Published 12 Sept 2022

မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုန်းအန်က နိုင်ငံရဲ့ နျူကလီးယားနိုင်ငံအဆင့်အတန်းဟာ နောက်ပြန်လှည့်သွားလို့ မရတော့ဘူးလို့ ပြောလိုက်ပါတယ်။

ပြုံးယမ်းဟာ သမားရိုးကျတိုက်ခိုက်မှုနှင့်ရင်ဆိုင်နေရတာတွေပါ အပါအဝင် တိုက်ခိုက်မှုတွေရှိလာတဲ့အခါ ကာကွယ်မှုအရ နျူကလီးယားတိုက်ခိုက်မှုပြုလုပ်ဖို့ အဆင်သင့်ဖြစ်စေရေး ကြေညာတဲ့ ဥပဒေတစ်ခု အတည်ပြုပြီးနောက် သူက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

သောကြာနေ့က မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ KCTVက  ထုတ်လွှင့်တဲ့ သူ့ရဲ့ မိန့်ခွန်းမှာ သူက “ နျူကလီးယားအင်အား မူဝါဒကို ဥပဒေအဖြစ်ပြဋ္ဌာန်းလိုက်ခြင်းကြောင့် ကျွန်တော်တို့နိုင်ငံကို နျူကလီးယားလက်နက်နိုင်ငံအဖြစ် အဆင့်အတန်းကို ‌မပြောင်းလဲနိုင်တော့ပါဘူး” လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

Source AFP/KCTV

#Kim_Jong_Un

#Nuclear_state

#North_Korea

Published 12 Sept 2022 မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုန်းအန်က နိုင်ငံရဲ့ နျူကလီးယားနိုင်ငံအဆင့်အတန်းဟာ နောက်ပြန်လှည့်သွားလို့ မရတော့ဘူးလို့"/>