Published 11 Sept 2022

အီရန်က အမေရိကန်ရဲ့ဒရုန်းလှေတစ်စီးဖမ်းမိတဲ့သတင်းထွက်ပေါ်အပြီးမှာ မောင်းသူမဲ့ ရေပေါ်သွား (ဒရုန်း)ရေယာဉ်ငယ်ကလေးတစ်စီးဖြစ်တဲ့ Saildrone Explorer ဟာ အက်ကာဘာပင်လယ်ကွေ့မှာ ခုတ်မောင်းနေပါတာတွေ့မြင်ရပါတယ်။

မကြာသေးခင်က အီရန်က ဖမ်းမိခဲ့တဲ့ မောင်းသူမဲ့ အမေရိကန်ရေတပ်(ဒရုန်း)လှေတွေကြောင့် အမေရိကန် ပင်တဂွန်ရဲ့  လေနှင့် ရေပေါ်ရေအောက် ဒရုန်းကွန်ယက် တည်ဆောက်နေတဲ့ အစီအစဉ်တွေကို လူသိသွားခဲ့ပါတယ်။ အဲဒီဒရုန်းလှေတွေကို ကြီးမားတဲ့ဒေသတွေမှာ ကင်းလှည့်ဖို့နှင့် ဉာဏ်ရည်တု(အေအိုင်)နည်းပညာသုံးထောက်လှမ်းဖို့ တည်ဆောက်နေတာ ဖြစ်ပါတယ်။

တစ်နှစ်ကြာ အဲဒီအစီအစဉ်ကနေ လူမဲ့ ရေပေါ်သွားရေယာဉ် သို့မဟုတ်  USV တွေကို အာရေဗျကျွန်းဆယ်တစ်ဝိုက်က ရေပြင်တွေကို လွှတ်ထားပြီး သတင်းအချက်အလက်နှင့်ရုပ်ပုံတွေကို စုဆောင်းနေပါတယ်။ အဲဒီနောက် စုဆောင်းရရှိသမျှကို ပင်လယ်ကွေ့က စုဆောင်းရေးစင်တာတွေဆီကို ထုတ်လွှင့်ပြန်ပို့ပေးနေတာဖြစ်ပါတယ်။

Source AFP/US Navy Force Central Command

#Unmanned_surface_vessel

#Saildrone_Explorer

#US_USVs

Published 11 Sept 2022 အီရန်က အမေရိကန်ရဲ့ဒရုန်းလှေတစ်စီးဖမ်းမိတဲ့သတင်းထွက်ပေါ်အပြီးမှာ မောင်းသူမဲ့ ရေပေါ်သွား (ဒရုန်း)ရေယာဉ်ငယ်ကလေးတစ်စီးဖြစ်တဲ့"/>