Published 1 December 2022

တရုတ်သမ္မတဟောင်း ကျန်ဇီမင်းရဲ့ ရုပ်အလောင်းကို ဒီကနေ့ ဒီဇင်ဘာ (၁)ရက် ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ ရှန်ဟိုင်းမြို့ကနေ အထူးလေယာဉ်ဖြင့် မြို့တော်ဘေဂျင်းကို သယ်ဆောင်လာခဲ့ပါတယ်။

သမ္မတရှီကျင့်ဖျင်နှင့် အခြားသော ပါတီနှင့် နိုင်ငံ့ခေါင်းဆောင်တွေဟာ ကျန်ရဲ့ ရုပ်အလောင်းကို လေဆိပ်မှာ လက်ခံရယူခဲ့ကြပါတယ်။

ကွယ်လွန်သူ သမ္မတဟောင်း ကျန်ဇီမင်း အောက်မေ့ဘွယ်အခမ်းအနားကို လာမယ့် အင်္ဂါနေ့မှာ ဘေဂျင်းမြို့တော်တွင် ကျင်းပသွာမှာဖြစ်ပါတယ်။

ဘေဂျင်းက ပြည်သူ့ခန်းမဆောင်ကြီးမှာ အဲဒီနေ့ မနက်၁၀နာရီမှာ အခမ်းအနားစတင်မှာဖြစ်ပြီး အခမ်းအနားတစ်ခုလုံးကို ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မယ်လို့ ဈာပနကော်မတီကပြောပါတယ်။

Source CCTV+/CGTN

#Jiang_Zemin's_remains

#Jiang_Zemin-Memorial

#Xi_Jinping

Published 1 December 2022 တရုတ်သမ္မတဟောင်း ကျန်ဇီမင်းရဲ့ ရုပ်အလောင်းကို ဒီကနေ့ ဒီဇင်ဘာ (၁)ရက် ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ ရှန်ဟိုင်းမြို့ကနေ"/>