းနက်ကြီးတွေလို ဧရာမအရာဝတ္ထုများ ပွတ်တိုက်ပြီး လှိုင်းတွေဖြစ်ပေါ်ပါတယ်။
▪️ အကြီးဆုံးတွင်းနက်ကြီးတွေက အနှေးဆုံးနဲ့ အင်အားအကြီးဆုံး လှိုင်းတွေဖြစ်ပေါ်စေပါတယ်။
▪️ ယခုနောက်ဆုံးနှစ် မတိုင်ခင်အထိ ဒါတွေကို မသိရှိခဲ့ဘဲ ကမ္ဘာပေါ်က ရှာဖွေရေးစက်က တွင်းနက်ငယ်များ ပွတ်တိုက်လို့ ထွက်လာတဲ့ ကြိမ်နှုန်းမြင့် ဆွဲငင်အားလှိုင်းတွေကိုသာ သိရှိပါတယ်။
▪️ ယခုနောက်ဆုံး ထုတ်ပြန်မှုမှာတော့ ကြိမ်နှုန်းနိမ့် ဆွဲငင်အားလှိုင်းများ ရှိတယ်ဆိုတဲ့ အထောက်အထားများ တွေ့ရှိလာကာ စကြဝဠာကြီးဟာ ထင်ထားတာထက် ပိုမိုလှုပ်ရှားတယ်လို့ သိလာရပါတယ်။
▪️ ဧရာမတွင်းနက်ကြီးတွေဟာ ဂလက်ဆီအများစုရဲ့ ဗဟိုမှာတည်ရှိတယ်လို့ ယူဆရပြီး နေလုံးထုထည်ထက် အဆပေါင်းဘီလီယံပိုများကာ လေ့လာဖို့ ခက်ခဲပါတယ်။
▪️ ဂလက်ဆီ ၂ ခုပူးပေါင်းသွားတဲ့အခါ ဗဟိုမှာရှိတဲ့ တွင်းနက်ကြီးတွေ တစ်ခုနဲ့တစ်ခု ရောယှက်လာပြီး အင်အားကြီးဆွဲငင်အားလှိုင်းများ ဖြစ်ပေါ်စေပါတယ်။
▪️ လှိုင်းတစ်ခုတည်း မဟုတ်ဘဲ မျက်နှာပြင် အဖက်ဖက်ကို ဦးတည်ထွက်နေကြတဲ့ လှိုင်းတွေမြင်ရနိုင်တယ်လို့ ဆိုပါတယ်။
▪️ ယခင်တွေ့ရှိထားတာထက် ဧရာမတွင်းနက်ကြီးတွေ များစွာရှိနေတယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။
#Source: WION
Page 173 of 1010