Published 24 February 2022
ယူကရိန်းမှာ လက်ရှိနေတိုးတပ်တွေမရှိသလို တပ်ချထားဖို့လည်းအစီအစဉ်မရှိဘူးလို့ နေတိုးအဖွဲ့ကြီးရဲ့ အတွင်းရေးမှူးချုပ် ယန်းစတော့တင်ဘတ်ကပြောလိုက်ပါတယ်။ သူက ဒါဟာ သွေးအေအေးနှင့် အချိန်ယူစီစဉ်ထားတဲ့ ကျူးကျော်မှုလို့လည်း ပြောလိုက်ပါတယ်။
Source AFP
Published 24 February 2022
ယူကရိန်းက ရုရှားနှင့်သံတမန်အဆက်အသွယ်ဖြတ်လိုက်ကြောင်း ကြေညာခဲ့ပြီးနောက် ထိုသို့သံတမန်ဆက်သွယ်မှု အားလုံးဖြတ်တောက်လိုက်ခြင်းအပေါ် အံအားတသင့်မဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
ရုရှားဟာ ဒီရွေးချယ်မှုကိုလုပ်ခဲ့တာမဟုတ်ဘဲ ယူကရိန်းခေါင်းဆောင်မှုရဲ့ “ရုရှားကြောက်စိတ်မူဝါဒ”အပေါ်ယုတ္တိတန်တဲ့ ကောက်ချက်ချမှုလို့ ရုရှားက သဘောထားပါတယ်လို့ပြောပါတယ်။
၂၀၁၄ခုနှစ်မှာ ရွေးကောက်ခံသမ္မတ ဗစ်တာယန်နူကိုဗစ်ကို ဖြုတ်ချပြီးကတည်းက ယူကရိန်းမှာနေထိုင်တဲ့ ရုရှားတိုင်းရင်းသားတွေကို ယူကရိန်းဟာ ခွဲခြားဆက်ဆံမှုတွေနှင့်လုပ်ပြီး ရုရှားနှင့်ဆက်ဆံရေးကိုချပစ်တယ်လို့ ဝန်ကြီးဌာနကပြောပါတယ်။
ကြာသပတေးနေ့မနက်မှာ မော်စကိုက စစ်ဆင်ရေးစတင်ပြုလုပ်ပြီးနောက် ယူကရိန်းသမ္မတက ရုရှားနှင့် သံတမန်အဆက်အသွယ်အားလုံးဖြတ်တောလိုက်တယ်လို့ ဒီမနက်မှာကြေညာခဲ့ပါတယ်။ရုရှားသမ္မတ ဗလက်ဒီမာပူတင်ကတော့ ရည်မှန်းချက်ဟာ ယူကရိန်းကို စစ်မဲ့နယ်မြေနှင့် နာဇီလွှမ်းမိုးမှုချုပ်ငြိမ်းဖို့ဖြစ်တယ်လို့ ပြောပါတယ်။
အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုဟာ ယူကရိန်းဟာ နောက်ဆုံးပေါ်လက်နက်တွေနှင့်အင်အားမြှင့်တင်ပေးပြီး နိုင်ငံအတွင်း နေတိုး တည်ရှိဖို့အရှိန်မြှင့် ကြိုးစားနေတယ်လလို့ ပူတင်ကစွပ်စွဲပြောဆိုလိုက်ပါတယ်။
စစ်ရေးတိုက်ခိုက်မှုဟာ အနာဂတ်မှာ သွေးချောင်းစီးမယ့်အရေးကာကွယ်ဖို့ လိုအပ်လို့လုပ်ရတာဖြစ်တယ်လို့ ရုရှား ခေါင်းဆောင်ကပြောပါတယ်။
Source RT
Published 24 February 2022
ရုရှားဟာ ယူကရိန်းနယ်စပ်ကျော်ပြီး စစ်ရေးတိုက်ခိုက်မှုတွေလုပ်ဆောင်လိုက်တဲ့အတွက်
ယူကရိန်းနိုင်ငံ ချုဟစ်မြို့ Chuhuivက လူနေအဆောက်အအုံတစ်ခု လက်နက်ကြီးတွေနှင့်အပစ်ခံရလို့
ဒေသခံတွေက စိတ်အားငယ်နေကြပါတယ်။
အိမ်တွေပျက်စီးသွားပြီး လမ်းပေါ်မှာ စောင်လွှမ်းခြုံထားတဲ့ အလောင်းတစ်လောင်းတွေ့ရပါတယ်။
Source AFP
#LocalNews
Published - 24 Feb 2022
ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် ချယ်ရီထက် အတွက် ထွက်ဆိုကြမည့်သက်သေများ ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်တွင် မလာရောက်သည့်အတွက် စစ်ဆေးမှု မပြုလုပ်ခဲ့ရကြောင်း ယင်း၏ ရှေ့နေက YMG ကို ပြောသည်။
"ချယ်ရီထက်ဘက်က သက်သေထွက်မယ့်သူတွေ ဒီနေ့ မလာကြဘူး။ဒါကြောင့် နောက်တစ်ပတ်ကို ချိန်းဆိုလိုက်ပါတယ်။သူ့ဘက်က စာရင်းပေးထားတဲ့ သက်သေ ၄ ယောက် ရှိပါတယ်" ဟု ရှေ့နေက ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက် ရုံးချိန်းတွင် ချယ်ရီထက်က မိမိအနေဖြင့် ပြစ်မှုမြောက်စေသည့်ကိစ္စများ မလုပ်ခဲ့ကြောင်း သူ့ကို စွဲဆိုထားသော ဆူပူစေရန်လှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နှင့် ပတ်သက်၍ တရားခွင်တွင် ပြောဆိုခဲ့သည်။
ချယ်ရီထက်ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်တွင် ပုဒ်မ ၅၀၅ (က) အမှုအတွက် အပြစ်ရှိကြောင်းစွဲချက်တင်ခဲ့ခြင်းလည်း ဖြစ်သည်။
၂၀၂၁ ခုနှစ် ဇွန်လက NLD ပါတီရဲ့ ဘီးလင်းမြို့ နယ် လွှတ်တော်အမတ် ဒေါ်သီရိရတနာက တောတွင်းစခန်းချနေပုံ ၊လက်နက်ကိုင်ဆောင်ထားသည့်မှတ်တမ်းဓာတ်ပုံများ၊ NUG ၏ သတင်းထုတ်ပြန်ချက်များ ၊ပြည်ပသတင်းဌာနများ၏သတင်းရုပ်သံဖိုင်များ စသည်တို့ ကို အပြန်အလှန်ပေးပို့ ခဲ့ကြသည်ဆိုကာ ရဲတပ်ဖွဲ့ က ချယ်ရီထက်ကို အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ယခုအခါ ချယ်ရီထက်ကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေ ဖြင့် ထောင်သုံးနှစ်ချထားကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
Published 24 February 2022
ရုရှားစစ်တပ်ရဲ့ အကြောင်းမဲ့ တရားနည်းလမ်းမကျတိုက်ခိုက်မှုကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ရှုတ်ချလိုက်ကြောင်း ယူကရိန်းမှာ ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ပြီး ထုတ်ပြန်တဲ့ သူ့ရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တိုက်ခိုက်မှုတွေကိုတုန့်ပြန်ဖို့ လွန်ခဲ့သော ရက်သတ္တပတ်များစွာကတည်းက ဆွေးနွေးထားခဲ့တဲ့ စံအပြည့်ဒဏ်ခတ်အရေးယူမှုတွေကို အမေရိကန်နှင့်ယင်းရဲ့မဟာမိတ်တွေက လုပ်ဖို့စီစဉ်နေတယ်လို့ ဘိုင်ဒင်အစိုးရဲရဲ့ အကြီးတန်းအရာရှိတစ်ဦးကပြောပါတယ်။
“ သမ္မတပူတင်ဟာ ကြိုတင်ကြံရွယ်ထားတဲ့ စစ်ပွဲတစ်ပွဲကို ရွေးချယ်ခဲ့တယ်။ အဲဒီစစ်ပွဲဟာ အသက်အန္တရာယ်ကပ်ဘေးကြီးနှင့် လူသားတွေထိခိုက်ခံစားရမှုတွေဖြစ်စေလိမ့်မယ်။ ဒီတိုက်ခိုက်မှုကြောင့် သေဆုံးမှုနှင့်ပျက်စီးဆုံးရှုံးမှုတွေအတွက် ရုရှားတစ်ခုတည်းက တာဝန်ရှိလိမ့်မယ်။ အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်တွေ၊မိတ်ဖက်တွေဟာ သွေးစည်းညီညွတ်ပြီး ခိုင်မာပြတ်သားတဲ့နည်းလမ်းနှင့်တုန့်ပြန်လိမ့်မယ်။ ကမ္ဘာကြီးက ရုရှားကို တာဝန်ခံခိုင်းလိမ့်မယ်” လို့ ဘိုင်ဒင်ကပြောပါတယ်။
မြို့တော်ကိဗစ်အပါအဝင် ယူကရိန်းတစ်လျောက်ပေါက်ကွဲမှုတွေဖြစ်ပွားပြီးနောက် အိမ်ဖြူတော်ရဲ့ယခုသတင်းထုတ်ပြန်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
“ရုရှားဟာ ကိဗ်မြို့တော်ကို ဒုံးကျည်နှင့်တိုက်ခိုက်ပြီး ကျူးကျော်မှုကိုစတင်လိုက်ပြီ” လို့ ယူကရိန်းပြည်ထဲရေးဝန်ကြီးရဲ့ အကြံပေးတစ်ဦးဖြစ်တဲ့ အန်တွန် ဂါရက်ချင်ကိုက သူနှင့်သတင်းထောက်တွေပါဝင်တဲ့ တရားဝင် WhatsApp အုပ်စုထဲမှာပြောထားပါတယ်။
Source CNN
Published 24 February 2022
လေဆိပ်တွေနှင့် လေယာဉ်ပြေးလမ်းတွေမှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီးနောက် ရုရှားက တိကျသေချာတဲ့တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ပြီး ယူကရိန်းရဲ့လေကြောင်းကာကွယ်ရေးနှင့်လေတပ်ကို ထုတ်ပစ်လိုက်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ရုရှားသမ္မတ ဗလက်ဒီမာပူတင်က ဒွန်ဘက်စ်မှာ အထူးစစ်ဆင်ရေးလုပ်ဖို့ အမိန့်ပေးလိုက်ပြီးတဲ့နောက် ရုရှားတပ်တွေဝင်ရောက်လာတာကို ယူကရိန်းနယ်ခြားစောင့်တပ်တွေက ခုခံခြင်းမရှိဘူးလို့လည်း အရာရှိတွေက ပြောပါတယ်။ အနည်းဆုံးယူကရိန်းစစ်လေယာဉ်တစ်စီးဆုံးရှုံးခဲ့ပြီလို့ ယူကရိန်းကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။
ရုရှားဟာ ယူကရိန်းရဲ့ စစ်ရေးအဆောက်အဦတွေကို တိုက်ခိုက်ခဲ့တယ်လို့ မော်စကိုက ရှေ့ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Source RT
Page 190 of 202