Published_ 21 September 2022
အကြမ်းဖက်မှုနှင့်လက်နက်မှောင်ခိုမှု ချိတ်ဆက်နေသဖြင့် တစ်ပေါင်းတည်း တိုက်ဖျက်ရန်လိုအပ်တယ်လို့ ပြည်ထဲရေးဒုတိယဝန်ကြီး/ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်က အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းမဏ္ဍိုင်မူဘောင်မှ နိုင်ငံဖြတ်ကျော်မှုခင်း များ တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
အာဆီယံ အဖွဲဝင်နိုင်ငံများတွင် အဆိုပါအစည်းအဝေးကို နှစ်စဉ်ကျင်းပလျက်ရှိရာ (၁၆) ကြိမ်မြောက် AMMTC နှင့် ဆက်စပ်အစည်းအဝေးများကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ 16th AMMTC အစည်းအဝေးကို အာဆီယံ ၁၀ နိုင်ငံမှ ဝန်ကြီးအဆင့် AMMTC ခေါင်းဆောင်များ၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ASEANAPOL ၊ DGICM တိုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး/ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက် ဦးဆောင်၍ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့် ရဲအရာရှိကြီးများက နေပြည်တော်မှ တက်ရောက်ခဲ့ကြပါတယ်။
16th AMMTC စုံညီအစည်းအဝေးတွင် သဘာပတိ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး H.E. Samdech Kralahorm Sar Kheng က အဖွင့်အမှာစကား ပြောကြားပြီး အာဆီယံဒုတိယအတွင်းရေးမှူးချုပ် H.E. R.M. Michael Tene က အာဆီယံဒေသတွင်း လတ်တလော ဖြစ်ပေါ်တိုးတက်မှုများနှင့် အာဆီယံမူဘောင်များနှင့် ကိုက်ညှိ၍ AMMTC လုပ်ငန်းစဉ် ဆောင်ရွက်နေမှု များကို ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။
မြန်မာအဖွဲခေါင်းဆောင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး/ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်က လက်နက်မှောင်ခိုမှုခင်းများသည် ဒုစရိုက်ဂိုဏ်းများ၊ အကြမ်းဖက် သမားများ၊ မူးယစ်ဆေးဝါး ဂိုဏ်းအဖွဲများကဲ့သိုသော Non-State Actor များအတွက် အထောက်အကူပေးနိုင်ရုံသာမက လူ့အသိုင်းအဝိုင်းများ၏ လုံခြုံဘေးကင်းမှုအပေါ်တွင် လည်း ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
16th AMMTC စုံညီအစည်းအဝေးတွင် လူကုန်ကူးမှု၊ အထူးသဖြင့် အမျိုးသမီး များနှင့် ကလေးသူငယ်များကို လူကုန်ကူးမှုတိုက်ဖျက်ရေး အာဆီယံကွန်ဗင်းရှင်း (ACTIP) အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံအလိုက် ကိုယ်စားလှယ်များအတွက် လုပ်ငန်းလမ်းညွှန်(TOR)နှင့် (၁၆) ကြိမ်မြောက် AMMTC အစည်းအဝေး ပူးတွဲကြေညာ ချက်ကို အတည်ပြုခဲ့ကြောင်း သတင်းရရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#local_news
Published_ 21 September 2022
မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အကြမ်းဖက်အဖွဲ့အစည်းများနှင့် တရားမဝင် အဖွဲ့အစည်းများဖြစ်သည့် NUG ၊ CRPH နှင့် NUCC ဟုခေါ်ဆိုသည့် အဖွဲ့များနှင့် နယူးယောက်မြို့တွင် တွေ့ဆုံခဲ့တဲ့ကိစ္စအပေါ် မြန်မာနိုင်ငံအနေဖြင့် ကန့်ကွက်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ကမ္ဘောဒီးယားနိုင်ငံခြား ရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်၌ လက်ခံတွေ့ဆုံစဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ထိုကဲ့သို့ အာဆီယံ၏ ပဋိညာဉ်၊ စည်းမျဉ်းများနှင့် ဆန့်ကျင်နေတဲ့ ဆောင်ရွက်မှုမျိုး နှင့် ဆွေးနွေးမှုမျိုးကို အာဆီယံအသိုက် အဝန်းအတွင်းသို့ ယူဆောင်လာခြင်းမပြုရန်လည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တိုက်တွန်းတားမြစ်ပေးပါရန် ဝန်ကြီးက အသိပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံတူညီဆန္ဒ(၅)ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုအပါအဝင် တိုးတက်မှုများရရှိရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ အာဆီယံ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိတဲ့ ကိစ္စများကို ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံအနေဖြင့် မိမိတို့၏အမျိုးသားအကျိုးစီးပွား၊ ပြည်တွင်းဖြစ်၌ပေါ် တိုးတက်မှုများ၊ တည်ဆဲဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများအပေါ် အခြေခံလျက် အာဆီယံနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ၂၀၂၂ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံက တာဝန်ယူဆောင်ရွက်နေသည့်ကိစ္စများကို ဆက်လက် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ygm_mnn
#Yangon_Media_Group

Published 21 Sept 2022
အမေရိကန်ပြည်ထောင်စုဟာ တရုတ်နှင့် စစ်အေးတိုက်ပွဲ ဒါမှမဟုတ် ပဋိပက္ခဖြစ်ဖို့ မကြိုးစားပါဘူးလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
“ ဘယ်နိုင်ငံတစ်နိုင်ငံကိုမှ အမေရိကန်နှင့် အခြားပါတနာတစ်နိုင်ငံကို မရွေးချယ်ခိုင်းပါဘူး” လို့လည်း သူကဖြည့်စွက်ပြောပါတယ်။
Source AFP
#Biden
#US_China
#UN_General_Assembly
Published 19 Sept 2022
၁၉ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကြီးကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျန်းကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာ သောကြာနေ့မှ တနင်္လာနေ့အထိ ကျင်းပခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၅၉.၀၂ ဘီလျံနှင့်ညီမျှတဲ့ တရုတ်ယွမ်ငွေ ၄၁၃ ဘီလျံတန်ဖိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းပေါင်း ၂၆၇ ခု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
“ RCEP အခွင့်အလမ်းသစ်တွေမျှဝေ၊ တရုတ်-အာဆီယံလွတ်လပ်ကုန်သွယ်ဒေသဗားရှင်း-၃ တည်ဆောက်” ဆိုတဲ့ အာဘော်နှင့် ပြသတဲ့ ဒီနှစ်ကုန်စည်ပြပွဲကြီးဟာ ၂၀၂၁ခုနှစ် ပြည့်စုံကျယ်ပြန့်သော မဟာဗျူဟောမိတ်ဖက်ပြုခြင်းနှင့် ဒေသဆိုင်ရာ ကျယ်ပြန့်သောစီးပွားမိတ်ဖက် RCEP အစီအစဉ်များကြေညာအပြီး ပထမဆုံးကျင်းပတဲ့ကုန်စည်ပြပွဲဖြစ်ပါတယ်။
အဲဒါကြောင့် တရုတ်-အာဆီယံ လွတ်လပ်ကုန်သွယ်ဧရိယာနှင့် RCEP ပြခန်းကို ပထမဆုံးပြသထားပါတယ်။ တရုတ်နို်ငံနှင့် အာဆီယံတို့အကြား ပို့ကုန်နှင့်သွင်းကုန်ပမာဏတွေဟာ ဒီနှစ်ပထမ(၈)လအတွင်း ၁၄ရာခိုင်နှုန်းနှင့် ၇.၅ ရာခိုင်နှုန်းစီ အသီးသီးတိုးတက်လာတယ်လို့ တရုတ် အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးဌာန ရဲ့ ကိန်းဂဏန်းအချက်အလက်များအရ သိရပါတယ်။
RCEP ရဲမူဘောင်အောက်မှာ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ဖိုရှန်းမြို့ကနေ အာဆီယံနိုင်ငံတွေအကြား ပို့ကုန်သွင်းကုန်တန်ဖိုးဟာ ၁၄.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။
“ဇန်နဝါရီကနေ ဩဂုတ်အထိ ဖိုရှန်းအကောက်ခွန်ဌာနဟာ RCEP ရဲ့အောက်ကနေ အမေရိကန်ဒေါ်လာ ၂၂၂ သန်းရှိတတဲ့ ၄၅၅၇ လက်မှတ်တွေထုတ်ပေးခဲ့ပါတယ်။ ကုမ္ပဏီတွေဟာ အခွန်ငွေနှင့် အုပ်ချုပ်ရေစရိတ်စကစုစုပေါင်း ယွမ်ငွေ ၃၅.၆ သန်း သက်သာခဲ့ပါတယ်” လို့ ဖိုရှန်အကောက်ခွန်ဌာနမှ အရာရှိ ဝမ်ချင်းက ပြောပါတယ်။
ပထမ(၇)လမှာ ကွမ်ရှီးနှင့် ဘရူးနိုင်း၊မြန်မာ ၊ကမ္ဘောဒီးယားတို့အကြား ပို့ကုန် ၃၇၄.၇ ရာခိုင်နှုန်းနှင့် သွင်းကုန် ပမာဏ ၁၆၈.၃ ရာခိုင်နှုန်း အသီးသီးတိုးတက်ခဲ့ပါတယ်။ ကွမ်ရှီးဟာ အာဆီယံနိုင်ငံတွေဆီက သစ်သီးတန်ချိန်ပေါင်း (၃)သိန်း(၅)သောင်း လေးထောင်တင်သွင်းခဲ့တာဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးရှိနေသည့်ကြားထဲက RCEP အဖွဲ့ဝင်နိုင်ငံတွေအကြား ပို့ကုန်သွင်းကုန်တွေ တိုးတက်လာနေပါတယ်။ ဒါဟာ ဒေသတွင်းစီးပွားရေးတွေဟာ ကြံ့ကြံခံနိုင်တယ်ဆိုတာနှင့် ဒေသတွင်း ထောက်ပို့ကွင်းဆက်ကို ခိုင်မာစေဖို့ RCEPရဲ့ အပြုသဘောအခန်းကဏ္ဍကိုပြသနေတာဖြစ်ပါတယ်။
“ RCEP ရဲ့အကျိုးရလာဒ်တွေဟာ ပိုပြီးသိသာထင်ရှားလာတယ်။ RCEPဟာ ပွင့်လင်းမှု၊အားလုံးပါဝင်မှုနှင့် ရလာဒ်ခွဲဝေခံစားမှုဆိုတဲ့ အခြေခံသဘောတရားအပေါ်ရပ်တည်ထားတယ်။ ဒေသထဲက ဖွံ့ဖြိုးပြီးနိုင်ငံတွေသာမက ဖွံဖြိုးမှုနည်းပါးတဲ့နိုင်ငံတွေအတွက်ပါ အကျိုးရှိစေပါတယ်” လို့ တရုတ်(ဟိုင်နန်) ပြုပြင်ပြောင်းလဲရေးနှင့်ဖွံ့ဖြိုးရေးအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ချီဖုလင်က ပြောကြားပါတယ်။
Source: CCTV+
#China_ASEAN_Expo
#RCEP
#China_ASEAN_FTA
Published_ 19 September 2022
မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် ဖုန်း SIM Card များတွင် အချက်အလက် များအား မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိကြောင်း စိစစ်တွေ့ရှိရပါက အပြီးပိတ်သိမ်းမှာ ဖြစ်ပြီး ပိတ်သိမ်း SIM Card များရှိ လက်ကျန်ငွေများကို ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း သွားမှာ ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ စိစစ်ချက်များအရ SIM Card အသုံးပြုသူ အချိုသည် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် စသည့်အချက်အလက်များကို မှန်ကန်စွာဖြည့်စွက်ခြင်းမရှိဘဲ အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။
ယခုအခါ SIM Card မှတ်ပုံတင်ပြုလုပ်ရာတွင် ဖြည့်စွက်ထားသည့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တို့အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ e-ID Database အချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးသွားမှာဖြစ်တဲ့ အတွက် သုံးစွဲသူများအနေဖြင့် SIM Card များ ဝယ်ယူအသုံးပြုရာတွင် မိမိတို၏မှတ်ပုံတင် (မူရင်း)ဖြင့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တိုကို မှန်ကန်စွာဖြည့်စွက်၍ စနစ်တကျ မှတ်ပုံတင်နိုင်ပြီးမှသာ အသုံးပြုကြဖို့ တိုက်တွန်းထားပါတယ်။
ဆက်သွယ်ရေးအော်ပရေတာများနှင့် SIM Card ရောင်းချသူများအနေဖြင့်လည်း SIM Card များ ရောင်းချရာနှင့် အချက်အလက်များ မှန်ကန်စွာ ပြန်လည်ပြင်ဆင် မှတ်ပုံတင်ရာတွင် ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်သွားရန်နှင့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
သုံးစွဲသူပြည်သူများအနေဖြင့် SIM Card များ ဝယ်ယူအသုံးပြုရာတွင် မိမိတို၏ အချက်အလက်များကို မှန်ကန်စွာဖြည့်စွက်၍ မှတ်ပုံတင်ဝယ်ယူသုံးစွဲကြပါရန်နှင့် လက်ရှိအသုံးပြုလျက်ရှိသော ကတ်များကို အချက်အလက် မှန်ကန်စွာမှတ်ပုံတင်ထားခြင်း ရှိ/မရှိ ပြန်လည်စစ်ဆေး၍၊ မမှန်ကန်ပါက မိမိတို အမှန်တကယ် သုံးစွဲနေသော ကတ် များကို ပိတ်သိမ်းခံရမှု မရှိစေရေးအတွက် သက်ဆိုင်ရာ မိုဘိုင်း အော်ပရေတာများ၏ Online ဝန်ဆောင်မှု၊ အရောင်းဆိုင်များနှင့် Mobile Shop များတွင် အချက်အလက် မှန်ကန်စွာဖြင့် ပြန်လည်ပြင်ဆင်မှတ်ပုံတင်၍သုံးစွဲကြရန် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနရဲ့ အသိပေးကြေညာချက်မှာ ဖော်ပြထားပါတယ်။
ygm_mnn
#Yangon_Media_Group
Published 18 Sept 2022
တရုတ်အာကာသအေဂျင်စီက ယခုတစ်ပတ်ထဲမှာ ကမ္ဘာဂြိုဟ်ကြီးနှင့်တျန်ဂေါင်းအာကာသစခန်းရဲ့ နေရောင်ခြည်ပြားတွေရဲ့ အံ့မခန်းစရာ ရှုမျှော်ခင်းတွေပါတဲ့ ဗွီဒီယိုကိုထုတ်ပြန်လိုက်ပါတယ်။ အဲဒီဗွီဒီယိုကို ဝမ်ရှန်းလက်ဗ်မော်ကျူး lab moduleမှာ တပ်ဆင်ထားတဲ့ မြင်ကွင်းကျယ်ကင်မရာကနေ ဗွီဒီယိုရိုက်ကူးပေးထားတာဖြစ်ပါတယ်။
စက်တင်ဘာ ၁ရက်က သူတို့ရဲ့ extravehicular လှုပ်ရှားမှုတွေအတွင်း တရုတ်ရဲ့ ရှန်ကျိုး-၁၄ အာကာသယာဉ်မှူးတွေဟာ တိုးတက်လာတဲ့နည်းပညာတွေသုံးပြီး ဝမ်ရှန်းလက်ဗ်မော်ကျူး က မြင်ကွင်းကျယ်ကင်မရာကို မတင်ခဲ့ပါတယ်။အဲဒီကင်မရာဟာ အာကာသစခန်းရဲ့ extravehicula ကိရိယာတွေကို စောင့်ကြပ်ကြည့်ရှုဖို့ တပ်ဆင်ထားတာဖြစ်ပါတယ်။ ကင်မရာကိုမပြီးရိုက်လိုက်တဲ့အတွက် ကျယ်ပြန့်တဲ့ မြင်ကွင်းနှင့် ပိုပြီးများပြားတဲ့ အချက်အလက်တွေစုဆောင်းရရှိခဲ့ကြပါတယ်။
Source CCTV+
#China_Manned_Space_Agency
#Panoramic_View_of_Earth
#Space_Station
Published 17 Sept 2022
ဆိုင်ကယ် ကယ်ရီသမားတစ်ဦးဖြစ်တဲ့ မူဟာမက် ရစ်ဝမ်ဟာ ဂျာကာတာရဲ့ လမ်းတစ်လမ်းဘေးမှာ ထိုင်နေရင်း သူ့ဖုန်းက တိန်ခနဲမြည်သံကို စောင့်ဆိုင်းနေပါတယ်။ နေ့တိုင်း မီးခိုထူထူတွေကြားထဲ ခရီးသည်တွေ သယ်ပို့ပေးနေရတာ အခု သိပ် မတန်တော့ဘူးလို့ သူကပြောပါတယ်။
လောင်စာဆီဈေးနှုန်းကို ၃၀ ရာခိုင်နှုန်းတက်လိုက်တာကြောင့် ဂျာကာတာရဲ့ ရေပန်းအစားဆုံး ဆိုင်ကယ်ကယ်ရီ အက်ပလီကေးရှင်း Gojek ဂိုးဂျက်ကို သုံးကြတဲ့ ကယ်ရီသမားရာပေါင်းများစွာက စားဝတ်နေရေးခက်ခဲလာကြပါတယ်။ အဲဒါကြောင့် သူတို့က အင်ဒိုနီးရှား နိုင်ငံတစ်လွှား ဆန္ဒပြကြဖို့ ပြင်ဆင်နေကြပါတယ်။
“ ဆီဖိုးချန်ထားဖို့လိုတဲ့အတွက် တစ်ခါတစ်ခါ တစ်နေ့လုံး သင့်တင့်တဲ့ အစားအစာတောင်မစားရဘူး။ ဆီမရှိရင် ဘျွန်တော် ဘယ်လိုအလုပ်လုပ်မလဲ” လို့ ဂိုးဂျက်ရဲ့ ကန်ထရိုက်တာတစ်ဦးဖြစ်တဲ့ ရစ်ဝမ်ကပြောပါတယ်။
သူတို့ဟာ ဥပဒေမရှိတဲ့ ဈေးကွက်မှာ အလုပ်လုပ်နေကြရတာပါ။ သူတို့ကို ကုမ္ပဏီတွေက “ပါတနာ” ဒါမှမဟုတ် “ကန်ထရိုက်တာ” လို့ သတ်မှတ်ပြီး သူတို့ရဲ့နေ့စဉ်ဝင်ငွေအပေါ်ခေါင်းပုံဖြတ်နေကြတယ်လို့ ဝေဖန်သူတွေကဆိုကြပါတယ်။
ယူကရိန်းစစ်ကြောင့် တစ်ကမ္ဘာလုံး ငွေကြေးဖောင်းပွမှုတွေနှင့် လောင်စာဆီဈေးမြင့်တက်မှုတွေ ဖြစ်နေစဉ်အတွင်းမှာ အင်ဒိုနီးရှားရဲ့ လိုငွေပြမှုကို ဖြတ်တောက်နိုင်ဖို့အတွက် သမ္မတ ဂျိုကို ဝီဒိုဒိုက လောင်စာဆီမှာ အစိုးရက စိုက်ထုတ်ကျခံပေး တာကို သိသိသာသာ လျှော့ချခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် ဓာတ်ဆီဈေးတွေက တစ်လီတာကို ၇၆၅၀ ရူပီယာ(ဆင့် ၅၀)ကနေ ၁၀၀၀၀ ရူပီယား(၆၇ဆင့်)အထိဈေးတက်သွားခဲ့ပါတယ်။
ဆိုင်ကယ်ကယ်ရီကုမ္ပဏီကြီးနှစ်ခုက သယ်ပို့ခတွေကို အနည်းငယ်မျှပဲတက်ပေးတယ်လို့ ကယ်ရီသမားတွေက ပြောပါတယ်။ စရိတ်အပိုတွေကာမိအောင်ဆိုပြီး တစ်ကီလိုမီတာကို ရူပီယား ၈၀၀ (၅ ဆင့်)သတ်မှတ်ပေးတာပါ။
ကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ Gojek နှင့် Grabတို့က သူတို့ဟာ အစိုးရရဲ့ ဥပဒေစည်းကမ်းထဲကနေ နှုန်းထားသတ်မှတ်ပေးတာ ဖြစ်တယ်လို့ အေအက်ဖ်ပီကိုပြောပါတယ်။
ဒီကုမ္ပဏီတွေက နှုန်းထားတက်ယူတာနှင့်ပတ်သက်လို့ ထုတ်မပြောကြပေမယ့် သမဂ္ဂ ခေါင်းဆောင်တွေကတော့ သူတို့ သတ်မှတ်ပေးတဲ့ နှုန်းထားဟာ ကယ်ရီသမားတွေမျှော်လင့်ထားတာထက် အတော်နည်းနေတယ်လို့ပြောကြပါတယ်။
“ အင်ဒိုနီးရှားနိုင်ငံတစ်လွှားက ကယ်ရီသမားတွေက သတ်မှတ်ပေးထားတဲ့ နှုန်းကို လက်မခံနိုင်ကြဘူး” လို့ ယာဉ်မောင်း တစ်သိန်းကျော်ကို ဦးဆောင်နေတဲ့ သမဂ္ဂခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အိုင်ဂွန်းဝီကာဆိုနိုက ပြောပါတယ်။
ဆွဲကောင်းတဲ့နေ့တွေဆို သူတို့ဟာ တစ်ရက်ကို ရူပီးယား တစ်သိန်းခွဲ(၁၀ ဒေါ်လာ)ခန့်ရကြပါတယ်။ ဒါပေမယ့် အရင် ဆီပြန်ဖြည့်ရတာက ရူပီးယား နှစ်သောင်း( ၁,၃၅ ဒေါ်လာ)ကုန်ကျခဲ့ပေမယ့် ယခု ရူပီးယား သုံးသောင်းခွဲ (၂,၃၅ ဒေါ်လာ)အထိကုန်ကျနေကြရတာဖြစ်ပါတယ်။
တစ်ခါတစ်ခါ တစ်နေ့တည်း နှစ်ကြိမ်ဆီပြန်ဖြည့်ရတဲ့အခါမျိုးမှာ ကယ်ရီသမားတွေအတွက် ဘာမှများများစားစား မကျန်တော့ဘူးလို့လည်းဆိုပါတယ်။
“ ဒီရက်တွေမှာ ဘယ်နေရာမှာပဲ ဆီဝယ်ဝယ် ကျွန်တော့်အတွက်က တကယ့်ကို ဝန်ထုတ်ဝန်ပိုးကြီးတစ်ခုဖြစ်နေတာပဲ” လို့ အသက် ၃၈နှစ်အရွယ် Grab ကယ်ရီယာ အိုင်ဝမ် နာ အက်ဘာ ကပြောပါတယ်။ သူက သူ့ဖုန်းဆီ အော်ဒါဝင်လာဖို့ စောင့်ဆိုင်းနေတာ တစ်နာရီရှိနေပါပြီ။
“ အစိုးရဆီက ဆန်ဝယ်လို့ရနေတုန်းမို့ မိသားစုကို ကျွေးမွေးနိုင်သေးတာပဲ ကျေးဇူးတင်ရမယ်” လို့ သူက ဆက်ပြောပါတယ်။
Gig ယာဉ်မောင်းတွေက အစိုးရက အရေးယူမှု အားနည်းလို့ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဆန္ဒပြမယ်လို့ သတိပေးနေပေမယ့် ဂျာကာတာဝန်းကျင်မှာ အစိုးရက ရဲအရာရှိ ရှစ်ထောင်ခန့် ချထားတာကြောင့် လူအနည်းငယ်မျှနှင့်ပဲ အကန့်အသတ်နှင့် ဆန္ဒပြနေကြရတာဖြစ်ပါတယ်။
“ ပေးထားတဲ့ ကတိတွေ လွှင့်မပစ်ပါနှင့် “ လို့ အသက် ၃၈နှစ်အရွယ် နောက်ကယ်ရီသမားတစ်ဦးဖြစ်တဲ့ ဆိုင်ဖူ ရစ်ဝမ် ကပြောပါတယ်။သူက ဂျာကာတာရဲ့ ပါဆာ ဆီနင် လက်ကားဈေးရှေ့မှာ လူစောင့်နေတာပါ။
“ ဆင်းရဲသားတွေ ပိုပြီး ဆင်းရဲသွားအောင်မလုပ်ကြပါနှင့်ဗျာ” လို့ သူက ဆက်ပြောလိုက်ပါတယ်။
Source: AFP
#Indonesian_gig_drivers
#Indonesia_Fuel_Hike
Page 177 of 252